Published_ 8 August 2023

ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းက ဘာစီလိုနာ တိုက်စစ်မှူး အန်ဆူ ဖာတီကို ကမ်းလှမ်း ပြင်ဆင်နေပြီး နည်းပြလူးဝစ်အင်းနရစ်ကလည်း ခေါ်ယူရန်စိတ်အားထက်သန်နေသည်ဟု သိရသည်။

ပီအက်စ်ဂျီသည် ယခုနွေရာသီအပြောင်းအရွှေ့တွင် တိုက်စစ်မှူး အမ်ဘာပေအား ဆုံးရှုံးရမည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီး မက်ဆီကိုလည်း ထွက်ခွာခွင့် ပြုခဲ့ရသည့်အပြင် နေမာမှာလည်း ထွက်ခွာမည့် ကောလဟလများ ထွက်ပေါ်လျက်ရှိသည် ။

လက်ရှိတွင် ပီအက်စ်ရီသည် တိုက်စစ်ကစားသမားဒမ်ဘီလီအားဘာစီလိုနာမှခေါ်ယူထားပြီး ဘင်ဖီကာမှ ကွန်ကာလိုရာမို့စ် နှင့် ဖရန့်ဖတ်မှ မူတာနီရို့ကိုလည်းငွေကြေး မြောက်မြားစွာဖြင့် ကမ်းလှမ်းရန် ပြင်ဆင်နေသည်။

ယခုနွေရာသီအစောပိုင်းက အသင်းမှထွက်ခွါရန် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း စပိန်လက်ရွေးစင်ဖာတီက အသင်းတွင်ဆက်လက်နေလိုကြောင်း ပြောခဲ့သဖြင့်သတင်းများငြိမ်သက်သွားးခဲ့သည်။

နည်းပြဇာဗီ အနေဖြင့် ဖာတီအား ပွဲထွက်ကစားခွင့် ပိုပေးရန် စီစဉ်နေကြောင်းလည်း ဖွင့်ဟ ပြောကြားခဲ့သည်။

အခြားသတင်းတစ်ရပ်တွင် ဘာစီလိုနာအနေဖြင့် ဘရာဇီးကလပ်အက်သလက်တီကိုပါရန်နီးစ်မှလူငယ်တိုက်စစ်မှူးဗစ်တာရော့ကေးကို ခေါ်ယူရန် လာမည့်ဇန်နဝါရီ အတိစောင့်ဆိုင်းရဖွယ်ရှိနေသည်ဟုသိရသည်။

မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားကိုခေါ်ယူရန် ပစ်မှတ်ထား နေသော်လည်း မန်စီးတီးက အသင်းတွင်ဆက်လက် ထိန်းသိမ်းထားရှိလိုနေသည်။
Ref: Blaugranes
#YMG #Yangon_Times