Published_ 8 August 2023

၂၀၂၃ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာမန်စီးတီးအသင်းကို အနိုင်ရခဲ့တာဟာ ယခုအချိန်အထိသူ့ရဲ့ နည်းပြဘဝမှာ အမြင့်ဆုံးမှတ်တိုင်တစ်ခုဖြစ်တယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ဝမ်းမြောက်ဝမ်းသာ ပြောကြားခဲ့ပါတယ်။

သြဂုတ် ၆ ရက်ကယှဉ်ပြိုင်ခဲ့တဲ့ မန်စီးတီးနဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်မှာဒုတိယပိုင်းထပ်ဆောင်း အချိန်ပို ၁၁မိနစ်အရောက်မှ အာဆင်နယ်က ချေပဂိုးသွင်းယူနိုင်ခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရကာကွန်မြူနတီဒိုင်းကိုပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

အခုလိုအနိုင်ရခဲ့တာဟာပြီးခဲ့တဲ့ ၂ ကြိမ်ဝင်ဘလေမှာအနိုင်ရခဲ့တာထက်ပိုကောင်းကြောင်း၊ အနိုင်ရပြီးနောက် အာဆင်နယ်ပရိသတ်၊ မိတ်ဆွေတွေနဲ့ မိသားစုတွေရဲ့ပျော်ရွှင်နေတဲ့ မျက်နှာတွေကို ကြည့်ရတာ အလွန်ကြီးကျယ်ခမ်းနားကြောင်း၊ဝင်ဘလေမှာ ကမ္ဘာ့အကောင်းဆုံးအသင်းကိုအနိုင်ရခဲ့ထက်ပိုကောင်းတာ မရှိနိုင်ကြောင်း အာတီတာကဖွင့်ဟခဲ့ပါတယ်။

ဒါအပြင် ဖိအားပြင်းထန်တဲ့ အခြေအနေတွေမှာအသင်းရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ ခံနိုင်ရင်ရှိမှုကိုလဲသူကချီးကျူးပြောကြားခဲ့ပါတယ်။

ဆက်လက် အလုပ်လုပ်ဖို့နဲ့ ခြေစွမ်းကောင်းကိုဆက်လက်ထိန်းသိမ်းဖို့လိုကြောင်း၊ လာမယ့်စနေနေ့မှာ အလွန်ခက်ခဲပြီး ပြင်းထန်တဲ့ပွဲစဉ်တစ်ပွဲကိုယှဉ်ပြိုင်ရဦးမှာဖြစ်ကြောင်း အာတီတာက ပြောကြားခဲ့ပါတယ်။

သြဂုတ် ၁၂ ရက် စနေနေ့မှာတော့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ်နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်းမှာလက်ခံယှဉ်ပြိုင်ကစားရမှာပါ။

ဆက်စပ်သတင်းတစ်ရပ်မှာတော့အာဆင်နယ် အသင်းဟာဒီရာသီပရီးမီးယားလိဂ်ဖလားကိုအနိုင်ရဗိုလ်စွဲနိုင်တယ်လို့ အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူး ဂယ်ရီလိုင်နီကာက တစ်ကြိုခန့်မှန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
Ref; Daily Cannon
#YMG #Yangon_Times