Published 1 June 2022
အိမ်နီးချင်းမလေးရှားနိုင်ငံက စင်ကာပူကို တစ်လ တစ်လ တင်ပို့နေတဲ့ ကြက်သားကောင်ရေ ၃.၆သန်းကို ရပ်နားထားမယ်လို့ ဗုဒ္ဓဟူးနေ့က ကြေညာလိုက်တဲ့အတွက် စင်္ကာပူနိုင်ငံသားတွေ မပျော်မရွှင်နေကြရပါတယ်။
ပြည်တွင်းမလုံလောက်မှုနှင့် ငွေကြေးဖောင်းပွမှုကိုထိန်းသိမ်းချင်လို့ မလေးရှားက ကြက်သားတင်ပို့မှုကို ယခုလိုရပ်နားလိုက်ခြင်း ဖြစ်ပါတယ်။
မျှော်လင့်မထားတဲ့ မလေးရှားရဲ့လုပ်ရပ်ကြောင့် စင်ကာပူမှာ အံ့အားသင့်ပြီး ထိန်လန့်မှုတွေဖြစ်ကုန်ပါတယ်။ နိုင်ငံပိစိကွေးလေးဖြစ်တဲ့ စင်ကာပူဟာ သူ့ထက်ပိုကြီးတဲ့ အိမ်နီးချင်းမလေးရှားကနေ အစားအစာတွေ အများကြီးတင်ပို့နေရတာပါ။ အဲဒီအထဲမှာ ပြည်တွင်းသုံးစွဲတဲ့ ကြက်သားသုံးပုံတစ်ပုံကို မလေးရှားက တင်သွင်းနေတာပါ။
Source AFP
#Point_Of_View
Published -1 June 2022
"အနိဌာရုံတွေကို အမြန်ဆုံးချုပ်ငြိမ်းစေချင်ပြီ၊ ဒါကြောင့် ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းတဲ့အပေါ် အားပေးသင့်တယ်"
#Yangon_Media_Group
#LocalNews
Published_1 June 2022
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်းမပေါ် (ဘားလမ်း) ကားမှတ်တိုင်အနီး ပေါက်ကွဲမှု CCTV မှတ်တမ်းရရှိထားသည်ကို မီဒီယာကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအပြီးတွင် ပြသခဲ့ကာ အဆိုပါ ဖြစ်စဉ်တွင် ဗုံးဖောက်ခွဲရန်သယ်လာစဉ် ပေါက်ကွဲခြင်းဖြစ်နိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက သုံးသပ်ပြသွားသည်။
"သေတဲ့သူကို သတင်းထုတ်တဲ့အခါ အမည်မသိ အသက် ၃၂ နှစ်အရွယ်တစ်ယောက်သေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ဒါပေမယ့် ဒီသေတဲ့သူက ကားမှတ်တိုင်ကို ဝင်လာတဲ့ မှတ်တမ်းတွေကို ရထားတာ ဖြစ်ပါတယ်။သူ့မှာ အိတ်တစ်လုံးပါပါတယ်။အိတ်ထဲမှာ ဗုံးထည့်လာပြီးလမ်းလျှောက်လာတဲ့ပုံဖြစ်တယ်။သူက ဘယ်လိုမျိုးလုပ်ထားလဲဆိုတော့ အပေါ်မှာအင်္ကျ ီနက်ဝတ်ထားပြီး ပုဆိုးဝတ်လာတဲ့ပုံစံ ။ပြီးရင် လက်ကိုင်အိတ်ကိုင်လာတယ်။အဲလို မိုင်းပေါက်ကွဲခဲ့တဲ့ သဘောရှိပါတယ်။မဖောက်ခွဲခင် ပေါက်ကွဲပြီး သေတဲ့သဘော ရှိပါတယ်။သူ့ရဲ့ဖုန်းကို စစ်ဆေးတဲ့အခါ သူ့ကို ခိုင်းထားတဲ့ဟာတွေ တွေ့ပါတယ်။PDF အမည်ခံ အကြမ်းဖက်သမားတွေနဲ့အချိတ်အဆက် ။ သူကိုယ်တိုင်လည်း PDF ဖြစ်ပါတယ်။သင်တန်းလည်းတက်ခဲ့တဲ့တစ်ယောက် ဖြစ်ပါတယ်။သူ့ရဲ့ အမည်က အောင်ကြီး(ခေါ်)ထိန်လင်းထွန်း ၂၆ နှစ် အဘ ဦးတင်ထွန်း၊ကျောက်တံတားမြို့နယ်၊ကွန်ပျူတာဆိုင် စိစစ်အလုပ်သမား ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး နီးစပ်ရာကိုလည်း အတည်ပြုပြီးဖြစ်ပါတယ်။ဒီသတင်းထွက်လာပြီးနောက်ပိုင်းမှာ ပြည်ဖျက်မီဒီယာတစ်ခုက ဘာရေးတုန်းဆိုတော့ လူစည်ကားတဲ့နေရာဗုံးပေါက်ကွဲတယ်၊စစ်တပ်ကလုပ်တယ်လို့ ရေးထားတာရှိပါတယ်။ကျွန်တော်တို့က သက်သေအထောက်အထားတွေနဲ့ မီဒီယာတွေကိုပေးမှာပါ။သူ့ရဲ့ဖုန်းအဆက်အသွယ်ထဲမှာရှိတဲ့ ချိတ်ထားတဲ့ဟာတွေ ၊ သေသွားတဲ့သူကို စွပ်စွဲတယ်လို့ ဖြစ်နေပါအုံးမယ်။သူ့ဖုန်းကအက်နေလို့ မနည်းရအောင်လုပ်ထားရတာ။CCTV မှတ်တမ်းတွေ ရှိပါတယ်"ဟု ယင်းကဆိုသည်။
မေလ ၃၁ ရက် ညနေ ၃ နာရီကျော်အချိန်ကဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့်(၁)ဦးသေဆုံးပြီး (၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း ၊ လက်ရှိတွင် ဒဏ်ရာရာသူများမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြပြီး စိုးရိမ်ရသည့် အခြေအနေမရှိတော့ကြောင်း သိရသည်။
ymg / mt - sth
#Yangon_Media_Group
#LocalNews
Published_1 June 2022
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် တိုင်းရင်းသားကျေးရွာနဲ့နီးတဲ့ ပဲခူးမြစ်ထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော် ၄၀ လောက်က စတင်ဖြစ်ထွန်းနေတဲ့ ရေလယ်ကျွန်းကို အပန်းဖြေစခန်းဖွင့်ဖို့ တိုင်းဒေသကြီးကို တင်ပြထားတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published -1 June 2022
စက်သုံးဆီဈေးကြီးတာ၊ ဝယ်ယူရခက်ခဲတာ၊ ခရီးသည်ရှားပါးတာတွေကြောင့် ရန်ကုန်မြို့ရှိ စက်သုံးဆီသုံး အငှားယာဥ်တက်စီတစ်ချို့ရပ်နားထားတာတွေရှိတယ်လို့ တက်စီယာဥ်မောင်းတွေထံမှသိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published - 1 June 2022
၁။ စက်သုံးဆီဈေးကြီးခြင်း၊ ဝယ်ယူရခက်ခဲခြင်း၊ ခရီးသည်ရှားပါးခြင်းကြောင့် ရန်ကုန်ကအငှားယာဉ်အချို့ရပ်နားရ
၂။ ပဲခူးမြစ်အတွင်းဖြစ်ထွန်းနေသည့် ရေလယ်ကျွန်းကို အပန်းဖြေစခန်းဖွင့်ရန် တင်ပြထား
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ပထမဆုံးစကိတ်စီးကွင်း လစ်ဗျားတွင်ဆောက်လုပ်ဖွင့်လှစ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldBusiness
Published 31 May 2022
ဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့ အငှားယာဉ်ဝန်ဆောင်ရေးနဲ့ အစားအစာပို့ဆောင်ရေးကုမ္ပဏီ Grab ရဲ့ ပူးတွဲတည်ထောင်သူ'တန်ဟွိင်လင်'ဟာ နည်းပညာကဏ္ဍမှာ ရှေးရိုးစွဲပုံစံတွေကို ချိုးဖျက်ပြီးသားဖြစ်သလို မျိုးဆက်သစ်အမျိုးသမီးစွန့်ဦးတီထွင်သူများပေါ်ပေါက်လာဖို့ ရှေ့ဆောင်လမ်းပြပေးလျက်ရှိပါတယ်။
#Yangon_Media_Group
Page 1160 of 1270