#DailyNews
Published - 11 July 2022
၁။ဆီထွက်သီးနှံများကို ပြည်ပသို့တင်သွင်းခွင့်နှင့် လိုင်စင်များပြန်လည်ဖြေလျော့ပေးထား
၂။မြန်မာနိုင်ငံအနေဖြင့်လည်း ဆူနာမီကိုသတိပြုရန်လိုဟုဆို
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ လွန်ခဲ့သောနှစ်သန်းပေါင်းတစ်ရာကျော်မှ ဒိုင်နိုဆောခြေရာများ တရုတ်တွင်တွေ့ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 10 July 2022
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ တရုတ်နှင့် အဓိက ယှဉ်ပြိုင်နေတဲ့ နယ်ပယ်တစ်ခုဖြစ်တဲ့ အရှေတောင်အာရှမှာ အမေရိကန်ရဲ့ အသစ်တဖန်ပြန်လည်တွန်းအားပေးမှုအပေါ် ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍကို ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ ဘလင်ကန်ဟာ သူ့ရဲ့ အရှေ့တောင်အာရှခရီးစဉ်မှာ မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ရောက်ရှိနေရေး စိတ်ကူးအကြံဉာဏ်သစ်တွေကိုလည်း ရှာဖွေမှာဖြစ်ပါတယ်။
ဘလင်ကန်ဟာ အမေရိကန်နှင့်ထိုင်း နှစ်နိုင်ငံ ဆက်ဆံရေးတိုးချဲ့ရေး လက်မှတ်ရေးထိုးရင်း အာရှအတွက် အမေရိကန်ဦးဆောင်တဲ့စီးပွားရေးအစီအစဉ်နှင့် ရာသီဥတုပြောင်းလဲခြင်းများအပေါ် ထိုင်းနိုင်ငံရဲ့ လက်ခံယုံကြည်ဆောင်ရွက်မှုကိုလည်း ဘလင်ကန်က ထောက်ပြခဲ့ပါတယ်။
ဒေသအတွင်းမှာ ကျွန်တော်တို့အတွက် အရေးပါတဲ့ အင်ဒိုပစိဖိတ်လိုနေရာမှာ မဟာမိတ်နှင့် ပါတနာတစ်ဦးရှိနေတဲ့ ဒီအချိန် ထိုင်းနိုင်ငံကို ကျွန်တော်ရောက်ရှိတာ အထူးကျေနပ်မိပါတယ်. အာရှပစိဖိတ်ဟာ ၂၁ ရာစုရဲ့ အနာဂတ်အလားအလာကို နေ့စဉ်နှင့်အမျှ ပုံသွင်းပေနေပါတယ် လို့ ဘလင်ကန်က နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။
ကျွန်တော်တို့နိုင်ငံတွေဟာ ပန်းတိုင်တူကြပါတယ်.. လွတ်လပ်ပွင့်လင်းပြီး အချင်းချင်းချိတ်ဆက်ကာ ချမ်းသာကြွယ်ဝ၊ ဒူပေနာပေခံပြီး လုံခြုံမှုရှိတဲ့ အင်ဒိုပစိတ်ဖိတ်ဒေသဖြစ်ဖို့ပါ။ ပြီးခဲ့တဲ့ နှစ်များအတွင်း ဒီမျှော်မှန်းမှုကိုရှေ့ရှုပြီး ပိုပြီး အနီးကပ် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ် လို့သူက ဆက်ပြောပါတယ်။
အင်ဒိုပစိဖိတ် စီးပွားရေးမူဘောင်မှာ ကျွန်တော်တို့နှင့်အတူ စတင်ဆောင်ရွက်တဲ့ ထိုင်းရဲ့ မိတ်ဖက်ဖြစ်မှုကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ ဒါဟာ မိသားစုဝင်တွေကို ကူညီပေးမယ့် ပိုပြီးအားကောင်းမျှတပြီး ဒူပေနာပေခံတဲ့ စီးပွားရေးတစ်ရပ် ဖန်တီးရာမှာ အကူအညီဖြစ်စေပါလိမ့်မယ်.. အလုပ်သမားတွေကိုလည်းကူညီမယ် ဒေသတစ်လျောက် စီးပွားရေးလုပ်ငန်းတွေကိုလည်း ကူညီမှာပါလို့ သူကပြောပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမူဒွင်နိုင်းက ယနေ့မှာ ကျွန်တော်တို့ သဘောတူညီချက်လက်မှတ်ရေးခဲ့ကြပါတယ်.. ထိုင်း-အမေရိကန် ကြေညာချက်တစ်ခု လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်..ထိုင်း-အမေရိကန် မဟာဗျူဟာမြောက်မဟာမိတ်နှင့်မိတ်ဖက် သဘောတူ ကြေညာချက်ဟာ ကျွန်တော်တို့ရဲ့ ပိုမိုနီးကပ်တဲ့ မဟာမိတ်နှင့် ချစ်ကြည်ရင်းနှီးမှု ရေရှည်ဆံဆက်ရေးတို့ရဲ့ သက်သေတစ်ခုပါ။ ထိုင်းဟာ အာရှကို အမေရိကန်ရဲ့ တွန်းအားပေးမှုမှာ ကူညီနေပါတယ်လို့ ပြောပါတယ်။
ထိုင်းဟာ အမေရိကန်ရဲ့ ရှေးအကျဆုံး အာရှမဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ပြည်တွင်းစစ်ပွဲအတွင်းမှာ အီဘရာဟမ် လင်ကွန်းကို ဆင်တွေလှူခဲ့တာ နာမည်တွင်ကျန်ခဲ့ပါတယ်။ အဲဒီအပြင် တိုးတက်နေတဲ့ တရုတ်နှင့်လည်း အတူတကွလုပ်ဆောင်မှုတွေ တိုးမြှင့်နေတာဖြစ်ပါတယ်။
Source: AFP
TV Yangon Times Matters အစီအစဉ်
Published - 10 July 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ထက်အောင်(ပန်းဆက်လမ်း စာအုပ်ထုတ်ဝေဖြန့်ချိရေး)နှင့်အတူ
-"အရင်ကစာအုပ်ကိုDeli မမှာချင်ကြဘူး အခုနောက်ပိုင်း စာဖတ်သူတွေက Online Page နဲ့Website တွေကဝယ်ရတာကို သဘောကျလာကြတယ်ဆိုတဲ့အကြောင်း
-Online ကဝယ်တဲ့စာအုပ်တွေ မကောင်းဘူးမဖြစ်ရလေအောင် စာဖတ်သူကိုသတင်းအချက်အလက် မှန်မှန်ကန်ကန်ပေးတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 10 July 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ထက်အောင်(ပန်းဆက်လမ်း စာအုပ်ထုတ်ဝေဖြန့်ချိရေး)နှင့်အတူ
-"အရင်ကစာအုပ်ကိုDeli မမှာချင်ကြဘူး အခုနောက်ပိုင်း စာဖတ်သူတွေက Online Page နဲ့Website တွေကဝယ်ရတာကို သဘောကျလာကြတယ်ဆိုတဲ့အကြောင်း
-Online ကဝယ်တဲ့စာအုပ်တွေ မကောင်းဘူးမဖြစ်ရလေအောင် စာဖတ်သူကိုသတင်းအချက်အလက် မှန်မှန်ကန်ကန်ပေးတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 10 July 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ထက်အောင်(ပန်းဆက်လမ်း စာအုပ်ထုတ်ဝေဖြန့်ချိရေး)နှင့်အတူ
-"အရင်ကစာအုပ်ကိုDeli မမှာချင်ကြဘူး အခုနောက်ပိုင်း စာဖတ်သူတွေက Online Page နဲ့Website တွေကဝယ်ရတာကို သဘောကျလာကြတယ်ဆိုတဲ့အကြောင်း
-Online ကဝယ်တဲ့စာအုပ်တွေ မကောင်းဘူးမဖြစ်ရလေအောင် စာဖတ်သူကိုသတင်းအချက်အလက် မှန်မှန်ကန်ကန်ပေးတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published 10 July 2022
မြန်မာနိုင်ငံရဲ့ သတင်းအချက်အလက်ဆက်သွယ်မှုနည်းပညာဖွံ့ဖြိုးတိုးတက်ဖို့နှင့် အဲဒီနယ်ပယ်မှာ ပါရမီရှိသူတွေပြုစုပျိုးထောင်ပေးဖို့အတွက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေအောက်နေ လွန်ခဲ့တဲ့ နှစ်များအတွင်း အကူအညီတွေပေးခဲ့ပါတယ်။
ခုနှစ်ကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးကို မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ ပူးတွဲသဘာပတိအဖြစ်ဆောင်ရွက်ကာ မြန်မာနိုင်ငံမှာ အောင်မြင်စွာကျင်းပခဲ့ပြီးဖြစ်ပါတယ်။
အဲဒီအစည်းအဝေးမှာ နယ်ပယ်အသီးသီးမှာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို ဘယ်လိုနက်ရှိုင်းစွာဆောင်ရွက်မယ်ဆိုတာဟာ အရေးကြီးတဲ့ ခေါင်းစဉ်တစ်ခုဖြစ်ခဲ့ပါတယ်။ လန်ချန်း-မဲခေါင် အထူးရန်ပုံငွေဖြင့် ပြုလုပ်တဲ့ ရာပေါင်းများစွာသော အစီအစဉ်တွေထဲမှာ ပရောဂျက်တစ်ခုစီတိုင်းကို သက်ဆိုင်ရာနိုင်ငံတစ်နိုင်ငံချင်းစီရဲ့ အဓိကနယ်ပယ်အတွက် ဒီဇိုင်းလုပ်ထားတာပါ။
မြန်မာနိုင်ငံရဲ့ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာလုပ်ငန်းတွေမှာ ကျွမ်းကျင်ထူးချွန်သူတွေ မလုံလောက်တဲ့အတွက် ယှဉ်ပြိုင်နိုင်စွမ်းနည်းပါးနေရတာကြောင့် လန်ချန်း-မဲခေါင် အထူးရန်ပုံငွေဖြင့် စီမိံကန်းနှစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၉ ဇူလိုင်လမှာ အိုင်စီတီဖွံ့ဖြိုးတိုးတက်ရေးအင်စတီကျူ တစ်ခုကို အဲဒီရန်ပုံငွေနှင့် ဖွင့်လှစ် နိုင်ခဲ့ပါတယ်။ အဲဒီနောက် သုတေသနအင်စတီကျုကို ဆော့ဝဲနှင့် ဟတ်ဒ်ဝဲ ဖွံ့ဖြိုးတိုးတက်မှုမြင့်မားလာဖို့နှင့် ပညာရှင်တွေ လေ့ကျင့်သင်တန်းပေးဖို့ ရင်းနှီးမြှပ်နှံမှုမြှင့်တင်ရာမှာလည်း ရန်ပုံငွေက ကူညီခဲ့ပါတယ်။
Source CCTV+
#WorldEnvironment
Published 9 July 2022
အင်ဒိုနီးရှား တံငါရွာလေးတစ်ရွာက လူတစ်ယောက်ဟာ ကြံ့ခေါင်းပုံစံအရုပ်ကိုစွပ်ပြီး ကလေးငယ်တွေအတွက် ရုပ်သေးပြပွဲ ပြုလုပ်ပေးနေပါတယ်။
#Yangon_Media_Group
Page 1193 of 1338