လာမယ့် ဒီဇင်ဘာလထဲမှာစတင်မယ့် နာနတ်သီးအချဥ်ထွက်ရှိတဲ့ ရာသီချိန် အတွင်းမှာ တရုတ်နိုင်ငံကိုတန်ချိန်လေးသောင်းခန့်တင်ပို့နိုင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ မြန်မာနိုင်ငံနာနတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက သိရပါတယ်။
#Local_News
Published 25 August 2025
#နာနတ်သီး #တရုတ်နိုင်ငံတင်ပို့
#YMG/NN #Yangon_Times
ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့်သတ်မှတ်ကာလအတွင်း သက်ဆိုင်ရာဘဏ်သို့ ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရမှာဖြစ်ပြီး မည်သည့် ED အတွက်
ပို့ကုန်ရငွေဖြစ်ကြောင်းကိုလည်း ဘဏ်များသို့အမြန်ဆုံးသွားရောက်စာရင်းရှင်းလင်းရန်လိုအပ်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကထုတ်ပြန်ပါတယ်။
#Local_News
Published 25 August 2025
#ပို့ကုန်လုပ်ငန်းရှင် #ED
#YMG/SW #Yangon_Times
စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေးတွင် မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံတည်ဆောက်ရန်အတွက် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးနှင့်တရုတ်ကုမ္ပဏီများအသင်းတို့ပူးပေါင်းကာ စီမံကိန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂၂၃၀၀၀ကို ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရတယ်။
#Local_News
Published 25 August 2025
#စစ်ကိုင်းမြို့ရွှေမင်းဝံဈေး #မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံ
#YMG/SW #Yangon_Times
အခုအပတ်အတွင်းပြင်ပရွှေတစ်ကျပ်သားကို ကျပ်သုံးသိန်းနှစ်သောင်း ဝန်းကျင်အထိကျဆင်းလာတယ်လို့ ရွှေဈေးကွက်ထဲကသိရပါတယ်။
#Local_News
Published 23 August 2025
#ရွှေ #ရွှေတစ်ကျပ်သား
#YMG/NN #Yangon_Times
တရုတ်ပြည် ရှီဇန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြိုတော်ဖြစ်တဲ့ လျာဆာမြိုရှိ ပိုတယ်လာရင်ပြင်ပွဲတော်ကို သမ္မတရှီကျင့်ဖျင် ကြာသပတေးနေ့က တက်ရောက်ခဲ့ပြီး ဒေသတည်ထောင်ခြင်း နှစ် ၆၀ ပြည့်အထိမ်းအမှတ် ကျင်းပခဲ့ပါတယ်။
#Asia_Event
Published 23 August 2025
#တရုတ်ပြည်ရှီဇန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ #သမ္မတရှီကျင့်ဖျင်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 23 August 2025
၁။ ဗဟိုအမျိုးသမီးဆေးရုံကြီးကို စံပြဆေးရုံအဖြစ်လုပ်ဆောင်ရန်တိုက်တွန်း
၂။ တက္ကသိုလ်ဝင်ခွင့်များစက်တင်ဘာလ(၂)ရက်တွင်စတင်လျှောက်ထားနိုင်
၃။ MTSH အစုရှယ်ယာတစ်စုလျှင် အမြတ်ဝေစု ငွေကျပ်(၁၉၀)ရရှိမည်
၄။ တရုတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတည်ထောင်ခြင်းနှစ်(၆၀)ပြည့်အထိမ်းအမှတ်သို့ ရှီကျင့်ဖျင်တက်ရောက်ဂုဏ်ပြု... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြန်မာသီလဝါ အက်(စ်)အီးဇက်ဟိုးဒင်းအများပိုင်ကုမ္ပဏီ (MTSH) ရဲ့ အစုရှယ်ယာရှင်တွေအနေနဲ့ အစုရှယ်ယာတစ်စုကို အမြတ်ဝေစု ငွေကျပ် (၁၉၀) ရရှိမှာဖြစ်တယ်လို့ နှစ်ပတ်လည်အစီရင်ခံစာမှာဖော်ပြထားပါတယ်။
#Local_News
Published 23 August 2025
#မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးဒင်း #MTSHအစုရှယ်ယာတစ်စု
#YMG/SW #Yangon_Times
Page 15 of 1149