Published 12 June 2022
လန်ဒန်မြို့တော်မှာ “ ငယ်သော်လှ၏” ဆိုတဲ့ ပြပွဲတစ်ရပ်ကို ခင်းကျင်းပြသနေရာ အဲဒီပြပွဲမှာ ပြည်တွင်းနှင့် နိုင်ငံတကာ ပန်းချီပန်းပုအနုပညာရှင် ၃၃ဦးက သူတို့ရဲ့ အသေးစားပုံံစံမျိုးစုံ ၁၄၃ မျိုးကိုပြသကြပါတယ်။
ဧည့်သည်တွေဟာ သူတို့ရဲ့ အသေးစားပုံတူကလေးတွေရဲ့အသေးစိတ်လက်ရာတွေကိုကြည့်ရှုပြီး ချီးမွမ်းကြပါတယ်။ အဲဒီလက်ရာတွေထဲမှာ နံရံတွေပေါ်က စက္ကူခေါက်လက်ရာတွေ၊ ဂရီတာ သန်းဘတ်ခေါင်းလောင်း ရုပ်တုကလေး၊အဆောက်အအုံပုံစံတူကလေးတွေ စသဖြင့် အများကြီးဖြစ်ပါတယ်။
အဲဒီအပြင် တောက်ပတဲ့ ရောင်စုံသကြားလုံးကလေးတွေနှင့်လုပ်ထားတဲ့ ပုံစံတူကလေးတွေကိုကြည့်ရတာမှာလည်း အံအားသင့်စရာ ပျော်ရွှင်စရာဖြစ်ပါတယ်။
“အရာကိစ္စတွေကိုပြောင်းလဲပစ်ဖို့ ကြိုးစားနေကြတဲ့ ကျွန်မတို့အကြားက လူကောင်ကလေးတွေကို ထောက်ခံအားပေးတာကို ပြသတာဖြစ်တယ်လို့ ပြပွဲမှာ ပုံစံတူအသေးကလေးတွေလာပြတဲ့ ပန်းပုဆရာမ လီဇာ ဆွာလင်းက ပြောပါတယ်။
ဒီပြပွဲကို တောင်ကန်ဆင်တန်မှာ ဇူလိုင်အထိပြသထားမှာဖြစ်ပါတယ်။
Source: AFP
Published 11 June 2022
ဒီကနေ့ယူကရိန်းဟာ မနက်ဖန် အရှေ့အာရှဖြစ်သွားကောင်းဖြစ်သွားနိုင်တယ်လို့ ဂျပန်ဝန်ကြီးချုပ် ဖူမီရိုကီရှီဒါးက လုံခြုံရေး ထိပ်သီးအစည်းအဝေးတစ်ခုမှာ သောကြာနေ့က သတိပေးပြောကြားလိုက်ပါတယ်။ ဒီမိုကရေစီနည်းနှင့် ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ထိုင်ဝမ်ကို တရုတ်တို့ ကျူးကျော်လာနိုင်တဲ့ စိတ်ပူပန်မှုတွေကြီးထွားလတဲ့အချိန်မှာ သူက အခုလိုပြောလိုက်တာပါ။ စင်္ကာပူမှာကျင်းပနေတဲ့ ရှန်ဂရီလာဒိုင်လော့ခ်လုံခြုံရေးထိပ်သီးအစည်းအဝေးမှာ ဂျပန်ဝန်ကြီးချုပ်က ပြောကြားခဲ့တာဖြစ်ပါတယ်။ ဂျပန်ဟာ ငြိမ်းချမ်းရေးမြတ်နိုးတဲ့ နိင်ငံဖြစ်တဲ့အတွက် ပြောင်းလဲလာနေတဲ့ ဒေသနှင့်ကမ္ဘာ့လုံခြုံရေးပုံစံတွေက ဂျပန်ရဲ့ ကိုယ်ပိုင်ကာကွယ်ရေးအနေအထားကို ပြန်လည်သုံးသပ်ဖို့ ချက်ခြင်းဖြစ်လာစေခဲ့ တယ်လို့ သူကပြောပါတယ်။
Source: AFP
#WorldArts
Published 11 June 2022
အီတလီရွှေပန်းထိမ်ဆရာ'လူဂီဗလာဒီယာ'မှပြုလုပ်ထားပြီး မက္ကဆီကိုမှာ ပျောက်ဆုံးသွားတယ်လို့ယူဆထားကြတဲ့ အနုပညာလက်ရာအများအပြားကို နီကွာရာဂွာနိုင်ငံ လီယွန်မြို့ရှိဘုရားကျောင်းတစ်ခုမှာ တွေ့ရှိခဲ့ကြကြောင်း အဆိုပါဘုရားကျောင်းက ဗုဒ္ဓဟူးနေ့မှာအကြောင်းကြားခဲ့ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 11 June 2022
-ကြက်ငှက်တုပ်ကွေးရောဂါကို ဘယ်လိုကြိုတင်ကာကွယ်မလဲ ဖြစ်လာရင် ဘယ်လိုကုသမလဲ??
#Yangon_Media_Group
#Health_Matters
Published - 11 June 2022
-ကြက်ငှက်တုပ်ကွေးရောဂါ မြန်မာနိုင်ငံမှာ ပြန်ပေါ်လာနိုင်တဲ့အလားအလာ ဘယ်လိုမြင်ပါသလဲ??
#Yangon_Media_Group
#Health_Matters
Published - 11 June 2022
-ကမ္ဘာ့နိုင်ငံအချို့မှာ ကြက်ငှက်တုပ်ကွေး ဘာကြောင့်ပြန်ပေါ်လာပါသလဲ??
#Yangon_Media_Group
#LocalNews
Published - 11 June 2022
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်ရှိ နေအိမ်ဆုံးရှုံးသွားတဲ့ မသန်စွမ်းတွေ၊ စားဝတ်နေရေးခက်ခဲနေတဲ့ မသန်စွမ်းတွေကိုအကူအညီပေးဖို့ရှိတဲ့အတွက် မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း(MPHA)ကို ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့ အသင်းဥက္ကဌဒေါက်တာကိုကိုဦးက ပြောပါတယ်၊၊
#Yangon_Media_Group
Page 1157 of 1276