၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း ပိုကုန်နှင့်သွင်းကုန်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ကုန်သေတ္တာတင်သင်္ဘော (၅၅) စီးပြေးဆွဲသွားမယ်လို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 01 August 2026
#ကုန်သေတ္တာတင်သင်္ဘော
#YMG/SW #Yangon_Times
ပြည်ပနိုင်ငံများသို့ နှစ်စဉ်ဆန်များတိုးချဲ့တင်ပို့နိုင်ရေးကိုကြိုးပမ်းလုပ်ဆောင်နေပြီး ကမ္ဘာ့စပါးကျီနိုင်ငံအဖြစ်ပါဝင်လာနိုင်ရန် ရည်မှန်းလုပ်ဆောင်နေတယ်လို့ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်က ပြောပါတယ်။
#Local_News
Published 01 August 2026
#စပါးကျီနိုင်ငံ
#YMG/NN #Yangon_Times
ယခုနှစ်(၆)လကျော်ကာလအတွင်း YBS ယာဉ်မတော်တဆမှု (၃၄) မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၁၉) ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ (၃၅) ဦးရှိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ရဲ့ စာရင်းတွေအရသိရပါတယ်။
#Local_News
Published 01 August 2026
#YBS #YRTC
#YMG/SW #Yangon_Times
#Daily_News
Published 01 August 2026
၁။ ဩဂုတ်လအတွင်း ကုန်သေတ္တာတင်သင်္ဘော (၅၅) စီးပြေးဆွဲမည်
၂။ ကမ္ဘာ့စပါးကျီနိုင်ငံအဖြစ်ပါဝင်လာနိုင်ရန်ရည်မှန်းလုပ်ဆောင်နေ
၃။ ယခုနှစ်(၆)လကျော်အတွင်း YBS ယာဉ်မတော်တဆမှု (၃၄)မှုဖြစ်ပွား၊ သေဆုံးသူ(၁၉)ဦးရှိ
၄။ အမေရိကန်၏ဘက်ပေါင်းစုံစစ်ပွဲဆင်နွှမှုကိုရင်ဆိုင်နေရကြောင်း အီရန်သမ္မတပြော... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပင်လယ်ပြင် တော်တော်များများမှာ နှစ်ပတ်ကျော်ကြာ လုပ်ခဲ့တဲ့ ပူးတွဲကင်းလှည့်မှုနဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြီးဆုံးသွားတဲ့အတွက် တရုတ်-ရုရှား ရေတပ် စစ်သင်္ဘောအုပ်စုဟာ ဗုဒ္ဓဟူးနေ့မှာ ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်က စစ်ဆိပ်ကမ်းတစ်ခုကို ဆိုက်ရောက်လာခဲ့ပါတယ်။
#World_News
Published 31 July 2026
#တရုတ် #ရုရှား
#YMG #Yangon_Times #Yangon_Media_Group
စိုက်ပျိုးရေးနှင့်အစားအသောက်ထုတ်လုပ်မှုကဏ္ဍအတွင်းက အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ RBF+ Matching Grant ထောက်ပံ့ငွေလျှောက်ထားနိုင်ဖို့ မြန်မာနိုင်ငံသစ်သီးဝလံ၊ပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(MFVP) အသင်းက အခမဲ့ချိတ်ဆက်ကူညီပေးနေတယ်လို့ သိရပါတယ်။
#Local_News
Published 31 July 2026
#RBF+ #MFVP
#YMG/SW #Yangon_Times
မသမာသောနည်းလမ်းများ အသုံးပြု၍ မိမိယာဉ်နံပါတ်ဖြင့် အခြားသူများကစက်သုံးဆီဝယ်ယူခြင်းခံခဲ့ရတဲ့ ယာဉ်ပိုင်ရှင်များအတွက် စက်သုံးဆီဝယ်ယူခွင့် QR Code အသစ်ထုတ်ပေးသွားမယ်လို့ သိရပါတယ် ။
#Local_News
Published 31 July 2026
#QR_Code
#YMG/NN #Yangon_Times
Page 14 of 1375