Published 04 December 2023
ပင်လယ်နီတောင်ပိုင်းရှိ နိုင်ငံတကာရေပိုင်နက်အတွင်း ကုန်သင်္ဘော ၃ စင်း တိုက်ခိုက်ခံခဲ့ရကြောင်း အမေရိကန်စစ်တပ်က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
ထိုနေရာမှ အစ္စရေးလ်သင်္ဘော ၂ စင်းကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့တယ်လို့ ယီမင်မှ ဟူသီအဖွဲ့က အခိုင်အမာ ဆိုလိုက်ပါတယ်။
ထိုအဖြစ်အပျက်ပြီးနောက် ဟူသီတို့အုပ်စိုးနေတဲ့ ထိုဒေသမှာ အမေရိကန်ဖျက်သင်္ဘော The Carney က လာရောက်ကူညီပေးခဲ့ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ်က ဆိုပါတယ်။
ယီမင်မှ ဟူသီလှုပ်ရှားရေးအဖွဲ့က လက်နက်တပ်ဆင် ဒရုန်း၊ ရေကြောင်းဒုံးကျည်ဖြင့် Unity Explorer နဲ့ Number 9 အစ္စရေးလ်သင်္ဘောတို့ကို တိုက်ခိုက်ခဲ့တယ်လို့ ပြောကြားထားပါတယ်။
ထိုသင်္ဘော ၂ စင်းဟာ သတိပေးချက်ကို ငြင်းပယ်ခဲ့တာကြောင့် ပစ်မှတ်ထား တိုက်ခိုက်ခံရတာဖြစ်ကြောင်း ဟူသီအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
ဒီတိုက်ခိုက်မှုတွေဟာ ယီမင်ပြည်သူတွေရဲ့ အလိုအတိုင်း၊ ပါလက်စ်တိုင်းသားတွေဘက်က ရပ်တည်တဲ့ အစ္စလာမ်နိုင်ငံများရဲ့ တောင်းဆိုချက်အတိုင်း ဖြည့်ဆည်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ရုပ်သံအစီအစဥ်ကနေ ပြောကြားခဲ့ပါတယ်။
The Carney သင်္ဘောဟာ ဒရုန်း ၃ စင်းကို ပစ်ချနိုင်ခဲ့ပြီး ကုန်သင်္ဘောများကို ကူညီပေးခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောပြပါတယ်။
ဒါဟာ နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးကို ခြိမ်းခြောက်လာတာ ဖြစ်ပြီး ဟူသီတို့တိုက်ခိုက်မှုဟာ အီရန်မှ အပြည့်အဝ ထောက်ပံ့တာဖြစ်မယ်လို့ ယူဆနိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။
တိုက်ခိုက်ခံရတဲ့ သင်္ဘော ၂ စင်းဟာ အစ္စရေးလ်နဲ့ ဆက်စပ်ခြင်းမရှိဘဲ တစ်စင်းက အတော်လေး ထိခိုက်ပျက်စီးခဲ့ကာ နစ်မြုပ်နိုင်ဖွယ်အန္တရာယ် ရှိနေပြီး နောက်တစ်စင်းကတော့ အနည်းငယ်သာ ထိခိုက်ခဲ့တယ်လို့ အစ္စရေးလ်စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။
အစ္စရေးလ်နိုင်ငံနဲ့ ပါလက်စ်တိုင်းစစ်သွေးကြွ ဟားမတ်စ်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်း ရေပြင်မှာ တိုက်ခိုက်မှုတွေ အဆက်မပြတ် ဖြစ်ပွားနေပါတယ်။
ယီမင် ပင်လယ်နီကမ်းရိုးတန်း အများစုကို ထိန်းချုပ်ထားတဲ့ ဟူသီအဖွဲ့ဟာ အစ္စရေးလ်ဘက်ကို ပဲ့ထိန်းဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ပြီး အစ္စရေးလ်သင်္ဘောများကို ထပ်မံတိုက်ခိုက်သွားဦးမယ်လို့ ဆိုထားပါတယ်။
Source: Reuters
#World_News
#ပင်လယ်နီ #အမေရိကန်စစ်တပ် #အစ္စရေးလ် #ပါလက်စ်တိုင်းစစ်သွေးကြွ #ဟားမတ်စ်အဖွဲ့
#Yangon_Times #YMG_News #Yangon_Media_Group
#World_Science
Published 04 December 2023
အမေရိကန်အစိုးရက လူသားထုတ်လုပ်တာ မဟုတ်တဲ့ ယာဥ်မျိုး အနည်းဆုံး ၉ စင်းကို အောင်မြင်စွာ ပြန်လည်သိမ်းယူရရှိခဲ့ကာ အချို့ယာဥ်တွေက တိုက်မိခြင်းကြောင့် ပျက်စီးနေသလို ၂ စင်းကတော့ အကောင်းအတိုင်းဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။
CIA ရုံးချုပ်က ကမ္ဘာတဝှမ်းမှ ပျက်စီးထားတဲ့ အမျိုးအမည်မသိ ယာဥ်ပျံ(UFO)တွေကို သိမ်းဆည်းရရှိထားတယ်လို့ သတင်းရင်းမြစ်တွေက ဆိုထားပါတယ်။
CIA ဟာ ၂၀၀၃ ခုနှစ်ကတည်းက UFO ရှာဖွေရေးလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်လာတာ ဖြစ်ပါတယ်။
CIA ရဲ့ စနစ်တွေထဲမှာ ဖုံးကွယ်ထားတဲ့ UFO များ ရှာဖွေရေး၊ အဆိုပါယာဥ်များ ဆင်းသက်တိုက်မိခြင်း ဒါမှမဟုတ် လူသားတွေကြောင့် ရောက်ရှိလာချိန်မှာ ကယ်ဆယ်ရေးများ လုပ်ဆောင်ဖို့ အထူးစစ်ရေးအဖွဲ့ စေလွှတ်ခြင်းတို့ ပါဝင်ပါတယ်။
CIA အဓိကမစ်ရှင်တွေထဲမှာ နျူကလီးယားလက်နက်နဲ့ ပျက်ကျလာသော ဂြိုဟ်တုများ ပြန်ဆယ်ယူခြင်းလိုမျိုး သမားရိုးကျ ပြန်ဆယ်ယူခြင်းတာဝန်တွေ ပါဝင်နေကာ အချို့ကတော့ UFO ရှာဖွေသိမ်းဆည်းခြင်းတွေ အဓိကလုပ်ဆောင်နေတယ်လို့ ဆိုကြပါတယ်။
အဓိကတာဝန်တစ်ခုက UFO တွေကို အလျင်အမြန် ဆယ်ယူဖို့နဲ့ လျှို့ဝှက်ချက် ထိန်းသိမ်းထားရန် ဖြစ်တယ်လို့ သတင်းရင်းမြစ်များက ဆိုပါတယ်။
၂၀၂၄ စစ်အသုံးစရိတ် ဥပဒေကြမ်း ပြင်ဆင်ချက်အဖြစ် ထည့်သွင်းဖို့ရှိတဲ့ စခူမာဥပဒေကြမ်းဟာ လူသားတွေ မသိရှိတဲ့ နည်းပညာများနဲ့ ထောက်လှမ်းရေးများ၊ ရှင်းမပြနိုင်တဲ့ ဖြစ်စဥ်များကို အမေရိကန်ပြည်သူတွေထံ ချပြရန် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာတွေဟာ သတင်းအချက်အလက် ရရှိရန် ကြိုးပမ်းနေတဲ့ထဲ ပါဝင်ပေမယ့် တိကျတဲ့အကြာင်းအရာတွေ မရှိဘဲဖြစ်နေတယ်လို့ မစ်ဆူရီမှ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် အဲရစ်ဘာလီဆန်က ပြောပြသွားပါတယ်။
#World_Science #UFO အနည်းဆုံး(၉)စင်း #CIA မှ ရှာဖွေသိမ်းဆည်း #Source: WION
၃ ဒီဇင်ဘာ ၂၀၂၃
တရုတ်နိုင်ငံထုတ် လျှပ်စစ်အီးဗွီကားတွေကို အပြင်းအထန်ယာဉ်တိုက်မှုခံနိုင်ရည်စစ်ဆေးမှုတွေဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ တရုတ်နိုင်ငံ မော်တော်ယာဉ်နည်းပညာနှင့်သုတေသနစင်တာမှာ မော်တော်ယာဉ်တွေ ဘေးအန္တရာယ်ကင်းရှင်းရေးစိတ်ချရအောင်အတွက် အဆိုပါ ယာဉ်တိုက်ခံနိုင်ရည်စစ်ဆေးခဲ့တာဖြစ်ပါတယ်။
စမ်းသပ်မှုတွေမှာ ယာဉ်အရှေ့-အနောက်တိုက်မှု၊ ဘေးမှစောင့်တိုက်မှု၊တိမ်းမှောက်တိုက်မှုတွေကို ပြုလုပ်ခဲ့ပြီး ယာဉ်တည်ဆောက်ဖွဲ့စည်းမှုနှင့် လျှပ်စစ်ပိုင်းဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းမှုတွေကို အကဲဖြတ်ခဲ့ကြပါတယ်။
Source CCYV+
Published 03 December 2023
#World_Research
Published 03 December 2023
စကားပြောဆို ဆက်ဆံတဲ့အခါ မျက်လုံးအကြည့်က ဘယ်လောက်အရေးကြီးပြီး ပြောဆိုနေတဲ့သူနဲ့ ဘယ်လောက်အထိ ထိရောက်စွာ ဆက်ဆံနိုင်လဲဆိုတာကို ကူညီနိုင်တဲ့အပြင် လူမှုပေါင်းသင်းရေးမှာလည်း အစွမ်းထက်တဲ့ အရာ ဖြစ်နေပါတယ်။
တကယ့်လက်တွေ့ ပြောဆိုဆက်ဆံရေးမှာ မျက်လုံးချင်းကြည့်ပြီး စကားပြောဆိုပုံရဲ့ သက်ရောက်မှုကို ပထမဆုံးလေ့လာခဲ့တာ ဖြစ်ကြောင်း ကနေဒါနိုင်ငံ မက်ဂေးလ်တက္ကသိုလ်မှ စိတ်ပညာရှင် ဖလော်ရန့်စ်မေရန်းက ဆိုလိုက်ပါတယ်။
လေ့လာချက် ပထမအပိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက်မသိကြတဲ့ သူစိမ်း ၁၅ ဦးကို မျက်နှာချင်းဆိုင် စကားပြောဆိုစေပြီး မျက်လုံးအကြည့်ပုံစံတွေကို ကြည့််ရှုခဲ့ကြပါတယ်။
မျက်လုံးစောင့်ကြည့်ကိရိယာများ၊ ရှေ့မြင်ကင်မရာတို့ အသုံးပြုကာ စမ်းသပ်ခံသူတွေက အခြားတစ်ယောက်ရဲ့ ပါးစပ်၊ မျက်လုံးတို့ကို ဘယ်လောက်အထိ အပြန်အလှန် ကြည့်ကြလဲဆိုတာကို သုတေသီများ မှတ်သားခဲ့ကြပါတယ်။
ဒုတိယအပိုင်းမှာတော့ စကားပြောဖော်ရဲ့ မျက်နှာ ဘက်အမျိုးမျိုးသို့ ကြည့်ရှုနေချိန်မှာ သူ့ကိုဘယ်လိုကြည့်ဖြစ်လဲဆိုတာကို လေ့လာကြည့်ရှုကာ နောက်ပိုင်းမှာ အမျိုးသမီး ၁၂ ဦးနဲ့ အမျိုးသား ၂ ဦး၊ စုစုပေါင်းအတွဲ ၇ တွဲကို လေ့လာခဲ့ပါတယ်။
လေ့လာချက်ကို သုံးသပ်ရာမှာ မျက်နှာကိုကြည့်ရှုချိန်ထက် အဝေးကိုကြည့်ချိန်က ပိုများနေပါတယ်။
မျက်နှာကို ကြည့်ချိန်မှာလည်း ပါးစပ်နဲ့ မျက်လုံးနားတဝိုက်ကိုသာ ကြည့်ရှုတာများပြီး အမှန်တကယ် မျက်လုံးချင်းကြည့်ပြောတာမျိုး ရှားပါးခဲ့ပါတယ်။
အများဆုံးကတော့ အပြန်အလှန် မျက်လုံးကနေ ပါးစပ်ကို ကြည့်ရှုတာပဲ ဖြစ်ပါတယ်။
စမ်းသပ်ခံသူတွေကြား အမှန်တကယ် စိတ်ပါဝင်စားစွာ ကြည့်ရှုပြောဆိုချိန်က ၁၂ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။
ဒီထက်ပိုဆိုးတာက မျက်လုံးချင်းကြည့် ပြောဆိုချိန်က ၃.၅ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။
လူတွေကြား ပြောဆိုဆက်ဆံမှုမှာ တစ်ယောက်မျကလုံး တစ်ယောက်ကြည့်ပြီး ပြောဆိုတဲ့အချိန်က အရေးကြီးနေပြီး အကြည့်ပုံစံအမျိုးမျိုးဖြင့် ကြည့်ရှုခြင်းက ပေးချင်တဲ့ သတင်းစကားကို ပြောဆိုရာမှာ အသုံးဝင်နိုင်ဖွယ် ရှိနေပါတယ်။
သုတေသနအဖွဲ့ကတော့ ထိုလေ့လာချက်ကို ပိုမိုကြီးမားကျယ်ပြန့်တဲ့ ပုံစံဖြင့် ထပ်မံလေ့လာသွားဦးမယ်လို့ ဆိုပါတယ်။
#World_Research #မျက်လုံးချင်းကြည့်ပြောဆိုခြင်း #သုတေသီများလေ့လာ #Source: WION
တောင်ကိုရီးယားနိုင်ငံမှာ ငွေကြေးဖောင်းပွမှုဒဏ်ကို ကျော်လွှားနိုင်ရန်အတွက် လူတွေက ဈေးသက်သာတဲ့ ကုန်ပစ္စည်းတွေကို ရှာဖွေလာကြရာ အကုန်အကျ သက်သာပြီး အလေးချိန်နဲ့ချိန်ရောင်းတဲ့ တစ်လက်ကျအထည်ဆိုင်တွေကို စိတ်ဝင်စားလာကြပါတယ်။
#Asia_News
Published 02 December 2023
#ငွေကြေးဖောင်းပွမှု #တောင်ကိုရီးယား
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published 02 December 2023
၁။ ကျပ်သိန်း ၅၀၀၀ ဆုကြီးကို ရန်ကုန်မြို့မှ သက်ကြီးပင်စင်စားဦးလေးကြီး စတင်ဆွတ်ခူး
၂။ ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာဗိုဗီနမ်အားကစားအသင်းရွှေနှစ်ဆုအပါအဝင် ဆု ၁၄ ဆုဆွတ်ခူးရရှိ
၃။ လားရှိုး-သီပေါကို ဆက်သွယ်ထားသည့် စဉ့်အင်တံတား ကျိုးကျသွားသောကြောင့် ကုန်စည်စီးဆင်းမှု အခက်အခဲဖြစ်နေဟုဆို
၄။ ငွေကြေးဖောင်းပွမှုမြင့်မားလာသဖြင့် တောင်ကိုရီးယားတွင် တစ်ပတ်နွမ်းအထည်ဆိုင်များ၌ ဝယ်ယူသူများပြားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 410 of 982