Published-3 July 2021
ဝင်နီပက်ခ်-ကနေဒါ ဝိတိုရီယဘုရင်မကြီးနှင့် အဲလ်ဇဘက်-၂ ဘုရင်မကြီးတို့ရဲ့ ရုပ်တုတွေကို ကနေဒါနိုင်ငံ ဝင်နီပက်ခ်မှာ ဆန္ဒပြသူတွေက ဇူလိုင်၂ရက် ဖြိုလှဲချခဲ့ကြကြောင်း ရိုက်တာက သတင်းပေးပိုပါတယ်။ ယခင် တိုင်းရင်းသားတွေရဲ့ ကျောင်းတွေမှာ ရာပေါင်းများစွာသော ကလေးငယ်တွေရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာကြောင့် စိတ်ဆိုးဒေါသထွက်ကြပြီး အခုလို ဘုရင်မကြီးတွေရဲ့ ရုပ်တု တွေကို ဖြိုလှဲချပစ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီရုပ်တုတွေ မဖြိုချခင် လူအုပ်ကြီးက “ မျိုးဖြုတ်သတ်ဖြတ်တာ ဂုဏ်ယူစရာမဟုတ်” လို့ကြွေးကြော်ခဲ့ ကြတယ်လို့ဆိုပါတယ်။ အဲဒီလှုပ်ရှားဆောင်ရွက်မှုကို ကြာသပတေးနေ့မှာကျရောက်တဲ့ ကနေဒါနေ့ မှာ လုပ်ဆောင်ခဲ့ကြာတာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်က ကနေဒါနေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ ကလေးငယ်တွေရဲ့ ရုပ်အလောင်းတွေ ဖော်တွေ့ တာဟာ ကနေဒါရဲ့ သမိုင်းဝင်ကျရှုံးမှုတစ်ခုကို ထင်ဟပ်နေခဲ့တာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ဘုရင်မကြီးရဲ့ ရုပ်တုကိုဖျက်ဆီးတဲ့ မည်သည့်လုပ်ရပ်ကိုမဆို ရှုံ့ချတယ်လို့ ပြောဆိုပါတယ်။ ဒီကိစ္စတွေနှင့်ပတ်သက်ပြီး ဗြိတိသျှအစိုးရဟာ ကနေဒါအစိုးရနှင့် နီးနီးကပ်ကပ် ပြောဆိုဆောင်ရွက်နေပါတယ်လို့ သူကဆက်ပြောပါတယ်။
Ref: Reuters