English Section

Discussions Begin on Kunming-Kyaukpyu Railway Construction, Confirms Chinese Embassy

Yangon, December 3, 2024

Discussions on preliminary preparations for the construction of the Kunming-Kyaukpyu railway, a major infrastructure initiative aimed at enhancing connectivity between China and Myanmar, have begun, the Chinese Embassy in Yangon has confirmed.

Dr. Zheng Zhihong, Minister Counselor of the Chinese Embassy, addressed a question from Myanmar media about the development of the China-Myanmar railway project during the China-Myanmar Media Tea Party held on December 2 at the Wyndham Grand Yangon Hotel.

"The relevant departments are in discussions regarding the early preparations. Establishing a favorable environment is crucial for the project's success," said the Chinese diplomat. "This railway is a vital initiative for both countries, serving as a strategic project that aligns with the Belt and Road Initiative and the China-Myanmar Economic Corridor. It has the potential to significantly enhance Myanmar's economic development and cultural integration."

Senior General Min Aung Hlaing, Chairman of the State Administration Council and Prime Minister of Myanmar, discussed the Kunming-Kyaukpyu railway project with Chinese Premier Li Qiang during their meeting in Kunming, Yunnan Province, on November 6. The Senior General expressed his desire to initiate construction of the railway wherever feasible.

#ymg/knl

CLMV Countries Propose "Four Countries, One Destination" for Tourism Cooperation

Yangon, Myanmar, 29 November

The CLMV countries—Cambodia, Laos, Myanmar, and Vietnam—have introduced an initiative for a joint tourism campaign under the banner "Four Countries, One Destination."

The proposal was made during the 7th Meeting of Tourism Ministers of the CLMV countries, held at the Sedona Hotel in Yangon, Myanmar. This initiative aims to strengthen regional tourism collaboration and promote a unified travel experience across the four countries.

During the meeting, the ministers approved the Tourism Cooperation Action Plan (2025-2026), outlining steps to enhance tourism development. Senior officials from the respective tourism ministries and lead country coordinators were tasked with implementing the plan effectively.

The gathering also recognized Myanmar's successful hosting of the event. The meeting was presided over by Myanmar's Union Minister of Hotels and Tourism, Dr. Thant Thant Khine, and attended by tourism ministers from Cambodia, Laos, and Vietnam.

This collaborative effort underscores the commitment of the CLMV countries to boost regional tourism and foster economic growth through shared initiatives.

@knl/ymg

Myanmar Rejects ICC Arrest Warrant Allegations Against SAC Chairman

Naypyidaw, Myanmar, 27 November – Myanmar's ruling body, the State Administration Council (SAC), has officially dismissed reports claiming that the Chief Prosecutor of the International Criminal Court (ICC) has sought an arrest warrant for Senior General Min Aung Hlaing, the Chairman of the SAC.

"Myanmar is not a member of the ICC and, therefore, does not recognize any statements or actions made by the court," stated the SAC's Information Team.

The statement further emphasized that Myanmar adheres to an independent, active, and non-aligned foreign policy in its relations with regional and international communities. It also promotes peaceful coexistence among nations.

International news outlets reported on 27 November that ICC Chief Prosecutor Karim A. A. Khan had submitted a request to the court seeking an arrest warrant for Senior General Min Aung Hlaing in connection with alleged crimes committed against the Bengali community in 2017.

@ymg/knl

Asean

  • ရုရှားနှင့်တရုတ်ရေတပ်အကြား ချစ်ကြည်ရေးတိုးမြှင့်

    ၈ ဒီဇင်ဘာ ၂၀၂၄

    တရုတ်နှင့်ရုရှား ရေတပ်များအကြား နားလည်မှုနှင့်ချစ်ကြည်ရင်းနှီးမှု နက်ရှိုင်းစေရေးအတွက်ရည်ရွယ်ပြီး  စစ်ရေယာဉ် လေးစီးပါဝင်တဲ့ ရုရှားရေတပ်အုပ်စုဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က တရုတ်နိုင်ငံ အရှေ့ပိုင်း ချင်းဒေါင်ဆိပ်ကမ်းမြို့ကို ဆိုက်ကပ်ရောက်ရှိခဲ့ကြပါတယ်။

    Source CCTV+

Most Popular - Local News

  • အတာသင်္ကြန် ယူနက်စကို ဒြပ်မဲ့ အမွေအနှစ်အဖြစ်သတ်မှတ်ခံရသည့် ရုပ်သံမှတ်တမ်း

    မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့  ယဉ်ကျေးမှု     အမွေအနှစ်စာရင်းတွင်ထည့်သွင်းလိုက်ကြောင်း ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို၌ ကျင်းပနေသည့် (၁၉)     ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ညီလာခံတွင် ယနေ့ဒီဇင်ဘာ ၅ ရက်က တရားဝင်     ကြေညာခဲ့သည့် ရုပ်သံမှတ်တမ်းအပြည့်အစုံကို ဂုဏ်ယူစွာ တင်ဆက်ပါသည်။

    #YMG

     

  • ထိုင်းငါးဖမ်းစက်လှေအား မြန်မာ့ တပ်မတော်(ရေ)က ဖမ်းဆီးစစ်ဆေးခဲ့မှု ဗိုလ်ချုပ်ဇော်မင်းထွန်းရှင်းလင်း

    ၂ ဒီဇင်ဘာ ၂၀၂၄

    မြန်မာနိုင်ငံရေပိုင်နက်တွင်ဝင်ရောက်၍ ငါးဖမ်းခဲ့သည့် ထိုင်းငါးဖမ်းစက်လှေအား မြန်မာ့ တပ်မတော်(ရေ)က ဖမ်းဆီးစစ်ဆေးခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ရှင်းလင်းပြောကြားခဲ့သည်များကို ဖော်ပြပေးအပ်ပါတယ်။

    @ymg/knl

  • DEMU တွဲသစ်ကြီးများဖြင့် ရန်ကုန်မြို့ပတ်ရထား စီးနင်းကြည့်ခြင်း

    ၁ ဒီဇင်ဘာ ၂၀၂၄

    စပိန်နိုင်ငံမှမှာယူခဲ့တဲ့ ဒီဇယ်လျှပ်စစ်ရထား DEMU တွဲသစ်များဖြင့် ရန်ကုန်မြို့ပတ်ရထားလမ်းမှာ နိုဝင်ဘာ ၂၉ ရက်က စတင်ပြေးဆွဲနေပါတယ်။

    YMG ဝိုင်းတော်သားတစ်ဦးက ဒီဇင်ဘာ ၁ရက် မနက်မှာ အဲဒီမြို့ပတ်ရထားတစ်စီးကို စမ်းသပ်စီးနင်း  ကြည့်ပြီး မြင်ကွင်းများကို တင်ပြထားပါတယ်။

    @mnn/ymg

  • CLMV နိုင်ငံများအကြား လေးနိုင်ငံ ခရီးစဉ်တစ်ခု ပူးပေါင်းဆောင်ရွက်ရေး ခရီးသွားဝန်ကြီးများအဆိုပြု

    ၂၉ နိုဝင်ဘာ ၂၀၂၄

    CLMV နိုင်ငံများအကြား လေးနိုင်ငံ ခရီးစဉ်တစ်ခု “ Four Countries, One Destination “ ခရီးသွား ပူးပေါင်းဆောင်ရွက်ရေး အဆိုပါလေးနိုင်ငံက အဆိုပြုလိုက်တယ်လို့သိရပါတယ်။

    မြန်မာနိုင်ငံရန်ကုန်မြို့၊ ဆီဒိုနားဟိုတယ်တွင်ကျင်းပတဲ့ ကမ္ဘောဒီးယား၊ လာအို၊မြန်မာ၊ဗီယက်နမ် CLMV နိုင်ငံများရဲ့ ခရီးသွားလုပ်ငန်းဝန်ကြီးများ ၏ ၇ ကြိမ်မြောက် အစည်းအဝေးအတွင်း ယင်းကို အဆိုပြု   ခဲ့တာဖြစ် ပါတယ်။

    ခရီးသွားလုပ်ငန်းတွေထပ်မံမြှင့်တင်ဖို့အတွက် အဆိုပါ “လေးနိုင်ငံ ခရီးစဉ်တစ်ခု” ကို ဆွေးနွေးပြီး အဆိုပြုခဲ့ကြတာဖြစ်ပါတယ်။ ခရီးသွားဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ CLMV နိုင်ငံများရဲ့ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး (၂၀၂၅-၂၀၂၆)  အလုပ်အစီအစဉ်ကိုလည်း အတည်ပြုခဲ့ကြ ပါတယ်။

    ယင်းအလုပ်အစီအစဉ်ကို အကောင်အထည်ဖော်ဖို့အတွက် လေးနိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနတွေရဲ့ အကြီးတန်းအရာရှိများနှင့် ဦးဆောင် နိုင်ငံ ညှိနှိုင်းဆောင်ရွက်ရေးမှူးတွေကိုလည်း အစည်းအဝေးက တာဝန်ပေးခဲ့ပါတယ်။

    မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာကျင်းပနိုင်ခဲ့တာကိုလည်း အစည်းအဝေးက အသိအမှတ် ပြု ချီးကျူးခဲ့ပါတယ်။

    အစည်းအဝေးတွင် မြန်မာနစကအစိုးရရဲ့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီးကမ္ဘောဒီးယား၊လာအို၊ ဗီယက်နမ်တို့မှ ခရီးသွားလာရေးဝန်ကြီးတွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

    @knl/ymg

Most Popular - World News

  • ရုရှားက စွန့်လွှတ်လိုက်သောကြောင့် ဆီးရီးယားသမ္မတအာဆတ်ကျရှုံးသွားခြင်းဖြစ်ဟု ထရမ့်ပြောကြား

    ၈ ဒီဇင်ဘာ ၂၀၂၄

    ◾️ရုရှားက ဆီးရီးယားသမ္မတ ဘာရှာအယ်အာဆတ်ကို  စွန့်လွှတ်လိုက်သောကြောင့်  အာဆတ် ကျရှုံး သွားတာဖြစ်တယ်လို့ အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ကပြောလိုက်ပါတယ်။

    ◾️အဲဒီအကြောင်းကို ထရမ့်က သူ့ရဲ့ ဆိုရှယ်မီဒီယာ Truth မှာရေးခဲ့တာဖြစ်ပြီး “ အာဆတ်က သွားပြီ။ နိုင်ငံက ထွက်ပြေးသွားပြီ။ သူ့ကို အကာအကွယ်ပေးတဲ့ ဗလက်ဒီမာပူတင်ဦးဆောင်တဲ့ ရုရှား..ရုရှား..ရုရှား ဟာ သူ့ကို ဆက်ပြီးအကာအကွယ်ပေးဖို့ စိတ်မဝင်စားတော့ဘူး” လို့ ရေးခဲ့ပါတယ်။

    ◾️“ ရုရှားအနေနှင့် ပထမနေရာကို ပေးစရာအကြောင်းမရှိဘူး။ မစသင့်ခဲ့တဲ့ ပြီးတော့ အမြဲတမ်းရှိနေမယ့် ယူကရိန်းစစ်ပွဲကြောင့် သူတို့က ဆီရီးယားကို စိတ်ဝင်စားမှုမရှိတော့ဘူး” လို့ ထရမ့်ကရေးပါတယ်။

    ◾️ထရမ့်ဟာ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးနှင့် စနေနေ့က ပါရီမှာ Notre-Dame ကျောင်းတော် ကြီး ပြန်ဖွင့်ပွဲအတွင်း တွေ့ခဲ့ကြပါတယ်။

    ◾️ယူကရိန်းစစ်ကိုမြန်မြန်ရပ်တန့်ပစ်ဖို့ကြိုးစားမယ်လို့ ထရမ့်ကပြောပါတယ်။

    ◾️ရုရှားရော ယူကရိန်းနှစ်နိုင်ငံစလုံး  စစ်သားတွေရာထောင်သေပြီးဒဏ်ရာရရှိထားကြတယ်။ ယူကရိန်း ဆိုရင် အရပ်သားတွေ တော်တော်များများသေဆုံးကြရတယ်။ ယူကရိန်းခေါင်းဆောင်က အပေးအယူ  လုပ်ပြီး ဒီမိုက်မဲမှုကို အဆုံးသတ်ချင်နေတယ်။ အပစ်အခတ်ချက်ခြင်းရပ်ကြပြီး စေ့စပ်ညှိနှိုင်းပွဲတွေ   စသင့်တယ် လို့ ထရမ့်ကပြောပါတယ်။

    ◾️“ ကျွန်တော် ဗလက်ဒီမာကိုကောင်းကောင်းသိတယ်။ ဒီအချိန်ဟာလုပ်ရတော့မယ်အချိန်ပါ၊ တရုတ်က ကူညီနိုင်တယ်။ ကမ္ဘာကစောင့်ဆိုင်းနေတယ်” လို့သူကဆက်ပြောပါတယ်။

    Source: Reuters

  • ရုရှားနှင့်တရုတ်ရေတပ်အကြား ချစ်ကြည်ရေးတိုးမြှင့်

    ၈ ဒီဇင်ဘာ ၂၀၂၄

    တရုတ်နှင့်ရုရှား ရေတပ်များအကြား နားလည်မှုနှင့်ချစ်ကြည်ရင်းနှီးမှု နက်ရှိုင်းစေရေးအတွက်ရည်ရွယ်ပြီး  စစ်ရေယာဉ် လေးစီးပါဝင်တဲ့ ရုရှားရေတပ်အုပ်စုဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က တရုတ်နိုင်ငံ အရှေ့ပိုင်း ချင်းဒေါင်ဆိပ်ကမ်းမြို့ကို ဆိုက်ကပ်ရောက်ရှိခဲ့ကြပါတယ်။

    Source CCTV+

  • တောင်ကိုရီးယားသမ္မတအပေါ်  ပါလီမန်က စွပ်စွဲပြစ်တင်မှု လုံလောက်မဲမရ၍ အရေးနိမ့်

    ၇ ဒီဇင်ဘာ ၂၀၂၄

    🔳တောင်ကိုရီးယားသမ္မတ ယွန်ဆပ်ယိုးအပေါ် ပါလီမန်က စွပ်စွဲပြစ်တင်ခြင်းအတွက် ယနေ့မဲခွဲဆုံးဖြတ်ရာ လုံလောက်သောမဲမရသဖြင့် အရေးနိမ့်သွားပါတယ်။

    🔳တောင်ကိုရီးယားသမ္မတ ယွန်ကို ဖြုတ်ချရန်ကြိုးစားမှု ပထမအကြိမ်တွင် မအောင်မြင်ဖြစ်သွားခဲ့တာပါ။

    🔳လိုအပ်တဲ့မဲအရေအတွက်ရဖို့ ငါးမဲအလိုနှင့် အရေးနိမ့်သွားခဲ့တာဖြစ်ပါတယ်။

    🔳အတိုက်အခံအမတ်၁၉၂ဦးနှင့် ယွန်ရဲ့အာဏာရ ပြည်သူ့အာဏာပါတီမှအမတ်(၃)ဦးတို့က ထောက်ခံမဲ ပေးခဲ့ကြတာပါ။

    🔳“စုစုပေါင်း ၁၉၅မဲရရှိပြီး အဲဒီအရေအတွက်ဟာ စုစုပေါင်းအမတ်ဦးရေရဲ့ သုံးပုံနှစ်ပုံကို ပြည့်မီခြင်း မရှိခဲ့ပါဘူး။ အဲဒါကြောင့် ဒီကိစ္စအပေါ်မဲပေးဆုံးဖြတ်မှုအထမမြောက်ကြောင်းကြေညာ ပါတယ်” လို့ ပါလီမန်ဥက္ကဋ္ဌ ဝူဝန်ရှစ်က ပြောပါတယ်။

    🔳အာဏာရပါတီရဲ့ ပါလီမန်ခေါင်းဆောင်က ပြစ်တင်စွပ်စွဲမှု အထမမြောက်ခဲ့ခြင်းကြောင့် သူရာထူးက နှုတ်ထွက်မည်ဖြစ်ကြောင်းကြေညာပါတယ်။

    🔳အတိုက်အခံပါတီခေါင်းဆောင်ကတော့ လက်လျှော့ဦးမှာမဟုတ်ဘဲ ဘယ်လိုနည်းနှင့်ပဲဖြစ်ဖြစ် သမ္မတကို မရရအောင် စွပ်စွဲပြစ်တင်မှုအထမြောက်အောင်လုပ်ဆောင်မယ်လို့ ပြောပါတယ်။

  • အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် အိန္ဒိယကိုပစ်မှတ်ထား၍ မတည်ငြိမ်အောင်လုပ်နေဟု မိုဒီ၏ ဘီဂျေပီပါတီက ပြင်းထန်စွာဝေဖန်

    ၇ ဒီဇင်ဘာ ၂၀၂၄

    🔳အိန္ဒိယဝန်ကြီးချုပ်မိုဒီရဲ့ ဘီဂျေပီ ပါတီက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အိန္ဒိယကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ဝေဖန်လိုက်ပါတယ်။

    🔳အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အိန္ဒိယနိုင်ငံ မတည်ငြိမ်အောင်လုပ်ဖို့ မီဒီယာအုပ်စုတစ်ခုကို ငွေ ကြေးထောက်ပံ့ပေးနေတယ်လို့စွပ်စွဲလိုက်ပါတယ်။

    🔳အမေရိကန်ရဲ့ 'deep state’(နောက်ကွယ်အစိုးရ) မီဒီယာအုပ်စု၊ ဂျော့ဆိုးရော့စ်နှင့် ရာဟူးဂန္ဒီတို့ ပေါင်း  ကြံနေကြတယ်လို့ ဘီဂျေပီပါတီကပြောပါတယ်။

    🔳သတင်းသမားတွေကိုထောက်ပံ့ကူညီပေမယ့် သူတို့ဟာ အယ်ဒီတာပိုင်းဆိုင်ရာဆုံးဖြတ်ချက်တွေ  အပေါ် ဩဇာမလွှမ်းမိုးပါဘူးလို့ အမေရိကန်ကတုန့်ပြန်ပါတယ်။

    🔳အိန္ဒိယစွပ်စွဲထားတဲ့ အဲဒီ မီဒီယာအုပ်စုဖြစ်တဲ့ Organized Crime and Corruption Reporting Project (OCCRP)က သူတို့ဟာ အမေရိကန်အစိုးရရဲ့ ရန်ပုံငွေနှင့်လုပ်နေပေမယ့် လွတ်လပ်တယ်လို့ ပြန်ဖြေရှင်း ထားပါတယ်။

    🔳ရာဟူးဂန္ဒီရဲ့ ကွန်ဂရက်ပါတီဟာ   အိန္ဒိယရဲ့ အက်ဒါနီစီးပွားရေးအုပ်စုနှင့် အဲဒီအုပ်စုက အစိုးရနှင့် ဆက်နွယ်မှုတွေကို သီးခြား ရည်ရွယ်ရေးသားတဲ့ OCCRP ရဲ့ ဆောင်းပါးတွေကို အသုံးပြုပြီး ထိုးနှက်နေ တယ်လို့ ဘီဂျေပီက ဝေဖန်ထားတာဖြစ်ပါတယ်။

    Source-Reuters and agencies

  • တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သစ်ဖြစ်လာမည့် ဒေးဗစ်ပါဂျူးကြောင့် နှစ်နိုင်ငံဆက်ဆံရေး ကောင်းစေမလား ဆိုးစေမလား

    #News&Views

    News

    ရွေးကောက်ခံအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျော်ဂျီယာဆီးနိတ်အမတ်ဟောင်း ဒေးဗစ် ပါဂျူးကို  တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် အဆိုပြုရွေးချယ်လိုက်ပါတယ်။ ယခုအခါ အသက် ၇၄နှစ်ရှိပြီဖြစ်တဲ့ ဒေးဗစ်ပါဂျူးဟာ အမတ်ဟောင်းတစ်ဦးဖြစ်သလို့ စီပွားရေးလုပ်ငန်းတွေရဲ့ အကြီးတန်း အမှုဆောင်ရာထူးများထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။သူသာ တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီး ဖြစ်လာရင် တရုတ်-အမေရိကန်ဆက်ဆံရေးအခြေအနေကောင်းလာမလား ဆိုးလာမလား။

    Views

    အမြင်တွေက နှစ်မျိုးစလုံးရှိနေပါတယ်။ ပထမဦးဆုံး အကောင်းမြင်သူတွေက ဘာကို အခြေခံပြီး ပြောကြသလဲဆန်းစစ်ကြည့်ကြရအောင်။

    စီးပွားရေးလုပ်ငန်းနောက်ခံ-

    ပါဂျူးရဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ခေါင်းဆောင်အဖြစ်  အဲဒီအထဲမှာ Reebok နှင့်  Dollar General  ကုမ္ပဏီကြီးတွေမှာ ဆောင်ရွက်ခဲ့တဲ့ ကြီးမားလှတဲ့ အတွေ့အကြုံတွေရှိနေတဲ့သူဟာ အမေရိကန်-တရုတ်   ဆက်ဆံရေးမှာ အရေးပါလှတဲ့နေရာမှာရှိနေတဲ့ ဆိုးရွာရှုပ်ထွေးလှတဲ့ စီးပွားရေးအပေးအယူတွေ   လုပ်ကြ ရတော့မယ်ဆိုရင် ကျွမ်းကျင်လိမ္မာစွာကိုင်တွယ်နိုင်လိမ့်မယ်လို့ ယူဆကြပါတယ်။

    မဟာဗျူဟာအမြင်-

    သူဟာဆီးနိတ်အမတ်လည်းလုပ်ခဲ့စဉ်က တရုတ်နိုင်ငံရဲ့ စိန်ခေါ်မှုတွေဖြေရှင်းဖို့ အမေရိကန်ရဲ့စစ်ရေး အရည်အသွေးတွေမြှင့်တင်ဖို့ စည်းရုံးလုပ်ရှားဖူးခဲ့ပါတယ်။ အဲဒါတွေက လုံခြုံရေးကိစ္စတွေနှင့်ပတ်သက်  လို့ အမေရိကန်ရဲ့အနေအထားကို အားကောင်းအောင်လုပ်ပေးနိုင်ပါလိမ့်မယ်။

    မကောင်းတဲ့အမြင်ရှိသူတွေကတော့ ဒီလိုသုံးသပ်ကြပါတယ်။

    စီပွားရေးနှင့်စစ်ရေးမူဝါဒ-

    မကောင်းတဲ့ဘက်ကမြင်သူတွေကတော့ သူဟာ  တရုတ်ဆန့်ကျင်ရေးသမားတစ်ဦးလို့ တံဆိပ်ကပ်ကြ ပါတယ်။  သူ့ရဲ့ စီးပွားရေးရဲ့စစ်ရေးမူဝါဒတွေအပေါ် ခိုင်မာစွာရပ်တည်တဲ့သဘောထားအပေါ် သုံးသပ် ကြတာဖြစ်ပါတယ်။ အဲဒါတွေကြောင် တရုတ်နှင့်ဆက်ဆံရေးအပေါ် ထိခိုက်ဆိုးရွားစေနိုင်တယ်လို့ မြင်ထားကြပါတယ်။

    တစ်ဘက်တည်းရပ်သူ-

    သူဟာထရမ့်နှင့်နီးကပ်သူဖြစ်ပြီး အမေရိကန်ရွေးကောက်ပွဲ ဂုဏ်သိက္ခာရှိရဲ့လားလို့မေးခွန်းထုတ်ခဲ့တာ မျိုးအပါအဝင် အငြင်းပွားဖွယ်မူဝါဒတွေနှင့် ထရမ့်ဘက်မှာပဲရှိခဲ့ပါတယ်။ အဲဒါကြောင့် သူဟာ မျှတတဲ့ သံတမန်ရေးဆိုင်ရာချည်းကပ်မှုတွေလုပ်နိုင်ပါ့မလားလို့ သံသယရှိနေကြပါတယ်။

    သုံးသပ်ချက်

    တရုတ်နိုင်ငံအတွက်တော့ သူ့ကိုခန့်လိုက်တဲ့အပေါ် စိန်ခေါ်မှုတစ်ခုလို့ မြင်ကောင်းမြင်နိုင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့အပြုသဘောဆောင်တဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာချည်းကပ်တတ်မှုတွေဟာ  အကယ်၍ နှစ်နိုင်ငံက အပြန်အလှန်အကျိုးစီးပွားကို အာရုံစိုက်လာရင် စီးပွားရေးအပေးအယူလုပ်ရာမှာ အသုံး ပိုတည့် လာနိုင်ပါတယ်။

    ထရမ့်ကတော့ “ ဒေသတွင်းမှာ ငြိမ်းချမ်းရေးနှင့် တရုတ်ခေါင်းဆောင်တွေနှင့် အလုပ်ဖြစ်တဲ့ လုပ်ငန်းပိုင်း  ဆိုင်ရာဆက်ဆံရေးတစ်ခုထိန်းသိမ်းနိုင်ရေးအတွက် ကျွန်တော့်ရဲ့ မဟာဗျူဟာကို အကောင်အထည်ဖော် ရာမှာ သူဟာ အရေးပါလာပါလိမ့်မယ်” လို့ ပြောထားပါတယ်။

    #knl/ymg

  • ယူကရိန်းအရှေ့ပိုင်းရှိ နောက်ထပ်ရွာလေးရွာကို သိမ်းပိုက်လိုက်နိုင်ဟု ရုရှားပြော

    ၁ ဒီဇင်ဘာ ၂၀၂၄ ယူကရိန်းအရှေ့ပိုင်းက နောက်ထပ် ရွာလေးရွာကို ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ထပ်မံထိန်းချုပ် သိမ်းပိုက်လိုက်နိုင်တယ်လို ရုရှားက ‌ပြောလိုက်တာနှင့်တစ်ပြိုင်တည်းလိုပဲ ယူကရိန်းကလည်း ယင်းတိုရဲ့ တပ်တွေဟာ ရုရှားပိုင်နက်ထဲက ရေနံသိုလှောင်စခန်းတစ်ခုကို တိုက်ခိုက်လိုက်နိုင်တယ်လို ကြေညာ ပါတယ်။

    Source CCTV+

Politics

ရုရှားက စွန့်လွှတ်လိုက်သောကြောင့် ဆီးရီးယားသမ္မတအာဆတ်ကျရှုံးသွားခြင်းဖြစ်ဟု ထရမ့်ပြောကြား

၈ ဒီဇင်ဘာ ၂၀၂၄

◾️ရုရှားက ဆီးရီးယားသမ္မတ ဘာရှာအယ်အာဆတ်ကို  စွန့်လွှတ်လိုက်သောကြောင့်  အာဆတ် ကျရှုံး သွားတာဖြစ်တယ်လို့ အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ကပြောလိုက်ပါတယ်။

◾️အဲဒီအကြောင်းကို ထရမ့်က သူ့ရဲ့ ဆိုရှယ်မီဒီယာ Truth မှာရေးခဲ့တာဖြစ်ပြီး “ အာဆတ်က သွားပြီ။ နိုင်ငံက ထွက်ပြေးသွားပြီ။ သူ့ကို အကာအကွယ်ပေးတဲ့ ဗလက်ဒီမာပူတင်ဦးဆောင်တဲ့ ရုရှား..ရုရှား..ရုရှား ဟာ သူ့ကို ဆက်ပြီးအကာအကွယ်ပေးဖို့ စိတ်မဝင်စားတော့ဘူး” လို့ ရေးခဲ့ပါတယ်။

◾️“ ရုရှားအနေနှင့် ပထမနေရာကို ပေးစရာအကြောင်းမရှိဘူး။ မစသင့်ခဲ့တဲ့ ပြီးတော့ အမြဲတမ်းရှိနေမယ့် ယူကရိန်းစစ်ပွဲကြောင့် သူတို့က ဆီရီးယားကို စိတ်ဝင်စားမှုမရှိတော့ဘူး” လို့ ထရမ့်ကရေးပါတယ်။

◾️ထရမ့်ဟာ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးနှင့် စနေနေ့က ပါရီမှာ Notre-Dame ကျောင်းတော် ကြီး ပြန်ဖွင့်ပွဲအတွင်း တွေ့ခဲ့ကြပါတယ်။

◾️ယူကရိန်းစစ်ကိုမြန်မြန်ရပ်တန့်ပစ်ဖို့ကြိုးစားမယ်လို့ ထရမ့်ကပြောပါတယ်။

◾️ရုရှားရော ယူကရိန်းနှစ်နိုင်ငံစလုံး  စစ်သားတွေရာထောင်သေပြီးဒဏ်ရာရရှိထားကြတယ်။ ယူကရိန်း ဆိုရင် အရပ်သားတွေ တော်တော်များများသေဆုံးကြရတယ်။ ယူကရိန်းခေါင်းဆောင်က အပေးအယူ  လုပ်ပြီး ဒီမိုက်မဲမှုကို အဆုံးသတ်ချင်နေတယ်။ အပစ်အခတ်ချက်ခြင်းရပ်ကြပြီး စေ့စပ်ညှိနှိုင်းပွဲတွေ   စသင့်တယ် လို့ ထရမ့်ကပြောပါတယ်။

◾️“ ကျွန်တော် ဗလက်ဒီမာကိုကောင်းကောင်းသိတယ်။ ဒီအချိန်ဟာလုပ်ရတော့မယ်အချိန်ပါ၊ တရုတ်က ကူညီနိုင်တယ်။ ကမ္ဘာကစောင့်ဆိုင်းနေတယ်” လို့သူကဆက်ပြောပါတယ်။

Source: Reuters

ရုရှားနှင့်တရုတ်ရေတပ်အကြား ချစ်ကြည်ရေးတိုးမြှင့်

၈ ဒီဇင်ဘာ ၂၀၂၄

တရုတ်နှင့်ရုရှား ရေတပ်များအကြား နားလည်မှုနှင့်ချစ်ကြည်ရင်းနှီးမှု နက်ရှိုင်းစေရေးအတွက်ရည်ရွယ်ပြီး  စစ်ရေယာဉ် လေးစီးပါဝင်တဲ့ ရုရှားရေတပ်အုပ်စုဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က တရုတ်နိုင်ငံ အရှေ့ပိုင်း ချင်းဒေါင်ဆိပ်ကမ်းမြို့ကို ဆိုက်ကပ်ရောက်ရှိခဲ့ကြပါတယ်။

Source CCTV+

တောင်ကိုရီးယားသမ္မတအပေါ်  ပါလီမန်က စွပ်စွဲပြစ်တင်မှု လုံလောက်မဲမရ၍ အရေးနိမ့်

၇ ဒီဇင်ဘာ ၂၀၂၄

🔳တောင်ကိုရီးယားသမ္မတ ယွန်ဆပ်ယိုးအပေါ် ပါလီမန်က စွပ်စွဲပြစ်တင်ခြင်းအတွက် ယနေ့မဲခွဲဆုံးဖြတ်ရာ လုံလောက်သောမဲမရသဖြင့် အရေးနိမ့်သွားပါတယ်။

🔳တောင်ကိုရီးယားသမ္မတ ယွန်ကို ဖြုတ်ချရန်ကြိုးစားမှု ပထမအကြိမ်တွင် မအောင်မြင်ဖြစ်သွားခဲ့တာပါ။

🔳လိုအပ်တဲ့မဲအရေအတွက်ရဖို့ ငါးမဲအလိုနှင့် အရေးနိမ့်သွားခဲ့တာဖြစ်ပါတယ်။

🔳အတိုက်အခံအမတ်၁၉၂ဦးနှင့် ယွန်ရဲ့အာဏာရ ပြည်သူ့အာဏာပါတီမှအမတ်(၃)ဦးတို့က ထောက်ခံမဲ ပေးခဲ့ကြတာပါ။

🔳“စုစုပေါင်း ၁၉၅မဲရရှိပြီး အဲဒီအရေအတွက်ဟာ စုစုပေါင်းအမတ်ဦးရေရဲ့ သုံးပုံနှစ်ပုံကို ပြည့်မီခြင်း မရှိခဲ့ပါဘူး။ အဲဒါကြောင့် ဒီကိစ္စအပေါ်မဲပေးဆုံးဖြတ်မှုအထမမြောက်ကြောင်းကြေညာ ပါတယ်” လို့ ပါလီမန်ဥက္ကဋ္ဌ ဝူဝန်ရှစ်က ပြောပါတယ်။

🔳အာဏာရပါတီရဲ့ ပါလီမန်ခေါင်းဆောင်က ပြစ်တင်စွပ်စွဲမှု အထမမြောက်ခဲ့ခြင်းကြောင့် သူရာထူးက နှုတ်ထွက်မည်ဖြစ်ကြောင်းကြေညာပါတယ်။

🔳အတိုက်အခံပါတီခေါင်းဆောင်ကတော့ လက်လျှော့ဦးမှာမဟုတ်ဘဲ ဘယ်လိုနည်းနှင့်ပဲဖြစ်ဖြစ် သမ္မတကို မရရအောင် စွပ်စွဲပြစ်တင်မှုအထမြောက်အောင်လုပ်ဆောင်မယ်လို့ ပြောပါတယ်။

Business

DEMU တွဲသစ်ကြီးများဖြင့် ရန်ကုန်မြို့ပတ်ရထား စီးနင်းကြည့်ခြင်း

၁ ဒီဇင်ဘာ ၂၀၂၄

စပိန်နိုင်ငံမှမှာယူခဲ့တဲ့ ဒီဇယ်လျှပ်စစ်ရထား DEMU တွဲသစ်များဖြင့် ရန်ကုန်မြို့ပတ်ရထားလမ်းမှာ နိုဝင်ဘာ ၂၉ ရက်က စတင်ပြေးဆွဲနေပါတယ်။

YMG ဝိုင်းတော်သားတစ်ဦးက ဒီဇင်ဘာ ၁ရက် မနက်မှာ အဲဒီမြို့ပတ်ရထားတစ်စီးကို စမ်းသပ်စီးနင်း  ကြည့်ပြီး မြင်ကွင်းများကို တင်ပြထားပါတယ်။

@mnn/ymg

CLMV နိုင်ငံများအကြား လေးနိုင်ငံ ခရီးစဉ်တစ်ခု ပူးပေါင်းဆောင်ရွက်ရေး ခရီးသွားဝန်ကြီးများအဆိုပြု

၂၉ နိုဝင်ဘာ ၂၀၂၄

CLMV နိုင်ငံများအကြား လေးနိုင်ငံ ခရီးစဉ်တစ်ခု “ Four Countries, One Destination “ ခရီးသွား ပူးပေါင်းဆောင်ရွက်ရေး အဆိုပါလေးနိုင်ငံက အဆိုပြုလိုက်တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံရန်ကုန်မြို့၊ ဆီဒိုနားဟိုတယ်တွင်ကျင်းပတဲ့ ကမ္ဘောဒီးယား၊ လာအို၊မြန်မာ၊ဗီယက်နမ် CLMV နိုင်ငံများရဲ့ ခရီးသွားလုပ်ငန်းဝန်ကြီးများ ၏ ၇ ကြိမ်မြောက် အစည်းအဝေးအတွင်း ယင်းကို အဆိုပြု   ခဲ့တာဖြစ် ပါတယ်။

ခရီးသွားလုပ်ငန်းတွေထပ်မံမြှင့်တင်ဖို့အတွက် အဆိုပါ “လေးနိုင်ငံ ခရီးစဉ်တစ်ခု” ကို ဆွေးနွေးပြီး အဆိုပြုခဲ့ကြတာဖြစ်ပါတယ်။ ခရီးသွားဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ CLMV နိုင်ငံများရဲ့ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး (၂၀၂၅-၂၀၂၆)  အလုပ်အစီအစဉ်ကိုလည်း အတည်ပြုခဲ့ကြ ပါတယ်။

ယင်းအလုပ်အစီအစဉ်ကို အကောင်အထည်ဖော်ဖို့အတွက် လေးနိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနတွေရဲ့ အကြီးတန်းအရာရှိများနှင့် ဦးဆောင် နိုင်ငံ ညှိနှိုင်းဆောင်ရွက်ရေးမှူးတွေကိုလည်း အစည်းအဝေးက တာဝန်ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာကျင်းပနိုင်ခဲ့တာကိုလည်း အစည်းအဝေးက အသိအမှတ် ပြု ချီးကျူးခဲ့ပါတယ်။

အစည်းအဝေးတွင် မြန်မာနစကအစိုးရရဲ့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီးကမ္ဘောဒီးယား၊လာအို၊ ဗီယက်နမ်တို့မှ ခရီးသွားလာရေးဝန်ကြီးတွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

@knl/ymg

အသက်၁၆နှစ်အောက်ကလေးသူယ်များ ဆိုရှယ်မီဒီယာအသုံးပြုခွင့်ပိတ်ပစ်မည့် ဥပဒေကြမ်းကို ဩစတြေလျ အစိုးရက ပါလီမန်သို့တင်သွင်း

၂၁ နိုဝင်ဘာ ၂၀၂၄

◾️ဩစတြေလျအစိုးရက အသက် ၁၆နှစ်အောက် ကလေးသူငယ်တွေ ဆိုရှယ်မီဒီယာအသုံးပြုခွင့် ပိတ်ပင်မယ့် ဥပဒေကြမ်းတစ်လုကို ပါလီမန်သို့တင်လိုက်ပါတယ်။ အဲဒီဥပဒေကြမ်းမှာ  ဥပဒေကို စနစ်  တကျချိုးဖောက်တဲ့  ဆိုရှယ်မီဒီယာကုမ္ပဏီကြီးတွေကို ဩစတြေလျ ဒေါ်လာ ၄၉.၅သန်း ( အမေရိကန်      ဒေါ်လာ ၃၂သန်း) အထိ ဒဏ်ငွေရိုက်လို့ရမယ့် ပြဋ္ဌာန်းချက်လည်းပါဝင်နေပါတယ်။

◾️ဩစတြေလျက အသက်အတည်ပြုတဲ့ စနစ်တစ်ခုကို စမ်းသပ်ကြည့်ဖို့ အစီအစဉ်ရှိနေပါတယ်။ အဲဒီစနစ် မှာ ဘိုင်အိုမက်ထရစ် ဒါမှမဟုတ် အစိုးရရဲ့ သက်သေခံမှုတစ်ခုခု ပါဝင်ပြီး ဒီဥပဒေကြမ်းဟာ ယနေ့ရှိနေ သမျှ ဥပဒေတွေထဲမှာ အပြင်းထန်ဆုံးတွေထဲက တစ်ခုဖြစ်လာပါလိမ့်မယ်။

◾️အသက် ၁၆နှစ်ဆိုတဲ့သတ်မှတ်ချက်ဟာ နိုင်ငံတွေရဲ့သတ်မှတ်ချက်တွေထဲမှာ အမြင့်ဆုံးအသက်  ကန့်  သတ်ချက်လို့ဆိုပါတယ်။ ဥပဒေကြမ်းထဲမှာ “ မိဘရဲ့ခွင့်ပြုချက်တွေ”ဆိုတဲ့ ကင်းလွတ်ခွင့်တွေ၊ ရှိပြီးသား အကောင့်တွေဆိုတဲ့ ကင်းလွတ်ခွင့်တွေ လုံးဝထည့်သွင်းမထားပါဘူး။ အသက် ၁၆ နှစ်ကန့်သတ်ချက်ဟာ ချွင်းချက်မရှိကန့်သတ်ချက်သဘောဖြစ်ပါတယ်။

◾️“ ဒါဟာ မှတ်တိုင်ထူတဲ့ ပြုပြင်ပြောင်းလဲရေးတစ်ခုဖြစ်တယ်။ အချို့ကလေးတွေကတော့ နည်းလမ်းတွေ   လှည့်ပတ်ရှာနေကြဦးမှာဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဆိုရှယ်မီဒီယာ ကုမ္ပဏီတွေကို သန့်သန့်ရှင်းရှင်းအလုပ်လုပ်ကြဖို့ သတင်းစကားတွေပါးနေပါတယ်” လို့ ဩစတြေလျ ဝန်ကြီးချုပ် အန်တိုနီ အယ်ဘန်နီးစ်က သတင်းထုတ်ပြန်ရာမှာ ပြောကြားထားပါတယ်။

◾️အတိုက်အခံလေဘာပါတီက အဲဒီဥပဒေကြမ်းကိုထောက်ခံမယ်လို့ ပြောလိုက်ပြီး ဂရင်းပါတီနှင့် တစ်သီး ပုဂ္ဂလတွေကတော့ ဖေ့စ်ဘုတ်ခ်ရဲ့ Meta အပေါ် အကြီးအကျယ်ထိခိုက်စေမယ့် အဲဒီ အဆိုပြု ဥပဒေ     ကြမ်းနှင့်ပတ်သက်လို့ ပိုပြီးအသေးစိတ်သိလိုတယ်လို့ ပြောကြပါတယ်။

◾️ကလေးသူငယ်တွေအနေနှင့် မက်ဆေ့ချ်ပို့တာသုံးလို့ရဦးမှာဖြစ်ပြီး အွန်လိုင်းဂိမ်းတွေနှင့် ကျန်းမာရေးနှင့် ပညာရေးဆက်စပ်တဲ့ ကိစ္စတွေကိုလည်းသုံးနိုင်မယ်လို့ အယ်ဘန်နီးစ်က ပြောပါတယ်။

◾️နိုင်ငံအချို့က ကလေးသူငယ်တွေ ဆိုရှယ်မီဒီယာသုံးတာနှင့်ပတ်သက်ပြီး ဥပဒေအရကန့်သတ်မှုတွေ လုပ်ခဲ့ကြပြီးဖြစ်ပါတယ်။ ဒါပေမယ့် ဩစတြေလျရဲ့မူဝါဒကတော့ အတင်းကျပ်ဆုံးတွေထဲက တစ်ခု ဖြစ်ပါတယ်။

◾️ပြီးခဲ့တဲ့နှစ်တုန်းက ပြင်သစ်မှာ အသက် ၁၅နှစ်အောက်ကလေးငယ်တွေ ဆိုရှယ်မီဒီယာသုံးခွင့်ပိတ်ဖို့ အဆို   ပြုခဲ့ပါတယ်။ ဒါပေမယ့် မိဘတွေခွင့်ပြုချက်ရှိရင်သုံးလို့ရမှာဖြစ်ပါတယ်။

◾️“ ဩစတြေလျကလေးငယ်တွေ အများကြီးအတွက် ဆိုရှယ်မီဒီယာဟာ အန္တရာယ်ရှိနိုင်ပါတယ်။ အသက် ၁၄နှစ်နှင့် ၁၇နှစ်အကြား ဩစတြေလျကလေးတွေရဲ့ သုံးပုံနှစ်ပုံဟာ မူးယစ်ဆေးဝါးအလွဲသုံးတာ၊ ကိုယ့်ကိုကိုယ်သတ်သေတာနှင့်ကိုယ့်ကိုကိုယ်ဒုက္ခဖြစ်စေတာတွေအပါအဝင် အလွန့်ကို အန္တရာယ်ပေးတဲ့ အွန်လိုင်းအကြော်ငးအရာတွေကို ကြည့်ရှုနေကြတယ်” လို့ ဆက်သွယ်ရေးဝန်ကြီး မီချယ်ရိုလန်က ပါလီမန် မှာကြာသပတေးနေ့က တင်ပြခဲ့ပါတယ်။

◾️ဥပဒေအရ လူငယ်တွေနှင့် မိဘတွေကို ဖိအားပေးမှာမဟုတ်ဘဲ ဆိုရှယ်မီဒီယာကုမ္ပဏီကြီးတွေကိုသာ အသက်ကန့်သတ်ပြီးဝင်သုံးလို့ရဲ့ စနစ်ကို မဖြစ်မနေထည့်သွင်းကြဖို့ကို ဦးတည်ထားပါတယ်။

◾️“ လူမှုမီဒီယာဟာ လူမှုတာဝန်ရှိတယ်။ အဲဒါကြောင့် အသုံးပြုသူတွေ အန္တရာယ်ကင်းရှင်းစေ   ရေးအတွက် အဲဒီ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေ တာဝန်ခံမှုရှိအောင် အပြောင်းအလဲကြီးတစ်ခုလုပ်   လိုက်တာ ဖြစ်တယ်” လို့ရိုလန်ကဆက်ပြောပါတယ်။

@ymg/knl

Health

တောင်ကိုရီးယားမွေးမြူရေးခြံများတွင်H5N3ငှက်တုပ်ကွေးအပါအဝင်တိရိစ္ဆာန်ရောဂါများပျံ့ပွားလျက်ရှိ

Published 16 October 2024

တောင်ကိုရီးယား ဂျော်လာစီရင်စု ဂွန်ဆန်ရှိ မန်ဂျောင်မြစ်ကနေ ရရှိတဲ့ ငှက်မစင်တွေထဲကနေ အလွန်ကူးစက်မြန်တဲ့ H5N3 ငှက်တုပ်ကွေးရောဂါပိုးများ ပထမဆုံးတွေ့ရှိခဲ့တယ်လို့ ကျေးလက်နဲ့ စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။

Source CCTV

စမ်းသပ်မှုတစ်ခုတွင် လူနှစ်ဦးအိပ်မက်ထဲ၌ ဦးနှောက်လှိုင်းများဖြင့်ဆက်သွယ်နိုင်ခဲ့

Published 16 October 2024
ကယ်လီဖိုးနီးယား REMspace ကုမ္ပဏီမှ သိပ္ပံပညာရှင်များက လူနှစ်ယောက်အိပ်ပျော်နေစဉ် အိပ်မက်ထဲမှာ အပြန်အလှန် ဆက်သွယ်စေနိုင်ခဲ့ပါတယ်။
ထိုအချိန်မှာ အိပ်မက်တွေက ရှင်းလင်းပြတ်သားစွာ မက်နေကြပြီး REM အိပ်စက်အဆင့်အတွင်း ဖြစ်ပျက်ကြပါတယ်။
စမ်းသပ်ခံတဲ့သူတွေဟာ အိပ်မက်မက်ခဲ့တာကို ရှင်းလင်းစွာ မှတ်မိနိုင်တဲ့သူတွေ ဖြစ်ပါတယ်။
စက်တင်ဘာ ၂၄ ရက်နေ့မှာ စမ်းသပ်မှုပြုလုပ်ခဲ့ပြီး မအိပ်ခင်မှာ ဦးနှောက်လှုပ်ရှားမှုတွေနဲ့ အိပ်စက်မှုပုံစံတွေကို တိုင်းတာစောင့်ကြည့်နိုင်ရန် အထူးကိရိယာများဖြင့် ချိတ်ဆက်ခဲ့ကြပါတယ်။
သူတို့ရဲ့ အိပ်မက်မက်တဲ့အခြေအနေတွေကို စောင့်ကြည့်နေတဲ့ ဗဟိုစနစ်တစ်ခုသို့ အချက်အလက်များ ပေးပို့ခဲ့ပါတယ်။
အိပ်မက်ပြတ်သားစွာ မက်နေတဲ့အချိန်မှာ ဦးနှောက်လှုပ်ရှားမှု ပြောင်းလဲတာကို တွေ့ရှိခဲ့ပြီး ကျပန်းစကားလုံးတစ်လုံး ပေါ်ပေါက်လာကာ စမ်းသပ်ခံသူက ထိုစကားလုံးကို ကြားယောင်ပြီး အကြိမ်ကြိမ် အော်ပြောနေခဲ့ပါတယ်။
ဒုတိယတစ်ယောက်ဟာလည်း အိပ်မက်ပြတ်သားစွာ မက်တဲ့အဆင့်ကို ရောက်နေကာ ဦးနှောက်လှုပ်ရှားမှု ပြောင်းလဲမှုတွေ့ခဲ့ပြီး ထိုစကားလုံးကိုပဲ ပေးပို့ခဲ့ပါတယ်။
ယင်းဟာလည်း အိပ်မက်ထဲမှာ ထိုစကားလုံး ကြားယောင်ခဲ့ပြီး အကြိမ်ကြိမ်ပြောနေခဲ့ပါတယ်။
နိုးလာတဲ့အခါမှာ အိပ်မက်ထဲက စကားလုံးအတိုင်း ပြောနိုင်ခဲ့ပြီး လူနှစ်ဦး အိပ်မက်မက်နေစဉ် ပထမဆုံးအနေဖြင့် အောင်မြင်စွာ ဆက်သွယ်နိုင်ခဲ့ပါတယ်။
ဒီအောင်မြင်မှုဟာ အိပ်စက်မှုဆိုင်ရာသိပ္ပံပညာ တိုးတက်ဖို့ အလားအလာ ဖြစ်နေပါတယ်။
ဒီနည်းပညာကို စိတ်ကျန်းမာရေး ကုသမှု၊ စွမ်းရည်တိုးတက်မှု၊ အခြားနေရာတွေမှာလည်း အသုံးချသွားနိုင်ဖို့ REMspace စီအီးအို မိုက်ကယ်ရေဒူဂါက မျှော်မှန်းထားပါတယ်။
Source: NDTV 

ယောကျ်ား အင်္ဂါကြီးအောင် တရားမဝင် ခွဲစိတ်ကုသနေသည့် ဆရာဝန်အတုကို ထိုင်းရဲကဖမ်းဆီး

၂၀ စက်တင်ဘာ ၂၀၂၄

ယောကျ်ားအင်္ဂါကြီးအောင်ခွဲစိတ်ကုသပေးတဲ့ ဆမွတ်ဆက်ခွန်က အမျိုးသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ ကဖမ်းဆီးလိုက်ပါတယ်။ သူဟာ အနှစ် ၂၀ခန့်မှာ မည်သည့် ဆေးပညာဆိုင်ရာသင်တန်းတစ်ခုခု တက် ရောက်ခဲ့ခြင်းမရှိဘဲနှင့် ဒီအလုပ်ကိုလုပ်လာတာဖြစ်ပြီး အခုနောက်ဆုံးမှာ သူ့ရဲ့ဖောက်သည်တစ်ဦးဟာ အကြီးအကျယ် ရောင်ရမ်းလာပြီးနောက် အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။

အသက် ၃၆နှစ်အရွယ် ကစ်တိကွန်ဆွန်ဆရီကို  ကြာသပတေးနေ့က  ကရက်သမ်ဘင်းခရိုင် တမ်ဘွန် အုန်နွိုင်က  ဆီလီကွန်ထိုးပြီး ပုလဲထည့်ပေးတာတွေလုပ်ပေးနေတဲ့ အိမ်ကနေ သူ့ကို ရဲတွေက ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။

သူဟာ အတန်းပညာ (၉)တန်းပဲရှိတယ်လို့  ဖမ်းဆီးခဲ့တဲ့ရဲတွေကို သူကပြောပါတယ်။ သူဟာ အသက် ၁၄နှစ်အရွယ်ကတည်းက သူ့ဘာသာသင်ယူခဲ့တာလို့လည်းပြောပါတယ်လို့ ရဲဗိုလ်ချုပ် ဝီသာရာဆရီပရာ    ဆတ်ပတ်က ပြောပါတယ်။

သူဟာ “Mai Luai Modify” ဖေ့စ်ဘုတ်ပေ့ချ်ကနေတစ်ဆင့် ယောကျ်ားလိင်တန်ကြီးအောင် ခွဲစိတ်ကုသမှု တွေဖြစ်တဲ့ ဆီလီကွန်ထိုးပေးတာနှင့်ပုလဲထည့်ပေးတာတွေလုပ်နေတာဖြစ်ပြီး တိုင်တန်းမှုတစ်ခုရှိ  လာ ကာ နောက်ဆုံးအဖမ်းခံရတာပါ။

သူနှင့်အတူ ခွဲစိတ်ကုသရာမှာအသုံးပြုတဲ့ ပစ္စည်းတွေကိုလည်းသိမ်းဆည်းရမိခဲ့ပါတယ်။သူဟာဆရာဝန် တစ်ဦးလည်းမဟုတ်သလို ဆေးကုခွင့်လိုင်စင်တစ်ခုမှလည်းမရှိပါဘူး။

သူဟာ ဖောက်သည်တစ်ဦးကို ဘတ် ငါးထောင်မှ နှစ်သောင်းအထိ ခွဲစိတ်ခယူပါတယ်။ တစ်လကို ဖောက်သည် နှစ်ဦး သုံးဦးလောက်ရတယ်လို့ သူက ရဲအရာရှိတွေကိုပြောပြပါတယ်။

ဒီလိုခွဲစိတ်ကုသမှုမျိုးဟာလိင်တန်ရောင်ရမ်းစေပြီး လိင်တန်မာကျောမှုကိုလည်း ပြန်မရဖြစ်တတ်လို့ ဒီလိုခွဲစိတ်ပေးနေသူတွေ အလုပ်တွေရပ်တန်းကရပ်မလား ဒါမှမဟုတ်ဖမ်းမရမလားလို့ ရဲဗိုလ်ချုပ်ကြီးက ဆက်ပြောပါတယ်။

Source BKPost

Sports

ရွှေလီ-မူဆယ် နယ်စပ်ဖြတ်ကျော် ချစ်ကြည်ရေးမာရသွန်ပြေးပွဲ ရွှေလီမြို့တွင် ကျင်းပ

၂ ဇန်နဝါရီ ၂၀၂၄

ရွှေလီ-မူဆယ် တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲကို ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၃၁ရက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းယူနန်ပြည်နယ် ရွှေလီမြို့မှာ ကျင်းပခဲ့ပါတယ်။ အဲဒီပြိုင်ပွဲကို မြန်မာနှင့်တရုတ်နှစ်နိုင်ငံမှ အပြေးသမားပေါင်း ၇၀၀၀ကျော်ဟာ အမျိုးအစားလေးမျိုးမှာ ဆင်နွှဲယှဉ်ပြိုင်ခဲ့ကြပါတယ်။

Source CCTV+

ကမ္ဘာ့ဖလားခြေစစ်ပွဲ မြန်မာအသင်းနှင့်ကစားမည့် မြောက်ကိုရီးယားဘောလုံးအသင်း ရန်ကုန်သို့ရောက်ရှိ

၁၈ နိုဝင်ဘာ ၂၀၂၃

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်အဖြစ် မြန်မာလက်ရွေးစင်ဘောလုံးအသင်း နှင့် ယှဉ်ပြိုင်မယ့် မြောက်ကိုရီးယားလက်ရွေးစင်ဘောလုံးအသင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ နိုဝင်ဘာ ၁၈ရက် ညပိုင်းက ရောက်ရှိခဲ့တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ 

မြောက်ကိုရီးယားအသင်းဟာ ရန်ကုန်မြို့ Inya Lake Hotel တွင် တည်းခိုမည်ဖြစ်ပြီး ‌နိုဝင်ဘာလ ၁၉ရက်နေ့မှ စတင်ကာ လေ့ကျင့်ရေးအစီအစဉ်များ စတင်လုပ်ဆောင်မှာဖြစ်ပါတယ်။

မြန်မာအသင်းနှင့်မြောက်ကိုရီးယားအသင်းတို့သည် နိုဝင်ဘာ ၂၁ ရက် ညနေ (၄)နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းကြီးထဲတွင် ယှဉ်ပြိုင်ကစားကြပါလိမ့်မယ်။

မြန်မာ - မြောက်ကိုရီးယား ပွဲစဥ်အတွက် လက်မှတ်များကို အထူးတန်း ၅၀၀၀ ကျပ်၊ ရိုးရိုးတန်း ၂၀၀၀ ကျပ်ဖြင့် ရောင်းချသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ယင်းပွဲစဥ်အတွက် လက်မှတ်များကို နိုဝင်ဘာ ၂၀ရက်တွင် နံနက် ၁၀နာရီမှ ညနေ ၄ နာရီအထိလည်းကောင်း ၊ နိုဝင်ဘာ ၂၁ရက်တွင် နံနက် ၁၀နာရီမှ နေ့လယ် ၂နာရီအထိ လည်းကောင်းမြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်တွင် ဝယ်ယူနိုင်ကြပါတယ်။ ယင်းအပြင် နိုဝင်ဘာ ၂၁ ရက် ၊ နေ့လယ် ၂နာရီမှ စတင်၍ အထူးတန်း လက်မှတ်များကိုသုဝဏ္ဏကွင်း (Gate-2) ၌ လည်းကောင်း၊ ရိုးရိုးတန်း လက်မှတ်များကို သုဝဏ္ဏကွင်း (Gate-8)၌ လည်း ကောင်း ဝယ်ယူနိုင်မယ်လို့လည်းသိရပါတယ်။

-ymg/knl

၁၉ ကြိမ်မြောက် ဟန်ကျူးအာရှအားကစားပြိုင်ပွဲကို တရုတ်သမ္မတရှီကျင့်ဖျင်ဖွင့်လှစ်

၂၄ စက်တင်ဘာ ၂၀၂၃

တရုတ်နိုင်ငံ ကျက်ကျန်းပြည်နယ်မြို့တော် ဟန်ကျူးတွင် စက်တင်ဘာ ၂၃ ရက်ညနေက ၁၉ကြိမ်မြောက် အာရှအားကစားပွဲ ဖွင့်ပွဲကျင်းပခဲ့ရာ တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

Source CCTV+

 

Technology

  • အသက်၁၆နှစ်အောက်ကလေးသူယ်များ ဆိုရှယ်မီဒီယာအသုံးပြုခွင့်ပိတ်ပစ်မည့် ဥပဒေကြမ်းကို ဩစတြေလျ အစိုးရက ပါလီမန်သို့တင်သွင်း

    ၂၁ နိုဝင်ဘာ ၂၀၂၄

    ◾️ဩစတြေလျအစိုးရက အသက် ၁၆နှစ်အောက် ကလေးသူငယ်တွေ ဆိုရှယ်မီဒီယာအသုံးပြုခွင့် ပိတ်ပင်မယ့် ဥပဒေကြမ်းတစ်လုကို ပါလီမန်သို့တင်လိုက်ပါတယ်။ အဲဒီဥပဒေကြမ်းမှာ  ဥပဒေကို စနစ်  တကျချိုးဖောက်တဲ့  ဆိုရှယ်မီဒီယာကုမ္ပဏီကြီးတွေကို ဩစတြေလျ ဒေါ်လာ ၄၉.၅သန်း ( အမေရိကန်      ဒေါ်လာ ၃၂သန်း) အထိ ဒဏ်ငွေရိုက်လို့ရမယ့် ပြဋ္ဌာန်းချက်လည်းပါဝင်နေပါတယ်။

    ◾️ဩစတြေလျက အသက်အတည်ပြုတဲ့ စနစ်တစ်ခုကို စမ်းသပ်ကြည့်ဖို့ အစီအစဉ်ရှိနေပါတယ်။ အဲဒီစနစ် မှာ ဘိုင်အိုမက်ထရစ် ဒါမှမဟုတ် အစိုးရရဲ့ သက်သေခံမှုတစ်ခုခု ပါဝင်ပြီး ဒီဥပဒေကြမ်းဟာ ယနေ့ရှိနေ သမျှ ဥပဒေတွေထဲမှာ အပြင်းထန်ဆုံးတွေထဲက တစ်ခုဖြစ်လာပါလိမ့်မယ်။

    ◾️အသက် ၁၆နှစ်ဆိုတဲ့သတ်မှတ်ချက်ဟာ နိုင်ငံတွေရဲ့သတ်မှတ်ချက်တွေထဲမှာ အမြင့်ဆုံးအသက်  ကန့်  သတ်ချက်လို့ဆိုပါတယ်။ ဥပဒေကြမ်းထဲမှာ “ မိဘရဲ့ခွင့်ပြုချက်တွေ”ဆိုတဲ့ ကင်းလွတ်ခွင့်တွေ၊ ရှိပြီးသား အကောင့်တွေဆိုတဲ့ ကင်းလွတ်ခွင့်တွေ လုံးဝထည့်သွင်းမထားပါဘူး။ အသက် ၁၆ နှစ်ကန့်သတ်ချက်ဟာ ချွင်းချက်မရှိကန့်သတ်ချက်သဘောဖြစ်ပါတယ်။

    ◾️“ ဒါဟာ မှတ်တိုင်ထူတဲ့ ပြုပြင်ပြောင်းလဲရေးတစ်ခုဖြစ်တယ်။ အချို့ကလေးတွေကတော့ နည်းလမ်းတွေ   လှည့်ပတ်ရှာနေကြဦးမှာဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဆိုရှယ်မီဒီယာ ကုမ္ပဏီတွေကို သန့်သန့်ရှင်းရှင်းအလုပ်လုပ်ကြဖို့ သတင်းစကားတွေပါးနေပါတယ်” လို့ ဩစတြေလျ ဝန်ကြီးချုပ် အန်တိုနီ အယ်ဘန်နီးစ်က သတင်းထုတ်ပြန်ရာမှာ ပြောကြားထားပါတယ်။

    ◾️အတိုက်အခံလေဘာပါတီက အဲဒီဥပဒေကြမ်းကိုထောက်ခံမယ်လို့ ပြောလိုက်ပြီး ဂရင်းပါတီနှင့် တစ်သီး ပုဂ္ဂလတွေကတော့ ဖေ့စ်ဘုတ်ခ်ရဲ့ Meta အပေါ် အကြီးအကျယ်ထိခိုက်စေမယ့် အဲဒီ အဆိုပြု ဥပဒေ     ကြမ်းနှင့်ပတ်သက်လို့ ပိုပြီးအသေးစိတ်သိလိုတယ်လို့ ပြောကြပါတယ်။

    ◾️ကလေးသူငယ်တွေအနေနှင့် မက်ဆေ့ချ်ပို့တာသုံးလို့ရဦးမှာဖြစ်ပြီး အွန်လိုင်းဂိမ်းတွေနှင့် ကျန်းမာရေးနှင့် ပညာရေးဆက်စပ်တဲ့ ကိစ္စတွေကိုလည်းသုံးနိုင်မယ်လို့ အယ်ဘန်နီးစ်က ပြောပါတယ်။

    ◾️နိုင်ငံအချို့က ကလေးသူငယ်တွေ ဆိုရှယ်မီဒီယာသုံးတာနှင့်ပတ်သက်ပြီး ဥပဒေအရကန့်သတ်မှုတွေ လုပ်ခဲ့ကြပြီးဖြစ်ပါတယ်။ ဒါပေမယ့် ဩစတြေလျရဲ့မူဝါဒကတော့ အတင်းကျပ်ဆုံးတွေထဲက တစ်ခု ဖြစ်ပါတယ်။

    ◾️ပြီးခဲ့တဲ့နှစ်တုန်းက ပြင်သစ်မှာ အသက် ၁၅နှစ်အောက်ကလေးငယ်တွေ ဆိုရှယ်မီဒီယာသုံးခွင့်ပိတ်ဖို့ အဆို   ပြုခဲ့ပါတယ်။ ဒါပေမယ့် မိဘတွေခွင့်ပြုချက်ရှိရင်သုံးလို့ရမှာဖြစ်ပါတယ်။

    ◾️“ ဩစတြေလျကလေးငယ်တွေ အများကြီးအတွက် ဆိုရှယ်မီဒီယာဟာ အန္တရာယ်ရှိနိုင်ပါတယ်။ အသက် ၁၄နှစ်နှင့် ၁၇နှစ်အကြား ဩစတြေလျကလေးတွေရဲ့ သုံးပုံနှစ်ပုံဟာ မူးယစ်ဆေးဝါးအလွဲသုံးတာ၊ ကိုယ့်ကိုကိုယ်သတ်သေတာနှင့်ကိုယ့်ကိုကိုယ်ဒုက္ခဖြစ်စေတာတွေအပါအဝင် အလွန့်ကို အန္တရာယ်ပေးတဲ့ အွန်လိုင်းအကြော်ငးအရာတွေကို ကြည့်ရှုနေကြတယ်” လို့ ဆက်သွယ်ရေးဝန်ကြီး မီချယ်ရိုလန်က ပါလီမန် မှာကြာသပတေးနေ့က တင်ပြခဲ့ပါတယ်။

    ◾️ဥပဒေအရ လူငယ်တွေနှင့် မိဘတွေကို ဖိအားပေးမှာမဟုတ်ဘဲ ဆိုရှယ်မီဒီယာကုမ္ပဏီကြီးတွေကိုသာ အသက်ကန့်သတ်ပြီးဝင်သုံးလို့ရဲ့ စနစ်ကို မဖြစ်မနေထည့်သွင်းကြဖို့ကို ဦးတည်ထားပါတယ်။

    ◾️“ လူမှုမီဒီယာဟာ လူမှုတာဝန်ရှိတယ်။ အဲဒါကြောင့် အသုံးပြုသူတွေ အန္တရာယ်ကင်းရှင်းစေ   ရေးအတွက် အဲဒီ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေ တာဝန်ခံမှုရှိအောင် အပြောင်းအလဲကြီးတစ်ခုလုပ်   လိုက်တာ ဖြစ်တယ်” လို့ရိုလန်ကဆက်ပြောပါတယ်။

    @ymg/knl

  • လမျက်နှာပြင်ပေါ်တွင်ရေတကယ်ရှိမရှိသေချာရန် တရုတ်က ချန်အီး-၇အစီအစဉ်ဖြင့် လသို့ထပ်သွားမည်

    ၂၂ စက်တင်ဘာ ၂၀၂၄

    တရုတ်နိုင်ငံက လကမ္ဘာရဲ့ ထူးခြားဆန်းကြယ်မှုတွေကို ပို၍သိရှိနိုင်အောင်အတွက် ၂၀၂၆ခုနှစ်ဝန်းကျင်ခန့်မှာ ချန်အီး-၇ လကမ္ဘာသွားအစီအစဉ်တစ်ခု ဆောင်ရွက်သွားဖို့ရှိနေပါတယ်။ မြေပြင်မှ သဘာဝဂြိုဟ်တုမှာ တွေ့ရတဲ့ လရဲ့ တောင်ဝင်ရိုးစွန်းမှာ ရေရှိနေတယ်ဆိုတာ ဟုတ်မဟုတ်ကို အဲဒီခရီးမှာ စစ်ဆေးသွားမယ်လို့ လစူးစမ်းရှာဖွေရေးစီမံကိန်းကြီးရဲ့ တရုတ်နိုင်ငံ ဒီဇိုင်းနာချုပ် ဝူဝီရင်က ပြောပါတယ်

    Source CCTV

  • စီအိုင်အေနှင့် မော့ဆက်ပူးပေါင်း၍ ကွန်ပျူတာဗိုင်းရပ်စ်များအသုံးပြုကာ အီရန်၏ နျူကလီးယား အစီအစဉ်ကို ဖြိုချခဲ့ခြင်း

    ၂၁ စက်တင်ဘာ ၂၀၂၄

    Stuxnet စတပ်နက်သည် သမားရိုးကျမဟုတ်သည့် ဖျက်အားပြင်းဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး အီရန်ကိုသာမက အခြားကမ္ဘာ့နိုင်ငံများကိုပါ ကူးစက်တိုက်ခိုက်ခဲ့သည့် ဆိုက်ဘာလက်နက်တစ်ခုဖြစ်ခဲ့

    (စီအိုင်အေနှင့်မော့ဆက်ဟူသည့်အမေရိကန်နှင့်အစ္စရေးစပိုင်အဖွဲ့များပူးပေါင်းကာ စတပ်နက်အမည်ရ ဖျက်အားပြင်းဗိုင်းရပ်စ်တစ်ခုဖန်တီး၍ ဆိုက်ဘာလက်နက်အဖြစ်အသုံးချခဲ့ပုံကို သတင်းစာဆရာ ဆာမီယန် မစ်ဟရာ Samiran Mishraက အိန္ဒိယသတင်းမီဒီယာ NDTV  တွင် စုံစမ်းထောက်လှမ်း   သတင်း Investigative Report ရေးသားထားသည်မှာ စိတ်ဝင်စားဖွယ်ကောင်းသဖြင့် YMG က မြန်မာဘာသာသို့ပြန်ဆို ဖော်ပြပေးပါသည်။ အယ်ဒီတာ )

     

    ၂၀၀၉ ခုနှစ် ဇွန်လ..။

    တီဟီရန်၏ လမ်းမများတွင် သမ္မတရွေးကောက်ပွဲရလဒ်အပေါ် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့သည်။ လက်ရှိသမ္မတ မာမွတ်အာမက်ဒိုင်ဂျက်သည် မီယာဟိုစိန် မောဆာဗီအပေါ် အပြတ်အသတ်အနိုင်ယူကာ အောင်ပွဲခံခဲ့သည်။  ဆန္ဒပြသူတွေက ရွေးကောက်ပွဲသည် အလိမ်အညာဟု စွပ်စွဲသည်။  ဆန္ဒပြသူများထဲ  မှ နီဒါအက်ဟာဆိုတန်ဆိုသူ အမျိုးသမီးတစ်ဦးသည် အဓိကဆန္ဒပြပွဲကြီးများတွင် ပါဝင်ရန်အတွက် သူမ၏ ကားကို စုရုံးနေသည့်နေရာနှင့် မနီးမဝေးတစ်နေရာတွင် ရပ်လိုက်သည်။  ကား၏ လေအေးပေး စက်က အလုပ်မလုပ်သဖြင့် သူမက ကားထဲမှ ထွက်လိုက်သည်။ သူမက လတ်ဆတ်သောလေကို တစ်ဝကြီးရှုလိုက်သည်။ ထိုအချိန်တွင် အစိုးရက ငွေကြေးထောက်ပံ့ပေးထားသည့် စစ်ဝန်ထမ်းအဖွဲ့ဝင်တစ်ဦးက စနိုက်ပါဖြင့် သူမ၏ ရင်ညွန့်ကို ချိန်ကာပစ်ချလိုက်သည်။ သူမသေဆုံးခဲ့ရပြီ။

    ယခုအဖြစ်အပျက် တီဟီရန်တွင်ဖြစ်နေစဉ်တွင် တီဟီရန်နှင့် ၃၀၀ ကီလိုမီတာ ခန့်ဝေးသည့် တောင်ဘက် အရပ်တွင် နာတန်နျူကလီးယားအဆောက်အဦတွင်လည်း ထူးဆန်းသော အဖြစ်အပျက်များ ဖြစ်နေ သည်။နာတန်သည် အီရန် နျူကလီးယားအစီအစဉ်၏ ဗဟိုချက်မဖြစ်သည်။

    နီဒါသေဆုံးပြီး ရက်အနည်းငယ်အကြာတွင်  စီအိုင်အေသည် အဆိုပါနျူကလီးယားအဆောက်အဦအား ဆိုက်ဘာစစ်ဆင်ရေးတစ်ခု ဦးစီးလုပ်ဆောင်ဖို့ အတည်ပြုချက်တစ်ခုရရှိခဲ့သည်။ ထိုစစ်ဆင်ရေးတွင် Stuxnet စတပ်နက် ဟုအမည်ရသည့် ဗိုင်းရပ်စ်တွေကို အီရန်၏ ဟာ့ဒ်ဝဲအတွင်း ပို့လွှတ်ရန် ပါဝင်သည်။  စတပ်နက်ကို အမေရိကန်နှင့်အစ္စရေးတို့ ပူးပေါင်းပြီး ဖန်တီးထားခဲ့သည်မှာ နှစ်အနည်းငယ်ရှိခဲ့ပြီ။  ယင်းသည် ကမ္ဘာပေါ်တွင် ပထမဆုံးသော ဒစ်ဂျစ်တယ်လက်နက်လည်းဖြစ်သည်။

    စတပ်နက်သည် အီရန်၏ နျူကလီးယားအခြေခံအဆောက်အအုံအတွင်း အသစ်ရောက်ရှိခြင်းမဟုတ်ပါ။ စတပ်နက်က ဖြတ်တ်တောက်မှုများစွာကို နှစ်ပေါင်းများစွာကတည်းက လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ သို့သော် ယခုဗားရှင်းအသစ်က အလွန်ပြင်းထန်စွာတိုက်ခိုက်နိုင်သည်။

    စတပ်နက်ဖန်တီးတည်ဆောက်မှုနှင့် ဖြန့်ကျက်ရောက်ရှိမှုတို့က ခပ်စောစောနှစ်များကတည်းက ရှိနေခဲ့ပြီးဖြစ်သည်။ ၂၀၀၀ပြည့်လွန်နှစ်အစောပိုင်းကာလကတည်းက စတပ်နက်ကို ခြေရာခံမိခဲ့ကြသည်။

    ထိုအချိန်သည် အီရန်တို့ အနောက်နိုင်ငံများအကြား အီရန်၏ ရည်ရွယ်ချက်ကြီးမားလှသည့် နျူကလီးယား အစီအစဉ်အပေါ် တင်းမာမှုများရှိနေခဲ့ကြသည့်အချိန်လည်းဖြစ်သည်။

    ဘုရှ်အစိုးရသည်အီရန်က နျူကလီးယားလက်နက်များထုတ်လုပ်လာနိုင်မည်ကို စိတ်ပူနေသည်။ ထို့ကြောင့် အီရန်၏နျူကလီးယားအစီအစဉ်ကို ကြားဖြတ်ဟန့်တားနိုင်မည့် သမားရိုးကျမဟုတ်သော နည်းလမ်းတွေကို အမေရိကန်ကရှာဖွေနေသည်။

    သိုနှင့်ပင်  အိုလံပစ်အားကစားပွဲ 'Olympic Games' ဟူသော သင်္ကေတအမည်ဖြင့်  လျို့ဝှက် စစ်ဆင်ရေး တစ်ခု မွေးဖွားလာတော့သည်။

    ယင်းစစ်ဆင်ရေးကိုအမေရိကန်၏ စီအိုင်အေ၊အင်န်အက်စ်အေ NSA နှင့် အစ္စရေး၏ မောဆက်တို့ ပူးပေါင်း စတင်ခဲ့ကြသည်။သူတို့သည် ကနဦးအနေဖြင့် အီရန်၏ နျူကလီးယား သန့်စင်ရေးလုပ်ဆောင်နိုင်စွမ်း   တွေကို ဖြတ်တောက်ပစ်နိုင်မည့် နျူကလီးယားလက်နက်တစ်ခုကို ဖန်တီးကြဖို့ဖြစ်သည်။

    စတပ်နက်သည် သာမာန်ဗိုင်းရပ်စ်တစ်ခုမဟုတ်။ ဆိုက်ဘာလက်နက်များနယ်ပယ်တွင် အလွန်ပင်   ဆန်းပြား ခေတ်မီလှသော ဗိုင်းရပ်စ်ပုံံစံတစ်ခုဖြစ်သည်။ စတပ်နက်က Siemens Step7 ဆော့ဖ်ဝဲကို ပစ်မှတ်ထားသည်။ Siemens Step7 သည် စက်ပစ္စည်းအစိတ်အပိုင်များကို ထိန်းချုပ်ရာတွင်သုံးလေ့ရှိ ပြီး အထူးသဖြင့် အီရန်၏ နာတန်ယူရေနီယမ်သန့်စင်ရေးစက်ရုံ၏ စက်ဒလက်များ centrifuges ကို အဓိက   ထားထိန်းချုပ် သည်။ အဆိုပါစက်ဒလက်များသည် ယူရေနီယမ်သန့်စင်ရေးတွင် မပါမဖြစ်အစိတ်အပိုင်း ဖြစ်ကာ မြန်နှုန်းမြင့်လည်ပတ်နေသည်။ ယင်းစက်ဒလက်များ မှန်မှန်ကန်ကန်အလုပ်လုပ်နိုင်ဖို့ အလွန် တိကျ သောထိန်းချုပ်မှုတွေလိုအပ်သည်။

    အမေရိကန်က တင်နက်ဆီပြည်နယ်ရှိ အောက်ရစ်ချ်ဝင်းတွင် အီရန်၏နျူကလီးယားစက်ရုံ ပုံစံတူတစ်ခု တည်ဆောက်ခဲ့သည်။ ထိုပုံစံတူစက်ရုံတွင်  စက်ဒလက်များကို အသေးစိတ်လေ့လာသည်။ ထောက်    လှမ်းမသိရှိရဘဲ ထိုစက်ဒလက်များကို မည်သို့ဖျက်ဆီးပစ်ရမည်ကို နားလည်အောင် လုပ်သည်။

    ၂၀၀၇ခုနှစ်တွင် စတပ်နက်၏ ပထမဆုံးသောဗိုင်းရပ်ဗားရှင်းထွက်လာသည်။ ဗားများမှ ဖိအားများလျှော့ချ မှုကို တားဆီးခြင်းဖြင့် ထိုစက်ဒလက်များကို ပစ်မှတ်ထားလိုက်သည်။ ဖိအားလျှော့ချမှုပိတ်လိုက် ခြင်းကြောင့် ယူရေနီယမ်ဓာတ်ငွေ့များသည် ခဲသွားသည်။ ထိုအခါညစက်ဒလက်များ လည်ပတ်ရာတွင်  ထိန်းသိမ်းနိုင်စွမ်းမရှိတော့ဘဲ အကြီးအကျယ်ပျက်စီးသွားစေတော့သည်။

    အီရန်၏နျူကလီယားစက်ရုံသည် air-gapped လေခံကွန်ယက်ဟုခေါ်သော ကွန်ယက်ပြင်ပအလုပ်လုပ်   သည့် အမျိုး အစား ဖြစ်သည်။ထို့ကြောင့် စတပ်နက်ကို USB drive ကိုသုံးပြီး  ထည့်သွင်းပေးဖို့လိုအပ်လာ    သည်။ ဗိုင်းရပ်စ်ကို ရှာမတွေ့နိုင်အောင် rootkit ဗိုင်းရပ်စ်တစ်မျိုးကို အသုံးပြုထားသည်။ rootkit က ခြေရာ ဖျောက်နိုင်သည့်အပြင် တရားဝင်အမိန့်ပေးသည့် ပုံစံဖြင့် ဒစ်ဂျစ်တယ်သက်သေခံလက်မှတ်တွေ   ကို ခိုးယူပေးနိုင်သည်။ အကျိုးသက်ရောက်မှုကောင်းသော်လည်း စတပ်နက်၏ ကနဦးဗားရှင်းသည် အီရန်   ၏ အစီအစဉ်ကို နှေးကွေး၍သာ သွားစေပြီး အလုံးစုံဖျက်ဆီးပစ်နိုင်စွမ်းမရှိခဲ့ပေ။

    ယင်းကိုတုန့်ပြန်သည့်အနေဖြင့် အမေရိကန် သုတေသနပညာရှင်တွေက ပိုပြီးပြင်းထန်သည့် စတပ်နက် ဗားရှင်းအသစ်ကို ဖန်တီးကြသည်။သူတို့က zero-day ဟုခေါ်သည့် ဆိုက်ဘာ တိုက်ခိုက်ရေးဗက်တာကို လေးခုအသုံးပြုခဲ့ပြီး ဗားရှင်းအသစ်က အမိန့်ပေးနိုင်သည့် သီးသန့် သော့များ private keys ကိုခိုးယူ  နိုင်စွမ်းရှိလာသည်။ ပြီးတော့ ကူးစက်မှုကလည်း အလွန်လျင်မြန်လာသည်။ ယင်းက လေခံကွန်ယက်ကို     ပင် ခုန်ကျော်ကူးစက်နိုင်စွမ်းရှိသည်။ ဟာ့ဒ်ဝဲများ လုပ်ဆောင်မှုမှားယွင်းအောင် ဖျက်စီးစေနိုင်သလို စက်ဒလက်များ သူ့ဘာသာဖျက်ဆီးပစ်နိုင်မည့် ပရိုဂရမ်အသစ် ထုတ်လုပ်လာနိုင်သည်။

    နာတန်တွင်ရှိသော သူတို့၏ အတွင်းလူတစ်ဦးက စတပ်နက်ဗားရှင်းအသစ်ကို စက်ထဲထည့်ပေးလိုက် သည်။ သို့ရာတွင် စတပ်နက်ဗားရှင်းအသစ်၏ ပြင်းထန်လှသော သဘာဝကြောင့် မရည်ရွယ်သော အကျိုး ဆက်တွေဆက်ဖြစ်လာသည်။ ဗိုင်းရပ်စ်က နာတန်တစ်ခုတည်းသာမကတော့ဘဲ အီရန်တစ်နိုင်ငံလုံးရှိ ကွန်ပျူတာများနှင့် နောက်ဆုံး ကမ္ဘာကြီးအတွင်းထိ ထိုးဖောက်ပျံ့နှံ့သွားသည်။

    စတပ်နက်၏ ထိန်းချုပ်မရအောင်သောင်းကျန်းလှသော အမြန်နှုန်းကို စီအိုင်အေက သတိမူမိလိုက်သည်။ ထို့ကြောင့် စစ်ဆင်ရေးကို ဆက်လုပ်မည်ဟု စီအိုင်အေက ဆုံးဖြတ်လိုက်လေသည်။

    သို့ရာတွင် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Symantec က စတပ်နက်ကို ရှာဖွေတွေ့ရှိသွားပြီး ယင်းဗိုင်းရပ်စ် နှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ဖွင့်ချလိုက်သည့်အခါ စီအိုင်အေ၏ မျှော်လင့် ထားသမျှတွေ မှေးမှိန်သွားရသည်။

    အီရန်ကလည်း ဆိုင်ဘာတိုက်ခိုက်မှု၏ အတိုင်းအဆကို သိရှိသဘောပေါက်သွားကာ နျူကလီယား အစီ အစဉ်တွေကို ကာကွယ်ရမည့် နည်းလမ်းများကြံဆလာသည်။ စတပ်နက်ကြောင့် သူတို့အစီအစဉ် နောက် ပြန်ရောက်သွားသော်လည်း အီရန်က ယင်း၏ နျူကလီယားအစီအစဉ်ရည်မှန်းချက်ကြီးကို ဆက်လုပ်ဖို့ သန္နိဋ္ဌာန်ချလိုက်လေသည်။

    စတပ်နက်တည်ရှိနေမှုနှင့်ပတ်သက်ပြီး ၂၀၁၀ ဇွန်လတွင် အစောဆုံးသဲလွန်စများထဲက တစ်ခုရခဲ့သည်။ ဘယ်လာရုစ် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတစ်ခုက အီရန်ကွန်ပျူတာတစ်လုံးတွင် တွေ့နေကျမဟုတ်သည့် ဗိုင်းရပ်စ်တစ်မျိုးရှာတွေ့ခဲ့ခြင်းဖြစ်သည်။ထို့နောက် ကမ္ဘာတစ်လွှားက ဆိုက်ဘာလုံခြုံရေးပညာရှင်များ သည် ယင်း၏ ကုတ်သင်္ကေတကို ခွဲခြမ်းစိတ်ဖြာလေ့လာမှုတွေလုပ်ခဲ့ကြသည်။ ယင်း၏ ရှုပ်ထွေးမှုနှင့် ရည်ရွယ်ချက်များကို ပညာရှင်များက မင်သက်အံ့ဩဖြစ်ခဲ့ကြရသည်။

    အီရန်နျူကလီးယား အစီအစဉ်အပေါ် စတပ်နက်၏ အကျိုးသက်ရောက်မှုက သိသာလှသော်လည်း ချက်ခြင်းလက်ငင်းကြီး ကပ်သင့်ခဲ့ခြင်းမရှိခဲ့။

    CIA Mossad2

    ၂၀၀၉ခုနှစ်အရောက်တွင် အီရန်သည် နာတန်သည် စက်ဒလက်ပေါင်း ၇၀၀၀ ကျော် တပ်ဆင်ပြီး ဖြစ်ခဲ့ သည်။ ထို့ကြောင့်  စက်ဒလက် ၁၀၀၀ခန့်သာ စတပ်နက်ကြောင့် ပျက်စီးခဲ့ရသည်။ ယင်းကြောင့် အီရန်  သည် ယင်း၏ သန့်စင်ရေးလုပ်ငန်းများ ခေတ္တရပ်တန့်ခဲ့ပြီး ပျက်စီးသွားသော ကိရိယာများကို အသစ် လဲလှယ်တပ်ဆင်ခဲ့သည်။အီရန်၏ကြိုးပမ်းမှုများက လပေါင်းများစွာမှသည် နှစ်ချီသည်အထိတော့ နှောင့် နှေးသွားသည်။

    အီရန်အစိုးရသည် စက်ဒလက်များပျက်စီးရခြင်း အကြောင်းရင်းကို သိရှိသွားပြီးနောက်  ဆိုက်ဘာ ကျူးကျော်မှုအန္တရာယ်ကို သဘောပေါက်လက်ခံလာသည်။ အများအမြင်တွင်တော့ စတပ်နက်၏ အကျိုး သက်ရောက်မှုကို မဖြစ်စလောက်ဟု အီရန်က လျှော့ပြောနေသော်လည်း အတွင်းထဲတွင်မူ အီရန်သည် ဆိုက်ဘာလုံခြုံရေးနှင့် ဆိုက်ဘာထိုးစစ်များတွင် ရင်နှီးမြှပ်နှံမှုများ ပုံအောလုပ်လာသည်။

    ယင်းနောက်ပိုင်းနှစ်များတွင် အီရန်နျူကလီးယားသိပ္ပံပညာရှင်များကို ပစ်မှတ်ထားလုပ်ကြံသတ်ဖြတ်မှု များဖြစ်ခဲ့ကာ ယင်းက သူတို့၏ နျူကလီးယားအစီအစဉ်ကို အကြီးအကျယ်ထိခိုက်စေခဲ့သည်။ ကားဗုံးခွဲ ခြင်းများနှင့် အခြားသော တိုက်ခိုက်မှုများဖြင့် ခေါင်းဆောင်အများအပြားကို သုတ်သင်ခဲ့သည်။ ယင်းလုပ်ကြံခံရသူများထဲတွင် နာတန်စက်ရုံညွှန်ကြားရေးမှူးတစ်ဦးလည်းပါသွားသည်။

    စတပ်နက်သည်  အီရန်တစ်နိုင်ငံတည်းမှာပဲ သူ့ကိုယ်သူ ထိန်းသိမ်းထားနိုင်မှုမရှိခဲ့ပါ။ စတပ်နက်သည် အိန္ဒိယ၊အင်ဒိုနီးရှား၊ပါကစ္စတန်အပါအဝင် အခြားသော နိုင်ငံများသို့ပါ ကူးစက်ပျံ့နှံ့သွားကာ ကမ္ဘာ  တစ်လွှားရှိ စက်မှုစနစ်ကြီးအပေါ် အကျိုးသက်ရောက်သွားခဲ့သည်။ သတင်းများအရ ကွန်ပျူတာအလုံး ပေါင်း ရှစ်သောင်းကျော် ကူးစက်ခံရသည်။ ဓာတ်အားပေးစက်ရုံနှင့် ကုန်ထုတ်စက်ရုံ  တော်တော်များများ အလားတူ တိုက်ခိုက်မှုများ ကြုံတွေ့ခဲ့ကြရသည်။

    ၂၀၁၃ခုနှစ်တွင် အိန္ဒိယသည် အမျိုးသား ဆိုက်ဘာလုံခြုံရေးမူဝါဒတစ်ခုကို ချမှတ်ခဲ့ကာ ယင်းမူဝါဒက ဆိုက်ဘာ အာကာသတွင် သတင်းပြန်ကြားရေးအခြေခံအဆောက်အအုံများကာကွယ်ရေး၊ သတင်းပြန်    ကြားရေးဆိုင်ရာအချက်အလက်လုံခြုံစိတ်ချရမှု၊ တည်မြဲမှုနှင့် ရရှိစေမှုတို့ကို ထိန်းသိမ်းစောင့်ရှောက်ရေး   များ အပေါ် အာရုံ စိုက်ထားသည်။

    ယင်းနောက်ပိုင်းတွင်လည်း အိန္ဒိယသည် အမျိုးသားအဆင့်အရေးကြီးသတင်းအချက်အလက်အခြေခံ    အဆောက်အအုံကာကွယ်ရေးစင်တာတစ်ခုကို တည်ထောင်ကာ အိန္ဒိယ၏ ဆိုက်ဘာလုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိနေသည်။

    Source NDTV

Contact Us

Building D, No.101, 1st Floor, Mahabandoola Tower(Near Mahabandoola Bridge), Mahabandoola Road, Pazundaung Township, Yangon.