Published_ 9 August 2023

မိမိမှာဆော်ဒီကလပ်အယ်အီတီဖတ်အသင်း၏နည်းပြဖြစ်နေသော်လည်း လီဗာပူးတိုက်စစ်မှူး မိုဟာမက်ဆာလာကို လီဗာပူးအသင်းတွင် ဆက်လက်ကစားစေချင်ကြောင်း အင်္ဂလန် ဂန္ထဝင်ကစားသမားစတီဗင်ဂျရတ်ကဖွင့်ဟပြောဆိုခဲ့သည်။

အခြား ဆော်ဒီ ကလပ်တစ်ခုဖြစ်သောအယ်လ်အီတီဟတ်အသင်းက ငွေကြေးမြောက် မြားစွာဖြင့် ကမ်းလှမ်းမည်ဟု သတင်းများထွက်ပေါ်လျက်ရှိပြီးဆာလာအနေဖြင့်ဖာမီနို၊ဟန်ဒါဆင်နှင့် ဖာဘင်ဟိုတို့ကဲ့သို့ဆော်ဒီလိဂ်တွင် သွားရောက် က စားမည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်လျက်ရှိသည်။

ဆော်ဒီအစိုးရက ကျောထောက်နောက်ခံပေးထားသော လိဂ်ပြိုင်ပွဲတွင် ရော်နယ်ဒို၊ ဘင်ဇီးမား တို့ပြီးလျင် ဆာလာမှာလည်း ထိပ်တန်းအဆင့်ကစားသမားအဖြစ်ပြောင်းရွှေ့လာနိုင်သည်ဟု သုံးသပ်နေကြခြင်းဖြစ်သည်။

သို့ရာတွင် အင်တာဗျူးတစ်ရပ်၌ ဆာလာမှာ မိမိအကြိုက်ဆုံးကစားသမားတစ်ဦးဖြစ်ပြီး လီဗာပူးမှာမိမိချစ်မြတ်နိုးသောကလပ်ဖြစ်သဖြင့် လီဗာပူးတွင်ဆက်လက်ကစား စေလိုကြောင်း ဂျရတ်ကဖြေကြားခဲ့သည်။

ဟန်ဒါဆင်ကိုခေါ်ယူခဲ့ခြင်းမှာမူ အယ် အီတီဖက်အသင်းကို ထိပ်တန်းအဆင့်တွင်ဦးဆောင်နိုင်သောခေါင်းဆောင်တစ်ဦး ရှိနေရန်လိုအပ်သဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။

အခြားသတင်းတစ်ရပ်တွင်လီဗာပူးအသင်းကခေါ်ယူရန်ချိတ်ဆက်နေသော ကွင်းလယ်လူ လာဗီယာ အား ဆောက်သမ်တန်အသင်း၏လူစာရင်းမှဖယ်ရှားထားလိုက်ပြီး ကစားသမားမှာလည်းအလျင်အမြန်ပြောင်းရွှေ့လိုနေကြောင်းသိရသည်။
Ref ; This is Anfield
#World_Sport
#YMG #Yangon_Times