#World_Health
Published 29 November 2025
■ နာတာရှည်ကျောက်ကပ်ရောဂါဟာ တစ်ကမ္ဘာလုံးဆိုင်ရာ အသက်ဆုံးရှုံးစေတဲ့ အကြောင်းအရင်းတွေထဲမှာ ထိပ်ဆုံး ၉ နေရာကနေ ရပ်တည်နေပါတယ်။
■ သုတေသနအသစ်အရ လက်ရှိမှာ လူတွေရဲ့ ကျောက်ကပ်လုပ်ဆောင်ချက် ကျဆင်းနေတယ်လို့ ခန့်မှန်းထားပါတယ်။
■ NYU Langone Health ၊ ဂလက်စ်ဂိုတက္ကသိုလ်၊ ဝါရှင်တန်တက္ကသိုလ်တို့မှ သုတေသီများက တစ်ကမ္ဘာလုံးဆိုင်ရာ ကျောက်ကပ်ရောဂါ အဖြစ်များလာရခြင်းကို ဆန်းစစ်ခဲ့ကြပါတယ်။
■ ၁၉၉၀ မှ ၂၀၂၃ အတွင်း ကျောက်ကပ်ရောဂါဖြစ်ပွားမှုပေါင်း ၃၇၈ သန်းကနေ ၇၈၈ သန်းအထိ မြင့်တက်လာကာ ကမ္ဘာပေါ်မှာ အသေအပျောက်အများဆုံး ထိပ်ဆုံးရောဂါ ၁၀ မျိုးထဲ ပါဝင်လာပါတယ်။
■ လေ့လာချက်ထဲက လူအများစုက ရောဂါအစောပိုင်းအဆင့်မှာ ရှိနေကြကာ ဆေးဝါးတွေ၊ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲမှုများဖြင့် အခြေအနေ တိုးတက်နိုင်ပါသေးတယ်။
■ ကျောက်ကပ်ရောဂါဖြစ်တဲ့အခါ ကျောက်ကပ်တွေက အညစ်အကြေးတွေနဲ့ သွေးထဲက ပိုလျှံတဲ့အရည်တွေ မစစ်ထုတ်နိုင်တော့ဘူးလို့ ဖော်ပြထားပါတယ်။
■ ရောဂါသာမန်အဆင့်လောက်နဲ့ လက္ခဏာမပြတတ်ဘဲ နောက်ဆုံးအဆင့်ရောက်တော့မှ ကျောက်ကပ်အစားထိုးကုသခြင်း၊ ကျောက်ကပ်ဆေးခြင်းတို့ ပြုလုပ်ရနိုင်ပါတယ်။
■ ကျောက်ကပ်ရောဂါ ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ သွေးတွင်းသကြားဓာတ် များခြင်း၊ သွေးတိုးခြင်း၊ ခန္ဓာကိုယ်အလေးချိန်ညွှန်းကိန်း(BMI) မြင့်မားခြင်းတို့ ပါဝင်နေပါတယ်။
■ ဆီးစစ်ဆေးခြင်းဖြင့် ရောဂါစောစီးစွာ တွေ့ရှိနိုင်ကာ နောက်ပိုင်းရောဂါဆိုးရွားမလာအောင် ကာကွယ်နိုင်ပါတယ်။
■ နာတာရှည်ကျောက်ကပ်ရောဂါကို လူအများကျန်းမာရေးပြဿနာအဖြစ် ဦးစားပေးသတိထားကြဖို့ ကျွမ်းကျင်သူများ တောင်းဆိုနေကြပါတယ်။
Source: Fox News
#World_Health
Published 29 November 2025
■ ယနေ့ခေတ်မှာ အလုပ်ခွင်အတွင်း အချိန်ကြာမြင့်စွာ ထိုင်ကြရသလို ဒီဂျစ်တယ်ပစ္စည်းများ ထွန်းကားလာခြင်းကြောင့် တီဗီ၊ ကွန်ပျူတာ၊ ဖုန်းကြည့်ရှုချိန်လည်း များပြားလာပါတယ်။
■ အထိုင်များတဲ့အခါ ခန္ဓာကိုယ်ကြွက်သား ဆုံးရှုံးခြင်း၊ ဇီဝဖြစ်စဉ်နှေးကွေးခြင်းတို့အပြင် ခါးနာခြင်းနဲ့ နှလုံးသွေးကြောရောဂါများလည်း အဖြစ်များလာပါတယ်။
■ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ခြိမ်းခြောက်လာတာကြောင့် အထိုင်များခြင်းကနေ လူကိုအန္တရာယ်ပေးနိုင်တဲ့ ၇ မျိုးအကြောင်း ဖော်ပြသွားပါမယ်။
■ (၁) နှလုံးရောဂါဖြစ်နိုင်ခြေများခြင်း
အချိန်ကြာမြင့်စွာ ထိုင်ခြင်းက နှလုံးကြွက်သားတွေ အားနည်းစေပြီး နှလုံးကာကွယ်ဖို့အတွက် ထိုင်နေစဉ် အကျောဆန့်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။
■ (၂) နာတာရှည်ခါးနာခြင်း
အထိုင်များခြင်းကြောင့် အဖြစ်အများဆုံး ဝေဒနာတစ်ခုဖြစ်ကာ ကိုယ်နေဟန်ထားမမှန်ခြင်းနဲ့ အခြားသောအကြောင်းအရာများ ဖြစ်နိုင်ပြီး လုပ်ငန်းခွင်မှာ အထိုင်များတဲ့သူတွေ အများဆုံးခံစားကြရကာ ဆေးတွေ လိမ်းမယ့်သောက်မယ့်အစား ခါးကြွက်သားတွေကို လှုပ်ရှားစေမယ့် အလေ့အကျင့်မျိုး ပြုလုပ်သင့်ပါတယ်။
■ (၃) ဇီဝကမ္မဖြစ်စဉ်နှေးသွားခြင်း
အထိုင်များတဲ့အခါ အဝလွန်ခြင်း၊ ဆီးချိုရောဂါတို့အပါအဝင် ကျန်းမာရေးပြဿနာအမျိုးမျိုး ဖြစ်စေနိုင်တာကြောင့် အထိုင်များခြင်းက စိုးရိမ်စရာအနေအထား ဖြစ်လာပါတယ်။
■ (၄) ကြွက်သားဆုံးရှုံးခြင်း
ကျော၊ ခြေထောက်၊ လက်တို့မှ ကြွက်သားတွေ သက်ရောက်ကာ ကြွက်သားကျုံ့သွားပြီး အချိန်ကြာလာရင် ကြွက်သားအားနည်းသွားပါတယ်။
■ (၅) သွေးကြောအတွင်းသွေးခဲပိတ်ဆို့နိုင်ခြေများခြင်း
သွေးကြောအတွင်းထဲမှာ သွေးပိတ်ဆို့ခြင်းက အကြောင်းအရာအမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး လူ ၁ ထောင်မှာ ၁ ယောက်နှုန်း ဖြစ်လေ့ရှိပါတယ်။
■ (၆) ကိုယ်နေဟန်ထားပြဿနာများ
ကြာရှည်ထိုင်ခြင်းကြောင့် ကိုယ်နေဟန်ထား မမှန်ကန်တော့ဘဲ ကြွက်သားအရိုးငြမ်းကျန်းမာရေး တစ်ခုလုံးကို ဆိုးကျိုးသက်ရောက်စေကာ ကျောရိုးခုံးခြင်း၊ ဦးခေါင်းနဲ့ လည်ပင်အနေအထား ချို့ယွင်းခြင်းစတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
■ (၇) စိတ်ကျန်းမာရေး
သိပ်မသိကြတဲ့ ပြဿနာတွေထဲမှာ စိုးရိမ်ပူပန်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတို့ ပါဝင်ပြီး အထိုင်များခြင်းနဲ့ စိတ်ကျန်းမာရေးပြဿနာများကြား ဆက်စပ်မှုရှိကြောင်း တွေ့ရှိထားပါတယ်။
Source: NDTV.
ဟောင်ကောင်ထိုင်ပိုမှ လူနေဧရိယာတစ်ခုဖြစ်တဲ့ ဝမ်ဖုကောက်မှ မီးလောင်ကျွမ်းမှုကို မီးသတ်သမားများ မပင်မပန်းအားထုတ်ခဲ့ကြပြီးနောက် ဖြည်းဖြည်းချင်း ထိန်းချုပ်နိုင်ခဲ့ပြီလို ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)မှ အမှုဆောင်ချုပ် ဂျွန်လီက ကြာသပတေးနေ့မှာ ပြောပါတယ်။
#Asia_News
Published 28 November 2025
#ဟောင်ကောင် #မီးလောင်
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 28 November 2025
■ အိမ်ဖြူတော်အနီးတိုက်ခိုက်မှုတစ်ခုအတွင်းအမျိုးသားအစောင့်တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးပြီးနောက် မိမိအစိုးရအဖွဲ့အနေဖြင့် "တတိယကမ္ဘာ့နိုင်ငံများ" (Third World Countries) အားလုံးမှ ရွှေ့ပြောင်းဝင်ရောက်မှုကို "အမြဲတမ်း ရပ်ဆိုင်း" သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။
■ ၂၀၂၁ ခုနှစ်က ပြန်လည်နေရာချထားရေး အစီအစဉ်ဖြင့် အမေရိကန်သို့ ရောက်ရှိလာသည့်အာဖဂန် နိုင်ငံ သားတစ်ဦးက လုပ်ဆောင်ခဲ့သည်ဟု စုံစမ်းစစ်ဆေးသူများက ပြောကြားသော ဗုဒ္ဓဟူးနေ့ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက်ပိုင်း၊ ထရမ့် အမိန့်ပေးထားသည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အစီအမံများကို ယခု မှတ်ချက်များက ပိုမို အရှိန်မြှင့်တင်လိုက်ခြင်း ဖြစ်သည်။
■ ထရမ့်သည် မည်သည့်နိုင်ငံများကို ဆိုလိုသည်ကို အမည်တပ် ပြောဆိုခြင်း မရှိသကဲ့သို့ တတိယ ကမ္ဘာ့ နိုင်ငံများ သို့မဟုတ် "အမြဲတမ်း ရပ်ဆိုင်းမည်" ဆိုသည်မှာ မည်သည့်သဘောကို ဆိုလိုကြောင်း ရှင်းလင်း ပြောကြားခြင်း မရှိပေ။ ဤအစီအစဉ်တွင် သမ္မတဟောင်း ဂျိုးဘိုင်ဒင် အစိုးရလက်ထက်က အတည်ပြု ထားပြီးဖြစ်သည့် ကိစ္စရပ်များလည်း ပါဝင်မည်ဟု သူက ပြောကြားခဲ့သည်။
■ "အမေရိကန်ရဲ့ စနစ်တစ်ခုလုံး အပြည့်အဝ ပြန်လည်နာလန်ထူနိုင်ဖို့ တတိယကမ္ဘာ့နိုင်ငံတွေ အားလုံးက နေရွှေ့ပြောင်းဝင်ရောက်မှုကို ကျွန်တော် အမြဲတမ်း ရပ်ဆိုင်းပါမယ်။ အိပ်ငိုက်နေတဲ့ ဂျိုးဘိုင်ဒင် (Sleepy Joe Biden) ရဲ့ လက်မှတ်ထိုးစက်နဲ့ လက်မှတ်ထိုးထားတာတွေ အပါအဝင် ဘိုင်ဒင်လက်ထက် သန်းနဲ့ချီ တဲ့ တရားမဝင် ဝင်ရောက်ခွင့်ပြုထားတာတွေကို ရပ်စဲပြီး အမေရိကန်ပြည်ထောင်စုအတွက် အကျိုးမပြု သူ မည်သူ့ကိုမဆို ဖယ်ရှားသွားမှာပါ" ဟု ထရမ့်က သူ၏ Truth Social လူမှုကွန်ရက် ပလက်ဖောင်း တွင် ရေးသားခဲ့သည်။
■ ထရမ့်က "နိုင်ငံသားမဟုတ်သူများ" အတွက် ဖက်ဒရယ်အကျိုးခံစားခွင့်များနှင့် ထောက်ပံ့ကြေးများ အားလုံးကို ရပ်တန့်မည်ဟု ပြောကြားခဲ့ပြီး "ပြည်တွင်း ငြိမ်သက်အေးချမ်းမှုကို ထိခိုက်စေသည့် ရွှေ့ပြောင်းနေထိုင်သူများကို နိုင်ငံသားအဖြစ်မှ ပြန်လည်ရုပ်သိမ်းမည်" ဖြစ်ကြောင်းနှင့် ပြည်သူ့ဝန်ထုပ် ဝန်ပိုးဖြစ်စေသူ၊ လုံခြုံရေးအရ အန္တရာယ်ရှိသူ သို့မဟုတ် "အနောက်တိုင်း ယဉ်ကျေးမှုနှင့် သဟဇာတ မဖြစ်သူ" ဟု သတ်မှတ်ခံရသည့် မည်သည့် နိုင်ငံခြားသားကိုမဆို ပြည်နှင်ဒဏ်ပေးမည် ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။
■ အိမ်ဖြူတော်နှင့် အမေရိကန် နိုင်ငံသားဖြစ်မှုနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုဌာန (USCIS) တို့က ရိုက်တာသတင်းဌာန၏ မှတ်ချက်ပေးရန် မေတ္တာရပ်ခံချက်ကို ချက်ချင်း တုံ့ပြန်ခြင်း မရှိပါ။
■ ကြာသပတေးနေ့က ခြုံခိုတိုက်ခိုက်မှုအတွင်း သေနတ်ထိမှန်ခဲ့သည့် အသက် ၂၀ အရွယ် အမျိုးသား အစောင့်တပ်ဖွဲ့ဝင် Sarah Beckstrom သေဆုံးပြီးနောက် ထရမ့်၏ မှတ်ချက်စကားများ ထွက်ပေါ် လာခြင်းဖြစ်သည်။ အခြား အစောင့်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် အသက် ၂၄ နှစ်အရွယ် Andrew Wolfe မှာ "အသက်လုနေရဆဲ" ဖြစ်သည်ဟု ထရမ့်က ပြောကြားခဲ့သည်။
■ အစောပိုင်းတွင် ဘိုင်ဒင်အစိုးရလက်ထက်က ခွင့်ပြုခဲ့သည့် နိုင်ငံရေးခိုလှုံခွင့် (Asylum) အမှုတွဲများနှင့် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ နိုင်ငံသားများအား ထုတ်ပေးခဲ့သည့် ဂရင်းကတ် (Green Card) များကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်စိစစ်ရန် ထရမ့်က အမိန့်ပေးခဲ့ကြောင်း အမိမြေလုံခြုံရေးဌာနတာဝန်ရှိသူ များက ပြောကြားခဲ့သည်။
■ တာဝန်ရှိသူများက အသက် ၂၉ နှစ်အရွယ် Rahmanullah Lakanwal ဟု ဖော်ထုတ်ထားသည့် သေနတ် သမားဟု စွပ်စွဲခံရသူသည် ယခုနှစ် ထရမ့်လက်ထက်တွင် နိုင်ငံရေးခိုလှုံခွင့် ရရှိခဲ့သူဖြစ်ကြောင်း ရိုက်တာ က မြင်တွေ့ခဲ့ရသည့် အမေရိကန် အစိုးရ ဖိုင်တစ်ခုအရ သိရသည်။
■ ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များ ရုပ်သိမ်းပြီးနောက် အာဖဂန်အစိုးရ လျင်မြန်စွာ ပြိုလဲသွားပြီး တာလီဘန်တို့ တိုင်းပြည်ကို သိမ်းပိုက်လိုက်ချိန်၌ ဘိုင်ဒင် တည်ထောင်ခဲ့သည့် ပြန်လည်နေရာချထားရေး အစီအစဉ်ဖြင့် ထိုသူသည် အမေရိကန်သို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
■ အမေရိကန် နိုင်ငံသားဖြစ်မှုနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုဌာနသည် ဗုဒ္ဓဟူးနေ့တွင် အာဖဂန် နိုင်ငံသားများနှင့် သက်ဆိုင်သည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လျှောက်ထားမှုအားလုံး လုပ်ဆောင်ပေး ခြင်းကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်သည်။
■ မိမိအစိုးရ၏ ရည်မှန်းချက်များသည် "တရားမဝင်နှင့် အနှောင့်အယှက်ဖြစ်စေသော လူဦးရေ" ကို သိသိ သာသာ လျှော့ချရန် ရည်ရွယ်ကြောင်းနှင့် ဤရလဒ်ကို ရရှိရန်အတွက် အစီအမံများ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ထရမ့်က ရည်ညွှန်းပြောဆိုခဲ့သည်။
#World_Health
Published 28 November 2025
■ ကော်ဖီသောက်ခြင်းက နှလုံးမမှန်ခြင်းမှ ကာကွယ်ပေးနိုင်ဖွယ်ရှိတယ်လို့ လေ့လာချက်အသစ်မှာ တွေ့ရှိထားပါတယ်။
■ လေ့လာချက်ထဲမှာ နှလုံးခုန်မမှန်သူ ၂၀၀ ခန့်က ကော်ဖီသောက်သုံးပေးတဲ့အခါ နှလုံးခုန်မမှန်ခြင်း ပြန်ဖြစ်နိုင်ခြေ သိသိသာသာ လျော့နည်းနိုင်တယ်လို့ တွေ့ရှိထားပါတယ်။
■ ဂရီဂိုရီမားကပ်စ်နဲ့ သုတေသနအဖွဲ့က အမေရိကန်မှာ နှလုံးခုန်မမှန်ရောဂါရှိသူ ၁၀ သန်းကျော်ကို လေ့လာခဲ့ကြပါတယ်။
■ ပုံမှန်အားဖြင့် ကဖင်းဓာတ်ပါတဲ့ကော်ဖီက နှလုံးခုန်နှုန်းမြင့်တက်စေတာကြောင့် ဒီလူနာတွေကို ကော်ဖီသောက်ခိုင်းမှာ မဟုတ်ပါဘူး။
■ Decaf စမ်းသပ်မှုရလဒ်မှာတော့ ဒီအယူအဆကို ပြန်ပြောင်းစဉ်းစားစရာ ဖြစ်လာပါတယ်။
■ အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျမှ သက်ကြီးရွယ်အိုများပါဝင်တဲ့ ၆ လတာစမ်းသပ်ချက်မှာ ကဖင်းမသောက်တဲ့ အဖွဲ့နဲ့ တစ်နေ့ကို အနည်းဆုံး တစ်ခွက်သောက်တဲ့ အဖွဲ့ဆိုပြီး ခွဲခြားခဲ့ပါတယ်။
■ နှလုံးခုန်မမှန်တာမျိုး ရှိလားဆိုတာကို သိရှိဖို့အတွက် နှလုံးစစ်ဆေးနည်းလမ်းများနဲ့ ကိရိယာများ အသုံးပြုခဲ့ကြပါတယ်။
■ ကော်ဖီသောက်တဲ့သူတွေက နှလုံးခုန်မမှန်ခြင်း ပြန်ဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်း ပိုနည်းတယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
■ ဒါပေမဲ့ ကော်ဖီအပြင် အခြားသော သောက်စရာတွေထဲမှ ကဖင်းဓာတ်ကိုတော့ ထည့်စဉ်းစားထားခြင်း မရှိသလို စမ်းသပ်ခံသူတွေရဲ့ နေထိုင်စားသောက်မှုပုံစံတွေကိုလည်း စောင့်ကြည့်ထားခြင်း မရှိပါဘူး။
■ ဒါကြောင့် ကိုယ့်မှာ နှလုံးခုန်မမှန်တဲ့ဝေဒနာ ရှိတယ်ဆိုရင် နံနက်ခင်းမှာ ကော်ဖီတစ်ခွက် သောက်လို့ရတယ်ဆိုတဲ့ သဘောဖြစ်တယ်လို့ နယူးယော့ခ် မောင့်ဆီနိုင်ဖူစတာနှလုံးဆေးရုံမှ နှလုံးအထူးကု ဂျိုဟန်ဟာကွန်ထရီရက်စ်က ပြောပါတယ်။
Source: The Guardian
▪️ဝါရှင်တန်၊ နိုဝင်ဘာ ၂၇၊ ၂၀၂၅ (AFP) -ထရမ့်အစိုးရအဖွဲ့သည် ဝါရှင်တန်ရှိ အမျိုးသား အစောင့် တပ်ဖွဲ့ဝင်များအား တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အာဖဂန်နစ္စတန်နှင့် အခြား ၁၈ နိုင်ငံမှ အမြဲတမ်း နေထိုင်ခွင့် သို့မဟုတ် "Green Card" ကိုင်ဆောင်ထားသူတိုင်း၏ လူဝင်မှုကြီးကြပ်ရေး အခြေအနေကို ပြန်လည်စိစစ်မည်ဟု ကြာသပတေးနေ့က ကြေညာခဲ့သည်။
▪️အမေရိကန်အရာရှိများက ဗုဒ္ဓဟူးနေ့ ပစ်ခတ်မှုတွင် ဖမ်းဆီးခံထားရသူသည် ယခင်က အာဖဂန် နစ္စတန်ရှိ အမေရိကန်တပ်ဖွဲ့များနှင့် လုပ်ကိုင်ခဲ့သော အာဖဂန်နိုင်ငံသားတစ်ဦးဖြစ်ကြောင်း ဖော်ထုတ်ထားသည်။
▪️၂၀၂၁ ခုနှစ်တွင် တာလီဘန်တို့ အာဏာသိမ်းပြီးနောက် အာဖဂန်နိုင်ငံသားများကို အမေရိကန်ပြည် ထောင်စု၌ ပြန်လည်နေရာချထားရာတွင် ကူညီပေးခဲ့သော AfghanEvac အဖွဲ့၏ အဆိုအရ အသက်၂၉ နှစ်အရွယ် ထိုသံသယရှိသူသည် ယခုနှစ် ဧပြီလတွင် အမြဲတမ်းနေထိုင်ခွင့်မဟုတ်ဘဲ ခိုလှုံခွင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
▪️အမေရိကန်အကောက်ခွန်နှင့် လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများ (USCIS) ၏ ဒါရိုက်တာဖြစ်သူ Joseph Edlow က "စိုးရိမ်ရတဲ့ နိုင်ငံတိုင်းက နိုင်ငံခြားသားတိုင်းရဲ့ Green Card တိုင်းကို အပြည့်အဝနှင့် တင်းတင် းကြပ်ကြပ် ပြန်လည်စစ်ဆေးဖို့ ကျွန်တော် ညွှန်ကြားထားပါတယ်" ဟု X တွင် ပြောကြားခဲ့သည်။
▪️Edlow ပြောသည့် နိုင်ငံများမှာ မည်သည့်နိုင်ငံများကို ရည်ညွှန်းပါသလဲဟု မေးမြန်းသောအခါ " စိုးရိမ် စရာ နိုင်ငံများ"အဖြစ် နိုင်ငံ ၁၉ နိုင်ငံကို သတ်မှတ်ထားသည့် သမ္မတ ဒေါ်နယ်ထရမ့်၏ ဇွန်လကထုတ် ပြန်ခဲ့သည့် အုပ်ချုပ်ရေး အမိန့်ကို USCIS ပြောရေးဆိုခွင့်ရှိသူက AFP သတင်းဌာနသို့ ထောက်ပြခဲ့သည်။
▪️အဆိုပါ အမိန့်သည် အာဖဂန်နစ္စတန်အပါအဝင် နိုင်ငံ ၁၂ နိုင်ငံမှ နိုင်ငံသားအားလုံးနီးပါး ဝင်ရောက် ခြင်းကို ပိတ်ပင်ခဲ့သည်။
▪️ခရီးသွားလာခွင့် ပိတ်ပင်ခံခဲ့ရသော အခြား ၁၁ နိုင်ငံမှာ မြန်မာ၊ ချဒ်၊ ကွန်ဂို-ဘရာဇာဗီးလ်၊ အီကွေတာ ဂီနီ၊ အီရစ်ထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နှင့် ယီမင်တို့ ဖြစ်သည်။
▪️ထရမ့်သည် အခြား(၇)နိုင်ငံဖြစ်သော ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယာရာလီယွန်၊ တိုဂို၊ တာ့ခ်မင် နစ္စတန်နှင့် ဗင်နီဇွဲလားတို့မှ ခရီးသွားများအပေါ် တစ်စိတ်တစ်ပိုင်း ပိတ်ပင်မှုလည်း ချမှတ်ခဲ့ သည်။ သို့သော် ထိုနိုင်ငံများမှ ယာယီအလုပ်ဗီဇာအချို့ကို ခွင့်ပြုထားသည်။
#World_Health
Published 28 November 2025
■ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းတို့လို အသားကြီးငါးကြီး များများစားခြင်းက ဦးနှောက်အသိဉာဏ်ကျဆင်းခြင်းနဲ့ ဒီမန်ရှာရောဂါဖြစ်နိုင်ခြေတို့ကို မြင့်တက်စေနိုင်ဖွယ်ရှိတယ်လို့ Neurology ဂျာနယ်မှာ ဖော်ပြထားပါတယ်။
■ စားသောက်မှုပုံစံနဲ့ ဦးနှောက်အခြေအနေတို့ကို ဆန်းစစ်ကြည့်ခြင်းဖြင့် အဆင့်ဆင့်ထုတ်လုပ်ထားတဲ့ အသားကြီးစားသုံးခြင်းက ဦးနှောက်ရင့်ရော်ခြင်းကို မြန်ဆန်စေပြီး အာရုံကြောချို့တဲ့ရောဂါတွေ ဘယ်လိုဖြစ်နိုင်ကြောင်းကို တွေ့ရှိလာပါတယ်။
■ ပျမ်းမျှအသက် ၄၉ နှစ်ရှိတဲ့ လူပေါင်း ၁၃၃,၇၇၁ ဦးမှာ အသားကြီးစားသုံးခြင်းကို လေ့လာမှတ်တမ်းတင်ခဲ့ကြပါတယ်။
■ တစ်နေ့ကို အဆင့်ဆင့်ထုတ်လုပ်ထားတဲ့ အသားကြီး ၄ ပုံ ၁ ပုံလောက် စားသုံးခြင်းက အနည်းဆုံးသာစားတဲ့သူတွေထက် ဒီမန်ရှာဖြစ်နိုင်ခြေ ၁၃ ရာခိုင်နှုန်းပိုများတာကို တွေ့ရပါတယ်။
■ ဒီအတိုင်း အသားကြီးစားသူတွေကတော့ ဦးနှောက်အသိဉာဏ်ကျဆင်းနိုင်ခြေ ၁၆ ရာခိုင်နှုန်းပိုများနေပါတယ်။
■ အသားကြီးတွေမှာ ပြည့်ဝဆီပမာဏများပြားခြင်းက ကိုလက်စထရောလ်ဖြစ်စဉ်ကို ယိုယွင်းစေပြီး ဦးနှောက်စွမ်းဆောင်ရည် ထိခိုက်တာဖြစ်နိုင်တယ်လို့ သုတေသီတွေ ကောက်ချက်ချပါတယ်။
■ ဒီလိုဆက်စပ်မှုကို နားလည်ခြင်းဖြင့် ဒီမန်ရှာရောဂါ အဖြစ်များလာရတဲ့အကြောင်းအရင်းကို သိရှိလာစေတယ်လို့ ဘရစ်ဂမ်နှင့်အမျိုးသမီးဆေးရုံမှ သုတေသနပြုစုသူ ယူဟန်လီက ပြောပါတယ်။
■ အဆင့်ဆင့်ထုတ်လုပ်တဲ့ အသားကြီးတွေကို စားမယ့်အစား ငါး၊ အခွံမာသီး၊ ပဲအမျိုးမျိုး စားသုံးခြင်းက ဒီမန်ရှာဖြစ်နိုင်ခြေကို ၂၈ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တာ တွေ့ရပါတယ်။
■ ဦးနှောက်ကျန်းမာရေး ထိန်းသိမ်းတဲ့နေရာမှာ မျိုးဗီဇနဲ့ နေထိုင်စားသောက်မှုပုံစံတွေက အရေးပါတာကြောင့် စားသောက်မှုပုံစံပြောင်းလဲခြင်းက ရေရှည်အတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်။
Source: Daily Galaxy.
Page 56 of 1128