ကလေးငယ်များ Mobile Phone နဲ့ Online Platform သုံးစွဲခြင်းမှကာကွယ်ရန် Digital Safety အသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနဲ့ ပူးပေါင်းပြီးဆက်လက်ဆောင်ရွက်သွားမယ်လို ပညာရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပြောပါတယ်။
#Local_News
Published 26 July 2026
#Mobile_Phone #Digital_Safety
#YMG/NN #Yangon_Times
ဗောက်စ်ဝက်ဂန်ကုမ္ပဏီက ပြိုင်ဘက်များနဲ့ ကုန်ကျစရိတ် ကွာဟချက်လျှော့ချရန်အတွက် ကမ္ဘာတဝှမ်းမှ အလုပ်အကိုင်နေရာပေါင်း ၅ သောင်းကျော် လျှော့ချရန်လိုအပ်နိုင်ကြောင်း ကုမ္ပဏီစီအီးအို အိုလီဗာဘလူးမ်က ပြောကြားခဲ့တယ်လို့ ကုမ္ပဏီမှတ်တမ်းတစ်ခုအရ သိရပါတယ်။
#World_Industry
Published 25 July 2026
#ဗောက်စ်ဝက်ဂန်ကုမ္ပဏီ
#YMG #Yangon_Times #Yangon_Media_Group
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လယ်ယာထွက်ကုန်များ ဓာတ်ကြွင်းကင်းစင်စေရေးအတွက် Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေး (၂) မျိုးကို မြန်မာနိုင်ငံအတွင်း (၂) နှစ်ကြာ သုံးစွဲခွင့်ပိတ်ပင်လိုက်တယ်လို မြန်မာနိုင်ငံသစ်သီးဝလံ၊ပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သူများအသင်း(MFVP)က တောင်သူများအတွက် အသိပေးထားပါတယ်။
#Local_News
Published 25 July 2026
#ပိုးသတ်ဆေး #MFVP
#YMG/SW #Yangon_Times
မြန်မာ့ကောက်ညှင်းဆန်ပြည်ပဝယ်လိုအား ပုံမှန်အတိုင်းဆက်လက်ကောင်းနေပြီး လူမှုကွန်ရက်မှာရေးသားဖော်ပြထားတဲ့ မြန်မာ့ကောက်ညှင်းဆန်ကို တရုတ်နိုင်ငံက Blacklist လုပ်တယ်ဆိုတဲ့ ဖော်ပြချက်ဟာ မှန်ကန်မှု မရှိဘူးလို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ယမန်နေ့ကအသိပေး ထုတ် ပြန်ထားပါတယ်။
#Local_News
Published 25 July 2026
#မြန်မာ့ကောက်ညှင်းဆန်
#YMG/NN #Yangon_Times
ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားက ရန်ကုန်-ပြည်-ရန်ကုန် ခရီးစဉ်မှာ အမှတ်(၇၃)အဆန်နဲ့ အမှတ်(၇၄)အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားများကို ဇူလိုင် ၃၁ ရက်မှ စတင်တိုးချဲ့ပြေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 25 July 2026
#ရန်ကုန်_ပြည်_ရန်ကုန် #DEMU
#YMG/SW #Yangon_Times
#Daily_News
Published 25 July 2026
၁။ ပိုးသတ်ဆေး(၂)မျိုးကိုသုံးစွဲမှု (၂)နှစ်ပိတ်ပင်
၂။ မြန်မာ့ကောက်ညှင်းဆန်တရုတ်အပါအဝင်အာရှနှင့်ဥရောပနိုင်ငံများဝယ်လိုအားဆက်လက်ကောင်းနေ
၃။ ရန်ကုန်-ပြည်-ရန်ကုန်ခရီးစဉ်တွင် ခေတ်မီ DEMU လူစီးအမြန်ရထားများ ဇူလိုင် ၃၁ ရက်မှစတင်ပြေးဆွဲမည်
၄။ ကုန်ကျစရိတ်လျှော့ချရန်လိုအပ်သည့်ဗောက်စ်ဝက်ဂန်ကားကုမ္ပဏီ အလုပ်နေရာပေါင်း(၅)သောင်းကျော်လျှော့ချဖွယ်ရှိသည်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
တရုတ်စက်မှုလုပ်ငန်းသုံး စက်ရုပ်ထုတ်လုပ်သူများဟာ ပြောင်းလွယ်ပြင်လွယ်ရှိပြီး အနည်းငယ်စီ ခွဲထုတ်လုပ်နိုင်တဲ့ စမတ်စက်ရုပ်များ ဝယ်လိုအားဖြည့်ဆည်းနိုင်ရန် ရုပ်ပိုင်းဆိုင်ရာ အသိဉာဏ်အခြေပြု စက်ရုပ်နည်းပညာ (Embodied AI)စနစ် တိုးမြှင့်တီထွင်လာကြပါတယ်။
#Asia_Industry
Published 24 July 2026
#Embodied_AI
#YMG #Yangon_Times #Yangon_Media_Group
Page 18 of 1375