ဒေသတွင်းကိစ္စရပ်တွေမှာ အနောက်အုပ်စုတွေ ပါဝင်ပတ်သက်နေတာက အာဆီယံနိုင်ငံတွေရဲ့ အရည်အသွေးကို ကျဆင်းစေပြီး ဒေသတွင်းလုံခြုံရေးကိုပါ ထိပါးစေတယ်လို့ ရုရှားကာကွယ်ရေး ဒုတိယဝန်ကြီးဗိုလ်ချုပ်ကြီး အလက်ဇင်းဒါးဗွီဖိုမင်က ပြောကြားလိုက်ပါတယ်။ ရုရှားနိုင်ငံကို တပ်မတော်ကာကွယ်ရေးဦီးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ပြီးခဲ့တဲ့ရက်သတ္တပတ်က ရောက်ရှိခဲ့တဲ့ မီဒီယာအဖွဲ့ရဲ့ အင်တာဗျူးတစ်ခုမှာ သူကအဲသလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။
ဒေသတွင်းမှာရှိတဲ့ နိုင်ငံအချင်းချင်း ပဋိပက္ခတွေများလာတာနှင့်အများ အဲဒီနိုင်ငံတွေအကြား ချစ်ကြည်ရင်းနှီးမှုတွေလည်း ပျက်ပြားလာစေလိမ့်မယ်လို့ ရုရှားဒုတိယကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။ အမေရိကန်နှင့်မဟာမိတ်တွေဟာ အာရှပစိဖိတ်ဒေသကို စိုးမိုးနိုင်ရင် စီးပွားရေးတိုးတက်ကောင်းမွန် လာမှာဖြစ်လို့ တက်ကြွစွာ ပါဝင်လှုပ်ရှားနေကြတာလည်း ဖြစ်တယ်လို့ သူကပြောကြားသွားတဲ့ အကြောင်း ရုပ်သံအင်တာဗျူး ထုတ်လွှင့်သွားတာဖြစ်ပါတယ်။