English Section

32 PDF Members Rejoin Legal Fold, Hand Over Weapons to Tatmadaw

Nay Pyi Taw, 25 April 2025 - The State Administration Council (SAC) has announced that 32 members of the People’s Defense Force (PDF) have re-entered the legal fold as of April 25. The information was released by the SAC’s press team in an official statement.

According to the release, the individuals—30 males and 2 females—originated from various regions of Myanmar, including Mandalay Region, Sagaing Region, Yangon Region, and Shan State.

A responsible official briefed the group on the relevant legal provisions concerning regional peace and stability. The explanation emphasized the importance of upholding law and order within their communities.

Following the discussion, the returnees voluntarily surrendered the weapons and ammunition they had carried to representatives of the Myanmar Tatmadaw (military).

Authorities subsequently provided financial assistance to the individuals and arranged for them to be reunited with their families.

The move is part of the government’s broader efforts to encourage reintegration and stability amid ongoing conflict in parts of the country.

-ymg/knl

U.S.–China Trade War: 2025 Snapshot

25 April 2025

🔥 Tariff Escalation Timeline

  • Feb 1: U.S. imposes a 10% blanket tariff on all Chinese imports.
  • Mar 3: Tariffs increase to 20%.
  • Apr 2: Tariffs rise to 54%.
  • Apr 9: Tariffs escalate to 125%.
  • Apr 10: Tariffs peak at 145%.    

In response, China imposes:

  • Apr 11: 125% tariffs on U.S. goods.

📊 Trade Impact

  • U.S. Imports from China: Projected to shrink by 40%.
  • Global Container Shipping: Expected 1% decline due to U.S. trade policies.
  • U.S. Trade Deficit with China (Jan–Feb 2025): $52.9 billion. 

💸 Economic Consequences

  • Average U.S. Household Cost: Tariffs amount to an average tax increase of $1,243 per household in 2025.
  • Corporate Earnings: Major firms like Procter & Gamble and PepsiCo have revised earnings forecasts downward due to tariff impacts.
  • Consumer Prices: Prices for goods from retailers like Shein and Temu could rise by up to 125%.  

🛠️ Strategic Responses

            China’s Measures:

  • Bolstering unemployment insurance and raising incomes.
  • Considering lifting tariffs on select U.S. imports like semiconductors.

            U.S. Considerations:

  • Potentially reducing tariffs to 50–65% to ease tensions. 

Source : Various News Sources

Myanmar Military Extends Ceasefire Until April 30 to Aid Earthquake Recovery

Nay Pyi Taw, April 22, 2025 — The Myanmar military, also known as the Tatmadaw, has extended its temporary ceasefire until April 30, 2025, in an effort to support ongoing reconstruction and humanitarian efforts following recent earthquakes.

The Office of the Commander-in-Chief of Defence Services issued the announcement on Tuesday, stating that the ceasefire, originally scheduled to end on April 22, will now remain in effect for an additional week.

According to the statement, the extension is aimed at facilitating rehabilitation in disaster-affected regions and fostering conditions favorable for peace and national stability. The Tatmadaw emphasized the importance of unity among all ethnic groups and communities in accelerating recovery and ensuring the well-being of citizens.

“The Tatmadaw aims to facilitate swifter recovery, uphold the welfare of the nation and its citizens, and create conditions conducive to lasting peace and stability” the military said in its statement.

However, the Tatmadaw also issued a warning to ethnic armed organizations (EAOs) and other groups, cautioning against activities that could undermine the ceasefire. Any acts of aggression, military mobilization, or territorial expansion would be met with defensive measures, the military warned, reiterating its commitment to civilian protection.

This marks the second ceasefire extension in recent weeks. The initial truce, covering April 2–22, was declared in response to the devastating impact of natural disasters across several regions of the country.

#ymg/knl

Asean

Most Popular - Local News

  • မြန်မာအစိုးရနှင့် MNDAA တို့ဖိတ်ခေါ်သဖြင့် အပစ်အခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ကို လားရှိုးသို့ စေလွှတ်ထားကြောင်း တရုတ်နိုင်ငံအတည်ပြု

    ၂၂ ဧပြီ ၂၀၂၅

    မြန်မာနစကအစိုးရနှင့် ကိုးကန့် MNDAA နှစ်ဖွဲ့စလုံးကဖိတ်ခေါ်တဲ့အတွက် အပစ်အခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ကို မြန်မာနိုင်ငံမြောက်ပိုင်းလားရှိုးသို့ စေလွှတ်ထားတယ်လို့ တရုတ်နိုင်ငံက အတည်ပြုပါတယ်။

    လားရှိုးမြို့ ပြန်လည်လွှဲပြောင်းပေးမှုအပေါ် မီဒီယာရဲ့မေးမြန်းချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် မစ္စတာ ကွမ်ကျားကွင်က ဖြေကြားခဲ့တာဖြစ်ပါတယ်။

    အဲဒီအဖွဲ့ဟာ မြန်မာတပ်မတော်နှင့် MNDAA တို့အကြား အပစ်အခတ်ရပ်စဲမှုကိုကြီးကြပ်ပြီး လာရှိုးရဲ့ မြို့ပေါ်ဒေသ ချောမွေ့စွာ လွှဲပြောင်းမှုကို ကိုယ်တိုင်မျက်မြင်တွေ့ရမှာဖြစ်ပါတယ်လို့ သူကဆက်ပြော  ပါတယ်။

    မြန်မာအစိုးရနှင့် ကိုးကန့်ရဲ့ Myanmar National Democratic Alliance Army (MNDAA)တို့အကြား ကူမင်းမှာကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်း ရရှိခဲ့တဲ့ သဘောတူညီချက်တွေကို အကောင် အထည်ဖော်ဖို့  နှစ်ဖွဲ့စလုံးက ဖိတ်ခေါ်ခဲ့တာလို့လည်း ဆိုပါတယ်။

    လားရှိုးမြို့ပေါ်ကနေ MNDAA ဆုတ်ခွာသွားပြီး တပ်မတော်ဝင်ရောက်လာမှုတွေနှင့် တရုတ်ရဲ့ အပစ်အခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့လည်းရောက်ရှိနေတယ်လို့ ယခုရက်ပိုင်းတွင် ဆိုရှယ်မီဒီယာများ တွင် သတင်းများပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။

    #ymg/knl

  • တပ်မတော်က ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလ ဧပြီ၃၀ရက်အထိ သက်တမ်းထပ်တိုး

    နေပြည်တော်၊ ၂၂ ဧပြီ ၂၀၂၅

    တပ်မတော်က ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၃ ရက်မှ ၃၀ ရက် အထိကာလကို ယာယီ ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးကာလအဖြစ် ထပ်မံ တိုးမြှင့် ထုတ်ပြန်လိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီ ၂၂ရက်နေ့တွင် သတင်းထုတ်ပြန်ပါတယ်။

    ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန် အဟုန်ဖြင့်ဆက်လက်ဆောင်ရွက်နိုင်စေရန်၊ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အကျိုးစီးပွားကို ပိုမို လျှင်မြန်စွာဖော်ဆောင်နိုင်ရန်၊ ရေရှည်တည်တံ့ပြီး စစ်မှန်သည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်စေရန်နှင့် တည်ငြိမ် အေးချမ်းမှုကို ရှေးရှုပြီး ယခုလိုသက်တမ်းတိုးလိုက်တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ငလျင်ဘေးဏ်ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပြည်ထောင်စုဖွား  တိုင်းရင်းသား မိဘပြည်သူများအားလုံး၏ စုပေါင်းအား ဖြင့် ဆောင်ရွက်မည်ဆိုပါက ပုံမှန်အခြေအနေသို့ အမြန်ဆုံး ရောက် ရှိနိုင်မယ်လို့လည်း သတင်းထုတ်ပြန်ချက်ဆိုပါတယ်။

    ယာယီပစ်ခတ်တိုက်ခိုက်မှု ထုတ်ပြန်ကြေညာထားသည့်ကာလအတွင်း တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တိုက်ခိုက်မှုများပြုလုပ်ခြင်း၊ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ ပြင် ဆင် စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများကို ဆောင်ရွက်လာပါက တပ်မတော်အနေဖြင့် ပြည်သူလူထုကို ကာကွယ်သောအားဖြင့် လိုအပ်သည့်အရေးယူ တုန့်ပြန်မှုများကို ဆောင်ရွက်သွားမယ်လို့လည်း သတိပေးထားပါတယ်။
    တပ်မတော်သည် ၀၂၅ ခုနှစ် ဧပြီ ၂ ရက် မှ ၂၂ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှု  ရပ်စဲရေးကာလအဖြစ် ထုတ်ပြန်ခဲ့ပြီး ယခုထပ်မံတိုးခဲ့ခြင်းဖြစ်ပါတယ်။

    Ymg/knl

  • မြန်မာနိုင်ငံတွင် ငလျင်ကြီးကြောင့် သေဆုံးသူ ၃၇၃၅ ဦး ရှိလာ

    ၂၁ ဧပြီ ၂၀၂၅

    ၂၀-၄-၂၀၂၅ ရက် ည(၇)နာရီတွင် ထုတ်ပြန်သည့် တရားဝင်သတင်းအရ

    ငလျင်နှင့်ပတ်သက်သည့် နောက်ဆုံးရသတင်းအချက်အလက်များကို ဖော်ပြပေးအပ်ပါတယ်။

    သေဆုံး/ထိခိုက်/ပျောက်ဆုံး


    ၁။ သေဆုံး- ၃၇၃၅ဦး

    ၂။ ထိခိုက်ဒဏ်ရာရ- ၅၁၀၈ ဦး

    ၃။ ပျောက်ဆုံး- ၁၂၀ ဦး


    နိုင်ငံတကာအကူအညီများ

    ကူညီသည့်နိုင်ငံပေါင်း- ၂၅ နိုင်ငံ (ဟောင်ကောင်အပါအဝင်)

    လေယာဉ်- ၁၄၅ ခေါက်

    သင်္ဘော- ၆ စီး

    ကား- ၂၃ စီး

    ထောက်ပံ့ပစ္စည်း- ၂၅၁၄.၆ တန်

    ကယ်ဆယ်ရေးပစ္စည်း- ၁၁၉၇.၁၂ တန်

    ကယ်ဆယ်ရေးဝန်ထမ်း- ၂၀၉၄ ဦး

    နောက်ဆုံးသတင်း- တရုတ်နိုင်ငံမှာ သတ္တမအသုတ် ကယ်ဆယ်ရေးပစ္စည်းများ လေယာဉ်ဖြင့် ထပ်မံရောက်ရှိ။


    Source: နစကသတင်းထုတ်ပြန်ရေးအဖွဲ့

  • ဆေးဝါးများပါဝင်သည့်သတ္တမအသုတ် ငလျင်ကယ်ဆယ်ရေးပစ္စည်းများ တရုတ်နိုင်ငံမှ ရောက်ရှိ

    ၂၀ ဧပြီ ၂၀၂၅

    တရုတ်နိုင်ငံအစိုးရ၏ သတ္တမအသုတ် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေး ပစ္စည်းများ  ဧပြီ ၂၀ ရက်က မြန်မာနိုင်ငံသို့ရောက်ရှိလာကြောင်းသိရပါတယ်။

    အဆိုပါ ကယ်ဆယ်ရေးပစ္စည်းများသည် ဆေးဝါးပစ္စည်းများဖြစ်ပြီး အလေးချိန် ၉၅တန်ကျော်ရှိပါတယ်။ Amoxicillin ဆေးတောင့် ၈၀၀,၀၀၀ ဗူး၊ Acetaminophen  ထိုးဆေး ၁၂၂,၀၀၀ ပုလင်း၊ Cephradine capsules ၂၂၅,၀၀၀ ဗူး  နှင့် Ibuprofen ၄၈၀,၀၀၀ ဗူး တို့ပါဝင်တယ်လို့ တရုတ်သံရုံးရဲ့ သတင်းထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။

    အဆိုပါ ထောက်ပံ့ရေးပစ္စည်းတွေကို ငလျင်ဘေးသင့် ဒေသများသို့ နေ့ချင်းပို့ဆောင်ပေးသွားမယ်လို့ လည်း သိရပါတယ်။

    တရုတ်နိုင်ငံသည် ငလျင်ကယ်ဆယ်ရေးပစ္စည်းများကို လေကြောင်းဖြင့် ဆက်တိုက်ပေးပို့လျက်ရှိရာ  ပြီးခဲ့တဲ့ ဧပြီ ၁၁ရက်က ဆဋ္ဌမမြောက်အသုတ်အဖြစ် ရွက်ဖျင်တဲ ၂၃လုံးနှင့်အတူ ချက်ပြုတ်   ပစ္စည်းများ၊ဆိုလာစွမ်းအင်သုံး စာကြည့် မီးလုံးများ၊ ဆပ်ပြာနှင့်ဆပ်ပြာရည်များ ၊ခေါင်းလျှော်     ရည်များ၊ သွားတိုက်ဆေးနှင့်သွားတိုက်သံများ၊  ဆပ်ပြာမှုန့်များပါဝင်ခဲ့ပါတယ်။

    တရုတ်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၅ နိုင်ငံ သည် မြန်မာငလျင်ဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပါတယ်။

    #ymg/knl

Most Popular - World News

  • U.S.–China Trade War: 2025 Snapshot

    25 April 2025

    🔥 Tariff Escalation Timeline

    • Feb 1: U.S. imposes a 10% blanket tariff on all Chinese imports.
    • Mar 3: Tariffs increase to 20%.
    • Apr 2: Tariffs rise to 54%.
    • Apr 9: Tariffs escalate to 125%.
    • Apr 10: Tariffs peak at 145%.    

    In response, China imposes:

    • Apr 11: 125% tariffs on U.S. goods.

    📊 Trade Impact

    • U.S. Imports from China: Projected to shrink by 40%.
    • Global Container Shipping: Expected 1% decline due to U.S. trade policies.
    • U.S. Trade Deficit with China (Jan–Feb 2025): $52.9 billion. 

    💸 Economic Consequences

    • Average U.S. Household Cost: Tariffs amount to an average tax increase of $1,243 per household in 2025.
    • Corporate Earnings: Major firms like Procter & Gamble and PepsiCo have revised earnings forecasts downward due to tariff impacts.
    • Consumer Prices: Prices for goods from retailers like Shein and Temu could rise by up to 125%.  

    🛠️ Strategic Responses

                China’s Measures:

    • Bolstering unemployment insurance and raising incomes.
    • Considering lifting tariffs on select U.S. imports like semiconductors.

                U.S. Considerations:

    • Potentially reducing tariffs to 50–65% to ease tensions. 

    Source : Various News Sources

  • ကက်ရှ်မီးယားတိုက်ခိုက်မှုက အိန္ဒိယနှင့်ပါကစ္စတန်အကြား စစ်ပွဲတစ်ခုဆီ ချဉ်းကပ်သွားနိုင်သလား (သတင်းသုံးသပ်ချက်)

    -ကောင်းမြတ်ကျော် 

     လက်နက်ကိုင်တစ်စုက အိန္ဒိယအုပ်ချုပ်မှုအောက်မှာရှိတဲ့ ကက်ရှ်မီးယားဒေသ ပါဟာဂမ်တွင် အိန္ဒိယနှင့် နီပေါ ခရီးသွားအုပ်စုတစ်စုကို ပစ်ခတ်ခဲ့ကြပါတယ်။ အဲဒီလုပ်ဆောင်မှုဟာ အပြစ်မဲ့အရပ်သားတွေရဲ့ သွေးတွေစွန်းထင်းသွားစေရုံမျှမကဘဲ  အိန္ဒိယနှင့်ပါကစ္စတန် နှစ်နိုင်ငအကြား တင်းမားမှုတွေကိုပါ အရှိန် မြင့်တက်သွားစေပါတယ်။

     ဧပြီ၂၂ရက်တိုက်ခိုက်မှုကြောင့် လူ ၂၆ဦးသေဆုံးခဲ့ပါတယ်။ အခုဆို သံခင်းတမန်ခင်းတွေ ချိနဲ့သွားတာ ကြောင့် ထိပ်တိုက်ရင်ဆိုင်မှုတွေ ခေါင်းပြန်ထောင်လာပါပြီ။

     အိန္ဒိယအစိုးရက ယင်းအပေါ် ချက်ခြင်းတုန့်ပြန်ခဲ့ပါတယ်။ ပါကစ္စတန်နှင့် သံတမန်အဆင့်လျှော့ချ ခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံသားတွေကို အိန္ဒိယကထွက်ခွာဖို့ အမိန့်ထုတ်ပါတယ်၊ အဲဒီအပြင် လှုပ်လှုပ် ရှားရှား အဖြစ်သွားဆုံးကတော့ အင်ဒတ်စ်ရေစာချုပ် Indus Waters Treatyကို အိန္ဒိယက ဆိုင်းငံ့လိုက် ခြင်းပဲဖြစ်ပါတယ်။ အဲဒီ ရေအရင်းအမြစ် ခွဲဝေသုံးစွဲရေးစာချုပ်ကို ၁၉၆၀ခုနှစ်က ချုပ်ဆိုခဲ့ကြပြီး နှစ်နိုင်ငံ အကြား သမိုင်းမှတ်တိုင်အထင်ကရတစ်ခုလို့ဆိုရမှာပါ။

     ပါကစ္စတန်အစိုးရကလည်း ပြန်လည်လက်တုန့်ပြန်တဲ့အနေနှင့် အိန္ဒိယရဲ့လေယာဉ်တွေကို ပါကစ္စတန် လေကြောင်းပိုင်နက်ထဲ ဖြတ်သန်းပျံသန်းခွင့်ကိုပိတ်ပစ်လိုက်ပါတယ်။ကုန်သွယ်မှုအားလုံးကိုလည်း ရပ် ဆိုင်းလိုက်ပါတယ်။

     အဲသလိုအပြန်အလှန် တုန့်ပြန်နေမှုတွေဟာ ငြိမ်းချမ်းရေးအတွက် အန္တရာယ်တစ်ခုသာမကဘဲ တောင်   အာရှရဲ့ အနာဂတ်အတွက်ပါ အန္တရာယ်ရှိလာစေနိုင်တယ်လို့ အချို့က သုံးသပ်နေပါတယ်။

     ကက်ရှ်မီးယားတိုက်ခိုက်မှုဟာ ၂၀၁၉ခုနှစ်က ပူဝါမာတိုက်ခိုက်မှုကို ပြန်သတိရစေပါတယ်။ ဒါပေမယ့် ယခုဖြစ်ရပ်ကတော့ နှစ်နိုင်ငံစလုံးအတွက် ပိုပြီးထိလွယ်ရှလွယ် ပေါက်ကွဲလွယ်အနေအထားဖြစ်နေ ပါတယ်။ နှစ်နိုင်ငံရဲ့ အမျိုးသားရေးဝါဒီတွေ ခေါင်းထောင်ထလာစေပါတယ်။ အိန္ဒိယမှာ ရွေးကောက်ပွဲက နီးလာနေပြီး  ပါကစ္စတန်နိုင်ငံမှာ စစ်တပ်က ဩဇာအရှိန်အဝါကြီးမားနေဆဲဖြစ်ပါတယ်။

     နှစ်နိုင်ငံအစိုးရတွေဟာ  ဖြစ်ရပ်ကို ခပ်တင်းတင်းမာမာတုန့်ပြန်ဖို့ ဖိအားတွေနှင့်ရင်ဆိုင်နေကြရပါတယ်။ 

     တုန့်ပြန်မှုတွေထဲမှာ အကြီးမားဆုံးစိန်ခေါ်မှုက အင်ဒတ်စ်ရေစာချုပ်ကို အိန္ဒိယက ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ သံတမန်ရေးရာ တုန့်ပြန်မှုထက်ပိုသွားစေပါတယ်။ ရေဟာ လက်နက်တစ်ခုဖြစ် လာနိုင်မယ့် အရိပ်လက္ခဏာလို့လည်းဆိုနိုင်ပါတယ်။

     အဲဒါကို ပါကစ္စတန်အစိုးရက စကားလုံးပြင်းပြင်းထန်ထန်နှင့်ပြန်တုန့်ပြန်ပါတယ်။ “ ရေစီးဆင်းမှုကို ပြောင်းလဲပစ်မယ်ဆိုရင် ဒါဟာ စစ်ပွဲတစ်ခုစလိုက်တာလို့ သတ်မှတ်ရလိမ့်မယ်" လို့ ပါကစ္စတန် နိုင်ငံခြား ရေးဝန်ကြီးဌာနကပြောပါတယ်။

     အဲဒီအပြင် အခြားသော ကမ္ဘာ့အငြင်းပွားမှုတွေနှင့်မတူတာက အိန္ဒိယနှင့်ပါကစ္စတန် နှစ်နိုင်ငံစလုံးဟာ နျူကလီယားစွမ်းအင်ကိုပိုင်ဆိုင်ထားခြင်းပဲဖြစ်ပါတယ်။ အဲဒီအတွက်လည်း စိတ်ပူစရာတစ်ခုပါ။ အခုဆို သံရုံးတွေမှာလူမရှိတော့ပါဘူး။ နှစ်နိုင်ငံအကြား ဆက်သွယ်ရေးတွေပြတ်သွားပါပြီ။ အုဲါကြောင့် မရည် ရွယ်တဲ့ တင်းမာမှုတွေအရှိန်တက်လာနိုင်ပါတယ်။ နယ်ခြားဒေသ ပြဿနာတစ်ခုကနေ စစ်ပွဲကြီးတစ်ခု ဖြစ်လာနိုင်မယ့် အန္တရာယ်က ရှိလာနေတာကို ကမ္ဘာ့အသိုက်အဝန်းက စိုးရိမ်နေကြပါတယ်။

     ဒါပေမယ့်အခုဖြစ်ရပ်အပေါ် ကမ္ဘာက သတိကြီးကြီးထားပြီး တုန့်ပြန်နေပါတယ်။ အမေရိကန်၊ဗြိတိန်နှင့် တရုတ် နိုင်ငံတွေက နှစ်ဘက်စလုံးကို သည်းခံကြဖို့တောင်းဆိုထားပါတယ်။ ဒါပေမယ့် နှစ်နိုင်ငံအကြား ကြားဝင်စေ့ဆပ်ပေးမယ့် အခြေအနေတော့ လက်ရှိမတွေ့ရသေးပါဘူး။

     အခြေအနေတွေကခက်ခဲနေပေမယ့် လုံးဝလက်လျှော့ရမယ့် အနေအထားကိုတော့ မရောက်သေးပါဘူး။  ပြီးခဲ့တဲ့ အတိတ်ဖြစ်ရပ်တွေတုန်းကလည်း ကန့်လန်ကာနောက်ကွယ်က သံခင်းတမန်ခင်းတွေကြောင့် အခြေအနေပုံမှန်ပြန်ဖြစ်ခဲ့တာတွေရှိခဲ့ဖူးပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်တွေ ဘာဆက်လုပ်ကြမလဲ စောင့်ကြည့်ရပါဦးမယ်။

     နှစ်ဘက်စလုံးက နောက်ဆုတ်သွားမှာလား..၊ ဒါမှမဟုတ်ရှေ့ဆက်တိုးကြမှာလား။

    ငြိမ်းချမ်းရေးဆိုတာ ပဋိပက္ခပျက်ကွက်သွားတာ မဟုတ်ပါဘူး။ ရဲရင့်မှုကို မျက်မှောက်ပြုလိုက်တာ  ဖြစ်တယ်လို့ ဆိုရိုးရှိပါတယ်။မေးစရာတော့ ရှိပါတယ်။ အဲဒါတွေကို ဘယ်သူကပြမှာလဲ။

    Source: news wires

  • မြန်မာအစိုးရနှင့် MNDAA တို့ဖိတ်ခေါ်သဖြင့် အပစ်အခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ကို လားရှိုးသို့ စေလွှတ်ထားကြောင်း တရုတ်နိုင်ငံအတည်ပြု

    ၂၂ ဧပြီ ၂၀၂၅

    မြန်မာနစကအစိုးရနှင့် ကိုးကန့် MNDAA နှစ်ဖွဲ့စလုံးကဖိတ်ခေါ်တဲ့အတွက် အပစ်အခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ကို မြန်မာနိုင်ငံမြောက်ပိုင်းလားရှိုးသို့ စေလွှတ်ထားတယ်လို့ တရုတ်နိုင်ငံက အတည်ပြုပါတယ်။

    Source CCTV+

  • Myanmar Military Extends Ceasefire Until April 30 to Aid Earthquake Recovery

    Nay Pyi Taw, April 22, 2025 — The Myanmar military, also known as the Tatmadaw, has extended its temporary ceasefire until April 30, 2025, in an effort to support ongoing reconstruction and humanitarian efforts following recent earthquakes.

    The Office of the Commander-in-Chief of Defence Services issued the announcement on Tuesday, stating that the ceasefire, originally scheduled to end on April 22, will now remain in effect for an additional week.

    According to the statement, the extension is aimed at facilitating rehabilitation in disaster-affected regions and fostering conditions favorable for peace and national stability. The Tatmadaw emphasized the importance of unity among all ethnic groups and communities in accelerating recovery and ensuring the well-being of citizens.

    “The Tatmadaw aims to facilitate swifter recovery, uphold the welfare of the nation and its citizens, and create conditions conducive to lasting peace and stability” the military said in its statement.

    However, the Tatmadaw also issued a warning to ethnic armed organizations (EAOs) and other groups, cautioning against activities that could undermine the ceasefire. Any acts of aggression, military mobilization, or territorial expansion would be met with defensive measures, the military warned, reiterating its commitment to civilian protection.

    This marks the second ceasefire extension in recent weeks. The initial truce, covering April 2–22, was declared in response to the devastating impact of natural disasters across several regions of the country.

    #ymg/knl

  • မြန်မာနိုင်ငံ၏ နိုင်ငံရေးပြန်လည်သင့်မြတ်ရေးညှိနှိုင်းတိုင်ပင်ဆောင်ရွက်နေမှုများကို တရုတ်က ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောကြား

    ၂၂ ဧပြီ ၂၀၂၅

    တရုတ်နိုင်ငံအနေဖြင့်  မြန်မာနိုင်ငံ နိုင်ငံရေးပြန်လည်သင့်မြတ်ရေး ဦးတည်တဲ့ ရင်းနှီးခင်မင်သော ညှိနှိုင်း တိုင်ပင်မှုတွေဆောင်ရွက်ခြင်းကို ထောက်ခံတယ်လို့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါ

    တယ်။

    ဧပြီလ ၂၁ရက်က ဘေဂျင်းတွင်ကျင်းပတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန်သတင်းစာရှင်းလင်း ပွဲတွင်  လားရှိုးမြို့ကို ကိုးကန့်MNDAAမှ နစကထံ ပြန်လည်လွှဲပြောင်းပေးမှုအပေါ် AFP သတင်းဌာနရဲ့ မေးမြန်းမှုအပေါ် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် မစ္စတာ ကွမ်ကျားကွင် Guo Jiakun က ပြန်လည်ဖြေကြားရာမှာ ယင်းကို ထည့်သွင်း ပြောဆိုခဲ့ ခြင်းဖြစ်ပါတယ်။

    မြန်မာနိုင်ငံနိုင်ငံရေးအသွင်ကူးပြောင်းမှုလုငန်းစဉ် ပြန်လည်စတင်ခြင်းကို ထောက်ခံတယ်လို့လည်း ကွမ်ကျားကွင်က လားရှိုးကို အမည်တပ်သုံးနှုံးခြင်းမပြုဘဲ ပြောဆိုသွားပါတယ်။

    “ တရုတ်နှင့်မြန်မာဟာ ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံများဖြစ်ကြပါတယ်။မြန်မာနိုင်ငံဆိုင်ရာကိစ္စရပ်တွင် တရုတ်နိုင်ငံ၏သဘောထားမှာ အလွန်ရှင်းလင်းပါသည်။ ကျွန်တော်တို့ဟာ အခြားနိုင်ငံများရဲ့ ပြည်တွင်းကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် အခြေံသဘောတရားကို လိုက်နာပါတယ်”လို့သူကပြောပါတယ်။

    မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ ၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်  နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်မှုတွေအပေါ်လည်း တရုတ်ကထောက်ခံတယ်လို့ပြောကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    #ymg/knl

  • China Supports Myanmar’s Political Reconciliation Efforts, Says Chinese Foreign Ministry

    22 April 2025 | Yangon

    China has reiterated its support for Myanmar’s efforts toward political reconciliation through friendly consultations, according to a statement issued by the Chinese Foreign Ministry.

    Speaking at a regular press briefing in Beijing on April 21, Chinese Foreign Ministry spokesperson Mr. Guo Jiakun responded to a question from AFP concerning the recent handover of Lashio by the Kokang’s Myanmar National Democratic Alliance Army (MNDAA) to the Myanmar Ruling State Administration Council (SAC).

    While Mr. Guo did not explicitly mention Lashio in his remarks, he emphasized China’s consistent position on Myanmar, affirming support for the resumption of the country’s political transition process.

    “China and Myanmar are friendly neighbors. China’s position on the Myanmar issue is very clear. We follow the principle of non-interference in other countries’ internal affairs,” Guo said.

    The spokesperson also stated that China supports Myanmar in safeguarding its independence, sovereignty, national unity, and territorial integrity.

    The statement reaffirms Beijing’s approach of encouraging political dialogue while maintaining its long-held policy of non-intervention.

    knl/ymg

Politics

32 PDF Members Rejoin Legal Fold, Hand Over Weapons to Tatmadaw

Nay Pyi Taw, 25 April 2025 - The State Administration Council (SAC) has announced that 32 members of the People’s Defense Force (PDF) have re-entered the legal fold as of April 25. The information was released by the SAC’s press team in an official statement.

According to the release, the individuals—30 males and 2 females—originated from various regions of Myanmar, including Mandalay Region, Sagaing Region, Yangon Region, and Shan State.

A responsible official briefed the group on the relevant legal provisions concerning regional peace and stability. The explanation emphasized the importance of upholding law and order within their communities.

Following the discussion, the returnees voluntarily surrendered the weapons and ammunition they had carried to representatives of the Myanmar Tatmadaw (military).

Authorities subsequently provided financial assistance to the individuals and arranged for them to be reunited with their families.

The move is part of the government’s broader efforts to encourage reintegration and stability amid ongoing conflict in parts of the country.

-ymg/knl

U.S.–China Trade War: 2025 Snapshot

25 April 2025

🔥 Tariff Escalation Timeline

  • Feb 1: U.S. imposes a 10% blanket tariff on all Chinese imports.
  • Mar 3: Tariffs increase to 20%.
  • Apr 2: Tariffs rise to 54%.
  • Apr 9: Tariffs escalate to 125%.
  • Apr 10: Tariffs peak at 145%.    

In response, China imposes:

  • Apr 11: 125% tariffs on U.S. goods.

📊 Trade Impact

  • U.S. Imports from China: Projected to shrink by 40%.
  • Global Container Shipping: Expected 1% decline due to U.S. trade policies.
  • U.S. Trade Deficit with China (Jan–Feb 2025): $52.9 billion. 

💸 Economic Consequences

  • Average U.S. Household Cost: Tariffs amount to an average tax increase of $1,243 per household in 2025.
  • Corporate Earnings: Major firms like Procter & Gamble and PepsiCo have revised earnings forecasts downward due to tariff impacts.
  • Consumer Prices: Prices for goods from retailers like Shein and Temu could rise by up to 125%.  

🛠️ Strategic Responses

            China’s Measures:

  • Bolstering unemployment insurance and raising incomes.
  • Considering lifting tariffs on select U.S. imports like semiconductors.

            U.S. Considerations:

  • Potentially reducing tariffs to 50–65% to ease tensions. 

Source : Various News Sources

ကက်ရှ်မီးယားတိုက်ခိုက်မှုက အိန္ဒိယနှင့်ပါကစ္စတန်အကြား စစ်ပွဲတစ်ခုဆီ ချဉ်းကပ်သွားနိုင်သလား (သတင်းသုံးသပ်ချက်)

-ကောင်းမြတ်ကျော် 

 လက်နက်ကိုင်တစ်စုက အိန္ဒိယအုပ်ချုပ်မှုအောက်မှာရှိတဲ့ ကက်ရှ်မီးယားဒေသ ပါဟာဂမ်တွင် အိန္ဒိယနှင့် နီပေါ ခရီးသွားအုပ်စုတစ်စုကို ပစ်ခတ်ခဲ့ကြပါတယ်။ အဲဒီလုပ်ဆောင်မှုဟာ အပြစ်မဲ့အရပ်သားတွေရဲ့ သွေးတွေစွန်းထင်းသွားစေရုံမျှမကဘဲ  အိန္ဒိယနှင့်ပါကစ္စတန် နှစ်နိုင်ငအကြား တင်းမားမှုတွေကိုပါ အရှိန် မြင့်တက်သွားစေပါတယ်။

 ဧပြီ၂၂ရက်တိုက်ခိုက်မှုကြောင့် လူ ၂၆ဦးသေဆုံးခဲ့ပါတယ်။ အခုဆို သံခင်းတမန်ခင်းတွေ ချိနဲ့သွားတာ ကြောင့် ထိပ်တိုက်ရင်ဆိုင်မှုတွေ ခေါင်းပြန်ထောင်လာပါပြီ။

 အိန္ဒိယအစိုးရက ယင်းအပေါ် ချက်ခြင်းတုန့်ပြန်ခဲ့ပါတယ်။ ပါကစ္စတန်နှင့် သံတမန်အဆင့်လျှော့ချ ခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံသားတွေကို အိန္ဒိယကထွက်ခွာဖို့ အမိန့်ထုတ်ပါတယ်၊ အဲဒီအပြင် လှုပ်လှုပ် ရှားရှား အဖြစ်သွားဆုံးကတော့ အင်ဒတ်စ်ရေစာချုပ် Indus Waters Treatyကို အိန္ဒိယက ဆိုင်းငံ့လိုက် ခြင်းပဲဖြစ်ပါတယ်။ အဲဒီ ရေအရင်းအမြစ် ခွဲဝေသုံးစွဲရေးစာချုပ်ကို ၁၉၆၀ခုနှစ်က ချုပ်ဆိုခဲ့ကြပြီး နှစ်နိုင်ငံ အကြား သမိုင်းမှတ်တိုင်အထင်ကရတစ်ခုလို့ဆိုရမှာပါ။

 ပါကစ္စတန်အစိုးရကလည်း ပြန်လည်လက်တုန့်ပြန်တဲ့အနေနှင့် အိန္ဒိယရဲ့လေယာဉ်တွေကို ပါကစ္စတန် လေကြောင်းပိုင်နက်ထဲ ဖြတ်သန်းပျံသန်းခွင့်ကိုပိတ်ပစ်လိုက်ပါတယ်။ကုန်သွယ်မှုအားလုံးကိုလည်း ရပ် ဆိုင်းလိုက်ပါတယ်။

 အဲသလိုအပြန်အလှန် တုန့်ပြန်နေမှုတွေဟာ ငြိမ်းချမ်းရေးအတွက် အန္တရာယ်တစ်ခုသာမကဘဲ တောင်   အာရှရဲ့ အနာဂတ်အတွက်ပါ အန္တရာယ်ရှိလာစေနိုင်တယ်လို့ အချို့က သုံးသပ်နေပါတယ်။

 ကက်ရှ်မီးယားတိုက်ခိုက်မှုဟာ ၂၀၁၉ခုနှစ်က ပူဝါမာတိုက်ခိုက်မှုကို ပြန်သတိရစေပါတယ်။ ဒါပေမယ့် ယခုဖြစ်ရပ်ကတော့ နှစ်နိုင်ငံစလုံးအတွက် ပိုပြီးထိလွယ်ရှလွယ် ပေါက်ကွဲလွယ်အနေအထားဖြစ်နေ ပါတယ်။ နှစ်နိုင်ငံရဲ့ အမျိုးသားရေးဝါဒီတွေ ခေါင်းထောင်ထလာစေပါတယ်။ အိန္ဒိယမှာ ရွေးကောက်ပွဲက နီးလာနေပြီး  ပါကစ္စတန်နိုင်ငံမှာ စစ်တပ်က ဩဇာအရှိန်အဝါကြီးမားနေဆဲဖြစ်ပါတယ်။

 နှစ်နိုင်ငံအစိုးရတွေဟာ  ဖြစ်ရပ်ကို ခပ်တင်းတင်းမာမာတုန့်ပြန်ဖို့ ဖိအားတွေနှင့်ရင်ဆိုင်နေကြရပါတယ်။ 

 တုန့်ပြန်မှုတွေထဲမှာ အကြီးမားဆုံးစိန်ခေါ်မှုက အင်ဒတ်စ်ရေစာချုပ်ကို အိန္ဒိယက ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ သံတမန်ရေးရာ တုန့်ပြန်မှုထက်ပိုသွားစေပါတယ်။ ရေဟာ လက်နက်တစ်ခုဖြစ် လာနိုင်မယ့် အရိပ်လက္ခဏာလို့လည်းဆိုနိုင်ပါတယ်။

 အဲဒါကို ပါကစ္စတန်အစိုးရက စကားလုံးပြင်းပြင်းထန်ထန်နှင့်ပြန်တုန့်ပြန်ပါတယ်။ “ ရေစီးဆင်းမှုကို ပြောင်းလဲပစ်မယ်ဆိုရင် ဒါဟာ စစ်ပွဲတစ်ခုစလိုက်တာလို့ သတ်မှတ်ရလိမ့်မယ်" လို့ ပါကစ္စတန် နိုင်ငံခြား ရေးဝန်ကြီးဌာနကပြောပါတယ်။

 အဲဒီအပြင် အခြားသော ကမ္ဘာ့အငြင်းပွားမှုတွေနှင့်မတူတာက အိန္ဒိယနှင့်ပါကစ္စတန် နှစ်နိုင်ငံစလုံးဟာ နျူကလီယားစွမ်းအင်ကိုပိုင်ဆိုင်ထားခြင်းပဲဖြစ်ပါတယ်။ အဲဒီအတွက်လည်း စိတ်ပူစရာတစ်ခုပါ။ အခုဆို သံရုံးတွေမှာလူမရှိတော့ပါဘူး။ နှစ်နိုင်ငံအကြား ဆက်သွယ်ရေးတွေပြတ်သွားပါပြီ။ အုဲါကြောင့် မရည် ရွယ်တဲ့ တင်းမာမှုတွေအရှိန်တက်လာနိုင်ပါတယ်။ နယ်ခြားဒေသ ပြဿနာတစ်ခုကနေ စစ်ပွဲကြီးတစ်ခု ဖြစ်လာနိုင်မယ့် အန္တရာယ်က ရှိလာနေတာကို ကမ္ဘာ့အသိုက်အဝန်းက စိုးရိမ်နေကြပါတယ်။

 ဒါပေမယ့်အခုဖြစ်ရပ်အပေါ် ကမ္ဘာက သတိကြီးကြီးထားပြီး တုန့်ပြန်နေပါတယ်။ အမေရိကန်၊ဗြိတိန်နှင့် တရုတ် နိုင်ငံတွေက နှစ်ဘက်စလုံးကို သည်းခံကြဖို့တောင်းဆိုထားပါတယ်။ ဒါပေမယ့် နှစ်နိုင်ငံအကြား ကြားဝင်စေ့ဆပ်ပေးမယ့် အခြေအနေတော့ လက်ရှိမတွေ့ရသေးပါဘူး။

 အခြေအနေတွေကခက်ခဲနေပေမယ့် လုံးဝလက်လျှော့ရမယ့် အနေအထားကိုတော့ မရောက်သေးပါဘူး။  ပြီးခဲ့တဲ့ အတိတ်ဖြစ်ရပ်တွေတုန်းကလည်း ကန့်လန်ကာနောက်ကွယ်က သံခင်းတမန်ခင်းတွေကြောင့် အခြေအနေပုံမှန်ပြန်ဖြစ်ခဲ့တာတွေရှိခဲ့ဖူးပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်တွေ ဘာဆက်လုပ်ကြမလဲ စောင့်ကြည့်ရပါဦးမယ်။

 နှစ်ဘက်စလုံးက နောက်ဆုတ်သွားမှာလား..၊ ဒါမှမဟုတ်ရှေ့ဆက်တိုးကြမှာလား။

ငြိမ်းချမ်းရေးဆိုတာ ပဋိပက္ခပျက်ကွက်သွားတာ မဟုတ်ပါဘူး။ ရဲရင့်မှုကို မျက်မှောက်ပြုလိုက်တာ  ဖြစ်တယ်လို့ ဆိုရိုးရှိပါတယ်။မေးစရာတော့ ရှိပါတယ်။ အဲဒါတွေကို ဘယ်သူကပြမှာလဲ။

Source: news wires

Business

စက်သုံးဆီပြတ်လပ်မှုမရှိအောင် ဆောင်ရွက်ထားပြီးဖြစ်၍ စိုးရိမ်မှုမရှိကြရန် စွမ်းအင်ဝန်ကြီးဌာန အသိပေးနှိုးဆော်

၃၀ မတ် ၂၀၂၅

လတ်တလောဖြစ်ပေါ်ခဲ့သည့် အခြေအနေကြောင့် နိုင်ငံနှင့်အဝှမ်း စက်သုံးဆီ ပြတ်လပ်မှုမရှိအောင် စနစ်တကျဆောင်ရွက်ထားပြီး ပြည်သူတွေအနေနှင့် စိုးရိမ်စိတ်ဖြင့် မလိုအပ်ဘဲတန်းစီဝယ်ယူခြင်း၊ အပိုသိုလှောင်ထားခြင်း မပြုလုပ်ကြပါရန် စွမ်းအင်ဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားပါတယ်။

ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရန်အတွက် ကြိုတင်စီမံထားသည့်အတိုင်း သီလဝါသိုလှောင်ကန်စခန်းများတွင် ရက်သတ္တပတ်(၁)ပတ်စာခန့် သိုလှောင်ထားရှိပြီးဖြစ်သည့်အပြင် ဆီတင်ယာဉ်များမှာလည်း အဆက်မပြတ်ဝင်ရောက်လျက်ရှိရာ JETTY များတွင်(၄)စီး၊ ပင်လယ်ဝတွင်(၃)စီး၊လမ်းခရီးတွင်(၃)စီးနှင့် ပြည်ပနိုင်ငံများတွင် စက်သုံးဆီတင်ဆောင်နေသည့် သင်္ဘော(၁၁)စီးဖြစ်သဖြင့် စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်နိုင်မည်မဟုတ်ဘဲ ပုံမှန်ဖြန့်ဖြူးရေးများအပြင် လိုအပ်ပါကအရေးပေါ် Urgent ဖြန့်ဖြူးနိုင်ရန်အတွက် ဆီသယ်ယာဉ်များလည်း အဆင်သင့် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်တယ်လို့လည်း အဆိုပါအသိပေးစာမှာ ဖော်ပြပါရှိပါတယ်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ အရောင်းဆိုင်များသို့ ဆီသယ်ယာဉ်(Bowser)များအဆက်မပြတ် ပို့ဆောင်ဖြန့်ဖြူးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ ၂၉-၃-၂ဝ၂၅ ရက်နေ့တွင်နေပြည်တော်ရှိ အရောင်းဆိုင်များသို့ ဆီသယ်ယာဉ်(၂၂)စီးဖြင့် 92 Ron(၄၈,၅၉၉)ဂါလန်၊95 Ron(၁၂,၇၃၄)ဂါလန်၊ HSD(၂၂,၁၀၆)ဂါ လန်နှင့် PHSD(၂၈,၈၇၁)ဂါလန်တို့အားလည်းကောင်း၊ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အရောင်းဆိုင်များသို့ ဆီသယ်ယာဉ်(၃၇၁)စီးဖြင့် 92 Ron(၃၀၆,၂၅၀)ဂါလန်၊ 95 Ron(၁၇၅,၀၉၂)ဂါလန်၊ HSD(၃၂၀,၇၀၆)ဂါလန်နှင့် PHSD(၄၅၅,၁၆၂)ဂါလန်တို့အားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အရောင်းဆိုင်များသို့ ဆီသယ်ယာဉ်(၁၅၁)စီးဖြင့် 92 Ron(၃၆၇,၆၈၂)ဂါလန်၊ 95 Ron(၈၈,၂၇၃)ဂါလန်၊ HSD(၂၄၁,၆၂၂)ဂါလန်နှင့် PHSD (၃၅၂,ဝ၅၃)ဂါလန်တို့အားလည်းကောင်း၊ အခြားတိုင်းဒေသကြီး/ပြည်နယ်များရှိ .. အရောင်းဆိုင်များသို့ ဆီသယ်ယာဉ်(၄၁၈)စီးဖြင့် 92 Ron(၇၈၃,၉၅၀)ဂါလန်၊ 95 Ron(၁၄၅,၇၀၃)ဂါလန်၊ HSD(၅၁၈,၃၂၄)ဂါလန်နှင့် PHSD(၉၅၅,၉၃၆)ဂါလန်တို့အားလည်းကောင်း ပို့ဆောင်ခဲ့ပြီး ယနေ့တွင်လည်းယခင်သယ်ယူပို့ဆောင်မှုထက် ပိုမိုသယ်ယူပို့ဆောင်ဖြန့်ဖြူးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိနေကြောင်း သိရှိရပါတယ်။

မတ်လ ၂၈ရက် နေ့တွငလှုပ်ရှားခဲ့တဲ့ အင်အားအလွန်ပြင်းထန်သော မြေငလျင်ကြောင့်ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်တို့၏ အဆောက်အဦများ ပြိုကျပျက်စီးခြင်း/မြေအောက်သိုလှောင်ကန်အပါအဝင် ဆီပန့်နှင့်ဆက်သွယ်ထားသော မြေအောက်ဆီပိုက်လိုင်းများ ယိုယွင်းပျက်စီးခြင်း၊ စက်သုံးဆီ ဖြန့်ဖြူးရာတွင်အသုံးပြုသည့် မီးစက်အချို့ ပျက်စီးယိုယွင်းခဲ့သည့်အပြင် လျှပ်စစ်မီးလိုင်းများလည်း ပြတ်တောက်မှုဖြစ်ပေါ်ခဲ့ပေမယ့် အမြန်ဆုံးပြုပြင်မှုများဆောင်ရွက်ခဲ့တဲ့အတွက် အများစုကိုပြန်လည်ပြင်ဆင်ပြီး လုပ်ငန်းများလည်ပတ်နေပြီလို့လည်း အဆိုပါသတင်းထုတ်ပြန်ချက် က အသိပေးထားပါတယ်။

အဲဒါကြောင့် ယခုအခါ ယနေ့တွင် နေပြည်တော်အတွင်း အရောင်းဆိုင်(၁၀၆)ဆိုင်အနက်  အရောင်းဆိုင် (၉၀)ခန့်နှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ အရောင်းဆိုင်(၁၆၄)ဆိုင်အနက် အရောင်းဆိုင် (၁၀၀) ခန့် ပြင်ဆင်ပြီးစီးခဲ့ပြီး ပြန်လည်ဖွင့်လှစ်ရောင်းချလျက် ရှိနေပြီဖြစ်ပါတယ်။

ရန်ကုန်တိုင်းဓဒသကြီးအတွင်းရှိ အရောင်းဆိုင်(၂၁၇)ဆိုင်အနက် (၂၀၉)ဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ကျန်တိုင်းဒေသကြီး/ပြည်နယ်များရှိ အရောင်းဆိုင်များအနက် အကြောင်းအမျိုးမျိုးကြောင့်ယာယီ ပိတ်ထားသည့် အရောင်းဆိုင်အချို့မှလွဲ၍ အရောင်းဆိုင်အားလုံး ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း လည်း စွမ်းအင်ဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

#knl/ymg

မြန်မာ-အိန္ဒိယချစ်ကြည်ရေးမြှင့်တင်သည့်အနေဖြင့် မဲခေါင်-ဂင်္ဂါ အစားအစာပွဲတော်ကျင်းပ

ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကကြီးမှူးကျင်းပတဲ့ မဲခေါင်−ဂင်္ဂါ အစားအစာပွဲတော်ကို ယနေ့ညနေပိုင်းက ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)၌ ကျင်းပခဲ့ပါတယ်။

အဲဒီမဲခေါင်-ဂင်္ဂါ အစားအစာပွဲတော်ဖွင့်ပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ အိန္ဒိယသံအမတ်ကြီး မစ္စတာ Abhay Thakur နှင့် အခြားဖိတ်ကြားထားသည့်လူမှုအဖွဲ့အစည်းအသီးသီးမှပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြပါတယ်။

အဆိုပါ ပွဲတော်ကို မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုတိုးတက်ရေးရည်ရွယ်ကျင်းပခဲ့တာဖြစ်ပြီး မြန်မာနှင့် အိန္ဒိယ ရိုးရာအစားအစာများ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များနှင့် လက်မှုပစ္စည်းအရောင်းဆိုင်များ ကို ခင်းကျင်းပြသရောင်းချပေးခဲ့ကြပါတယ်။

မဲခေါင်−ဂင်္ဂါ အစားအစာပွဲတော်ကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးနှင့် ရန်ကုန်မြို့ရှိ အိန္ဒိယနွယ်ဖွား အမျိုးသမီးများအသင်း၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက်တို့ပူးပေါင်းကျင်းပခဲ့ခြင်း  ဖြစ်ပါ တယ်။

Mnn/ymg

Ganga Mekong

ထိုင်းပြည်သူအများစုက မြန်မာနိုင်ငံသို့ လျှပ်စစ်ဓာတ်အားဖြတ်တောက်ခြင်းကိုထောက်ခံပြီး အွန်လိုင်း လိမ်လည်မှုလုပ်ငန်းများတွင် ထိုင်းအရာရှိများပတ်သက်နေသည်ဟုလည်း ယုံကြည်နေကြ

၁၆ ဖေဖော်ဝါရီ ၂၀၂၅

ထိုင်းအစိုးရက မြန်မာနိုင်ငံဘက်သို့ လျှပ်စစ်၊အင်တာနက်နှင့် လောင်စာဆီများ ဖြတ်တောက်ထားခြင်း အပေါ် ထိုင်းပြည်သူအများစုက ထောက်ခံကြတယ်လို့ ဘန်ကောက်ပို့စ်က သတင်းရေးသားပါတယ်။

မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ နီဒါလို့ခေါ်တဲ့ အမျိုးသား အုပ်ချုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအင်စတီကျုရဲ့  စစ်တမ်းတစ်ခုအရသိရတာဖြစ်ပြီး ထိုင်းအများစုက အဲဒီ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ ထိုင်း အရာရှိတွေပါဝင်ပတ်သက်မှုရှိနေကြတယ်လို့လည်း ယုံကြည်နေကြတယ်လို့ ဆိုပါတယ်။

အစိုးရရဲ့ လူလိမ်ဂိုဏ်းအပေါ် စစ်ဆင်မှုတွေနှင့်ပတ်သက်လို့ အများပြည်သူထင်မြင်ချက် စစ်တမ်း ကောက်ယူခဲ့တာဖြစ်ပြီး စစ်တမ်းမှာပါဝင်ခဲ့သူတွေရဲ့ ၇၀.၅၄ ရာခိုင်နှုန်းက သူတို့ဟာ ထိုင်းဘက်က လျှပ်စစ်၊အင်တာနက်နှင့် လောင်စာဆီတွေ အဲဒီနေရာတွေကိုဖြတ်တောက်ပစ်တဲ့အပေါ် သဘောတူ ကြတယ်လို့သိရပါတယ်။ ၂၁.၇ ရာခိုင်နှုန်းက နည်းနည်းပဲသဘောတူကြပြီး ၅.၄၃က အနည်းငယ် သဘောမတူကြဘူးလို့ဆိုပါတယ်။ ၃.၀၅ ရာခိုင်နှုန်းကသာ လုံးဝသဘောမတူခဲ့ကြတာပါ။

အွန်လိုင်းလိမ်လည်ဂိုဏ်းတွေရဲ့ပြဿနာတွေကို ဘယ်လောက်အတိုင်းအတာအထိဖြေရှင်းသင့်သလဲ ဆိုတဲ့ စစ်တမ်းမေးခွန်းအပေါ်မှာတော့ ၆၀.၉၂ ရာခိုင်နှုန်းက အသေအချာဖြေရှင်းသင့်တယ်လို့ သဘောထားပေးကြပြီး ၁၇.၁၇ ရာခိုင်နှုန်းက ခပ်များများဖြေရှင်းရမယ်လို့တုန့်ပြန်ပါတယ်။  ၁၅.၅၉ ရာခိုင်နှုန်းက နည်းနည်းပါးပါးအရေးယူသင့်တယ်လို့ဆိုပြီး ၅,၄၂ ရာခိုင်နှုန်းက ဘာမှမလုပ်သင့်ဘူးလို့ သဘောထားပေးကြပါတယ်။

မြန်မာနိုင်ငံဘက်က အွန်လိုင်းလိမ်လည်မှုတွေမှာ ထိုင်းအရာရှိတွေပတ်သက်ကူညီမှုတွေရှိတယ်ထင်လား ဆိုတဲ့မေးခွန်းအပေါ်မှာ ၆၉.၈၅ ရာခိုင်နှုန်းက အသေအချာပေါ့ လို့ဖြေကြပြီး ၂၆.၈၇ ကတော့ သိပ်မသေချာဘူးလို့တုန့်ပြန်ကြပါတယ်။ ၃.၂၈ ရာခိုင်နှုန်းက ပါဝင်ပတ်သက်မှုမရှိတာသေချာတယ်လို့ သဘောထားပေးကြပါတယ်။

ထိုင်းကနေအဲဒီနေရာတွေမှာ သွားရောက်အလုပ်လုပ်နေကြသူတွေထဲမှာ တစ်အုပ်စုက သူတို့ အလိမ်ခံရပြီးရောက်သွားတဲ့အုပ်စုနှင့် နောက်တစ်အုပ်စုက သူတို့ကိုယ်တိုင်ဆန္ဒရှိလို့ သွားအလုပ်လုပ်နေကြတာဖြစ်ပြီး ဘယ်အုပ်စုက ပိုများမယ်ထင်သလဲဆိုတဲ့မေးခွန်းကိုလည်း စစ်တမ်းက မေးခဲ့ပါတယ်။ အဲဒီအခါ ၄၉.၇၇ ရာခိုင်နှုန်းက နှစ်အုပ်စုလုံး အရေအတွက်အတူတူလောက်ရှိကြမယ် ထင်တယ်လို့ ဖြေကြပါတယ်။ ၂၅.၈ ရာခိုင်နှုန်းက သူတို့လုပ်ချင်လို့ကို ဆန္ဒအလျောက်   သွားလုပ်ကြတာလို့ တုန့်ပြန်ကြပြီး ၂၀.၃၈ ရာခိုင်နှုန်းကတော့ အလိမ်ခံရတာလို့ ဖြေကြပါတယ်။ ၄.၀၅ ရာခိုင်နှုန်းက မသိဘူးလို့ဖြေကြပါတယ်။

ယခုစစ်တမ်းကို ထိုင်းနိုင်ငံအနှံ့က  ဖေဖော်ဝါရီ ၁၀ရက်မှ ၁၁ရက်အထိ အသက် ၁၈နှစ်နှင့်အထက် ပညာရေးနှင့် အလုပ်အကိုင်နယ်ပယ်စုံမှ လူ၁၃၁၀ ဦးကိုမေးမြန်းကောက်ယူထားတာဖြစ်ပါတယ်လို့ သတင်းမှာရေးသားထားပါတယ်။

#knl/ymg

Health

မြန်မာနိုင်ငံတွင် ငလျင်ဘေးအတွက် အကူအညီများဆက်ပေးပါရန် ဂျပန်ဆရာဝန်တစ်ဦးက နိုင်ငံတကာသို့မေတ္တာရပ်ခံ

၁၆ ဧပြီ ၂၀၂၅

မြန်မာငလျင်ကြီးတွင် အသက်ရှင်ကျန်ရစ်သူများကို လာရောက်ဆေးဝါးကုသမှုပေးခဲ့တဲ့ ဂျပန်ဆရာဝန် တစ်ဦးက နိုင်ငံတကာအကူအညီများ ဆက်လက်ပေးပါရန် နိုင်ငံတကာသို့ မေတ္တာရပ်ခံခဲ့ပါတယ်။

ဂျပန်နိုင်ငံ နီပွန် ဆေးတက္ကသိုလ်ဆေးရုံရဲ့  အရေးတကြီးစောင့်ရှောက်ရေးဌာနမှ ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ အီဂါယာရှီယူတာကာက  ဂျပန် NHK ရုပ်သံမှတစ်ဆင့် ယင်းကဲ့သို့မေတ္တာရပ်ခံခဲ့တာ   ဖြစ်ပါတယ်။

သူဟာ ဂျပန်နိုင်ငံရဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့်အတူ လိုက်ပါလာခဲ့ပြီး မန္တလေးသို့ ဧပြီ ၄ ရက်နေ့ မှာ ရောက်ရှိခဲ့ပါတယ်။

သူဟာ   အဆောက်အဦပြိုကျလို့ ဒါမှမဟုတ် ကယ်ထုတ်စဉ် အရိုးထိခိုက်ဒဏ်ရာနှင့် အခြားဒဏ်ရာရရှိ သူတွေကို ချက်ခြင်းဆိုသလိုဘဲ ဆေးဝါးကုသမှုပေးခဲ့ပါတယ်။

အချို့သူတွေဟာ သူတို့မိသားစုတွေကို ဝင်ကယ်နေခဲ့ကြရလို့ သူတို့မှာရရှိတဲ့ ဒဏ်ရာတွေကို ချက်ခြင်း ဆေးကုသမှုမခံယူနိုင်ခဲ့ကြဘူးလို့ သူက NHK ရုပ်သံကိုပြောပါတယ်။ အနာရင်းလာတော့မှသာ သူတို့ဟာ ဆရာဝန်ကိုပြသနိုင်တော့တယ်လို့ သူကဆက်ပြောပါတယ်။

ငလျင်လှုပ်ပြီး နှစ်ပတ်ကြာတဲ့အထိ မန္တလေးက လူတော်တော်များများဟာ အဆောက်အဦရဲ့ အပြင် ဘက်မှာ နေထိုင်နေကြရတုန်းပဲလို့သူက ပြောပါတယ်။ အချို့ဆိုရင် အအေးပတ်တာ၊ ဝမ်းပျက်ဝမ်းလျှော  လို ကူးစက်ရောဂါတွေ ဖြစ်နေကြရတယ်လို့ သူကဆက်ပြောပါတယ်။အချို့ကလည်း သူတို့ရဲ့ ကျောမှာ အမြဲနာကျင်တဲ့ဒဏ်ခံနေကြရတယ်လို့ သူ့ကို ညည်းညူပြောတယ်လို့ဆိုပါတယ်။

လူတော်တော်များများဟာ ရပ်ကွက်တွေထဲက ဆေးခန်းတွေကို မသွားနိုင်ကြဘူး၊ ဘာဖြစ်လို့လဲဆိုတော့  လူနာတွေသိပ်များနေတာ  ဒါမှမဟုတ် ပိုက်ဆံမရှိတာတွေကြောင့်ဖြစ်တယ်လို့လည်း အီဂါယာရှီက ပြောပါတယ်။

ဂျပန်ဆေးအဖွဲ့ဟာ တစ်ရက်ကို လူနာ၁၀၀ ကျော်ကြည့်ပေးခဲ့တယ်လို့လည်း သူကပြောပါတယ်။

မိသားစုဝင်တွေဆုံးရှုံးသွားခဲ့ရတဲ့ လူနာတွေဆိုရင် စိတ်ဓာတ်ခွန်အားတွေပေးဖို့လိုအပ်နေတယ်လို့ ဒေါက်တာက ဆက်ပြောပါတယ်။

အချို့သော နိုင်ငံခြား ဆေးဝါးအဖွဲ့တွေ ပြန်သွားကြပြီးဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့  ဆေးရုံဆေးခန်း တွေ ပုံမှန်ကုသမှုတွေ ပြန်လည်မစတင်မီအချိန်အထိ နိုင်ငံတကာအကူအညီတွေ ဆက်လိုနေပါတယ်လို့ သူက ပြောပါတယ်။

#ymg/knl

“ ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာမှာကို ကျွန်တော်တို့စိုးရိမ်နေပါတယ်”

ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာမှာကို ကျွန်တော်တို့စိုးရိမ်နေပါတယ်”

Oscar Sch

ဆရာဝန်

နယ်စည်းမခြားဆရာဝန်များအဖွဲ့

ဆက်သွယ်ရေးလမ်းကြောင်းများပြတ်တောက်နေတဲ့အတွက် ငလျင်ဒဏ်ခံစားရတဲ့ဒေသများတွင် ကျန်းမာရေးအခြေအနေ ပိုဆိုးရွားလာမှာ စိုးရိမ်မိတယ်လို့ မြန်မာငလျင်ဘေး ကယ်ဆယ်ကူညီရေး  လုပ်ငန်းများ ဆောင်ရွက်နေတဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ Medecins Sans Frontieres (MSF)က ဆရာဝန် Oscar Sch ကပြောပါတယ်။

Source CCTV+

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကာ ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသူများကို သွားရောက်အားပေး

၂၈ မတ် ၂၀၂၅

နစကဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ မတ်လ ၂၈ ရက်  မွန်းလွဲပိုင်းက နေပြည်တော်၊ ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)သို့ ရောက်ရှိကြပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ဆေးဝါးကုသမှုဆောင်ရွက်ပေး နေမှုများကို ကြည့်ရှုအားပေးစကားပြောကြားခဲ့တယ်လို့သိရပါတယ်။

ထို့အပြင် နေပြည်တော်မြို့မဈေးအနီးရှိ ခရေဝန်ထမ်းအိမ်ရာအတွင်း ငလျင်ဘေး ဒဏ်သင့်မှုကြောင့် ပျက်စီးခဲ့ရသည့် အိမ်ရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို သွားရောက်ကြည့်ရှု၍ အဆောက်အဦပျက်များအတွင်း ပိတ်မိ နေသူများကို အမြန်ဆုံးကယ်ထုတ်နိုင်ရေး ဦးစားပေးဆောင်ရွက်သွားရန်နှင့် အခြားလို အပ်သည်များကို မှာကြားခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အခြားငလျင်ဘေးဒဏ်သင့်နေရာများသို့ ဆက် လက်၍ လိုက်လံကြည့်ရှု   စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါတယ်။

#ymg/knl

Sports

ရွှေလီ-မူဆယ် နယ်စပ်ဖြတ်ကျော် ချစ်ကြည်ရေးမာရသွန်ပြေးပွဲ ရွှေလီမြို့တွင် ကျင်းပ

၂ ဇန်နဝါရီ ၂၀၂၄

ရွှေလီ-မူဆယ် တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲကို ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၃၁ရက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းယူနန်ပြည်နယ် ရွှေလီမြို့မှာ ကျင်းပခဲ့ပါတယ်။ အဲဒီပြိုင်ပွဲကို မြန်မာနှင့်တရုတ်နှစ်နိုင်ငံမှ အပြေးသမားပေါင်း ၇၀၀၀ကျော်ဟာ အမျိုးအစားလေးမျိုးမှာ ဆင်နွှဲယှဉ်ပြိုင်ခဲ့ကြပါတယ်။

Source CCTV+

ကမ္ဘာ့ဖလားခြေစစ်ပွဲ မြန်မာအသင်းနှင့်ကစားမည့် မြောက်ကိုရီးယားဘောလုံးအသင်း ရန်ကုန်သို့ရောက်ရှိ

၁၈ နိုဝင်ဘာ ၂၀၂၃

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်အဖြစ် မြန်မာလက်ရွေးစင်ဘောလုံးအသင်း နှင့် ယှဉ်ပြိုင်မယ့် မြောက်ကိုရီးယားလက်ရွေးစင်ဘောလုံးအသင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ နိုဝင်ဘာ ၁၈ရက် ညပိုင်းက ရောက်ရှိခဲ့တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ 

မြောက်ကိုရီးယားအသင်းဟာ ရန်ကုန်မြို့ Inya Lake Hotel တွင် တည်းခိုမည်ဖြစ်ပြီး ‌နိုဝင်ဘာလ ၁၉ရက်နေ့မှ စတင်ကာ လေ့ကျင့်ရေးအစီအစဉ်များ စတင်လုပ်ဆောင်မှာဖြစ်ပါတယ်။

မြန်မာအသင်းနှင့်မြောက်ကိုရီးယားအသင်းတို့သည် နိုဝင်ဘာ ၂၁ ရက် ညနေ (၄)နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းကြီးထဲတွင် ယှဉ်ပြိုင်ကစားကြပါလိမ့်မယ်။

မြန်မာ - မြောက်ကိုရီးယား ပွဲစဥ်အတွက် လက်မှတ်များကို အထူးတန်း ၅၀၀၀ ကျပ်၊ ရိုးရိုးတန်း ၂၀၀၀ ကျပ်ဖြင့် ရောင်းချသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ယင်းပွဲစဥ်အတွက် လက်မှတ်များကို နိုဝင်ဘာ ၂၀ရက်တွင် နံနက် ၁၀နာရီမှ ညနေ ၄ နာရီအထိလည်းကောင်း ၊ နိုဝင်ဘာ ၂၁ရက်တွင် နံနက် ၁၀နာရီမှ နေ့လယ် ၂နာရီအထိ လည်းကောင်းမြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်တွင် ဝယ်ယူနိုင်ကြပါတယ်။ ယင်းအပြင် နိုဝင်ဘာ ၂၁ ရက် ၊ နေ့လယ် ၂နာရီမှ စတင်၍ အထူးတန်း လက်မှတ်များကိုသုဝဏ္ဏကွင်း (Gate-2) ၌ လည်းကောင်း၊ ရိုးရိုးတန်း လက်မှတ်များကို သုဝဏ္ဏကွင်း (Gate-8)၌ လည်း ကောင်း ဝယ်ယူနိုင်မယ်လို့လည်းသိရပါတယ်။

-ymg/knl

၁၉ ကြိမ်မြောက် ဟန်ကျူးအာရှအားကစားပြိုင်ပွဲကို တရုတ်သမ္မတရှီကျင့်ဖျင်ဖွင့်လှစ်

၂၄ စက်တင်ဘာ ၂၀၂၃

တရုတ်နိုင်ငံ ကျက်ကျန်းပြည်နယ်မြို့တော် ဟန်ကျူးတွင် စက်တင်ဘာ ၂၃ ရက်ညနေက ၁၉ကြိမ်မြောက် အာရှအားကစားပွဲ ဖွင့်ပွဲကျင်းပခဲ့ရာ တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

Source CCTV+

 

Technology

  • တရုတ်နိုင်ငံရှိ ကမ္ဘာ့အမြင့်ဆုံးတံတား အဓိကအစိတ်အပိုင်း တည်ဆောက်ပြီးစီး

    ၁၉ ဇန်နဝါရီ၊ ၂၀၂၅

    တရုတ်နိုင်ငံ အနောက်တိုင်းပိုင်း ကွေကျူးပြည်နယ်မှာ တည်ဆောက်နေတဲ့ ကမ္ဘာ့အမြင့် ဆုံးတံတားဖြစ်လာမယ့် တံတားတစ်စင်းရဲ့ အဓိကအစိတ်အပိုင်းတည်ဆောက်မှု သောကြာနေ့က ပြီးစီးသွားပါတယ်။

     Source CCTV+

  • အမေရိကန်တွင် TikTok ပိတ်သွားပြီးနောက် အသုံးပြုသူများ ဝေဖန်၊ ထရမ့်က သူသမ္မတဖြစ်ဖြစ်ချင်း နောက်ထပ် သုံးလ ပြန်တိုးပေးဖွယ်ရှိဟုပြော

    ၁၉ ဇန်နဝါရီ ၂၀၂၅
    ▪️စနေနေ့ညနှောင်းပိုင်းက စပြီး TikTok တစ်တော့ခ်ဟာ အမေရိကန်ပြည်ထောင်စုမှာ စတင်အသုံးပြုလို့မရတော့ပါဘူး။
    ▪️အက်ပ်ပဲလ်နှင့် ဂူဂယ်လ် အက်ပလီကေးရှင်းစတိုးတွေကနေလည်း တစ်တော့ကိုဖယ်ရှားလိုက်ပါပြီ။ ▪️အမေရိကန်မှာ အသုံးပြုသူ သန်း၁၇၀ကျော်ရှိနေတဲ့ တစ်တော့ခ်ဟာ ဥပဒေအရ ပိတ်ပစ်ခံလိုက်ရပြီဖြစ်ပါတယ်။
    ▪️အဲဒီအတွက် အမေရိကန်မှာ တစ်တော့ခ်အသုံးပြုသူတွေက ဝေဖန်နေကြပါတယ်။
    ▪️ထရမ့်ကတော့ သူသမ္မတဖြစ်ဖြစ်ချင်း တစ်တော့ကို နောက်ထပ်သုံးလအသုံးပြုခွင့်တိုးသွားဖို့ရှိနေတယ်လို့ ပြောထားပါတယ်။
    Source : Reuters/ CCTV+

  • အိန္ဒိယသံအမတ်ကြီး စစ်တွေမြို့သို့သွားရောက်ကာ အိန္ဒိယ၏ ကုလားတန်မြစ်ကြောင်းစီမံကိန်းကို သွားရောက်ကြည့်ရှု

    ၁၇ ဇန်နဝါရီ၊ ၂၀၂၅

    မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Abhay Thakur သည် မကြာသေးမီက ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သွားရောက်ကာ  ကုလားတန်မြစ်ကြောင်း စီမံကိန်းလုပ်ငန်း တိုးတက်မှုများကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ ရန်ကုန်မြို့ အခြေစိုက် အိန္ဒိယ သံရုံးရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

    အိန္ဒိယသံအမတ်ကြီး Abhay Thakur သည် ဇန်နဝါရီ ၁၆ ရက်နှင့် ၁၇ ရက်များတွင် စစ်တွေမြို့တွင် ရောက်ရှိနေထိုင်ပြီး အိန္ဒိယနိုင်ငံအစိုးရ၏ အကူအညီအထောက်အပံ့ဖြင့်ဆောင်ရွက်ခဲ့သော  ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်း သယ်ယူပို့ဆောင်ရေးစင်္ကြံ (KMMTTC) ) စီမံကိန်း၏ စစ်တွေဆိပ်ကမ်းသို့ သွားရောက်ခဲ့ခြင်းဖြစ်ပါတယ်။

    စစ်တွေဆိပ်ကမ်းတွင် ဆိပ်ကမ်း အော်ပရေတာဖြစ်သည့် India Ports Global Limited(IPGL) မှတာဝန်ရှိသူများနှင့်အတူ လက်ရှိဆောင်ရွက်လျှက်ရှိသော လုပ်ငန်းများကို ပြန်လည်သုံးသပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    စစ်တွေဆိပ်ကမ်းသည် ၂၀၂၃ ခုနှစ် မေလတွင် စတင်ဖွင့်လှစ်ပြီးချိန်မှစ၍ စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးသုံးကုန်ပစ္စည်းများ၊ ဆေးဝါးများ၊ စက်သုံးဆီ၊ မော်တော်ယာဉ်များ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ နှင့် စက်ယန္တရားများ တင်ဆောင်လာသည့် သင်္ဘောအစီးရေ ၁၅၀ ကျော် ဆိုက်ကပ်ကာ  ကုန်တင်ကုန်ချ လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့တယ်လို့သိရပါတယ်။

    ခရီးစဉ်အတွင်း အိန္ဒိယသံအမတ်ကြီးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး  အတွက် ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများကိစ္စဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီအပြင် သံအမတ်ကြီးသည်  ရခိုင်ပြည်နယ်ရှိ ပြည်သူများအားအကျိုးပြုရန်အတွက် ဒေသ၏ လိုအပ်ချက်နှင့်ဦးစားပေးမှုများနှင့်အညီ  ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများဆိုင်ရာကိစ္စရပ်များကိုလည်း ပြည်နယ်ဝန်ကြီးချုပ်နှင့်ဆွေးနွေးခဲ့ကြပါတယ်။

    photo 2025 01 17 21 00 53 2

    လာမည့်နှစ်များတွင် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးစီမံကိန်းဖြစ်တဲ့ စစ်တွေဆိပ်ကမ်းသည် ကမ်းရိုးတန်း၊ဒေသတွင်းနှင့် နိုင်ငံ တကာတို့ကို ချိတ်ဆက်ဆောင်ရွက်ရာတွင် ပိုမိုအားကောင်းလာမှာဖြစ်တယ်လို့ သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။    ရှေး ပဝေသဏီကတည်းကရှိခဲ့သောပြည်သူအချင်းချင်းကြား ဆက်နွယ်မှုအရ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာလိမ့်မယ် လို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် သံအမတ်ကြီးတို့ သဘောတူဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

    ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစင်္ကြံ (KMMTTC) စီမံကိန်း၏အကျိုးရှိမှုများကို အပြည့် အ၀အသုံးချနိုင်ရန်အတွက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိရေးသည် အရေးကြီး တယ်လို့လည်း သံအမတ်ကြီးက အလေးပေးပြောဆိုခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    သံအမတ်ကြီးသည် Sri Sri Moha Dev Bari ဘုရားကျောင်းသို့ သွားရောက်ခဲ့ပြီး အိန္ဒိယနွယ်ဖွား အသိုက်အဝန်းမှ အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး အိန္ဒိယနွယ်ဖွားများအတွက် ကောင်စစ်ဆိုင်ရာ ဝန်ဆောင် မှုများအကြောင်းနှင့် အိန္ဒိယနှင့်၎င်းတို့၏ ဆက်သွယ်ဆောင်ရွက်မှုများ အားကောင်းလာစေရန်အတွက် ပံ့ပိုးကူညီမှုဆိုင်ရာ ကိစ္စရပ်များကိုအသိပေး ပြောကြားခဲ့  ပါတယ်။ ယင်းအပြင် သံအမတ်ကြီးသည် စစ်တွေမြို့ရှိ အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးသို့ လည်း သွားရောက်ခဲ့ပါတယ်။

     သံအမတ်ကြီး နှင့်အတူ  India Ports Global Ltd (IPGL) ၏ မန်နေဂျင်းဒါရိုက်တာ Shri Sunil Mukundan ၊ရန်ကုန်မြို့ရှိ အိန္ဒိယနိုင်ငံသံရုံး၊ စစ်တွေမြို့ရှိ အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးတို့မှ တာဝန်ရှိသူများလည်း ခရီးစဉ်မှာပါဝင်ခဲ့ကြ ကြောင်း  သိရှိရပါတယ်။

    #ymg/knl

Contact Us

Building D, No.101, 1st Floor, Mahabandoola Tower(Near Mahabandoola Bridge), Mahabandoola Road, Pazundaung Township, Yangon.