#Local_News
Published 18 July 2025

▪️ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ လမ်းညွှန်မှုဖြင့် ဆီစက်လုပ်ငန်းများဖွံဖြိုးရေးချေးငွေရန်ပုံငွေမှ အတိုးနှုန်းသက်သာသောချေးငွေများကို ထုတ်ချေးပေးလျှက်ရှိရာ ကျပ် သိန်း(၅,၀၀၀) အထက်ချေးငွေယူလိုသည့် ဆီစက်လုပ်ငန်းရှင်များအနေဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)သို့ တိုက်ရိုက်လျှောက်ထားနိုင်ကြောင်း သိရသည်။

▪️ ဆီစက်လုပ်ငန်းများဖွံဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့က ပြည်တွင်းရှိ ဆီစက်များ အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း အဆင့် မြှင့်တင်ခြင်း ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောင်ခြင်းနှင့် လုပ်ငန်းသုံးရင်းနှီး လည်ပတ်ငွေ လိုအပ်ချက်များအတွက် ချေးငွေထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ချေးငွေ ဆိုင်ရာ စည်ကမ်းသတ်မှတ်ချက်များအလိုက်အနည်း ဆုံးကျပ်သိန်း (၁၀၀) မှ (၅,၀၀၀) ထိထုတ်ချေးမည်ဖြစ်ပြီး ကျပ်သိန်း(၅,၀၀၀) အထက်ချေးငွေယူလိုသည့် ဆီစက် လုပ်ငန်းရှင်များအနေဖြင့်လည်း မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်(ရုံးချုပ်)သို့ တိုက်ရိုက်ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။

▪️ ချေးငွေများ ထုတ်ချေးရာတွင် အတိုးနှုန်းအနေဖြင့် တစ်နှစ်လျှင် (၅)ရာခိုင်နှုန်း သတ်မှတ်ထားပြီး ချေးငွေအဆိုပြုလွှာများကို သက်ဆိုင်ရာပြည်ထောင်စုနယ်‌မြေတိုင်းဒေသကြီးများက ဆီစက်ပိုင်ရှင်များအသင်းရုံးများ၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းရုံးများ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန မြန်မာစီးပွားရေးဘဏ်ခွဲများ အားလုံးနှင့်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများအားလုံးတွင် ရယူလျှောက်ထားနိုင်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် အသိပေးဖော်ပြထားသည်။

#YMG/SW #Yangon_Times