Published 24 May 2022
မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုန်အန်ဟာ ပြုံယမ်းမှာပြုလုပ်တဲ့ ကွယ်လွန်သူ ကိုးရီးယားပြည်သူ့တပ်မတော်ရဲ့မာရှယ်ယွန်ချိုဟေးရဲ့ ဈာပနကို ကိုယ်တိုင်တက်ရောက်ပြီး ခေါင်းတလားကိုပါ ကိုယ်တိုင်သယ်ဆောင်သင်္ဂြိုလ်ပေးခဲ့ပါတယ်။
တနင်္ဂနွေနေ့ကပြုလုပ်တဲ့ အဆိုပါဈာပနအခမ်းအနားကို မြောက်ကိုးရီးယား အစိုးရမီဒီယာက ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကွယ်လွန်သူ မာရှယ်ယွန်ချိုဟေးဟာ ကင်မ်ဂျုန်အန်ရဲ့ ဆရာတစ်ဦးဖြစ်ခဲ့ပြီး ဖခင်ကင်ဂျုန်အီလ် ၂၀၁၁ခုနှစ်မှာသေဆုံးတဲ့အခါ သူ့အရိုက်အရာကို ကင်မ်ဂျုန်အန်ဆက်ခံနိုင်အောင်ပြင်ဆင်ပေးခဲ့သူလို့ သိထားကြပါတယ်။သူဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အထွေထွေအကြံပေးပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါတယ်။
ကိုဗစ်ကူးစက်မှုတွေမြင့်မားနေတဲ့ မြောက်ကိုးရီးယားမှာ ခေါင်းဆောင် ကင်မ်ဟာ ဈာပနအခမ်းအနားမှာ maskတပ်ဆင်ခြင်း မရှိဘဲ အခြားအရာရှိကြီးတွေနှင့်အတူ ခေါင်းတလားကိုသယ်ဆောင်ခဲ့တာပါ။
Source AFP
#WorldDevelopment
Published 23 May 2022
တရုတ်ပြည်မှ ဆောက်လုပ်ဆဲဖြစ်တဲ့ ကမ္ဘာ့အကြီးဆုံး ဘိုင်ဟီတန်ရေအားလျှပ်စစ်စခန်းဟာ ယန်စီမြစ်ဝကျွန်းပေါ်စီးပွားရေးအချက်အခြာဒေသရဲ့ စိမ်းလန်းဖွံ့ဖြိုးရေးအတွက် အဓိကတွန်းအားဖြစ်လာတော့မှာဖြစ်ပါတယ်။
#Yangon_Media_Group
တာချီလိတ် မေ ၂၃
နစက ဥက္ကဋ္ဌ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်နှင့်အဖွဲ့ဝင်တွေဟာ ယနေ့ နေ့လည် ၁၂ နာရီအချိန်က နေပြည်တော်မှတပ်မတော်လေယာဥ်ဖြင့် တာချီလိတ်လေဆိပ်သို့ပြန်လည်ရောက်ရှိလာပြီးနောက် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား( ၂)မှတဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။
Published 23 May 2022
ထိုင်ဝမ်ကိုမည်သို့သောကျူးကျော်မှုမျိုးမဆို ထိုင်ဝမ်ရဲ့အကျိုးစီးပွားဘက်က ကာကွယ်ပေးသွားမယ်လို့ ဂျိုးဘိုင်ဒင်က တရုတ်ကို သတိပေးစကားပြောကြားလိုက်ပါတယ်။ ဂျပန်ကိုရောက်ရှိနေစဉ်အတွင်း မေလ(၂၃)ရက်က အမေရိကန်သမ္မတ ဘိုင်ဒင်က ယခုလိုပြောခဲ့တာပါ။ ယူကရိန်းမှာဖြစ်ခဲ့သလို နောက်ထပ်အလားတူအရေးယူဆောင်ရွက်တာမျိုးတွရှိလာလိမ့် မယ်လို့လည်းသူကပြောပါတယ်။
ထိုင်ဝမ်ပြဿနာနှင့်ပတ်သက်လာရင် စကားပြောဆင်ခြင်ဖို့ တရုတ်ကလည်း အမေရိကန်ကို သတိပေးတုန့်ပြန်လိုက်ပါတယ်။ တရုတ်ရဲ့အချုပ်အခြာအာဏာနှင့် လုံခြုံရေးအကျိုးစီးပွားကို မဆုတ်မနစ်ကာကွယ်ပြီးလိုအပ်တဲ့အရေးယူဆောင်ရွက်မှု တွေလုပ်ရလိမ့်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ဝမ်ဝေပင်းက ဘေဂျင်းမှာပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာပါ။”ကျွန်တော်တို့စကားတွေဟာ ကျွန်တော်တို့အရေးယူဆောင်ရွက်မှုတွေဖြစ်လာလိမ့်မယ်” လို့လည်း သူက အမေရိကန်ကိုထပ်မံသတိပေးခဲ့ပါတယ်။
Source AFP
#LocalNews
Published - 23 May 2022
ကလေးမြို့ပေါ်သို့ ချင်းစစ်ဘေးရှောင်ပြည်သူများ ထပ်တိုးရောက်ရှိလာပြီး လက်ရှိတွင် ၄င်းတို့
စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာလိုအပ်မှုတွေရှိ နေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published -23 May 2022
ရှမ်းတိုင်းရင်းသားတွေရဲ့ ရှမ်းစာပေတိုးတက်ဖို့ မိုင်းကိုင်မြို့မှာ စစ်ဘေးရှောင်တွေကို ရှမ်းစာပေသင်ကြားတာ၊ နွေရာသီရှမ်းစာပေသင်ကြားတာနဲ့ ဓမ္မစကူးလ်တွေမှာ ရှမ်းစာပေသင်ကြားပေးတာတွေလုပ်ဆောင်ပေးနေတယ်လို့ ရှမ်းစာပေနှင့်ယဥ်ကျေးမှုအသင်း(မိုင်းကိုင်မြို့)အတွင်းရေးမှူးကိုအောင်သူရက ပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published - 23 May 2022
၁။ မိုင်းကိုင်မြို့တွင် ရှမ်းစာပေတိုးတက်ရန်နှင့်ရှမ်းယဥ်ကျေးမှုအမွေအနှစ်များ ရှေးမူမပျက်ထိန်းသိမ်းပေးရန်လိုဟုဆို။
၂။ ကလေးမြို့ပေါ်သို့ ချင်းစစ်ဘေးရှောင်ပြည်သူများထပ်တိုး ရောက်လာရှိလာပြီး စားနပ်ရိက္ခာလိုအပ်မှုရှိနေ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ကမ္ဘာ့အကြီးဆုံးရေအားလျှပ်စစ်စီမံကိန်း တရုတ်တွင်ဆောက်လုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1238 of 1339