#DailyNews
Published _ 3 September 2022
၁။ စက်သုံးဆီဈေးဂယက်ကြောင့် အောက်ဆိုက်ကားအချို့ပြေးဆွဲမှုရပ်နားထားရဟုဆို
၂။ ဓါတ်ဆီ ၁ လီတာ ကျပ် ၁၀၀ ခန့် ပြန်လည်မြင့်တက်လာ
၃။ ရဟန်းရှင်လူ(၅၀၀)ခန့်ကို B ပိုးC ပိုး စစ်ဆေးပေးပြီး B ပိုးကာကွယ်ဆေးအခမဲ့ထိုးပေးခဲ့
၄။ နှစ်(၃,၀၀၀) သက်တမ်းရှိ ဘုန်းတော်ကြီးအုတ်ဂူအား ပီရူးတွင် ရှာဖွေတွေ့ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 3 Sep 2022
-မြန်မာနိုင်ငံမှာ တီဘီရောဂါဖြစ်ပွားနေမှုနှင့် တီဘီကာကွယ်ဆေး BCG အကြောင်း
#Yangon_Media_Group
#Local_News
Published _ 3 August 2022
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှုတွေ ဆက်တိုက်လျော့ကျနေပေမယ့် ကန်ပိုက်တီ၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်မှုကတော့ တိုးမြှင့်လာနေပါတယ်။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 4 Sep 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဒီနေ့ပုဏ္ဏက(တေးရေးဆရာ)နှင့်အတူ
-"အရေးအသားအသုံးအနှုန်းတွေက ရှေးစာဆိုတွေနဲ့ တစ်ခြားစီဖြစ်နေပေမယ့် ဒီအရေးအသားတွေကြောင့် လူသိများခဲ့ပြီး အဖေက အိမ်ပေါ်ပြန်ခေါ်တဲ့အထိ အကျိုးပေးခဲ့ကြောင်း
-ဝေဖန်မှုတွေကို စိတ်မဆိုးခဲ့ဘဲ လက်ခံပြုပြင်ခဲ့လို့ ပုဏ္ဏကဆိုပြီး ဖြစ်တည်လာတာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
⏭ Watch full Video on Youtube >>>
⏭ Website >>>
⏭ Telegram >>> https://t.me/yangonmediagroup
#Yangon_Media_Group
#Local_News
Published_2 September 2022
ကိုဗစ်နဲ့ပတ်သက်လို့ ဆက်သွယ်အကူအညီတောင်းခံနိုင်တဲ့ Hotline တွေနဲ့ ကွာရန်တင်းစင်တာတွေ ထပ်တိုးဆောင်ရွက်သွားဖို့ရှိတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#World_Climate
Published 2 September 2022
ဆိုးဆိုးရွားရွားမိုးခေါင်ရေရှားခြင်းကြောင့် စပိန်နိုင်ငံရှိရေလှောင်ကန်များမှ ရေမျက်နှာပြင်များ ကျဆင်းလာကာ အရင်ကရေအောက်မှာနစ်မြုပ်နေခဲ့တဲ့ အထိမ်းအမှတ်ကျောက်တုံးအစုအဝေးကြီးနဲ့ ရာစုနှစ်သက်တမ်းရှိ ဘုရားကျောင်းတစ်ခုတို့ ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။
#Yangon_Media_Group
Published- 2Sept 2022
အိန္ဒိယနိုင်ငံက နိုင်ငံရဲ့ ပထမဆုံးပြည်တွင်းထုတ် လေယာဉ်တင်သင်္ဘောကြီးကို စက်တင်ဘာ ၂ရက် သောကြာနေ့က ပွဲထုတ်လိုက်ပါတယ်။ ဒါဟာ အိန္ဒိယအစိုးရရဲ့ နိုင်ငံခြားလက်နက်တွေကို မှီခိုနေရတာကိုလျှော့ချဖို့နှင့် ဒေသအတွင်း တရုတ်ရဲ့စစ်ရေးအရယုံကြည်စိတ်ချ မှုတိုးပွားလာနေတာ ကို တန်ပြန်နိုင်ဖို့အတွက်ကြိုးပမ်းမှုဖြစ်ပါတယ်။
INS Vikrant (အိုင်အင်န်အက်စ် ဗစ်ကရန့်) လို့ အမည်ပေးထားတဲ့ အဲဒီ လေယာဉ်တင်သင်္ဘောကြီးဟာ အလျား ၈၆၀ ပေရှိပြီး ကမ္ဘာ့အကြီးဆုံးလေယာဉ်တင်သင်္ဘောတွေထဲမှာ တစ်စီးဖြစ်ကာ နှစ်ပေါင်း ၁၇နှစ်ကြာ တည်ဆောက်မှုနှင့်စမ်းသပ်မှုတွေပြုလုပ်ပြီးနောက် လုပ်ငန်းခွင်ထဲ ဝင်ရောက်တော့မှာဖြစ်ပါတယ်။
၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးစစ်ပွဲအတွင်း ပါကစ္စတန်ရေတပ်ကို ပိတ်ဆို့နိုင်ခဲ့လို့ နာမည်ကြီးခဲ့ပြီး အနားယူသွားတဲ့ လေယာဉ်တင်သင်္ဘောကြီးရဲ့ အမည်ကို အမွေဆက်ခံထားတာလည်းဖြစ်ပါတယ်။
“ ယနေ့မှာ အိုင်အင်န်အက်စ် ဗီကရန့်ဟာ နိုင်ငံကို ယုံကြည်မှုအသစ်တွေနှင့် ဖြည့်ဆည်းပေးလိုက်ပါပြီ။ ဖန်တီးပေးလိုက်ပါပြီ “ လို့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက တောင်ပိုင်း ကရာလာပြည်နယ်မှာပြုလုပ်တြ့ သင်္ဘော တပ်တော်ဝင် အခမ်းအနားမှာ ပြောကြားပါတယ်။
“ ပြည်တွင်းမှာ ဒီလို လေယာဉ်တင်သင်္ဘောတွေ တည်ဆောက်နိုင်တဲ့ အနည်းငယ်သော နိုင်ငံအုပ်စုထဲ ကျွန်တော်တို့ ဝင်ရောက်လိုက်ပါပြီ” လို့လည်းသူကပြောပါတယ်။
အိန္ဒိယရဲ့ တစ်စီးတည်းသော အခြားလေယာဉ်တင်သင်္ဘောရဲ့တိုက်လေယာဉ်တွေမှာ အမှုထမ်းနေသူ ၁၆၀၀ဦးခန့်ကို ယခုလေယာဉ်တင် သင်္ဘောကြီးမှာ တာဝန်ပေးမှာဖြစ်ပါတယ်။
အဲဒီအခြားလေယာဉ်တင်သင်္ဘောကြီးကို အိန္ဒိယရဲ့ အဓိက လက်နက်ရောင်းနိုင်ငံဖြစ်တဲ့ ရုရှားထံမှ တစ်ပတ်ရစ်သင်္ဘောကြီးအဖြစ် အိန္ဒိယက ဝယ်ယူခဲ့တာဖြစ်ပါတယ်။
မိုဒီအစိုးရဟာ နိုင်ငံက နိုင်ငံခြားကနေ စစ်ရေးပစ္စည်းတွေ ဝယ်ယူမှီခိုနေရတာကို ဖြတ်တောက်ဖို့ နည်းလမ်းရှာဖွေခဲ့ပြီး ပြည်တွင်းဖြစ် ကာကွယ်ရေးပစ္စည်းစက်မှုလုပ်ငန်းတွေကို တည်ဆောက်ခဲ့ပါတယ်။
အခုဆို စစ်သင်္ဘောတွေနှင့် ရေငုပ်သင်္ဘောတွေ အစီးရေ သုံးဒါဇင်ကျော်ကို နိုင်ငံရဲ့ သင်္ဘောကျင်းတွေမှာ တည်ဆောက်နေပါတယ်။
အိန္ဒိယရဲ့ ကိုလိုနီခေတ်က ကျန်ရစ်ခဲ့တဲ့ ဗြိတိသျှကိုလိုနီသရုပ်သကန်တွေမပါတော့ တဲ့ ရေတပ်အလံအသစ်ကိုပါ သောကြာနေ့က စတင်အသုံးပြုပြသခဲ့ပါတယ်။
“ ဒီနေ့ဟာ သမိုင်းဝင်နေ့ဖြစ်တယ်။ ကျွန်တော်တို့ သမိုင်းတစ်ခုလုပ်ခဲ့ကြပြီ။ ကျွန်တော်တို့လက်အောက်ခံဘဝ အမှတ်လက္ခဏာတွေကို ဖယ်ရှားပစ်ခဲ့ပြီ” လို့ လည်း မိုဒီက ပြောပါတယ်။
ရေတပ်အလံသစ်မှာ ယခင်ကပါခဲ့တဲ့ အင်္ဂလန် နိုင်ငံတော်အလံက စိန့်ဂျော့ကြက်ခြေခတ်နေရာမှာ ဟိန္ဒူစစ်ဘုရင် ချတ်ထရာပါတီ ရှီဗာဂျီရဲ့ တော်ဝင်တံဆိပ်ကို အစားထိုးခဲ့တာဖြစ်ပါတယ်။
Source: AFP
#India
#India_Home_made_aircraft_carrier
#INS_Vikrant
Page 1135 of 1338