သီတင်းကျွတ်ကာလအတွက် ရထားအစီးရေ(၃၂)စီးအထိတိုးမြှင့်ပြေးဆွဲသွားမှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ORTPစနစ်နဲ့ အွန်လိုင်းမှရထားလက်မှတ်များကြိုတင်ဝယ်ယူမှုများပြားနေတယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။
#Local_News
Published 21 October 2026
#သီတင်းကျွတ် #ရထား
#YMG/NN #Yangon_Times
#Daily_News
Published 21 October 2026
၁။ အရည်အသွေးမြှင့် ပဲမျိုးစုံအားတန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်တင်ပို့ပါက နိုင်ငံခြားဝင်ငွေတိုးတက်ရရှိနိုင်
၂။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁၂)ခု အတည်ပြု၊လူကိုးထောင်ကျော်အတွက် အလုပ်အကိုင်ဖန်တီးနိုင်မည်
၃။ သီတင်းကျွတ်ကာလအတွက် ရထားအစီးရေ(၃၂)စင်း အထိတိုးမြှင့်ပြေးဆွဲမည်ဖြစ်ပြီး ရထားလက်မှတ်ကြိုတင်ဝယ်ယူမှုများပြားနေ
၄။ ပီရူးတွင် အယ်လ်နီညိုရာသီဥတုကြောင့် ရာသီဥတုဖောက်ပြန်မှုများရင်ဆိုင်နေရ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဂျပန်နဲ့ မြန်မာရုပ်ရှင်ဟောင်းတွေကို ဖလင်မူရင်းအရည်အသွေးနဲ့ မျက်နှာပြင်ကြီးပေါ်မှာ ပြန်လည်တင်ဆက်မယ့် “Celluloids on Big Screen” ရုပ်ရှင်ပြပွဲကို အောက်တိုဘာ ၂၃ ရက်ကနေ ၂၅ ရက်အထိ ရန်ကုန်မြိုရှိ AIA KHIT ဝန်ကြီးများရုံးမှာကျင်းပသွားမှာဖြစ်ပါတယ်။
#Local_News
Published 22 October 2026
#ဂျပန် #မြန်မာ
#YMG/SW #Yangon_Times
ဂျပန်နိုင်ငံမှာ အောက်တိုဘာလအတွင်း စားသောက်ကုန်နဲ့ အဖျော်ယမကာ အမျိုးပေါင်း ၃,၁၅၃ ဈေးတက်ဖို့ရှိနေပါတယ်။ ထုတ်ပိုးမှုကုန်ကျစရိတ်တွေ မြင့်တက်လာတာနဲ့ ဂျပန်ယန်းငွေတန်ဖိုးကျဆင်းနေတာတွေကြောင့် ကုမ္ပဏီတွေကတိုးလာတဲ့စရိတ်တွေကို စားသုံးသူတွေဆီ ထပ်ဆင့်လွှဲပြောင်းလိုက်ရတာဖြစ်တယ်လို့ သုတေသနကုမ္ပဏီတစ်ခုရဲ့ စာရင်းအင်းတွေအရ သိရပါတယ်။
#World_News
#ဂျပန်
Published 19 October 2026
#YMG #Yangon_Times #Yangon_Media_Group
အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) မှာ ရိုမက်နည်းပညာသုံး သံရည်ကျိုမီးဖိုအလုပ်ရုံ လည်ပတ်နိုင်ရေးလုပ်ငန်းတွေကို ရုရှားနိုင်ငံရဲ့အကူအညီနဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
#Local_News
Published 20 October 2026
#ပင်းပက်သံမဏိစက်ရုံ
#YMG/SW #Yangon_Times
ပြည်တွင်းထုတ် မြေပဲဆီ၊ နှမ်းဆီနဲ့နေကြာဆီများကိုရောင်းချပေးမယ့် သီတင်းကျွတ်ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့ရှိနေရာနှစ်ခုတွင်ကျင်းပရောင်းချသွားမယ်လို့ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းကသိရပါတယ်။
#Local_News
Published 20 October 2026
#မြေပဲဆီ_နှမ်းဆီ_နေကြာဆီ
#YMG/NN #Yangon_Times
ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးသင်တန်းကို ရန်ကုန်မြိုရှိ UMFCCI မင်္ဂလာခန်းမမှာ အောက်တိုဘာ ၁၈ ရက်က ကျင်းပခဲ့ပါတယ်။
#Local_News
Published 20 October 2026
#ငွေကြေးခဝါချမှုတိုက်ဖျက်ရေး #UMFCCI
#YMG/SW #Yangon_Times
Page 10 of 1416