#WorldEntertainment
Published 14 July 2022
တောင်ကိုရီးယားဂီတနယ်ပယ်က အခုဆိုရင် ကမ္ဘာ့နေရာအနှံအပြားမှ ကျွမ်းကျင်သူများစုဝေးရာနေရာဖြစ်လာပြီး အိန္ဒိယအိုင်ဒေါတွေကစလို့ ဆွီဒင်သီချင်းရေးဆရာများအထိ ပါဝင်လာကြပါတယ်။
#Yangon_Media_Group
Published 14 July 2022
ထိုင်းနိုင်ငံအလယ်ပိုင်းမှာ ဆင်ပေါက်ကလေးတစ်ကောင် ရေဆိုးမြောင်း မန်းဟိုးလ်ကြီးထဲ ပြုတ်ကျခဲ့ရာ ဆင်ကလေးရဲ့ မိခင်က တည်ငြိမ်စွာနှင့် သားကလေးကို ကယ်တင်ဖို့ ခွင့်ပြုခဲ့တဲ့အတွက် စိတ်လှုပ်ရှားဖွယ်ရာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။
နက်ခွန်နာယောက်ပြည်နယ်က ရွိုင်ယယ်လ်ဟေးလ် ဂေါက်ကွင်းအပြင်ဘက်ရှိ ရေဆိုးမြောင်းပေါက်မန်းဟိုးလ်ကနေ ဗုဒ္ဓဟူးနေ့က မနက်စောစောပိုင်းက တောရိုင်းတိရိစ္ဆာန်ဌာနအရာရှိတွေက ကယ်တင်ပေးခဲ့တာပါ။
ပူပင်သောကရောက်နေတဲ့ ဆင်မကြီးဟာ အနီးအနားတောအုပ်ထဲမှာ ခရီးသွားနေကြတဲ့ ဆင်အုပ်ထဲက ဖြစ်ပုံရပါတယ်။ ဆင်မကြီးဟာ ဆင်သားကလေးနှင့်အတူရှိနေပေမယ့် ဆင်ပေါက်ကလေးက တွင်းထဲက အပြင်ကို ပြန်မတက်နိုင်ဘဲ ဖြစ်နေခဲ့ရတာပါ။
အစပိုင်းမှာ ဆင်မကြီးဟာ ယောက်ယက်ခတ်နေလို့ ကယ်တင်ဖို့ ခက်ခဲနေတဲ့အတွက် မိခင်ဆင်မကြီးကို စိတ်တည်ငြိမ်အောင် ကယ်ဆယ်သူတွေက လုပ်ခဲ့ကြရပါတယ်။
နောက်ဆုံးမှာတော့ ဆင်ပေါက်သားကလေးကိုဖြည်းဖြည်းချင်းကယ်ထုတ်ပေးနိုင်ခဲ့ပြီး မိခင်ကြီးနှင့်အတူ ပြန်လည်ဆုံစည်း နိုင်ခဲ့ပါတော့ယ်။ အဲဒီနောက် ဆင်သားအမိကို တောထဲပြန်ပို့ပေးခဲ့ကြပါတယ်။
#Source_AFP
#Baby_elephant_rescue
#Thailand_Elephants
#Baby_Elephant_rescued_from_manhole
#Local_News
Published_14 July 2022
လာမယ့် နေကြာစိုက်ရာသီမှာ နေကြာစိုက်ပျိုးတဲ့ ဧကတိုးပြီးတော့ စိုက်ပျိုးသွားဖို့ ရှိနေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 14 July 2022
ကမ္ဘာ့ရွှေဈေးကျဆင်းနေပေမဲ့ ပြည်တွင်းရွှေဈေးနှုန်းဟာ ဓာတ်ဆီ၊ ဒီဇယ်ဈေးမြင့်တက်နေတဲ့အတွက် ဈေးအကျနှေးနေတာဖြစ်တယ်လို ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 14 July 2022
၁။ ဓာတ်ဆီ၊ ဒီဇယ်ဈေးမြင့်တက်လာသည့်အတွက် ပြည်တွင်းရွှေဈေးအကျနှေးနေဟုဆို
၂။ ယခုနှစ်တွင် နေကြာစိုက်ပျိုးမှုတိုးမြှင့်မည်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ကေပေါ့ပ်လောက ကမ္ဘာကြီးကိုလွှမ်းမိုးနိုင်ရန် ကမ္ဘာ့နေရာအနှံအပြားမှအရည်အသွေးရှိ လူငယ်များအား ရှာဖွေစုဆောင်းလျက်ရှိ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldWildlife
Published 13 July 2022
မာလာဝီအမျိုးသားဥယျာဉ်နှင့် တောရိုင်းဌာန(DNPW)၊ အာဖရိကဥယျာဉ်များ(AP)နဲ့ နိုင်ငံတကာ တိရိစ္ဆာန်ချောင်ချိရေးရန်ပုံငွေအဖွဲ့ (IFAW)တို့က ပူးပေါင်းပြီး လီဝန်ဒီအမျိုးသားဥယျာဉ်မှ ဆင်အကောင်ရေ ၂၅၀ ကို မာလာဝီနိုင်ငံ ကာဆွန်ဂူအမျိုးသားဥယျာဉ်သို့ ၂၀၂၂ ဇူလိုင်လမှာ ရွှေ့ပြောင်းသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 13 July 2022
အင်္ဂလန်အသင်းနှင့် မန်ချက်စတာယူနိုက်တက်တို့ရဲ့ ဘောလုံးအကျော်အမော်ဖြစ်ခဲ့တဲ့ ဝိန်း ရွန်နီဟာ ဒီစီ ယူနိုက်တက်အသင်းရဲ့ နည်းပြအဖြစ် မေဂျာလိဒ်ဘောလုံးအသင်းတစ်သင်းကို ပြန်လည်ရှင်သန်ဖို့ အင်္ဂါနေ့က တာဝန်ပေးခန့်အပ်ခံရပါတယ်။ဒါဟာအသက် ၃၆နှစ်အရွယ် ရွန်နီအတွက် ဒီစီယူနိုက်တက်နှင့် ပြန်လည်ဆုံစည်းခြင်းဖြစ်ပါတယ်။
သူဟာ ၂၀၁၈ ဇူလိုင်ကနေ ၂၀၁၉ အောက်တိုဘာအထိ အဲဒီအသင်းမှာကစားခဲ့ပြီး ပွဲပေါင်း ၅၂ပွဲမှာ ဂိုးပေါင်း ၂၅ ဂိုးသွင်းပေးခဲ့ပါတယ်။ မေဂျာလိဒ်ကို ပြန်လာရတာ ဒီစီယူနိုက်တက်ကိုပြနလာရတာ ကျွန်တော့်အတွက် စိတ်လှုပ်ရှားစရာ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ပြီးတော့ ဒါဟာ ကျွန်တော့်ကို နည်းပြတစ်ဦးအဖြစ် တိုးတက်စေမယ်လို့လည်း ခံစားရတယ်။ဒါပေမယ့် အသင်းအနေနှင့်လည်း တိုးတက်ဖို့လိုအပ်ပါတယ်” လို့သူကပြောပါတယ်။
#Source_AFP
#Wayne_Rooney
#New_DC_United_Coach_ Rooney
#Major_League
Page 1190 of 1338