TV Yangon Times Matters အစီအစဉ်
Published - 3 July 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က Orchid (အခမ်းအနားမှူး)နှင့်အတူ
-"ကမ္ဘာကျော်အမျိူးသမီးအစီအစဉ်တင်ဆက်သူတွေရဲ့ ပြောဆိုပုံတွေကို ကြည့်ပြီး အတုယူဖြစ်တယ်ဆိုတဲ့အကြောင်း
-My Read Page မှ အင်္ဂလိပ်စာအုပ်တင်မကဘူး မြန်မာစာအုပ်တွေပါ ဖတ်ပြီး အနှစ်ချုပ်ရေးပြီး တင်ဖြစ်တဲ့အကြောင်း
ပထမဆုံးထွက်ရှိလာတဲ့ စာအုပ်ဖြစ်တဲ့အတွက် အိမ်မက်လေးဖြစ်မြောက်လာတာကို တန်ဖိုးထားဝမ်းသာမိပါတယ်ဆိုတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 3 July 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က Orchid (အခမ်းအနားမှူး)နှင့်အတူ
-"ကမ္ဘာကျော်အမျိူးသမီးအစီအစဉ်တင်ဆက်သူတွေရဲ့ ပြောဆိုပုံတွေကို ကြည့်ပြီး အတုယူဖြစ်တယ်ဆိုတဲ့အကြောင်း
-My Read Page မှ အင်္ဂလိပ်စာအုပ်တင်မကဘူး မြန်မာစာအုပ်တွေပါ ဖတ်ပြီး အနှစ်ချုပ်ရေးပြီး တင်ဖြစ်တဲ့အကြောင်း
ပထမဆုံးထွက်ရှိလာတဲ့ စာအုပ်ဖြစ်တဲ့အတွက် အိမ်မက်လေးဖြစ်မြောက်လာတာကို တန်ဖိုးထားဝမ်းသာမိပါတယ်ဆိုတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Published 3 July 2022
ရုရှားရဲ့သိမ်းပိုက်မှုအောက်မှာ မြို့ရွာပေါင်း ၂၆၁၀ခု ရှိနေတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလင်စကီးက ညစဉ်ပြောကြားနေတဲ့ ပုံမှန်မိန့်ခွန်းမှာ စနေနေ့ညကပြောကြားလိုက်ပါတယ်။ ဒီအချိန်အတွင်း ကျွန်တော်တို့ဟာ မြို့ရွာပေါင်း ၁၀၂၇ ခုကို ပြန်လည်လွတ်မြောက်ဖို့ စီမံနေတယ်၊ဒါပေမယ့် မြို့ရွာ ၂၆၁၀ခုဟာ အခုထက်ထိ ရုရှားတွေ သိမ်းပိုက်ထားတုန်းပဲလို့ သူကပြောပါတယ်။ အဲဒီထဲကရာပေါင်းများစွာကတော့ ရုရှားစစ်တပ်ကြောင့် လုံးဝပျက်စီးသွားပြီ။တကယ်တမ်းတော့ အဲဒါတွေကို အပျက်ပုံကနေ စပြီး ပြန်တည်ဆောက်ဖို့လိုတယ်လို့လည်းသူကပြောပါတယ်။ တနင်္လာနေ့ကနေ အင်္ဂါနေ့ထိ ဆွစ်ဇာလန်နိုင်ငံမှာပြုလပ်မယ့် လူဂါနိုကွန်ဖရင့်မှာ တိုင်းပြည်ဘယ်လိုတည်ဆောက်မလဲဆိုတာကို ဗဟိုပြုဆွေးနွေးမယ်လို့ ဇီလင်စကီးကပြောပါတယ်။
Source AFP
#WorldDevelopment
Published 2 July 2022
ရှုပ်ထွေးဆူပူလှတဲ့ အီဂျစ်မြို့တော်ကြီးမှာ နိုင်းမြစ်ကမ်းနားတလျှောက် ရေပေါ်လူနေအိမ်တွေ ဒါဇင်နဲ့ချီကာ ဆယ်စုနှစ်တွေတိုင်အောင် တည်ရှိနေခဲ့ပြီး သစ်ပင်ပန်းမန်များနဲ့ ရှားရှားပါးပါးဆိတ်ငြိမ်လျက်ရှိတဲ့နေရာတွေ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 2 July 2022
-ကျန်းမာရေးဌာနဆိုရင် ဆေးရုံဆေးခန်းတွေပဲပြေးမြင်ကြတာဆိုတော့ One Health က အဲဒီအမြင်ကို ပြောင်းဖိုလွယ်ပါ့မလား??
#Yangon_Media_Group
#Health_Matters
Published - 2 July 2022
-ရောဂါကပ်ဘေးတွေရှောင်ရှားနိုင်အောင် One Health က ဘယ်လိုစွမ်းဆောင်ပေးနိုင်မလဲ??
#Yangon_Media_Group
Published 2 June 2022
အစာအဆိပ်သင့်စေတဲ့ ဆာမိုနီလာပိုးကို တွေ့ရှိရတဲ့အတွက် ဘယ်လ်ဂျီယမ်နိုင်ငံ ဝီဇီမြို့က ကမ္ဘာ့အကြီးဆုံး ချောကလက်စက်ရုံဖြစ်တဲ့ ဆွစ်ဇာလန်ပိုင် Barry Callebaut ဘယ်ရီ ကာလီဘောက် ချောကလက်ကို ထုတ်လုပ်မှုရပ်ဆိုင်းပစ်ခဲ့ရတယ်လို့ ကုမ္ပဏီက ဇွန် ၃၀ရက် ကြာသပတေးနေ့တုန်းကပြောပါတယ်။
ကိတ်မုန့်လုပ်တဲ့ ဖောက်သည် ၇၃ ဦးအတွက် လက်ကားပေးပို့တဲ့ ချောကလက်အရည်တွေကိုထုတ်လုပ်တာကို စက်ရုံက ကာကွယ်မှုရှိစွာနှင့် ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ ကုမ္ပဏီပြောရေးဆိုခွင့်ရသူက အေအက်ဖ်ပီကို ပြောပါတယ်။
အစာအဆိပ်သင့်ပိုးကူးစက်ခံရတယ်ဆိုတဲ့ သတင်းတွေတော့ တစ်ခုမှမရှိသေးဘူးလို့လည်း ပြောရေးဆိုခွင့်ရှိိသူ ကောနီလ် ဝါလော့ပ်က ပြောပါတယ်။ အဲဒီဆာမိုနီလာပိုးဟာ ဝမ်းပျက်ဖျားနာခြင်းတွေကို ဖြစ်စေတတ်ပြီး အလွန်အကျွံကိစ္စတွေမှာ သာ စိုးရိမ်ရတာမျိုးရှိပါတယ်လို့ သူကပြောပါတယ်။
စစ်ဆေးတွေ့ရှိပြီးကတည်းက ထုတ်လုပ်ထားပြီးဖြစ်တာတွေအားလုံးကို တားဆီးပိတ်ပင်လိုက်ပါတယ်” လို့လည်း သူကပြောပါတယ်။
ဘယ်ရီကာလီဘောက်ဟာ မသန့်ရှင်းတဲ့ ထုတ်ကုန်တွေကို ဝယ်ယူထားသူများဖြစ်နိုင်တဲ့ ဖောက်သည်တွေအားလုံးကို ဆက်သွယ်ထားပါတယ်။ ဝီဇီရဲ့ ချောကလက်ထုတ်လုပ်ရေးတွေကိုလည်း နောက်ထပ်တစ်စုံတစ်ရာ ကြေညာတာ မလုပ်မချင်း ရပ်ဆိုင်းထားလိုက်ပါတယ်။
ထုတ်လုပ်ထားတဲ့ ချောကလက်အရည်တော်တော်အများစုဟာ လုပ်ငန်းခွင်ထဲမှာပဲရှိနေဆဲပါလို့လည်း သူကပြောပါတယ်။
ဒါပေမယ့် ကုမ္ပဏီအနေနှင့် ဖောက်သည်တွေအားလုံးကို ဆက်သွယ်ပြီး ဇွန်၂၅ ရက်ကတည်းက ဝီဇီစက်ရုံကထုတ်လုပ်တဲ့ ချောကလက်နှင့်လုပ်ထားတဲ့ သူတို့ မုန့်တွေကို သင်္ဘောတင်ပို့တာတွေ မလုပ်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။
အစားအစာ အန္တရာယ်ကင်းရှင်းရေးဟာ ဘာရီကာလီဘောက်အတွက် အရေးအကြီးဆုံးဖြစ်တယ်။ ဒီလိုဖြစ်ရပ်မျိုးက ဖြစ်တောင့်ဖြစ်ခဲတစ်ခုပါ။ ကျွန်တော်တို့ဆီမှာ အစားအစာ အန္တရာယ်ကင်းရှင်းရေးအတွက် ကောင်းမွန်တဲ့လမ်းညွှန်ချက်တွေနှင့် လုပ်ငန်းစဉ်တွေရှိပြီးသားပါ လို့ ကုမ္ပဏီက သတင်းထုတ်ပြန်ထားပါတယ်။
Source AFP
Page 1131 of 1270