Published 18 April 2022
အာရှပစိဖိတ်ဒေသဟာ အင်အားကြီးနိုင်ငံတွေရဲ့ ကစားပွဲအတွက် စစ်တုရင်ခုံမဟုတ်ဘူးလို့ တရုတ်နိုင်ငံကပြောပါတယ်။ အာဆီယံနိုင်ငံတွေဟာ ပထဝီနိုင်ငံရေး ယှဉ်ပြိုင်မှုမှာ နယ်ရုပ်တွေမဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဝမ်ဝေဘင်က ဧပြီ ၁၈ရက်နေ့ တနင်္လာနေ့က ပြောပါတယ်။
ဝါရှင်တန်ဒီစီတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အာဆီယံခေါင်းဆောင်များနှင့် မေ၁၂ရက်နှင့် ၁၃ရက်များတွင် တွေ့ဆုံ၍ ထိပ်သီးဆွေးနွေးပြုလုပ်မည့်အစီအစဉ်နှင့်ပတ်သက်၍ ဝမ်ဝေဘင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မှတ်ချက်ပေးခဲ့ခြင်းဖြစ်ပါတယ်။
Source AFP
Published 18 April 2022
၂၂ကြိမ်မြောက် “ထရန်ဗာစီဒီပဲရစ်” ပွဲအတွက် ဂန္ထဝင်ကားများက ပါရီမြို့လမ်းတွေပေါ် ဧပြီ(၁၇)ရက်က အလှပြ မောင်းနှင် ခဲ့ကြရာ ကားချစ်သူတွေ သဘောကျခဲ့ကြပါတယ်။
ပါရီကိုဖြတ်သန်းမောင်းနှင်ခြင်း လို့ အဓိပ္ပါယ်ရတဲ့ အဲဒီကားမောင်းပွဲမှာ ရှေးဟောင်း ဂန္ထဝင်ကားမျိုးစုံ ဝင်ရောက် မောင်းနှင်ကြမှာ ဖြစ်ပါတယ်။
Source AFP
#LocalNews
Published - 18 April 2022
ပြီးခဲ့တဲ့ သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ပုဂံဒေသသို့ ပြည်တွင်းခရီးသွားများ စံချိန်တင်ဝင် ရောက်ခဲ့တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 18 April 2022
ဓာတ်မြေသြဇာတစ်အိတ်ကို ယခင်က ငွေကျပ် ၂ သောင်းကျော်ရှိရာကနေ ယခုအခါ ၉၀,၀၀၀ ကျော်အထိ ဈေးမြင့်တတ်နေတဲ့အတွက် တောင်သူတွေ အခက်အခဲဖြစ်နေပါတယ်။
#Yangon_Media_Group
#DailyNews
Published -18 April 2022
၁။ သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ပုဂံဒေသသို့ ပြည်တွင်းခရီးသွားများ စံချိန်တင်ဝင်ရောက်ခဲ့။
၂။ သွင်းအားစုဓာတ်မြေသြဇာ တစ်အိတ် ၉၀,၀၀၀ ကျော်အထိ ဈေးမြင့်တက်နေ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ အသက်(၇၀)အရွယ်အဖွားကို ကိုယ်ဟန်ပြမော်ဒယ်လ်အဖြစ် ဓာတ်ပုံရိုက်လုပ်ကိုင်လျက်ရှိသည့် တရုတ်ဓာတ်ပုံဆရာ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 17 April 2022
ပထမဆုံး ကမ္ဘာ့ဖလား အမျိုးသမီးပိုလိုပြိုင်ပွဲကို အာဂျင်းတီးနားနိုင်ငံ။မြို့တော်ဗျူနိုးစ်အေရီးစ်က ပိုလိုကစားကွင်းကြီးထဲမှာ ဧပြီ (၁၆)ရက်က ကျင်းပခဲ့ပါတယ်
အာဂျင်တီးနား အမျိုးသမီးပိုလိုအသင်းဟာ စနေနေ့ကကျင်းပတဲ့ ဗိုလ်လုပွဲမှာ အမေရိကန်ကို အနိုင်ရပြီး ပထမဆုံး အမျိုးသမီး ကမ္ဘာ့ဖလား ပိုလိုချန်ပီယံဖြစ်သွားပါတယ်။
နည်းပြ မီလိုဖာနန်ဒေးအာရူဂျိုဦးဆောင်တဲ့ အာဂျင်တီးနားအသင်းဟာ အမေရိကန်ကို ၆-၂ နှင့် အနိုင်ယူခဲ့တာပါ။
တတိယနေရာလုပွဲကိုတော့ အင်္ဂလန်နှင့် အီတလီတို့ ယှဉ်ပြိုင်ပြီး အင်္ဂလန်က ၆-၅.၅ နှင့် အမှတ်တစ်ဝက်နှင့် အနိုင်ယူသွားခဲ့ပါတယ်။
ပထမဆုံး အမျိုးသမီး ကမ္ဘာ့ဖလားပိုလိုပြိုင်ပွဲကို ဧပြီ(၉)ရက်က စတင်ကျင်းပခဲ့ပြီး အာဂျင်တီးနား၊အမေရိကန်၊အီတလီ၊ အင်္ဂလန်၊ဘရာဇီးနှင့် အိုင်ယာလန်က အမျိုးသမီးအသင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
Source AFP
Published 17 April 2022
မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံခြားသား ၄၂ ဦးအပါအဝင် အကျဉ်းသား ၁၆၁၉ ဦးကို ပြစ်ဒဏ်လျော့ပေါ့ လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ နစက,က ဧပြီလ (၁၇)ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
အဲဒီအတွက် ရန်ကုန်မြို့က အင်းစိန်ဗဟိုအကျဉ်းထောင်ရှေ့မှာ ဆွေမျိုးသားချင်းတွေက လွတ်မြောက်လာနိုင်မယ့် သူတွေကို သွားရောက်မျှော်လင့်စောင့်ဆိုင်းခဲ့ကြပါတယ်။
ဒါပေမယ့် ယခုထက်ထိတော့ လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ မပါဝင်သေးဘူးလို့ အေအက်ဖ်ပီက ပြောပါတယ်။
Video: AFP
Page 1076 of 1145