Published 4 June 2023
အမေရိကန်ပြည်ထောင်စု လော့အိန်ဂျလိစ်မြို့ပြင်မှာရှိတဲ့ ဟယ်ရီနှင့် မက်ဂန်တို့ရဲ့ ဒေါ်လာ ၁၄သန်းစံအိမ်တော်ကြီးအနီး ပျံသန်းနေတဲ့ ပန်းကန်ပြားပျံတစ်ခုကို မကြာသေးခင်က တွေ့ရှိခဲ့တယ်လို့ နယူးယောက်ပို့စ်သတင်းစာက ရေးသားပါ တယ်။
လျှို့ဝှက်ဆန်းကြယ်လှတဲ့ အဲဒီ အဝိုင်းသဏ္ဍန် အရာဝတ္ထုကို သူတို့စံအိမ်နှင့် ၂၅မိုင်ခန့်အကွာမှာ၊ ဆန်တာဘာဘရာစီရင်စု က ကာချူမာရေကန်အနီးတောင်တန်းတွေအပေါ်မှာ ပျံသန်းသွားတာ တွေ့ကြရတာဖြစ်ပါတယ်။
အဆိုပါ အဝိုင်းပြားပုံစံအရာဝတ္ထုကို ပန်းကန်ပြားပျံ(အမျိုးအမည်မသိယာဉ်ပျံ)တွေကို လိုက်လံထောက်လှမ်းနေသူ တိုနီ မိုရီနိုက Google Earth ကနေတစ်ဆင့်တွေ့ရှိခဲ့ရတာပါ။
(၈)မီတာအကျယ်အဆိုပါအရာဝတ္ထုပေါ်ထူးဆန်းတဲ့စာတွေတွေ့ရပြီး မြေပြင်မှာလည်း ယင်းရဲ့အရိပ်တွေကျနေတယ်လို့ ဆိုပါတယ်။
တော်ဝင်ဇနီးမောင်နှံဟာ အိပ်ခန်း၉ခန်းနှင့် သန့်စင်ခန်း၁၆ခန်းပါ စတုရန်းပေ ၁၈၀၀၀ရှိတဲ့ မွန်တီစီတိုက အဆိုပါ စံအိမ်ကြီးကို ပြီးခဲ့တဲ့ ၂၀၂၁ နွေရာသီတုန်းက ဝယ်ယူခဲ့တာဖြစ်ပါတယ်။
အဆိုပါနေရာတစ်ဝိုက်ကို အရင်ကလည်း ထူးဆန်းပြီး အမျိုးအမည်မသိအရာဝတ္ထုတွေ ပျံသန်းခဲ့ဖူးတယ်လို့ သတင်းစာက ရေးသားပါတယ်။
ဆန်တာဘာဘရာမှာ ၂၀၀၀ပြည့်နှစ် နိုဝင်ဘာနှင့်ဒီဇင်ဘာအတွင်း အမျိုးအမည်မသိ ပန်းကန်ပြားပျံ ၂၉စီး တွေ့ရှိခဲ့တယ်လို့ The Mutual UFO Network အဖွဲ့က စာရင်းပြုစုထားပါတယ်။
နာဆာအဖွဲ့က အဆိုပါယာဉ်များနှင့်ပတ်သက်လို့ လူသိရှင်ကြား အစည်းအဝေးတစ်ခုကျင်းပနေတဲ့အချိန်မှာ ယခုယာဉ်ပျံတစ်ခုကိုတွေ့ကြရတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၇နှစ်အတွင်း အမျိုးအမည်မသိယာဉ်ပျံ ၈၀၀ခန့်တွေ့ခဲ့ရတယ် ဆိုတဲ့ သတင်းပေးပို့ချက်တွေကို အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ရရှိခဲ့ပါတယ်။
Source New York Post
ဆက်လက်ဖတ်ရှုရန်..⏭⏭⏭
✅Website>>>> https://www.yangonmediagroup.com/index.php/local-news/19-world/12267-2023-05-21-05-28-28
✅Telegram>>>>>https://t.me/yangonmediagroup/19264
#YangonMediaGroup
#UFO
#ပန်းကန်ပြားပျံ-အမေရိကန်
#World_Science
Published_ 4 May 2023
မက်ဆာချူဆက်တက္ကသိုလ်မှ သုတေသီများက လေထုထဲကနေ ရုတ်တရက်ထွက်လာတဲ့စွမ်းအင်ကို ဖန်တီးနိုင်မယ့်နည်းလမ်းအား ရှာဖွေတွေ့ရှိခဲ့ပြီလို့ ဆိုကြပါတယ်။
လေထုစိုထိုင်းဆကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးတဲ့ ကိရိယာလေးတစ်ခုကို တီထွင်ခဲ့ပြီး ကမ္ဘာမြေမှာလိုအပ်တဲ့ သန့်စင်စွမ်းအင်လိုအပ်ချက်အတွက် များစွာမြှင့်တင်ပေးနိုင်ဖွယ် ရှိနေပါတယ်။
လေထုဟာ အချိန်တိုင်းစိုထိုင်းဆရှိနေတာကြောင့် ထိုကိရိယာဖြင့် လေရဲ့အစွမ်းသတ္တိကိုအသုံးချပြီး ၂၄ နာရီ တစ်ပတ်လုံး အကန့်အသတ်မဲ့စွမ်းအင်ရရှိရန် အရင်းအမြစ်ဖြစ်လာနိုင်တယ်လို့ သုတေသီများယူဆနေကြပါတယ်။
ထိုရှာဖွေတွေ့ရှိမှုရဲ့နောက်ကွယ်က သိပ္ပံပညာက အလွန်ရိုးရှင်းပါတယ်။
လေထဲမှာ လျှပ်စစ်ဓာတ်နဲ့ တိမ်တိုက်များစွာပါဝင်ပြီး ရေစက်အမှုန်များအစုလိုက်ပါဝင်ကာ တစ်စက်ချင်းစီက လျှပ်စီးကြောင်းထုတ်လုပ်ပေးနိုင်တဲ့ လျှပ်စီးအားပါဝင်နေပါတယ်။
အရင်ကတော့ လျှပ်စီးကြောင်းကနေ လျှပ်စစ်ကို ဘယ်လိုဘေးကင်းစွာဖမ်းယူရမလဲဆိုတာကို မသိခဲ့ပါဘူး။
Advanced Materials ဂျာနယ်မှာဖော်ပြချက်အရ အော်ဂဲနစ်မဟုတ်တဲ့ပစ္စည်း၊ အော်ဂဲနစ်ပစ္စည်း၊ ဇီဝပစ္စည်းအများအပြားနဲ့ ဖမ်းယူလို့ရတယ်လို့ ဆိုပါတယ်။
သုတေသီတွေက လျှပ်စစ်ဓာတ်အားထုတ်ပေးနိုင်တဲ့ တိမ်တစ်ခုကို ဖန်တီးခဲ့ပါတယ်။
ထိုကိရိယာမှာ ၁၀၀ နာနိုမီတာထက်သေးတဲ့ အပေါက်လေးများပါဝင်ပါက လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။
"ဒါဟာအလွန်စိတ်လှုပ်ရှားစရာကောင်းပြီး လေထဲကနေ ရုတ်တရက်ထွက်လာတဲ့ သန့်စင်လျှပ်စစ်စွမ်းအင်ကို ရယူနိုင်ဖို့ အခွင့်အလမ်းပေါ်ပေါက်လာပါပြီ" လို့ စာတမ်းပြုစုသူ'ရှောင်မန်လျူ'က ပြောပြခဲ့ပါတယ်။
ဒီလိုလျှပ်စစ်ဓာတ်အားထုတ်ယူတာနဲ့ ပတ်သက်ပြီး မဲလ်ဘုန်းမြို့ မိုနက်ရှ်တက္ကသိုလ်မှသုတေသီများကလည်း အောင်မြင်မှုအချို့ရရှိခဲ့ပါတယ်။
သိပ္ပံပညာရှင်တွေက မြေကြီးဘက်တီးရီးယားမှ ဟိုက်ဒရိုဂျင်အသုံးပြုတဲ့အင်ဇိုင်းကို တွေ့ရှိခဲ့ကာ လေထုကို စွမ်းအင်အရင်းအမြစ်ဖြစ် အသုံးချပြီး လျှပ်စစ်အားထုတ်လုပ်ပေးပါတယ်။
ထိုအင်ဇိုင်းကို လေအားပေးပစ္စည်းငယ်တွေမှာ အသုံးပြုပြီး ဆိုလာစွမ်းအင်သုံးပစ္စည်းတွေအစား အသုံးချတာဖြစ်ပါတယ်။
Source: WION
#World_Science #လေထုထဲမှလျှပ်စစ်ဓာတ်အားထုတ်လုပ် #သိပ္ပံပညာရှင်များရှာဖွေတွေ့ရှိ
#YMG #Yangon_Media_Group
#World_Science
Published_ 4 June 2023
ကမ္ဘာကြီးက ၁.၅ ဒီဂရီဆဲလ်စီးယပ်စ်သတ်မှတ်ချက်ကို ကျော်လွန်ရန်နီးစပ်နေပြီး ရာသီဥတုဖောက်ပြန်မှုကြီး ဖြစ်လာဖွယ်ရှိကာ သတ်မှတ်ထားတဲ့အတိုင်း ကမ္ဘာလုံးဆိုင်ရာပူနွေးလာခြင်းကို တားဆီးနိုင်ရင်တောင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဒုက္ခခံစားရခြင်းများ သက်သာစေမှာမဟုတ်ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။
Nature ဂျာနယ်မှာဖော်ပြချက်အရ အနည်းဆုံးလူသန်း ၂၀၀ လောက်ဟာ မနေနိုင်လောက်တဲ့အပူဒဏ်ခံစားရနိုင်ပြီး လူသန်း ၅၀၀ ကတော့ တစ်ကမ္ဘာလုံးပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်းကြောင့် ပျက်စီးခြင်းနဲ့ရင်ဆိုင်ရနိုင်တယ်လို့ ဖော်ပြနေပါတယ်။
အပူချိန်သတ်မှတ်ချက်က ၁ ဒီဂရီအောက်သာရှိသင့်ပြီး အခုဆိုရင်ကမ္ဘာမြေရဲ့အပူချိန်က လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀ ကထက် ၁.၂ ဒီဂရီဆဲလ်စီးယပ်စ်မြင့်တက်နေပြီဖြစ်ပါတယ်။
ကမ္ဘာကြီးပူနွေးလာမှုကို ထိန်းချုပ်ဖို့ ကမ္ဘာလုံးဆိုင်ရာစံသတ်မှတ်ချက်အသစ် ချမှတ်ဖို့ သိပ္ပံပညာရှင်များ တောင်းဆိုနေပါတယ်။
ဒီလိုကူးပြောင်းမှုပြုလုပ်ဖို့အတွက် စွမ်းအင်၊ စားနပ်ရိက္ခာ၊ မြို့ပြ၊ အခြားကဏ္ဍတွေမှာ စနစ်ကျနေရမှာဖြစ်ပြီး စီးပွားရေး၊ နည်းပညာ၊ နိုင်ငံရေးနဲ့ အခက်အခဲဖြစ်သူများအတွက် အရင်းအမြစ်လျှော့ချသုံးစွဲမှုတို့ဖြင့် ဆောင်ရွက်ပေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်ပြီး လက်ရှိပေါ်လစီများနဲ့ သဘောထားများအတိုင်းဆက်သွားပါက ရာစုနှစ်အကုန်မှာ အပူချိန် ၂.၇ ဒီဂရီဆဲလ်စီးယပ်စ်မြင့်တက်လာနိုင်တယ်လို့ ကျွမ်းကျင်သူများက သတိပေးထားပါတယ်။
ဘေးအန္တရာယ်ဆိုးကြီး ရှောင်လွှဲနိုင်ဖို့ဆိုရင် လက်ရှိအပူချိန်ကို ၁ ဒီဂရီအောက်လျှော့ချနိုင်ဖို့ လိုအပ်ပါတယ်။
နိုင်ငံပေါင်း ၂၀၀ နီးပါးက ကမ္ဘာကြီးပူနွေးမှုကို ၁.၅ ဒီဂရီဆဲလ်စီးယပ်စ်မှာ ကန့်သတ်ထားရှိဖို့ ရည်မှန်းထားတဲ့ ရာသီဥတုအစီအစဉ်အတိုင်း လုပ်ဆောင်နေပါတယ်။
ဒါပေမဲ့ ကာဗွန်ထုတ်လွှတ်မှုနဲ့ ကမ္ဘာ့အပူချိန်မြင့်တက်ခြင်းတို့ကြောင့် ဒီသတ်မှတ်ချက်ထက် ကျော်လွန်ဖွယ်များနေပါတယ်။
ဒီအကြောင်းတွေကို လူသိရှင်ကြားထုတ်ပြောရန် တွန့်ဆုတ်တတ်ကြပြီး လက်ရှိပူနွေးမှုကြောင့် အပူချိန် ၁.၅ ဒီဂရီဆဲလ်စီးယပ်စ် ကျော်သွားမှာကို မရှောင်လွှဲနိုင်ဘူးလို့ ယုံကြည်နေကြပါတယ်။
ဒီလိုအပူချိန်လွန်ကဲလာခြင်းရဲ့ ဂယက်ရိုက်ခတ်မှုတွေက သိပ္ပံအသိုင်းအဝန်းနဲ့ မူဝါဒများကြား အခြေအတင်ဖြစ်စေပြီး ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုစီမံကိန်းရဲ့ဗဟိုမဏ္ဍိုင်ကို စိန်ခေါ်လျက်ရှိပါတယ်။
Source: WION.
#World_Science #ကမ္ဘာ့အပူချိန်(၁.၅)ဒီဂရီဆဲလ်စီးယပ်စ်တိုးလာခြင်း #ကမ္ဘာမြေပျက်စီးခြင်းဖြစ်နိုင် #သိပ္ပံပညာရှင်များသတိပေး
#YMG #Yangon_Media_Group
Published 3 June 2023 ၂၀၂၂ ခုနှစ် ဧပြီလတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် ဘိုအောအာရှဖိုရမ်ဖွင့်ပွဲအခမ်းအနား၌ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်ကို တင်ပြခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး၏ ကျယ်ကျယ်ပြန့်ပြန့်ထောက်ခံအားပေးမှုနှင့် တက်တက်ကြွကြွတုံ့ပြန်မှုရရှိခဲ့တယ်လို့သိရပါတယ်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် တရုတ်နိုင်ငံက “ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအဆိုပြုချက် အယူအဆစာတမ်း” ဆိုတာဘာလဲ။
Source : China Embassy Yangon
#World_Politics
Published 2 June 2023
ကမ္ဘာ့ငြိမ်းချမ်းရေးကို မဆောင်ယူနိုင်မယ့် အန္တရာယ်ရှိကာကွယ်ရေးမူဝါဒများ အကောင်အထည်ဖော်ရန် အမေရိကန်က ဂျပန်နိုင်ငံကို တွန်းအားပေးခဲ့ကြောင်း ဂျပန်ပညာရှင်များက ပြောပြခဲ့ပါတယ်။
#World_Politics #အမေရိကန်တွန်းအားပေး #စစ်ကာကွယ်ရေးပြင်ဆင်မှုများဂျပန်အစိုးရလုပ်ဆောင်
#YMG #Yangon_Media_Group
#Daily_News
Published_ 3 June 2023
၁။ ဗန်းမော်ဆရာတော်ကြီး၏ အရိုးဓာတ်ပြာကို ကရဝိက်ရေယာဉ်ဖြင့် ပင့်ဆောင်ပြီး ရေမျှောပူဇော်ရန် ကြိုတင်ပြင်ဆင်နေ
၂။ အခွန်နှုန်းထား အပြောင်းအလဲရှိမရှိ စောင့်ကြည့်နေရ၍ အိမ်ခြံမြေဈေးကွက်အရောင်းအေးခဲ့ ၊လာမည့်လမှအရောင်းအဝယ်ပြန်ဖြစ်နိုင်
၃။ အစိုးရပါဠိပထမပြန်စာမေးပွဲ အထူးအောင်သည့် ရဟန်းရှင်လူ(၂၁၉၉၀)ဦးရှိ
၄။ အမေရိကန် တွန်းအားပေးမှုကြောင့် အန္တရာယ်ရှိသည့် စစ်ကာကွယ်ရေးပြင်ဆင်မှုများ ဂျပန်အစိုးရလုပ်ဆောင်နေ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#World_Health
Published_ 3 June 2023
အီလက်ထရောနစ်စီးကရက်အသုံးပြုတဲ့ ဆယ်ကျော်သက်တွေ လူငယ်တွေ သိသိသာသာများပြားလာပါတယ်။
ကမ္ဘာတဝှမ်းမှာ ဆေးလိပ်သောက်သူ ၁.၁ ဘီလီယံရှိပြီး နှစ်စဉ်သေဆုံးသူ ၇ သန်းကျော်ရှိကာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူထက် ပိုများနေပါတယ်။
ဆေးလိပ်သောက်ခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေက ပြောင်းလဲခြင်းမရှိဘူးဆိုပါက ၂၀၃၀ မှာ ဆေးလိပ်နဲ့ပတ်သက်တဲ့ ရောဂါကြောင့် လူ ၈ သန်းကျော်သေဆုံးလိမ့်မယ်လို့ WHO က ဆိုပါတယ်။
အစ္စရေးလ်မှာ ဆေးလိပ်သောက်ခြင်း ဒါမှမဟုတ် ဆေးလိပ်ငွေ့ရှူမိခြင်းကြောင့် ကင်ဆာ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချို၊ အဆုတ်ရောင်ရောဂါတို့ဖြစ်ပွားကာ တစ်နာရီနီးပါးကြာတိုင်း လူတစ်ယောက်နှုန်းသေဆုံးနေရပါတယ်။
ဒါ့အပြင် မျက်လုံးရောဂါ၊ ကိုယ်ခံအားကျဆင်းခြင်းရောဂါ၊ လေးဖက်နာ၊ မျိုးမအောင်တဲ့ပြဿနာများလည်း ဖြစ်ပွားနိုင်ပါတယ်။
လူငယ်တွေကြား ခေတ်စားလာတဲ့ အီး-စီးကရက်သုံးစွဲမှုမြင့်မားလာခြင်းကိုလည်း စိုးရိမ်နေရပါတယ်။
ဒီလို အီး-စီးကရက်တွေနဲ့ အနံ့အရသာပါတဲ့ ဆေးလိပ်ထုတ်ကုန်တွေရောင်းချခြင်းကို တားမြစ်သင့်တယ်လို့ ICA အထွေထွေညွှန်ကြားရေးမှူးချုပ်က ပြောကြားလိုက်ပါတယ်။
အီး-စီးကရက်တွေ ရေရှည်သုံးစွဲခြင်းကြောင့် နှလုံးနဲ့ အဆုတ်ကျန်းမာရေးကို ထိခိုက်စေပါတယ်။
အီး-စီးကရက်၊ ဆေးလိပ်သောက်သုံးသူတွေနဲ့ ဆေးလိပ်မသောက်သူတွေကို စမ်းသပ်စစ်ဆေးခဲ့ကြပါတယ်။
စီးကရက်သောက်သူတွေမှာ အပေါ်သွေး ၆ မီလီမီတာမာကျူရီတက်တဲ့အပြင် နှလုံးခုန်နှုန်းသိသိသာသာမြင့်တက်နေပြီး သွေးကြောများကျဉ်းသွားပါတယ်။
ချိုမွှေးတဲ့အနံ့အရသာပါတဲ့ အီး-စီးကရက်သောက်သုံးသူတွေက DNA ကို အများဆုံးထိခိုက်တာကိုလည်း တွေ့ရှိခဲ့ပါတယ်။
အီး-စီးကရက်ဟာ ဘေးထွက်ဆိုးကျိုးမရှိဘူးလို့ အယူမှားနေကြကာ ပုံမှန်စီးကရက်သောကခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများအပြင် DNA ကိုပါထိခိုက်စေပါတယ်။
ဆေးလိပ်သောက်ခြင်းကြောင့် အသက်ကြီးတဲ့အခါ မှတ်ဉာဏ်စွမ်းရည်လည်း လျော့ကျလာပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group #Daily_News #YMG
Page 541 of 978