#DailyNews
Published _ 5 October 2022
၁။ ပြည်ပကိုထွက်မည့်သူများ အဝယ်လိုက်နေ၍ အမေရိကန်ဒေါ်လာဈေး အနည်းငယ် ပြန်တက်လာဟုဆို
၂။ ရွှေတိဂုံစေတီတော်ကို ပြည်ပခရီးသွားများနေ့စဉ်ဝင်ရောက်၊ အဖွဲ့လိုက် Tour များ လာရောက်ခြင်း မရှိသေးဟုဆို
၃။ ဓာတ်ဆီ 92 တစ်လီတာ ကျပ် ၁၉၀၀ အောက်ထပ်မံကျဆင်းလာ
၄။ လုယူခံခဲ့ရသည့် နယူးဇီလန်ဒေသခံလူမျိုးများ၏ ရုပ်ကြွင်းများအား ဩစတြီးယားပြန်လည်အပ်နှံ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 5 Oct 2022
အိန္ဒိယနိုင်ငံဟာ ပြည်တွင်းထုတ် တိုက်ခိုက်ရေးရဟတ်ယာဉ် ပထမတစ်သုတ်ကို တနင်္လာနေ့က ထုတ်ဖော်ပြသလိုက်ပါတယ်။ အဆိုပါ တိုက်ခိုက်ရေး ရဟတ်ယာဉ်ဟာ ဟိမဝန္တာလိုနေရာမျိုးမှာ အသုံးပြုနိုင်မယ့် အမြင့်ပျံရဟတ်ယာဉ်အမျိုးအစားအဖြစ် အခြေခံ ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။
အပေါ့စား တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေဟာ ရုရှားကနေမှီခိုနေရတာကို လျှော့ချတဲ့ အိန္ဒိယရဲ့ ကြိုးပမ်းအားထုတ်မှု ဖြစ်ပါတယ်။
ယခုတိုက်ခိုက်ရေးရဟတ်ယာဉ်တွေကို ဟင်ဒူစတန်အဲရိုနော့တစ်လိမိတက် (အိတ်ချ်အေအယ်လ်)က ထုတ်လုပ်တာဖြစ်ပြီး အိန္ဒိယလေတပ်ရဲ့ တိုက်ပွဲစွမ်းရည်တွေကို ကြီးမားစွာမြှင့်တင်ပေးမှုတစ်ရပ်ပဲဖြစ်တယ် လို့ ကာကွယ်ရေးဝန်ကြီး ရာချ်နက် ဆင်းက အိန္ဒိယအနောက်ပိုင်း ဂျိုပါး လေတပ်အခြေစိုက်စခန်းမှာ သတင်းထောက်တွေကိုပြောပါတယ်။
“ အလွန်အရေးပါတဲ့အခမ်းအနားဖြစ်တယ်။ အထူးဂုဏ်ယူစရာ ပြီးတော့ ဆယ်စုနှစ်နှစ်စုမှာ လုံ့လဝီရိယရှိရှိ သုတေသနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ခဲ့တဲ့ အကျိုးရလာဒ်တစ်ခုဖြစ်တယ်” လို့ ဆင်းကပြောပါတယ်။
ရဟတ်ယာဉ်ကို ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ တစ်သောင်းခြောက်ထောင် အထိ စမ်းသပ်ပျံသန်းပေးပြီးပြီလို့ အရာရှိတွေကပြောပါတယ်။
အိန္ဒိယဟာ ပြည်တွင်းကာကွယ်ရေးဆိုင်ရာစက်မှုလုပ်ငန်းကို တည်ဆောက်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကလည်း ပြည်တွင်းထုတ် လေယာဉ်တစ်စီးကို ထုတ်ဖော်ပြသခဲ့ပါသေးတယ်။

Source AFP
#Hindustan_Aeronautics_Limited
#India_made_Light_Combat_Helicopters
#India_Defence_Industry
#Health_Development
Published 5 October 2022
ကင်ဆာပျံ့ပွားပုံကို နားလည်သဘောပေါက်လာခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ ကုသမှုများရရှိလာနိုင်တယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။
ကင်ဆာဆဲလ်များက ခန္ဓာကိုယ်မှာပျံ့နှံ့စေရန် ကျန်းမာတဲ့ဆဲလ်တွေရဲ့ လုပ်ငန်းစဉ်ကို အပိုင်စီးနင်းလိုက်ကာ ကင်ဆာနဲ့ပတ်သက်တဲ့ လက်ရှိအယူအဆတွေကို လုံးဝပြောင်းလဲစေပါတယ်။
ကင်ဆာလူနာတွေထဲမှာ သေဆုံးရတဲ့အဓိကအကြောင်းအရင်းတစ်ခုဖြစ်တဲ့ အကျိတ်ပျံ့ပွားခြင်းက ပျံ့နှံ့ပြီဆိုရင် တားဆီးရအလွန်ခက်ခဲနေပါတယ်။
ဒါဟာ သုတေသီတွေက ဒီဖြစ်စဉ်ရဲ့ အဓိကသော့ချက်တွေကို ရှာတွေ့ဖို့ ခက်ခဲနေတာကြောင့် ဖြစ်ပါတယ်။
အခုတော့ NALCN ဆိုတဲ့ပရိုတိန်းတစ်မျိုးက အဓိကပါဝင်ပတ်သက်နေတယ်လို့ တွေ့ရှိထားပါတယ်။
ကြွက်တွေနဲ့စမ်းသပ်ရာမှာ NALCN ပရိုတိန်း ပိတ်ဆို့ခြင်းက ကင်ဆာအကျိတ်များ ဖြစ်လာစေကြောင်း တွေ့ရှိခဲ့ပါတယ်။
ကင်ဆာမရှိတဲ့ ကြွက်တွေထံမှ ထိုပရိုတိန်းကိုဖယ်ရှားလိုက်တဲ့အခါ ကျန်းမာတဲ့ဆဲလ်တွေက မူလတစ်ရှူးများမှ ထွက်ခွာသွားကာ အခြားခန္ဓာကိုယ်အစိတ်အပိုင်းများ ရှိရာကို သွားလာကြပါတယ်။
ဒီလိုနည်းအားဖြင့် ကင်ဆာဆဲလ်တွေက ကျန်းမာတဲ့ဆဲလ်တွေ ပျံ့နှံ့တဲ့အတိုင်း ကင်ဆာပျံ့နှံ့စေတာဖြစ်ပါတယ်။
ဒီတွေ့ရှိချက်တွေက ဆယ်စုနှစ် ၃ ခုအတွင်း အရေးပါဆုံးတွေ့ရှိမှုတွေဖြစ်ကြောင်း ယူကေကင်ဆာသုတေသနညွှန်ကြားရေးမှူး ပရော်ဖက်ဆာ'ရစ်ချက်ဂီလ်ဘတ်ဆန်'က ပြောကြားလိုက်ပါတယ်။
နောက်ထပ်လေ့လာမှုတွေပြုလုပ်နိုင်ရင် ကင်ဆာပျံ့ပွားခြင်းမှ ကာကွယ်ရန်နဲ့ ပျက်စီးသွားတဲ့အစိတ်အပိုင်းများ ပြုပြင်ရန်နည်းလမ်းများပါ ရှာဖွေနိုင်မှာဖြစ်ကြောင်း ဆိုပါတယ်။
ပရိုတိန်းတစ်ခုတည်းက ကင်ဆာပျံ့ပွားပုံနဲ့ အကျိတ်ကြီးထွားခြင်းကို ထိန်းချုပ်ရုံမက သာမန်တစ်ရှူးဆဲလ်ပျက်စီးခြင်းနဲ့ ပြုပြင်ခြင်းတို့ကိုပါ ထိန်းချုပ်နိုင်ကြောင်းကို အံ့အားသင့်ဖွယ်တွေ့ရှိရပါတယ်။
အခုဆိုရင် ကင်ဆာဆဲလ်တွေ ဘယ်လိုပျံ့ပွားလဲဆိုတာကို ပိုပြီးနားလည်လာပါပြီ။
ကင်ဆာပျံ့ပွားခြင်းကို ဖြစ်စေတဲ့အခြေအနေကို လက်ရှိဘယ်လိုဆေးတွေနဲ့ ဟန့်တားနိုင်မလဲဆိုတာ စဉ်းစားရမှာပါလို့ ပြောကြားခဲ့ပါတယ်။
Source: Daily Mail
#Yangon_Media_Group
#World_Health
Published 5 October 2022
အသက်အရွယ်အိုမင်းရခြင်းရဲ့ သဘောတရားများကို နားလည်ရန် သိပ္ပံပညာရှင်များ ခြေတစ်လှမ်းပိုမိုနီးစပ်လာပြီဖြစ်ကြောင်း ကြာသပတေးနေ့က ထုတ်ပြန်ခဲ့တဲ့ လေ့လာချက်တစ်ခုအရ သိရှိရပါတယ်။
သက်ရှိတွေရဲ့ နေထိုင်မှုသက်တမ်းဟာ အရာများစွာပေါ်မူတည်နေပေမယ့် အိုမင်းရင့်ရော်မှုဖြစ်ရတဲ့ အကြောင်းအရင်းတွေကိုတော့ နားမလည်ကြသေးပါဘူး။
လူသားတွေက အသက်ဘယ်လောက်ရှိလဲဆိုတာကို နှစ်တွေလတွေနဲ့ တွက်ချက်ကြပေမယ့် လူသားဆဲလ်တွေကတော့ ထိုအချိန်ကာလတွေကို နားမလည်ပါဘူး။
ဒါကြောင့် သိပ္ပံပညာရှင်တွေက လူသားတွေရဲ့ အချိန်ကာလအသက်နဲ့ ကွဲပြားနေတဲ့ လူသားဆဲလ်တွေရဲ့ ဇီဝဖြစ်စဉ်သက်တမ်းကို တိုင်းတာနိုင်ဖို့ နည်းလမ်းများ ရှာဖွေတီထွင်ခဲ့ကြပါတယ်။
ဆေးဝါးများဖြင့် အိုမင်းခြင်းကို ကုသနိုင်အောင် ဖန်တီးလာနိုင်ဖွယ်ရှိနေပြီး ထိုကဲ့သို့ရှာဖွေတွေ့ရှိမှုက ဆေးဝါးသုံးစွဲပုံစံအပေါ် ပြောင်းလဲလာနိုင်ဖွယ်ရှိပါတယ်။
အသက်အရွယ်ကြီးရင့်ခြင်းအကြောင်းအရင်းကို သိပ္ပံပညာရှင်များ မသိကြသေးသလို ဆဲလ်ဇီဝဖြစ်စဉ်သက်တမ်းကို မတိုင်းတာနိုင်သေးဘဲ တိတိကျကျ မစမ်းသပ်နိုင်သေးပါဘူး။
လူတစ်ဦးရဲ့ ဘဝသက်တမ်းတလျှောက်လုံး စောင့်ကြည့်ရမှာဖြစ်ပေမယ့် ဒါဟာ လက်တွေ့မဆန်တဲ့လုပ်ရပ်ဖြစ်နေပါတယ်။
အိုမင်းခြင်းကို နားလည်စေဖို့အတွက် ဒေါက်တာ'နီကိုလတ်စ်စထရူစထရပ်'ဦးဆောင်တဲ့အဖွဲ့က C. elegans ချေးပိုးကောင်တွေကို ဓာတ်ခွဲခန်းမှာစမ်းသပ်ခဲ့ကြပါတယ်။
ဒီချေးပိုးကောင်တွေက သက်တမ်း ၂ ပတ်မျှသာ ရှင်သန်နိုင်တာကြောင့် အချက်အလက်များရယူစုဆောင်းဖို့ များစွာလွယ်ကူပါတယ်။
ဒီစမ်းသပ်မှုအတွက် ဘဝသက်တမ်းတွက်ချက်စက်ကို သုတေသီများအသုံးပြုခဲ့ကြပါတယ်။
ဒီစက်က ချေးပိုးကောင် ထောင်သောင်းများစွာရဲ့ အသက်ရှင်သန်ခြင်းဖြစ်စဉ်နဲ့ သေဆုံးခြင်းဖြစ်စဉ်ကို တပြိုင်တည်းလေ့လာနိုင်မှာဖြစ်ပါတယ်။
ချေးပိုးကောင်တွေကို စမ်းသပ်ခွက်လေးတွေထဲမှာထားကာ သူတို့ရဲ့ဘဝသက်တမ်းတလျှောက်လုံး စကင်နာနဲ့ စောင့်ကြည့်ခဲ့ပါတယ်။
ထိုစက်က ချေးပိုးကောင်များကို တစ်နာရီတစ်ခါ ပုံရိပ်များရယူခဲ့ကြပါတယ်။
ချေးပိုးကောင်တွေမှာ အသက်အရွယ်ကြီးရင့်ခြင်းဖြစ်စဉ်နဲ့ သေဆုံးခြင်းဖြစ်စဉ်တို့က တပြိုင်တည်းဖြစ်ပွားခဲ့ပါတယ်။
အိုမင်းခြင်းဖြစ်စဉ်နှေးတဲ့ချေးပိုးကောင်တွေက သေဆုံးခြင်းဖြစ်စဉ်လည်း နှေးကွေးသွားပါတယ်။
လူသားတွေက ချေးပိုးကောင်များထက် ဇီဝဆဲလ်ဖြစ်စဉ်များ အလွန်များပြားတာကြောင့် ထပ်မံလေ့လာရဦးမှာဖြစ်ပါတယ်။
ရှာဖွေတွေ့ရှိမှုပြောင်းလဲမှုများမှ ရလာဒ်များကို ရိုးရိုးရှင်းရှင်းခန့်မှန်းနိုင်မယ်လို့ ယူဆတာထက် လုပ်ဆောင်ချက်ဆိုင်ရာရလာဒ်များအပေါ် ကြားဝင်ဆောင်ရွက်မှုတွေရဲ့ အကျိုးသက်ရောက်မှုကို တိုင်းတာခြင်းအပေါ် အာရုံစိုက်သင့်ပါတယ်လို့ 'စထရုစထရပ်'က သုံးသပ်ထားပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World_Archaeology
Published 4 October 2022
လွန်ခဲ့တဲ့နှစ်တစ်ထောင်ခန့်က ဘာသာရေးထုံးတမ်းဓလေ့အရ ယစ်ပူဇော်ခံခဲ့ရတဲ့ ကလေး ၇၆ ဦးရဲ့ အုတ်ဂူများကို ပီရူးနိုင်ငံမြောက်ဘက်ကမ်းရိုးတန်းရှိ စပိန်ခေတ်မတိုင်မီဘုရားကျောင်းတစ်ခုအတွင်း ရှေးဟောင်းသုတေသနပညာရှင်များ တူးဖော်တွေ့ရှိခဲ့ကြကြောင်း သုတေသီတစ်ဦးဖြစ်တဲ့ 'လူးဝစ်ဖလိုရီစ်'က AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
#Yangon_Media_Group
Published 4 Oct 2022
ရှန်ဟိုင်းမြို့ဆင်ခြေဖုံးက ကန်ကြီးတစ်ကန်အတွင်းက ကျွန်းတစ်ကျွန်းကို “ကြောင် ကျွန်း” အဖြစ် ခေါ်ဆိုနေကြပါတယ်။ ပြီးခဲ့တဲ့လက အဲဒီကျွန်းမှာ အခြေပြုတဲ့ ပရဟိတအဖွဲ့တစ်ဖွဲ့က လေလွင့်လမ်းဘေးကြောင်တွေကို အဲဒီနေရာ ခေါ်ယူထားရှိတာကစပြီး ကြောင်ကျွန်းရယ်လို့ အမည်တွင်လာတာဖြစ်ပါတယ်။
စက်တင်ဘာ ၄ရက်က စပြီး ၆၀၀ စတုရန်းမိုင် ကျယ်ဝန်းတဲ့ အဲဒီကျွန်းကို ဖွင့်ပြီးကတည်းက ကျွန်းပေါ်ကို လေလွင့်ကြောင် အကောင်ရေ ၁၀၀ကျော်ရောက်ရှိလာခဲ့ပါပြီ။ အများစုကတော့ တာဝန်သိတဲ့ ရှန်ဟိုင်းဒေသခံတွေက လာပို့ကြတဲ့ မြို့ပေါ်ကကြောင်တွေ ဖြစ်ကြပါတယ်။
“ ကလေးတွေက ကြောင်တွေမွေးချင်လို့တဲ့။ အဲဒါ မွေးရင်ကောင်းမလားဆိုတာ မဆုံးဖြတ်ရသေးဘူး” လို့ ကြောင်ကျွန်းကို လာတဲ့ ဧည့်သည်တစ်ဦးက ပြောပါတယ်။
“ ဘယ်လိုကြောင်မျိုးဖြစ်ဖြစ် အရေးမကြီးပါဘူး။ ရပ်ကွက်ထဲမှာ လေလွင့်နေတဲ့ ကြောင်တွေအများကြီးပဲ။ ကျွန်မနှင့် သား ခဏခဏလာပြီး အစာကျွေးတယ်” လို့ နောက်ဧည့်သည်တစ်ဦးကပြောပါတယ်။
ကြောင်ကျွန်းကို ရှန်ဟိုင်းလေလွင့်ကြောင်များစီမံခန့်ခွဲရေးစင်တာက တာဝန်ခံစီမံနေတာဖြစ်ပါတယ်။
ကျွန်းကိုရောက်လာတဲ့ကြောင်တွေကို သင်းကွပ်ပေးပြီး လေ့လာကြည့်ကြပါတယ် ။ကျန်းမာရေးကောင်းတဲ့ကြောင်တွေဆိုရင် လွတ်လွတ်လပ်လပ် လွှတ်ပေးထားပါတယ်။
အဲဒီစင်တာက ကျားကျင်လျန်းက “ သင်းကွပ်တဲ့မူဝါဒက ကြောင်တွေကိုကာကွယ်ပေးဖို့နှင့် ပေါက်ဖွားနှုန်းကန့်သတ်ဖို့၊ ဂေဟမျှတမှုထိန်းသိမ်းဖို့ဖြစ်တယ်” လို့ပြောပါတယ်။
အဲသလိုမှမလုပ်ရင် နှစ်အနည်းငယ်အတွင်း လေလွင့်ကြောင်တစ်ကောင်ကနေ ကြောင်တွေ အကောင်၁၀၀ အကောင်၁၀၀၀ ပွားလာနိုင်တယ်။အဲဒါကြောင့် လူတွေက ဝင်ပြီး စွက်ဖက်ပေးရတာမျိုးလိုအပ်တယ်။ ဒါပေမယ့် ဒီလိုလုပ်တာကလည်း ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို မထိခိုက်စေဖို့ TNR နည်းစနစ်မျိုးကိုသုံးတာဖြစ်တယ် လို့ သူကပြောပါတယ်။
ကြောင်ကျွန်းဟာ လက်ရှိကြောင်တွေအတွက် ပြည့်စုံတဲ့ နေရာထိုင်ခင်းပံ့ပိုးပေးနိုင်ပါတယ်။ ရှန်ဟိုင်းမှာ လေလွင့်ကြောင်တွေဟာ တစ်ကီလိုမီတာ ပတ်လည်မှာ အကောင် ၂၀၀ လောက်ရှိတယ်လို့ခန့်မှန်းထားတယ်။ အဲဒါက ဘာကိုပြသနေသလဲဆိုရင် မြို့ပေါ်မှာ လေလွင့်ကြောင်တွေ ပေါက်ဖွားနှုန်းထိန်းချုပ်ဖို့ ဒီလို အခြားနည်းလမ်းတွေလိုအပ်တယ် ဆိုတာပဲဖြစ်ပါတယ်။
Source CCTV+
#Stray_Cats
#Cat_Island_Shanghai
#China
#DailyNews
Published _ 4 October 2022
၁။ ရန်ကုန်တိုင်း အိမ်၊ ခြံ၊ မြေဈေးကွက်၌ အိမ်ငှားခစရိတ်များ မြင့်တက်လျက်ရှိနေ
၂။ ပုဂံခေတ်ရေစီးကြောင်းများကို ယခုနှစ်အတွင်းအပြီးဖော်မည်
၃။ YBS ယာဉ်စီးခများ ၄၀၀ ကျပ်သို့ တိုးမြှင့်ကောက်ခံ
၄။ ရှေးဟောင်းပီရူးထုံးတမ်းအရ ယစ်ပူဇော်ခံခဲ့ရသည့် ကလေးရုပ်ကြွင်း(၇၆)ခု၏ အုတ်ဂူများတွေ့ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 883 of 1127