Published 24 April 2022
တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ နှစ်စဉ်ကျင်းပတဲ့ ဒေါင်လိုက်မာရသွန်အပြေးပြိုင်ပွဲကို ဧပြီ၂၃ ရက်က ကျင်းပခဲ့ရာမှာ လူပေါင်း ၇၀၀ ကျော်ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ဆိုးလ်မြို့မှာရှိတဲ့ အမြင့်ဆုံးမိုးမျှော်အဆောက်အဦကြီးမှာ ကျင်းပတဲ့ ဒေါင်လိုက် မာရသွန်ပွဲမှာ ပြိုင်ပွဲဝင် မာရသွန် အပြေးသမား ၇၅၀ဦးဟာ ၅၅၅ မီတာမြင့်ပြီး အထပ်ပေါင်း၁၂၃ထပ်ရှိတဲ့ Lotte ကမ္ဘာ့မျှော်စင်ကြီးရဲ့ လှေကားထစ်ပေါင်း ၂၉၁၇ထစ်ကို တက်ပြီး အပြေးပြိုင်ခဲ့ကြပါတယ်။
ကပ်ဘေးတွေရှိနေလင့်ကစား ဒီပွဲဟာ တကမ္ဘာလုံးက ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ယူဆောင်ပေးနိုင်လိမ့်မယ်လို့ ပွဲစီစဉ်သူတွေက မျှော်လင့်ထားပါတယ်။
“ကျွန်မအားကစားလုပ်ရတာသဘောကျတယ်။ဒီလိုစိတ်လှုပ်ရှားစရာကောင်းပြီး ကြည်နူးစရာ အငွေ့အသက်တွေနှင့် အတွေ့အကြုံရယူလိုပါတယ်။ အဲဒါကြောင့်ဝင်ပြိုင်တာပါ” လို့ မာရသွန်ပြိုင်ပွဲဝင်တစ်ဦးကပြောပါတယ်။ သူဟာ ဘော်စတွန် မာရသွန်မှာ ပြိုင်ပွဲဝင်ခဲ့သူပါ။
ပြိုင်ပွဲဝင်ကြသူတွေထဲမှာ ကြေးစားအားကစားသမားတွေနှင့် အပျော်တမ်းအပြေးသမားတွေ အသက်ကြီးရင့်သူတွေမှ ကလေးငယ်တွေအထိ အစုံပါဝင်ကြပါတယ်။ ကိုဗစ်-၁၉ကန့်သတ်ချက်ကြောင့် သူတို့ကို အုပ်စုတွေခွဲပြီး အသုတ်လိုက် ခွဲပြီး အဆောက်အဦထဲဝင်ကြရပါတယ်။
အပန်းဖြေဖို့အတွက်၁၀၂ထပ်မှာ ကစားသမားတွေ ရေငတ်ပြေသောက်ဖို့ အားဖြည့်အချိုရည်တွေထားပေးထားပါတယ်။
ဆိုးလ်မြို့ ဆောင်ပါဂူခရိုင်ရဲ့ မာရသွန်အသင်းဝင် ပြိုင်ပွဲဝင်တစ်ဦးက ၁၂၃ထပ်မှာ နာရီဝက်ထက်လျော့ပြီး ပန်းဝင်ခဲ့ပါတယ်။
“ပြေးရတာ ကျွန်တော်သိပ်သဘောကျတယ်။ အဲဒါကြောင့် ဒီနေ့ သိပ်စိတ်မပူမိပါဘူး။ကျွန်တော်မျှော်လင့်ထားတာထက်တောင် ပျော်စရာကောင်းသေးတယ်။ နောက်နှစ်ထပ်လုပ်ရင် ကျွန်တော်သေချာပေါက်ထပ်လာဦးမယ်” လို့ သူကပြောပါတယ်။ နောက်တစ်ခါဆိုရင် မိနစ်၂၀နှင့်ပန်းဝင်အောင်လုပ်မယ်လို့လည်း သူကပြောပါတယ်။
Source CMG
#LocalNews
Published_23 April 2022
ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တဲ့အတွက်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ခေါင်းဆောင်တွေကို တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်လို့ နစက ဥက္ကဌက ဧပြီလ ၂၂ ရက်မှာ ပြောလိုက်တာပါ။
#Yangon_Media_Group
Published 23 April 2022
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်ဟာ ယူကရိန်းဝန်ကြီးချုပ် ဒင်နီရှီမားဟဲလ်ကို ဧပြီ ၂၂ရက်က ဝါရှင်တန်ဒီစီမီမှာ လက်ခံတွေ့ဆုံပါတယ်။ နှစ်ဖက်စလုံးက အရာရှိတွေက ရုရှားနှင့်တိုက်တဲ့စစ်ပွဲ အောင်နိုင်လိမ့်မယ် လို့ ပြောကြားကြပါတယ်။
Source AFP
Published 23 April 2022
ထိုင်းနိုင်ငံ ဓမ္မကာယ ဗုဒ္ဓဘာသာ ဂိုဏ်းက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေဟာ ဧပြီ ၂၂ရက်ညက ကမ္ဘာမြေနေ့အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ အာကာသယာဉ်သဏ္ဍာန်ရှိတဲ့ ရွှေစေတီတစ်ဝိုက်မှာ ဘုန်းတော်ကြီးတွေဟာ ဆုတောင်းပတ္ထနာပြုကြပြီး LED မီးသီးနှင့် ဖယောင်းတိုင်ပေါင်း သုံးသိန်းကို ကမ္ဘာ့တိုက်ကြီးတွေ အသွင် ထွန်းညှိရင်း ဗုဒ္ဓဘုရားရှင်မြတ်ကို ပူဇော်ခဲ့ကြ ပါတယ်။
Source AFP
#LocalNews
Published - 23 Apr 2022
ငြိမ်းချမ်းရေးအတွက် တပ်မတော်ကလမ်းဖွင့်ပေးတာဟာကောင်းမွန်သော လက္ခဏာဖြစ်တယ်လို့ ရခိုင့်လွတ်မြောက်ရေးပါတီ ALP ရဲ့ဒုဥက္ကဌ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
#Yangon_Media_Group
#LocalNews
Published - 23 April 2022
ခရီးသွားဧည့်သည် ဝင်ရောက်မှုနည်းပါးခဲ့ခြင်းကြောင့် ပူတာအိုဒေသရှိ ရေခဲတောင်ခရီးသွားလုပ်ငန်းများဟာ (၈၀)ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရတယ်လို့ နယ်မြေခံ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_21 April 2022
မြောက်ဦးမှာ ကားဂိတ်ကို ရွှေ့ပြောင်းမှာဖြစ်တာကြောင့် ကားဂိတ်နဲ့အတူ နန်းရာကုန်းပတ်ဝန်းကျင်မှာရှိတဲ့ ဆိုင်ခန်းတွေကိစ္စကလည်း ကျွဲကူးရေပါဆိုသလို အဆင်ပြေသွားမှာဖြစ်တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခွဲ)က သိရပါတယ်။
#Yangon_Media_Group
Page 1195 of 1269