Published 24 July 2023

ချယ်လ်ဆီး အာဆင်နယ်နှင့်မန်စီးတီးအသင်းများသည် ပြီးခဲ့သည့်ရာသီက ခြေစွမ်းပြသခဲ့သောပဲလေ့စ်အသင်း၏ တိုက်စစ်ကစားသမားအိုလီ‌‌ ဆေးအားခေါ်ယူရန်စောင့်ကြည့်နေကြ‌ကြောင်းသိရသည်။

ပြင်သစ်ယူ၂၁ လက်ရွေးစင် မိုက်ကယ်အိုလီဆေးမှာရက်ဒင်းအသင်းမှ‌ပြောင်းရွေ့လာခဲ့ခြင်းဖြစ်ပြီးခြေစွမ်းပြသနိုင်ခဲ့သည်။

အိုလီဆေးသည် ပွဲစဉ်တစ်ခုတည်းတွင်ဂိုးဖန်တီးမှု၃ကြိမိအထိပြုလုပ်ပေးနိုင်ခဲ့သည့်အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့ပြီးအဆိုပါစံချိန်ကို လိဒ်စ်အသင်းအား၅-၁ဂိုးဖြင့်အနိုင်ရခဲ့သည့်ပွဲစဉ်တွင်ရရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင်ပရီးမီးယားလိဂ် တစ်ရာသီတည်းတွင်ဂိုးဖန်တီးမှု၁၀ကြိမ်အထက်ပြုလုပ်နိုင်ခဲ့သည့်ပထမဆုံးပဲလေ့စ်ကစားသမားလည်းဖြစ်လာခဲ့သည်။

အသက်၂၁နှစ်သာရှိသေးသည့်အိုလီဆေးမှာပဲလေ့စ်အသင်းနှင့်၂၀၂၆ခုနှစ်အထိစာချုပ်သက်တမ်းရှိနေပြီး ပေါင်၃၅သန်းဖြင့်ပြောင်းရွှေ့နိုင်သည့်အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားသည်။

အိုလီဆေးအားပြင်သစ်အသင်းကြီးပီအက်စ်ဂျီကလည်းစိတ်ဝင်စားနေကြောင်းသိရသည်။
Ref: 90min
#YMG #Yangon_Times