#World_Health
Published 26 November 2025
■ အသက်မကြီးသေးတဲ့အရွယ်မှာ ဆံပင်ဖြူတွေ့လိုက်တာနဲ့ စိုးရိမ်စိတ်တွေ ဖြစ်တတ်ကြပါတယ်။
■ ဒါပေမဲ့ ဆံပင်ဖြူပေါက်တာက သိပ်ပြီးစိုးရိမ်စရာ မလိုဘူးလို့ လေ့လာချက်အသစ်မှာ ဖော်ပြထားပါတယ်။
■ ဆံပင်ဖြူတယ်ဆိုတာက အိုမင်းလာတဲ့သဘော တစ်ခုတည်းမဟုတ်ဘဲ အရေပြားကင်ဆာအချို့ကို ခန္ဓာကိုယ်က သဘာဝအတိုင်းခုခံတဲ့ဖြစ်စဉ် ဖြစ်ဖွယ်ရှိတယ်လို့ တိုကျိုတက္ကသိုလ်က လေ့လာထားပါတယ်။
■ သုတေသီတွေက ဆံကေသာရောင်ခြယ်ဆဲလ်တွေ DNA ထိခိုက်ပျက်စီးမှုနဲ့ ဆဲလ်ဖိစီးမှုများအပေါ် ဘယ်လိုသက်ရောက်လဲဆိုတာကို လေ့လာခဲ့ကြတာ ကြာပါပြီ။
■ ကင်ဆာဆဲလ်တွေ ကြီးထွားမလာစေရန် ခန္ဓာကိုယ်က ရောင်ခြယ်ထုတ်ပေးတဲ့ ပင်မစတမ်ဆဲလ်တွေကို တမင်တကာ ပိတ်ချပစ်တဲ့သဘော ဖြစ်နိုင်တယ်လို့ တွေ့ရှိဖော်ပြလာပါတယ်။
■ ဆံပင်ကို အရောင်ဖြစ်စေတဲ့ ရောင်ခြယ်ဆဲလ်တွေအနေနဲ့ DNA ပျက်စီးခြင်းမျိုးနဲ့ ကြုံတွေ့တဲ့အခါ DNA အမျှင်တန်းကျိုးပဲ့သွားပြီး ဆဲလ်တွေ ပြန်မကောင်းတော့ဘဲ ဆံပင်ဖြူသွားစေတာ ဖြစ်ပါတယ်။
■ ပျက်စီးသွားတဲ့ဆဲလ် ပွားများပြီး ကင်ဆာအကျိတ်ဖြစ်မယ့်အစား ဆံပင်အရောင်ကိုပဲ ဖြူစေလိုက်တာ ဖြစ်ပါတယ်။
■ အရွယ်မတိုင်ခင် ဆံပင်ဖြူတာက ဖိစီးမှု၊ အာဟာရချို့တဲ့ခြင်း၊ သိုင်းရွိုက်ပြဿနာ၊ ဆေးလိပ်သောက်ခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။
■ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးခြင်း၊ ဖိစီးမှုဖြေလျှော့ခြင်းစသဖြင့် နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်းဖြင့် အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ကာကွယ်နိုင်ပါတယ်။
Source: Times of India.
#World_Health
Published 26 November 2025
■ လိမ္မော်သီးခွံနဲ့ သစ်ကြံပိုးခေါက်တို့ကို ပြုတ်ခြင်းရဲ့ အကျိုးအာနိသင်တွေကို ထောက်ခံအားပေးသူတွေ များပြားလာပါတယ်။
■ လူမစားတဲ့အခွံတွေနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေရဲ့ အာနိသင်တွေကို စိတ်ဝင်စားလာကြကာ သဘာဝ ပိုးမွှားသန့်စင်ဆေးနဲ့ လေသန့်စင်ပစ္စည်းအဖြစ် အသုံးပြုလိုလာကြပါတယ်။
■ အသုံးပြုတဲ့နည်းလမ်းကတော့ လိမ္မော်ခွံ ၂ ဖတ် ၃ ဖတ်နဲ့ သစ်ကြံပိုးခေါက်ချောင်းတွေကို ရေထဲမှာ ၁၀-၁၅ မိနစ်ခန့် ပွက်ပွက်ဆူအောင် တည်ထားရပါတယ်။
■ ထွက်လာတဲ့အငွေ့က လေသန့်စင်ဆေးဗူးတွေထက် ပိုမိုသန့်ရှင်းတယ်လို့ ဆိုနေကြပြီး လေထဲကို ဒြပ်ပေါင်းတွေ ထုတ်လွှတ်ကာ ဘက်တီးရီးယားနဲ့ မှိုတို့ကို သေစေတဲ့ အာနိသင်တွေ ရှိပါတယ်။
■ လိမ္မော်ခွံထဲမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာ ပါဝင်ကာ အပူပေးလိုက်တဲ့အခါ ဇီဝသတ္တိကြွလာပြီး လေထဲပျံ့နှံ့သွားပါတယ်။
■ သစ်ကြံပိုးခေါက်မှာတော့ Cinnamomum zeylanicum လို့ခေါ်တဲ့ပစ္စည်းက ပိုးမွှားသေစေကာ ဓာတ်တိုးဆန့်ကျင်နဲ့ ရောင်ရမ်းဆန့်ကျင်အာနိသင်များ ပါဝင်ပါတယ်။
■ နှစ်မျိုးပေါင်းလိုက်တဲ့အခါ လေဝင်လေထွက်မကောင်းတဲ့ နေရာတွေမှာ ရှင်သန်လေ့ရှိတဲ့ ရောဂါပိုးမွှားတွေကို ဆန့်ကျင်နိုင်တယ်လို့ တွေ့ရှိထားပါတယ်။
■ ဒါ့အပြင် မှတ်ဉာဏ်၊ ဦးနှောက်စွမ်းဆောင်ရည်နဲ့ ဦးနှောက်ကျန်းမာရေးတို့ကို ထောက်ပံ့ပေးဖွယ်ရှိတယ်လို့လည်း သိရပါတယ်။
■ ဓာတုပစ္စည်းတွေထက်စာရင် ဈေးနှုန်းသက်သာပြီး သဘာဝအတိုင်း သန့်စင်ပေးနိုင်မှာ ဖြစ်ပါတယ်။
■ သိပ္ပံပညာရှင်တွေက ဒီနည်းလမ်းရဲ့ အကျိုးကျေးဇူးကို သိရှိထားပေမယ့် နောက်ထပ်သုတေသနတွေ မပြုလုပ်ဘဲ ချီးကျူးမစောဖို့ သတိပေးထားပါတယ်။
Source: Daily Galaxy
နိုင်ငံတကာခရီးသွားများ တရုတ်နိုင်ငံသို့ မြန်မြန်ဆန်ဆန် ဝင်ရောက်နိုင်ရန်အတွက် တရုတ်ကဒီဂျစ်တယ်ခရီးသွားကြေညာချက်ဝန်ဆောင်မှုကို စတင်လိုက်ပြီး ကြာသပတေးနေ့ကကျင့်သုံးလိုက်ပြီဖြစ်ပါတယ်။
#Asia_News
Published 25 November 2025
#တရုတ်နိုင်ငံ #နိုင်ငံခြားခရီးသွား
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 25 November 2025
■ သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက်က ဝင်ရောက်လာခဲ့တဲ့ နိုင်ငံအတွင်းခိုလှုံသူအားလုံးကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်သုံးသပ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက ညွှန်ကြားလိုက်ကြောင်း အစိုးရထုတ်ပြန်ချက်တစ်ခုကို ရိုက်တာသတင်းဌာနက မြင်တွေ့ခဲ့ရပါတယ်။
■ ဒါဟာ အမေရိကန်ရဲ့ ကာကွယ်မှုကို ခံယူခဲ့သူ ထောင်နဲ့ချီကို ပြန်လည်သုံးသပ်သွားမယ့်သဘော ဖြစ်နေပါတယ်။
■ ဒီညွှန်ကြားချက်က ၂၀၂၁ ဇန်နဝါရီ ၂၀ မှ ၂၀၂၅ ဖေဖော်ဝါရီ ၂၀ အတွင်း ဝင်ရောက်ခိုလှုံခဲ့သူ ၂၃၃,၀၀၀ ဦးခန့်အပေါ် သက်ရောက်လာနိုင်သလို ဘိုင်ဒင်လက်ထက်က ဝင်ရောက်ခိုလှုံသူတွေအတွက် အမြဲတမ်းနေထိုင်ခွင့် လျှောက်လွှာလုပ်ဆောင်ချက်အားလုံးကိုလည်း ရပ်တန့်ဖို့ ပါဝင်ပါတယ်။
■ ရီပတ်ဘလစ်ကန်ထရမ့်က သူသမ္မတတာဝန် ထမ်းဆောင်ချိန်ကစပြီး ကမ္ဘာတဝှမ်းကနေ အမေရိကန်သို့ ဝင်ရောက်ခိုလှုံခွင့်တွေကို ရပ်ဆိုင်းခဲ့ကာ လူဝင်မှုတွေကို အကြီးအကျယ် တိုက်ဖျက်ခဲ့ပါတယ်။
■ သမ္မတဟောင်းဘိုင်ဒင်ရဲ့ လစ်ဘရယ်ပိုဆန်တဲ့ ပေါ်လစီတွေကို ထရမ့်က ပြောင်းပြန်ပြောင်းလဲဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
■ အမေရိကန်မှာ လက်ရှိရောက်နေပြီးသား ဖြစ်နေရင်တောင် ခိုလှုံခွင့်အချက်အလက်များနဲ့ မကိုက်ညီပါက ပြန်ရုပ်သိမ်းသွားနိုင်တယ်လို့ အမေရိကန်နိုင်ငံသားဖြစ်ခွင့်နဲ့ လူဝင်မှုဝန်ဆောင်ရေးက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
■ ခိုလှုံသူတွေကတော့ ဒီညွှန်ကြားချက်ကို ဝေဖန်လိုက်ကာ မလိုလားအပ်တဲ့ ပြင်းထန်တဲ့လုပ်ရပ်လို့ ဆိုနေကြပါတယ်။
■ ထရမ့်က ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ခိုလှုံခွင့်လက်ခံမှုကို စံချိန်တင်အနည်းဆုံးဖြစ်အောင် သတ်မှတ်ထားကာ လူဖြူတောင်အာဖရိကလူမျိုးတွေကိုတော့ ဦးစားပေးခေါ်ယူသွားဖို့ ရှိပါတယ်။
Source: Reuters
#World_Health
Published 25 November 2025
■ ရေဓာတ်ဖြည့်ပြီး နေပေမယ့် အမြဲလိုလို နှုတ်ခမ်းခြောက်ခြင်း ခံစားရတာဟာ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်နိုင်ပြီး တံတွေးလည်ပတ်မှု လျော့နည်းကာ လက္ခဏာအမျိုးမျိုး ခံစားရနိုင်ပါတယ်။
■ လူ ၅ ဦးမှာ တစ်ဦးနှုန်းက နှုတ်ခမ်းခြောက်ခြင်း ခံစားနေရပြီး ဒါကို ရေဓာတ်ခန်းခြောက်ခြင်းနဲ့ မှားယွင်းယူဆတတ်ကြတယ်လို့ ကယ်လီဖိုးနီးယား Dion Health မှ သွားဆရာဝန် ကူရော့ရှ်မက်ဒါဟီက ပြောပါတယ်။
■ ကမ္ဘာပေါ်မှာ လူဦးရေအားလုံးရဲ့ ၂၂ ရာခိုင်နှုန်းက နှုတ်ခမ်းခြောက်ဝေဒနာ ခံစားနေရပြီး ဒီဝေဒနာကို ပေါ့သေးသေး မသတ်မှတ်ဖို့ အရေးကြီးပါတယ်။
■ နှုတ်ခမ်းခြောက်ခြင်းကြောင့် ခံတွင်းထဲမှာ ပူလောင်စွာခံစားရခြင်း၊ ဝါးခြင်း မျိုချခြင်း အရသာခံခြင်းတို့မှာ ပြဿနာဖြစ်လာခြင်း၊ အရသာပြောင်းလဲခြင်း၊ လည်ချောင်းနာခြင်း၊ ခံတွင်းအနာဖြစ်ခြင်း၊ ခံတွင်းနံ့ဆိုးခြင်း၊ နှုတ်ခမ်းအဖတ်ကွာခြင်းတို့ ခံစားရတာ ကြာရှည်လာရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
■ ဆရာဝန်က ဝေဒနာအခြေအနေကို စစ်ဆေးပြီးနောက် များသောအားဖြင့် ခံတွင်းသန့်ရှင်းဆေး၊ ဂျယ်၊ ပီကေ၊ ငုံဆေးတို့ ပေးလေ့ရှိပါတယ်။
■ တစ်ခါတလေမှာတော့ အချို့သော စားစရာသောက်စရာများ ရှောင်ရှားဖို့လိုအပ်တဲ့ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲမှုမျိုး ပြုလုပ်ရတတ်ပါတယ်။
■ သာမန်အားဖြင့်တော့ နှုတ်ခမ်းခြောက်တယ်ဆိုတာ တံတွေးပမာဏ မလုံလောက်ခြင်းကြောင့် ဖြစ်ရတာပါ။
■ ၂၀၁၈ လေ့လာချက်အရ ဆီးနှင့်ကျောက်ကပ်ဆေးများ၊ စိတ်ကျသက်သာဆေးများ၊ စိတ်ဝေဒနာဆေးများ၊ ဓာတုကုထုံးများ၊ လည်ပင်းကင်ဆာ ဓာတ်ရောင်ခြည်ကုထုံးများကလည်း ခံတွင်းခြောက်စေသလို ဆေးရွက်နဲ့ ဆေးခြောက်တို့ကလည်း ပိုဆိုးစေတတ်ပါတယ်။
■ တံတွေးဆိုတာက ခံတွင်းကျန်းမာရေးမှာ အရေးပါပြီး သဘာဝပဋိဇီဝပစ္စည်းဖြစ်သလို သွားယိုယွင်းခြင်းမှ ကာကွယ်ပေးပါတယ်။
Source: Times of India
#World_Health
Published 25 November 2025
■ အသုံးများတဲ့ဆေးတွေဟာ ရောဂါလက္ခဏာကို သက်သာစေရုံမက နှစ်တွေကြာတဲ့ထိအောင် အူလမ်းကြောင်း ပိုးမွှားစနစ်ကို ပြောင်းလဲနိုင်တယ်လို့ အမေရိကန်သုတေသနတစ်ခုမှာ တွေ့ရှိထားပါတယ်။
■ အချို့ဆေးတွေဟာ ဆက်မသောက်တော့တာတောင် ယနေ့အထိ အူလမ်းကြောင်းစနစ်ကို ပြောင်းလဲနေဆဲ ဖြစ်နိုင်တယ်လို့ သုတေသန ပြုစုသူတွေ ဖော်ပြထားပါတယ်။
■ ဆေးဝါးပေါင်း ၁၈၆ မျိုးကို ဆန်းစစ်ခဲ့ရာ အများအပြားက အူလမ်းကြောင်းပိုးမွှားစနစ် ဖွဲ့စည်းပုံမှာ သိသိသာသာ ပြောင်းလဲခဲ့ပါတယ်။
■ သုံးပြီးလို့ နှစ်တွေကြာတာတောင် ပြောင်းလဲနေဆဲ ဖြစ်ပါတယ်။
■ ဆေးကို အကြိမ်ကြိမ် စွဲသုံးလေလေ ပိုးမွှားစနစ်အပေါ်သက်ရောက်မှုက ပိုအားကောင်းလေ ဖြစ်ပါတယ်။
■ ပဋိဇီဝပိုးသတ်ဆေးတွေတင်မကဘဲ ဘင်ဇိုဒိုင်ယာဇီပင်၊ PPI ၊ စိတ်ကျသက်သာဆေးများ၊ ဂလူကိုကော်တီကွိုက် အမျိုးအစားတွေလည်း ပါဝင်ပါတယ်။
■ အူလမ်းကြောင်း ပိုးမွှားစနစ်ကို ဂရုစိုက်သင့်တဲ့ အကြောင်းအရင်းက အစာခြေခြင်းသာမကဘဲ ကိုယ်ခံအားစနစ်၊ ဇီဝကမ္မဖြစ်စဉ်၊ စိတ်အခြေအနေနဲ့ ရောဂါဘယတုံ့ပြန်မှုတွေမှာလည်း သက်ရောက်နေနိုင်တာကြောင့် ဖြစ်ပါတယ်။
■ ဆေးတွေရဲ့ သက်ရောက်မှုတွေကို လစ်လျူရှုလိုက်ရင် ကျန်းမာရေးကိစ္စတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
■ ဒီအတွက် ဘာတွေလုပ်ဆောင်သင့်သလဲဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး အူလမ်းကြောင်းသက်ရောက်မှု လျော့ပါးစေမယ့် ဆေးများဖြင့် ပြောင်းလဲအသုံးပြုစေခြင်း၊ အမျှင်ဓာတ်ပါဝင်ပြီး အာဟာရအုပ်စုအမျိုးမျိုး ပါဝင်တဲ့ စားစရာများ စားသုံးခြင်း၊ ဒိန်ချဉ်လိုမျိုး ပရီဘိုင်အိုတစ်စားစရာများ ထည့်စားခြင်း၊ မလိုလားတဲ့ဆေးများ မသုံးစွဲခြင်း၊ နေထိုင်စားသောက်မှုပုံစံ ထိန်းချုပ်ခြင်း၊ ရေဓာတ်ပြည့်ဝအောင် နေထိုင်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။
■ ဒါကြောင့် ဆေးတွေကို ရေရှည်သုံးစွဲရမယ်ဆိုရင် အူလမ်းကြောင်း ထိန်းသိမ်းစောင့်ရှောက်ဖို့ကိုလည်း ထည့်သွင်းစဉ်းစားထားသင့်ပါတယ်။
Source: Times of India
◾️ဝါရှင်တန်၊ နိုဝင်ဘာ ၂၄ (ရိုက်တာ) - အမေရိကန်ပြည်ထောင်စုတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံ သားများအတွက် ယာယီတရားဝင်နေထိုင်ခွင့်အဆင့်အတန်းကို ထရမ့်အစိုးရအဖွဲ့က ရပ်စဲတော့မည် ဖြစ် ကြောင်း အမေရိကန်ပြည်ထောင်စု ပြည်တွင်းလုံခြုံရေးဌာနက တနင်္လာနေ့တွင် ထုတ်ပြန်သည့် အသိပေး ကြေညာချက်တစ်ရပ်၌ ပြောကြားခဲ့သည်။
◾️မြန်မာနိုင်ငံအတွက် ယာယီအကာအကွယ်ပေးထားသည့် အဆင့်အတန်း (TPS) သတ်မှတ်ချက်မှာ အင်္ဂါ နေ့တွင် သက်တမ်းကုန်ဆုံးမည့်အနေအထားတွင်ရှိနေသည်။
◾️"နိုင်ငံတွင်းအခြေအနေများကို ပြန်လည်သုံးသပ်ပြီး သင့်လျော်သည့် အမေရိကန်အစိုးရ အေဂျင်စီ များနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် မြန်မာနိုင်ငံ သည် ယာယီအကာအကွယ်ပေးထားသည့် အဆင့် အတန်း (TPS) သတ်မှတ်ချက်အတွက် လိုအပ်သော အခြေအနေများနှင့် ကိုက်ညီမှု မရှိတော့ကြောင်း (ပြည်တွင်း လုံခြုံရေး) ဝန်ကြီးက ဆုံးဖြတ်လိုက်သည်" ဟု ဖက်ဒရယ်အစိုးရပြန်တမ်းတွင် ဖော်ပြထား သည့် အသိပေး ကြေညာချက်၌ ဖော်ပြပါရှိသည်။
◾️ယင်းရပ်စဲမှုသည် ရက်ပေါင်း ၆၀ အတွင်း အသက်ဝင်မည်ဖြစ်ကြောင်းလည်း ထိုကြေညာချက်တွင် ထပ်လောင်းဖော်ပြထားသည်။
◾️လက်ရှိတွင် အမေရိကန်ပြည်ထောင်စု၌ TPS အဆင့်အတန်းဖြင့် နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသား ၄,၀၀၀ နီးပါးရှိကြောင်း ပြည်တွင်းလုံခြုံရေးဌာနက ခန့်မှန်းထားသည်။
◾️မြန်မာနိုင်ငံအတွက် TPS အဆင့်အတန်းကို ထရမ့်မတိုင်မီ တာဝန်ထမ်းဆောင်ခဲ့သူ ဒီမိုကရက် တစ်ပါတီ ဂျိုးဘိုင်ဒင်၏ အစိုးရလက်ထက် ၂၀၂၄ ခုနှစ် မေလ ၂၆ ရက်နေ့မှ နိုဝင်ဘာ ၂၅ ရက်နေ့အထိ ၁၈ လကြာ သက်တမ်းတိုးပေးခဲ့ခြင်းဖြစ်သည်။
◾️ရီပတ်ဘလစ်ကန်တစ်ဦးဖြစ်သူ ထရမ့်သည် ဇန်နဝါရီလတွင် ရာထူးစတင်ရယူချိန်မှစ၍ ယင်း၏ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ တင်းကျပ်မှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံအများအပြားမှ နိုင်ငံသား များ အတွက် TPS အစီအစဉ်များကို ရုပ်သိမ်းခဲ့သည်။
Source Reuters
Page 58 of 1128