#LocalNews
Published - 8 April 2022
အိန္ဒိယ - မြန်မာနယ်စပ်မြို့ဖြစ်သည့် တမူးမြို့တွင် ရပ်/ ကျေးအုပ်ချုပ်ရေးမှူး ၃၀ နီးပါးခန့်ဟာလက်နက်ကိုင်အဖွဲ့များ၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်လို့ တမူးမြို့ဒေသခံများထံမှ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 8 April 2022
နိုင်ငံခြားသား ပြည်ပဧည့်သည်အဝင်နည်းပါးမှုကြောင့် ပုဂံဒေသရှိ ယွန်းထည်လုပ်ငန်းများကို ယနေ့အချိန်အထိ ပြန်လည်လုပ်ကိုင်နိုင်ခြင်းမရှိသေးဘူးလို့ ပုဂံဒေသခံများထံမှ သိရပါတယ်။
#Yangon_Media_Group
Published 8 April 2022
ဆိုးရွားလာနေတဲ့ ငွေကြေးဖောင်းပွမှု၊ ငွေကြေးမူဝါဒများ လျော့တိလျော့လျဲဖြစ်မှုများနှင့် နိုင်ငံရေးသမားများက နိုင်ငံရေး အမြတ်ထုတ်နေကြမှုတွေကြောင့် အမေရိကန်နိုင်ငံသားတွေ အထူးသဖြင့် ဆင်းရဲသားတွေရဲ့ အသားတင်ဝင်ငွေတွေ လျော့ကျနေရပါတယ်။
ငွေကြေးဖောင်းပွမှုဟာ ချမ်းသာသူတွေထက် ဝင်ငွေနည်းပါးတဲ့သူတွေကို ပိုပြီးထိခိုက်နစ်နာနေရတာဖြစ်ပါတယ်။
Source CMG
#LocalNews
Published - 8 April 2022
ဆီထွက်သီးနှံနေကြာကို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဧက ၁၅ သိန်း တိုးချဲ့စိုက်ပျိုးဖို့ ဝန်ကြီးဌာနအနေနဲ့ စီစဉ်နေပါတယ်။
#Yangon_Media_Group
#DailyNews
Published -8 April 2022
၁။ ပုဂံဒေသရှိ ယွန်းထည်လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ခြင်းမရှိသေးဟုဆို။
၂။ တမူးမြို့တွင် ရပ်/ ကျေး အုပ်ချုပ်ရေးမှူး ၃၀ နီးပါး လက်နက်ကိုင်အဖွဲ့များ၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ အကြမ်းဖက်မှုများကာကွယ်နိုင်ရန် ဆိုင်ကယ်စီးနင်းမှုစည်းကမ်းကန့်သတ်ချက်အသစ်များအပေါ် ကိုလံဘီယာတွင် ဆိုင်ကယ်သမားများ ယာဉ်ကြောပိတ်ဆို့ဆန္ဒပြ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 8 April 2022
DHL အမှတ်တံဆိပ်တပ် ကုန်တင်လေယာဉ်ကြီးတစ်စီးဟာ ကောစတာရီကာ လေဆိပ်ကို
အရေးပေါ်ဆင်းသက်မှုပြုလုပ်စဉ် နှစ်ပိုင်းကျိုးကျသွားပါတယ်။ ဒါပေမယ့် ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘူးလို့ သိရပါတယ်။
ကော့စတာရီကာနိုင်ငံ ဆန်ဂျိုဆေးက ဂျူအန်ဆန်တာမာရီယာ နိုင်ငံတကာလေဆိပ်ကို အရေးပေါ်ဆင်းသက်ခဲ့ရင်း လေယာဉ်ကြီးနှစ်ပိုင်းကျိုးသွားတာဖြစ်ပါတယ်။
လေယာဉ်မှူးဟာ စိတ်လှုပ်ရှားတုန်လှုပ်နေပေမယ့် ကျန်တဲ့ ဂွာတီမာလာနိုင်ငံသား လေယာဉ်အမှုထမ်းနှစ်ဦးကတော့ စိတ်တည်ငြိမ်မှုရှိပြီး ကြုံတွေ့ခဲ့သမျှတွေ မှတ်မိနေပါတယ်လို့ ကြက်ခြေနီကယ်ဆယ်ရေးသမား ဂီအီဒို ဗက်ကေးက ပြောပါတယ်။
Source AFP
#WorldLiterature
Published 07 April 2022
'ချားလ်စ်ဒါဝင်း' ရေးသားပြုစုခဲ့တဲ့ မှတ်စုစာအုပ် ၂ အုပ်ဖြစ်တဲ့ သတ္တဝါဆင့်ကဲပြောင်းလဲခြင်းအကြောင်းနဲ့ပတ်သက်ပြီး သူ့ရဲ့ရှေ့ဆောင်စိတ်ကူးစိတ်သန်းများဖော်ပြထားတဲ့ မှတ်စုစာအုပ်နဲ့ သူ့ရဲ့နာမည်ကျော် ဘဝရှင်သန်ခြင်းပုံကြမ်းမှတ်စုစာအုပ်တိုဟာ နှစ်ပေါင်း ၂၁ တိုင်အောင်ပျောက်ဆုံးနေခဲ့ရာမှ အမည်မသိသူတစ်ဦးက လာရောက်ပြန်ပေးအပ်ခဲ့ကြောင်း ကိမ်းဘရစ်ချ်တက္ကသိုလ်စာကြည့်တိုက်က အင်္ဂါနေ့ကပြောကြားခဲ့ပါတယ်။
#Yangon_Media_Group
Page 1080 of 1145