#World_Health
Published 02 December 2025
■ ဆယ်လ်မွန်၊ ငါးသေတ္တာ၊ ငါးကွပ်ရှပ်တို့လို အဆီပါတဲ့ငါးတွေက အိုမီဂါ-၃ ဖက်တီးအက်ဆစ်များ ပါဝင်ပြီး နှလုံးအတွက် အကျိုးရှိစေပါတယ်။
■ ဒေါက်တာ ကူနယ်ဆုဒ်က နှလုံးသွေးကြောကျန်းမာရေး ထောက်ပံ့ရာမှာ အဆီပါတဲ့ငါးတွေရဲ့ အရေးပါပုံအကြောင်းကို အလေးပေးပြောထားပါတယ်။
■ EPA ၊ DHA အပါအဝင် အိုမီဂါ-၃ ဖက်တီးအက်ဆစ်တွေက ဆဲလ်အမြှေးပါးနဲ့ ရောင်ရမ်းပြောင်းလဲခြင်း လမ်းကြောင်းတွေမှာ တစ်စိတ်တစ်ပိုင်းပါဝင်ပြီး ရောင်ရမ်းခြင်းကို လျှော့ချပေးကာ သွေးကြောကျယ်စေပြီး သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ်။
■ နှလုံးသွေးကြောကျန်းမာရေးကို မြှင့်တင်ပေးပြီး သဘာဝအတိုင်း ပါဝင်တဲ့အရာတွေက ဖြည့်စွက်ဆေးတွေထက် ပိုပြီးထိရောက်မှုရှိပါတယ်။
■ ဆယ်လ်မွန်၊ ငါးသေတ္တာ၊ ငါးကွပ်ရှပ်၊ ပင်လယ်ငါးသလောက်တို့မှာ EPA နဲ့ DHA တို့ ကြွယ်ဝစွာပါဝင်ပြီး ပုံမှန်စားသုံးပေးပါက နှလုံးဖောက်ခြင်းနဲ့ နှလုံးသွေးကြောဆက်စပ်တဲ့ အသက်ဆုံးပါးခြင်းတို့ကို လျှော့ချနိုင်တယ်လို့ ဒေါက်တာက တွေ့ရှိထားပါတယ်။
■ ဖြည့်စွက်အားဆေးဆိုရင်တော့ ထရိုင်ဂလစ်ဆရိုက်နဲ့ ရောင်ရမ်းခြင်းကို လျှော့ချနိုင်ပေမယ့် တကယ့်လက်တွေ့ နှလုံးအကျိုးကျေးဇူးကတော့ ငါးတွေကနေရရှိပါတယ်။
■ အိုမီဂါ-၃ အကောင်းဆုံးရရှိဖို့နဲ့ နှလုံးကျန်းမာရေး ကောင်းမွန်ဖို့အတွက် တစ်ပတ်ကို အဆီပါတဲ့ငါး ၂ ကြိမ် ၃ ကြိမ်ခန့် စားသုံးဖို့အကြံပြုထားပါတယ်။
Source: Hindustan Times.
#World_Health
Published 1 Dec 2025
■ ကိုယ်အလေးချိန်ချဖို့က ခက်ခဲပြီး ဒါကိုဆက်ပြီးထိန်းထားဖို့က ပိုပြီးတောင် ခက်ခဲပါတယ်။
ကိုယ်အလေးချိန်ကျသွားတဲ့ လူပေါင်း ၈၀ မှ ၉၅ ရာခိုင်နှုန်းလောက်ဟာ ၃ နှစ်မှ ၅ နှစ်အတွင်း အလေးချိန်ပြန်တက်လာတာကို သုတေသနတွေ့ရှိထားပါတယ်။
■ ဟော်မုန်းတွေ၊ မျိုးဗီဇတွေက ကိုယ်အလေးချိန်ကျဆင်းခြင်းကို ပြန်လည်ခုခံကာ ဗိုက်ဆာလောင်စိတ် ဖြစ်လာစေပြီး ကိုယ်အလေးချိန် ပြန်တက်လာစေတယ်လို့ ဆိုပါတယ်။
■ ခန္ဓာကိုယ်က အလေးချိန်ကျဖို့ ဘာကြောင့်ခက်ခဲနေလဲဆိုတာတွေကို သုတေသီတွေ စတင်သဘောပေါက်လာပါတယ်။
■ ၂၀၁၆ ခုနှစ်က အဆင့် ၃ အဝလွန်ဝေဒနာရှိနေတဲ့ ပါဝင်စမ်းသပ်ခံသူ ၁၄ ဦးကို လေ့လာခဲ့ကာ ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ ငြိမ်နေတဲ့ ဇီဝကမ္မဖြစ်စဉ်နှုန်းတို့ကို နောက် ၆ နှစ်အကြာမှာ နှိုင်းယှဉ်ခဲ့ကြပါတယ်။
■ အချိန်ကြာရှည်လာတဲ့အထိ ကိုယ်အလေးချိန် ကျနေတာတောင် ဇီဝကမ္မဖြစ်စဉ်နှုန်း နှေးနေတာတွေ့ရပြီး ဒါကြောင့်ပဲ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ ခက်ခဲနေပါတယ်။
■ အစားအသောက်တစ်ခုတည်းနဲ့ပဲ ကိုယ်အလေးချိန်ချပြီးနောက် ဆာလောင်မှုကို လှုံ့ဆော်တဲ့ ဂရီလင်ဟော်မုန်း မြင့်တက်လာပါတယ်။
■ ကိုယ်အလေးချိန်နဲ့ ပတ်သက်ပြီး ရှက်ကြောက်နေခြင်းက ကုသတဲ့အပိုင်းမှာ ထိရောက်မှုအားနည်းစေပြီး စိတ်ဓာတ်ကျခြင်းနဲ့ အစားအသောက်မမှန်ခြင်းလိုမျိုး ကျန်းမာရေးပြဿနာတွေ ပိုဆိုးရွားစေနိုင်ပါတယ်။
■ မျိုးဗီဇစစ်ဆေးခြင်းနဲ့ လိုအပ်တဲ့ ဆေးဝါးကုသမှုများဖြင့် တစ်ဦးချင်းကုသမှုများက ဆာလောင်စိတ်၊ ကယ်လိုရီလောင်ကျွမ်းမှု နှေးခြင်းတို့လို ပြဿနာများကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
■ အစားအသောက်ပညာရှင်များ၊ စိတ်ကျန်းမာရေး ပညာရှင်များ၊ ဆရာဝန်များဖြင့် အဖက်ဖက်ကနေ စောင့်ရှောက်ကုသမှှသာ အဝလွန်ခြင်းပြဿနာကို ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။
Source: National Geographic.
#World_Science
Published 1 Dec 2025
■ 2024 YR4 ဂြိုဟ်သိမ် အာကာသကျောက်တုံးနှစ်ခု ပြီးခဲ့တဲ့ရက်သတ္တပတ်က လပေါ်မှာ တိုက်ခတ်မိခဲ့ပါတယ်။
■ ဂျပန်နက္ခတ္တပညာရှင်တစ်ဦးက လပေါ် အလင်းတန်းကြီးနှစ်ခုကို တွေ့ရှိခဲ့ပြီးနောက် အဖြေရှာဖွေနေခဲ့ရာ ဒါဟာ ဂြိုဟ်သိမ်နှစ်ခု ထိခိုက်မိတာဖြစ်ပြီး လမျက်နှာပြင်ပေါ်မှာ ကြွင်းပေါက်ကြီးနှစ်ခု ကျန်ခဲ့ဟန်ရှိတယ်ဆိုတာ သေချာသွားပါတယ်။
■ အောက်တိုဘာ ၃၀ ရက်နေ့မှာ ပထမတစ်ခု ဝင်တိုက်ခဲ့ပြီး နိုဝင်ဘာ ၁ ရက်နေ့မှာ နောက်တစ်ခု ထပ်တိုက်ခဲ့ပါတယ်။
■ ထိခိုက်မှုတွေကို ဟီရာဆူကာမြို့ပြတိုက်မှ နက္ခတ္တပညာရှင် ဒိုင်အိချိဖူဂျီက ဖမ်းယူရရှိခဲ့ပြီး အဖြစ်အပျက်ကို မျှဝေဖော်ပြခဲ့ပါတယ်။
■ လမှာ လေထုမရှိတာကြောင့် ဥက္ကာခဲတွေကို မမြင်ရနိုင်ဘဲ ကြွင်းပေါက်ကြီးဖြစ်တဲ့အချိန်မှာ အလင်းပေါ်ထွက်တာ ဖြစ်တယ်လို့ ရှင်းပြပါတယ်။
■ ထိခိုက်ပြီးနောက် ဥက္ကာခဲတွေက တစ်နာရီကို ၂၅၇,၀၀၀ ကီလိုမီတာနှုန်းဖြင့် လဆီသို့ သွားနေခဲ့ပါတယ်။
■ ဒါကြောင့် အဆိုပါအလင်းတန်းတွေကို ဖူဂျီက ဖမ်းယူရရှိခဲ့တာ ဖြစ်ပါတယ်။
■ လာမယ့် ၂၀၃၂ ခုနှစ်မှာ 2024 YR4 ဂြိုဟ်သိမ်က လကို တိုက်ခတ်နိုင်ဖွယ်ရှိပြီး ဘာတွေဖြစ်လာမလဲဆိုတာ သိပ္ပံပညာရှင်တွေ စိတ်ဝင်စားနေကြပါတယ်။
■ ပေ ၂၂၀ ခန့်ရှိပြီး လပေါ်မှာ နောက်ထပ်ကြွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်နိုင်ခြေ ရှိနေပါတယ်။
■ ကမ္ဘာဂြိုဟ်နဲ့ မထိခိုက်ဘူးဆိုရင်တောင် လနဲ့ပွတ်တိုက်ပြီး ထွက်လာတဲ့အစအနတွေက ဂြိုဟ်တုတွေ အာကာသယာဉ်မှူးတွေကို အန္တရာယ်ခြိမ်းခြောက်နိုင်ဖွယ် ရှိနေပါတယ်။
Source: WION
#World_Health
Published 30 November 2025
■ ဆံခြည်မျှင်ကနေ သွားတိုက်ဆေး ပြုလုပ်နိုင်ဖွယ်ရှိနေပြီး သွားကြွေလွှာကို ပြန်လည်ဖွံ့ဖြိုးစေနိုင်မှာ ဖြစ်ပါတယ်။
■ ကင်းစ်ကောလိပ်လန်ဒန်မှ သုတေသီများက ဆံပင်၊ အရေပြား၊ သိုးမွေးတို့မှာ သဘာဝအတိုင်း ပါဝင်တဲ့ ကီရာတင်ပရိုတိန်းကနေ ပြုလုပ်တဲ့ သွားတိုက်ဆေးဟာ သွားတွေကို ကာကွယ်ပေးခြင်း၊ ပြုပြင်ပေးခြင်း ပြုလုပ်နိုင်ကာ သမားရိုးကျ သွားကုသနည်းတွေနေရာမှာ အသုံးပြုလာနိုင်ပါတယ်။
■ ကီရာတင်က သွားကြွေလွှာကို ပြန်လည်တည်ဆောက်ပေးနိုင်ပြီး အစောပိုင်းသွားယိုယွင်းခြင်းကို ရပ်တန့်နိုင်ပါတယ်။
■ ဒီပရိုတိန်းက တံတွေးထဲက သတ္တုတွေနဲ့ ဓာတ်ပြုပြီးတော့ ကြွေလွှာမှာ အကာအကွယ် ဖြစ်ပေါ်စေပါတယ်။
■ သိပ္ပံပညာရှင်တွေ လေ့လာချက်ပြုလုပ်ရာမှာ သိုးမွေးမှ ကီရာတင်ကို ထုတ်ယူပြီး သွားမျက်နှာပြင်ပေါ်မှာ ထိတွေ့စေခဲ့ရာ တံတွေးထဲက သတ္တုဓာတ်တွေနဲ့ ပေါင်းစပ်ပြီးတော့ တကယ့်ကြွေလွှာကဲ့သို့ ပုံဆောင်ခဲပုံစံလေး ဖြစ်ပေါ်စေပါတယ်။
■ ဒါက ကယ်စီယံနဲ့ ဖော့စ်ဖိတ်အိုင်းယွန်းများကို ဆွဲဆောင်နိုင်ပြီး ခံနိုင်ရည်ရှိတဲ့ကြွေလွှာ တဖြည်းဖြည်း ဖြစ်ပေါ်လာစေပါတယ်။
■ ကီရာတင်နဲ့ပြုလုပ်တဲ့ သွားတိုက်ဆေးက ကြွေလွှာတိုက်စားခြင်းကို ကာကွယ်ပေးခြင်း၊ သွားကျဉ်ခြင်းကို လျှော့ချပေးခြင်းနဲ့ သွားပြဿနာလက္ခဏာများ ဖြေရှင်းပေးခြင်းတို့ ပေးစွမ်းနိုင်ပါတယ်။
■ ဒီထုတ်ကုန်ပစ္စည်းဟာ လာမယ့် ၂ နှစ် ၃ နှစ်အတွင်း နေ့စဉ်သုံးသွားတိုက်ဆေးအဖြစ် ရရှိနိုင်ဖို့ မျှော်မှန်းရပါတယ်။
Source: India Today
#World_Science
Published 30 November 2025
■ ကင်ညာနိုင်ငံ တာကာနာချိုင့်ဝှမ်းမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂.၇၅ သန်းခန့်က ရေရှားခြင်း၊ မီးလောင်ကျွမ်းခြင်းများ အဖြစ်များခဲ့တဲ့ကာလတုန်းက မြေနေရာသွင်ပြင် အကြိမ်ကြိမ်ပြောင်းလဲခဲ့ပေမယ့် ရှေးခေတ်ကိရိယာ ပြုလုပ်ရေးပစ္စည်းတွေကတော့ နှစ်ပေါင်း ၃ သိန်းနီးပါးကြာအောင် နည်းပညာထိန်းသိမ်းတည်မြဲခဲ့တာကို Nature Communicatons မှာ ဖော်ပြထားပါတယ်။
■ နာမိုရိုတူကူနန် တူးဖော်ရေးနေရာမှာ သက်တမ်းအရင့်ဆုံး အိုဒိုဝမ်ကျောက်လက်နက်ပစ္စည်းကို တွေ့ရှိခဲ့ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၂.၇၅ သန်းမှ ၂.၄၄ သန်းအတွင်းက ရှေးဟောင်းအလွှာ ၃ မျိုးကို တွေ့ရှိခဲ့ကြပါတယ်။
■ အိုဒိုဝမ်ကိရိယာပစ္စည်းတွေက အခြေအနေအမျိုးမျိုးမှာ အသုံးပြုတာဖြစ်ပြီး လူသားသမိုင်းမှာ ပထမဆုံးနည်းပညာတိုးတက်မှု ဖြစ်ခဲ့ပါတယ်။
■ အသားလှီးဖြတ်ခြင်း၊ အရိုးခွဲခြင်း၊ အပင်ပျိုးခြင်းတို့အတွက် အသုံးပြုခဲ့ကြပါတယ်။
■ ဒီရိုးရာကိရိယာရဲ့ တည်မြဲထိန်းသိမ်းနိုင်ခြင်းက မှတ်သားလောက်တဲ့ အနေအထား ဖြစ်ပါတယ်။
■ ပတ်ဝန်းကျင်မြေနေရာတွေ ထိခိုက်ပျက်စီးခဲ့ကြပေမယ့် ဒီကိရိယာပစ္စည်းတွေကို ဆက်လက်ပြုလုပ်အသုံးချခဲ့ကြပါတယ်။
■ ပတ်ဝန်းကျင်အနေအထား ပြောင်းလဲခဲ့ပေမယ့် ကိရိယာပစ္စည်း ထုတ်လုပ်သူတွေကတော့ အဓိကနည်းပညာပိုင်းကို မပြောင်းလဲဘဲ ဆက်လက်ကျင့်သုံးခဲ့ကြပါတယ်။
■ အဆိုပါ ကိရိယာပစ္စည်းများ ဆက်လက်တည်ရှိနေခြင်းက လူသားမျိုးဆက်တွေ ခြားနားပေမယ့် ယဉ်ကျေးမှုနဲ့ အသိပညာ လက်ဆင့်ကမ်းအသုံးပြုနေတဲ့သဘော တွေ့ရှိရတာ ဖြစ်ပါတယ်။
■ ဒီနည်းပညာဖြင့် ရှေးခေတ်လူသားတွေဟာ ပတ်ဝန်းကျင်ပြောင်းလဲမှုတွေကို သဟဇာတဖြစ်အောင် ကျင့်သုံးနိုင်ခဲ့ပြီး ဘဝနေထိုင်ရေး ဆက်လက်တည်မြဲစေခဲ့ပါတယ်။
Source: Archaeology Mag
လတ်တလော သံတမန်ရေးတင်းမာမှုတွေကြောင့် တရုတ်မှ ဂျပန်သို့ ဧည့်ခရီးသွားခြင်းအတော်လေးကျဆင်းလာကာ ပြီးခဲ့တဲ့ရက်သတ္တပတ်ကထက် လေယာဉ်လက်မှတ် ပယ်ဖျက်တာတွေ အလွန်များပြားခဲ့တယ်လို့ ခရီးသွားပလက်ဖောင်း Umetrip က တနင်္လာနေ့မှာ ပြောပါတယ်။
#Asia_Business
Published 29 November 2025
#တရုတ် #ဂျပန်
#YMG #Yangon_Times #Yangon_Media_Group
ပဲရစ်၊ နိုဝင်ဘာ ၂၈ (Reuters) - ဥရောပလေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီ Airbus က ကမ္ဘာတစ်ဝန်းရှိ ယင်းတို့၏ A320 လေယာဉ်အုပ်စုပါ လေယာဉ်အစီးရေ ၆,၀၀၀ ကို ချက်ချင်း အရေးပေါ်ပြင်ဆင်မှုများ ပြုလုပ်ရန် သောကြာနေ့တွင် အမိန့်ထုတ်ပြန်လိုက်သည်။ ဤအကြီးစား ပြန်လည်ခေါ်ယူမှုသည် တစ်ကမ္ဘာလုံးရှိ လေယာဉ်များ၏ တစ်ဝက်ကျော်အပေါ် အကျိုးသက်ရောက်မှုရှိသွားရာ အမေရိကန် ပြည်ထောင်စု၏ ခရီးသွားအများဆုံး သီတင်းပတ်ကုန်ရက်များအတွင်း ကမောက်ကမဖြစ်မှုများနှင့် ကမ္ဘာ တစ်ဝန်း လေကြောင်းခရီးစဉ် ပြတ်တောက်မှု အနှောင့်အယှက်များ ဖြစ်ပေါ်စေမည့် အခြေအနေရှိနေသည်။
ဤဆုတ်ယုတ်မှုသည် Airbus ၏ ၅၅ နှစ်တာ သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံးသော ပြန်လည် ခေါ်ယူမှုများထဲမှ တစ်ခုဖြစ်ပုံရကာ A320 မော်ဒယ်သည် Boeing 737 ကို ကျော်တက်ကာ ကမ္ဘာ့အများ ဆုံး ပေးပို့ရောင်းချရသည့် လေယာဉ်ပုံစံ ဖြစ်လာခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာတွင် ပေါ် ပေါက်လာခြင်းဖြစ်သည်။ Airbus က လေယာဉ်ကုမ္ပဏီ ၃၅၀ ကျော်ထံသို့ ယင်းတို့၏ ညွှန်ကြားချက်ကို ထုတ်ပြန်လိုက်ချိန်တွင် A320 အမျိုးအစား လေယာဉ်ပေါင်း ၃,၀၀၀ ခန့်သည် ဝေဟင်၌ ပျံသန်းနေ ဆဲ ဖြစ်သည်။
Reuters သတင်းဌာနက တွေ့ရှိခဲ့ရသော လေကြောင်းလိုင်းများထံ ပေးပို့သည့် ညွှန်ကြား ချက်စာအရ ပြင်ဆင်မှုအပိုင်းသည် ယခင်အသုံးပြုခဲ့သော ဆော့ဖ်ဝဲလ်အဟောင်းသို့ ပြန်လည် ပြောင်းလဲခြင်းသာ ဖြစ်ပြီး ရိုးရှင်းသည်ဟုဆိုရမည်ဖြစ်သော်လည်း၊ ပြင်ဆင်ရေးစင်တာများသို့ ရွှေ့ပြောင်းမောင်းနှင်ခြင်းမှ လွဲ၍ ခရီးသည်တင်ခရီးစဉ်များ ထပ်မံမပျံသန်းမီ မဖြစ်မနေ ပြုလုပ်ရမည်ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုမှသည် တောင်အမေရိက၊ ဥရောပ၊ အိန္ဒိယနှင့် နယူးဇီလန်တို့ အထိ လေကြောင်းလိုင်းများက ဤပြင်ဆင်မှုများကြောင့် လေကြောင်းခရီးစဉ် ကြန့်ကြာမှုများ သို့မဟုတ် ဖျက်သိမ်းမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးခဲ့ကြသည်။
ကမ္ဘာ့အကြီးဆုံး A320 အော်ပရေတာဖြစ်သည့် American Airlines က ယင်း၏ A320 လေယာဉ် ၄၈၀ အနက် ၃၄၀ ခန့်မှာ ပြင်ဆင်မှုလိုအပ်မည်ဟု ပြောကြားခဲ့သည်။ လေယာဉ်တစ်စင်းလျှင် နှစ်နာရီခန့် ကြာမြင့်မည့် ပြင်ဆင်မှုများကို စနေနေ့တွင် အပြီးသတ်နိုင်ရန် မျှော်လင့်ထားကြောင်း ဆိုသည်။ ဂျာမနီမှ Lufthansa၊ အိန္ဒိယမှ IndiGo နှင့် ဗြိတိန်အခြေစိုက် easyJet အပါအဝင် အခြား လေကြောင်း လိုင်းများကလည်း ပြင်ဆင်မှုပြုလုပ်ရန် လေယာဉ်များကို ခေတ္တရပ်နားထားမည်ဟု ပြောကြားခဲ့သည်။ ကိုလံဘီယား လေကြောင်းလိုင်း Avianca ကမူ ဤပြန်လည်ခေါ်ယူမှုသည် သူတို့၏ လေယာဉ်အုပ်စု ၇၀% ကျော်ကို ထိခိုက်စေသဖြင့် ဒီဇင်ဘာ ၈ ရက်နေ့အထိ ခရီးသွားရက်စွဲများအတွက် လက်မှတ် ရောင်းချမှုကို ပိတ်သိမ်းလိုက်ရကြောင်း ဆိုသည်။
လက်ရှိတွင် A320 အုပ်စုဝင် လေယာဉ်ပေါင်း ၁၁,၃၀၀ ခန့် ပြေးဆွဲလျက်ရှိပြီး၊ ယင်းတို့အနက် ၁၉၈၇ ခုနှစ် တွင် ပထမဆုံး စတင်ပျံသန်းခဲ့သည့် မူလ A320 မော်ဒယ် ၆,၄၄၀ ပါဝင်သည်။ ကမ္ဘာ့ အကြီးဆုံး A320 အော်ပရေတာ ၁၀ ခုအနက် ၄ ခုမှာ အမေရိကန် လေကြောင်းလိုင်းကြီးများဖြစ်သည့် American Airlines၊ Delta Air Lines နှင့် United Airlines တို့ဖြစ်သည်။ တရုတ်၊ ဥရောပ နှင့် အိန္ဒိယ လေကြောင်းလိုင်း များသည်လည်း ဤလေယာဉ်အမျိုးအစား၏ အကြီးဆုံး ဖောက်သည်များတွင် ပါဝင် ကြသည်။
သက်ရောက်မှုရှိသော လေယာဉ်များ၏ သုံးပုံနှစ်ပုံခန့်အတွက်၊ လေကြောင်းလိုင်းများက ယခင် ဆော့ဖ် ဝဲလ်ဗားရှင်းသို့ ပြန်လည်ပြောင်းလဲရုံသာ ဖြစ်သောကြောင့် ခေတ္တရပ်နားမှုသာ ဖြစ်ပေါ်စေမည်ဟု လုပ်ငန်းခွင်သတင်းရင်းမြစ်များကပြောသည်။ သို့သော်လည်း အခြားသော သီးခြားအင်ဂျင်ပြုပြင်မှုများ သို့မဟုတ် စစ်ဆေးမှုများအတွက် စောင့်ဆိုင်းချိန်ကြာမြင့်နေသဖြင့် Airbus လေယာဉ်ရာပေါင်းများစွာ ရပ်နားထားရပြီး ပြင်ဆင်ရေး အလုပ်ရုံများတွင် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ပြည့်ကျပ်နေချိန်တွင် ဤကိစ္စပေါ်ပေါက်လာခြင်းဖြစ်သည်။ ထို့ပြင် လေကြောင်းလုပ်ငန်း၌ လုပ်သားရှားပါးမှုပြဿနာလည်း ရှိနေသည်။
လေကြောင်းလေ့လာသုံးသပ်သူ Rob Morris က လေယာဉ်ရုံ (hangar) နေရာလွတ် မည်မျှ ချက်ချင်းရရှိ နိုင်မည်ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်ကြောင်း ပြောဆိုသည်။ မကြာသေးမီက ဖြစ်ရပ်တစ်ခုအရ နေမုန်တိုင်းများ (solar flares) သည် လေယာဉ်ထိန်းချုပ်မှု လုပ်ဆောင်ချက်အတွက် အရေးပါသော ဒေတာများကို ပျက်စီးစေနိုင်ကြောင်း တွေ့ရှိရသည်ဟု Airbus က ဆိုသည်။
ယခုလိုမမျှော်လင့်ထားသော ပြင်ဆင်မှုအမိန့်ကို ဖြစ်ပေါ်စေခဲ့သည့် အဓိကအကြောင်းရင်းမှာ အောက်တို ဘာ ၃၀ ရက်က မက္ကဆီကိုနိုင်ငံ ကန်ကွန်း (Cancun) မှ နယူးဂျာစီပြည်နယ် နူးဝပ်ခ် (Newark) သို့ ပျံသန်း သော JetBlue လေကြောင်းခရီးစဉ်တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယင်းခရီးစဉ်တွင် လေယာဉ်အမြင့် ပေ ရုတ်တရက်ကျဆင်းမှုကြောင့် ခရီးသည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်း ရင်းမြစ်များက ဆိုသည်။
ထို A320 လေယာဉ်သည် လေယာဉ်ထိန်းချုပ်မှု ပြဿနာနှင့် လေယာဉ်မှူး၏ စေခိုင်းချက်မပါဘဲ ရုတ်တရက် အမြင့်ပေ ကျဆင်းမှုတို့ကြောင့် ဖလော်ရီဒါပြည်နယ် တမ်ပါ (Tampa) တွင် အရေးပေါ် ဆင်း သက်ခဲ့ရပြီး၊ ဖက်ဒရယ်လေကြောင်းဦးစီးဌာန (FAA) က စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။ JetBlue နှင့် FAA တို့ကမူ ဤပြန်လည်ခေါ်ယူမှုအပေါ် မှတ်ချက်တစ်စုံတစ်ရာ မပေးခဲ့ပေ။
အချို့သော လေကြောင်းလိုင်းများအတွက် ပြင်ဆင်ရန် ယာယီရပ်နားထားရမှုသည် ပိုမိုကြာရှည်နိုင်ဖွယ် ရှိသည်။ အကြောင်းမှာ သက်ရောက်မှုရှိသော လေယာဉ်များအနက် အစီးရေ ၁,၀၀၀ ကျော်သည် ဟာ့ဒ်ဝဲလ် (hardware) အပိုင်းများပါ လဲလှယ်ရနိုင်ဖွယ်ရှိသောကြောင့်ဖြစ်သည်ဟု လုပ်ငန်းခွင်သတင်း ရင်းမြစ်များက ပြောသည်။
၁၉၈၄ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သော A320 သည် "fly-by-wire" ဟုခေါ်သော ကွန်ပျူတာစနစ်သုံး ထိန်းချုပ်မှုများကို ပထမဆုံး မိတ်ဆက်အသုံးပြုခဲ့သည့် ပင်မ လေယာဉ်အမျိုးအစား ဖြစ် သည်။
ယင်းသည် Boeing 737 MAX နှင့် ယှဉ်ပြိုင်ဘက်ဖြစ်ပြီး၊ 737 MAX သည် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များတွင် လူအသေအပျောက်များသော ပျက်ကျမှုများ ဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်း ကာလရှည်ကြာ ရပ်နားခံခဲ့ရသည်။ ထိုပျက်ကျမှုများသည် ညံ့ဖျင်းစွာ ဒီဇိုင်းထုတ်ထားသော လေယာဉ်ထိန်းချုပ်ရေး ဆော့ဖ်ဝဲလ်ကြောင့်ဟု အပြစ်တင်ခဲ့ကြသည်။
အာရှဦးဆောင်သော စီးပွားရေး ကြီးထွားလာမှုကြောင့် သန်းနှင့်ချီသော ခရီးသွားအသစ်များ လေကြောင်း လောကသို့ ရောက်ရှိလာခဲ့ရာ၊ မကြာသေးမီနှစ်များအတွင်း ဤ အဓိကလေယာဉ်အမျိုးအစားနှစ်ခု အတွက် ဝယ်လိုအား မြင့်တက်လာခဲ့သည်။
Reuters မှ တွေ့ရှိရသော Airbus ၏ ညွှန်ကြားချက်စာအရ ပြဿနာ၏ အရင်းအမြစ်မှာ ELAC (Elevator and Aileron Computer) ဟုခေါ်သော လေယာဉ်စနစ်တွင် ရှိနေသည်။ အဆိုပါစနစ်သည် လေယာဉ်မှူး ၏ ဘေးဘက်ရှိ မောင်းတံ (side-stick) မှ အမိန့်များကို လေယာဉ်အမြီးပိုင်းရှိ elevators များထံ ပို့ဆောင်ပေးသည်။ ထို elevators များက လေယာဉ်၏ နှာခေါင်း အနိမ့်အမြင့် (pitch) ကို တဖန်ပြန်လည် ထိန်းချုပ်ပေးခြင်း ဖြစ်သည်။
အဆိုပါ ကွန်ပျူတာစနစ်ကို ထုတ်လုပ်သူ ပြင်သစ်ကုမ္ပဏီ Thales က Reuters ၏ မေးမြန်းမှုကို တုံ့ပြန် ရာတွင် ၎င်းတို့၏ ကွန်ပျူတာသည် Airbus ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီကြောင်းနှင့် မေးခွန်း ထုတ်စရာဖြစ်နေသော လုပ်ဆောင်ချက်ပိုင်းမှာမူ Thales ၏ တာဝန်အောက်တွင်မရှိသော ဆော့ဖ်ဝဲလ်က ပံ့ပိုးပေးထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်
Page 55 of 1128