#HealthMatters
Published - 21 May 2022
ကိုဗစ်ကပ်ရောဂါနှင့်ရော ဆက်စပ်နိုင်ပါသလား???
#Yangon_Media_Group
#HealthMatters
Published - 21 May 2022
အခုကမ္ဘာ့နိုင်ငံပေါင်း ၂၄ နိုင်ငံကျော်မှာ ကလေးသူငယ်တွေကြားထဲ ထူးဆန်းတဲ့ အသည်းရောင်ရောဂါဖြစ်ပြီး ကလေးငါးဦးသေဆုံးခဲ့ပြီးပါပြီ။ အဲဒီရောဂါဟာ ဘယ်လိုရောဂါမျိုးလဲ???
#Yangon_Media_Group
#LocalNews
Published - 21 May 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရမ်း၊ သုံးခွ၊ သန်လျင် မြို့နယ်(၃)မြို့နယ်အား ဆိုင်ကယ်မစီးရ မြို့နယ်များအဖြစ် သတ်မှတ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published -21 May 2022
မိုးရွာလို့၊ မိုးကြီးလို့ လူတွေသိပ်မထွက်တာကတစ်ကြောင်း၊ အင်တာနက်ကနေပဲ သတင်းတွေဖတ်ကြတာကတစ်ကြောင်းကြောင့် ရန်ကုန်မှာ ဂျာနယ်နဲ့သတင်းစာရောင်းအားတွေ ထက်ဝက်လောက်ထပ်မံကျဆင်းလာတယ်လို့ ဂျာနယ်၊ သတင်းစာရောင်းချသူတွေထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published - 21 May 2022
၁။ ရန်ကုန်တွင်ဂျာနယ်၊ သတင်းစာများ ရောင်းအားထက်ဝက်လောက်ထပ်မံကျဆင်း။
၂။ ရန်ကုန်တိုင်းအတွင်းရှိ ခရမ်း၊ သုံးခွ၊ သန်လျင် ၃ မြို့နယ်အား ဆိုင်ကယ်မစီးရ မြို့နယ်များအဖြစ်သတ်မှတ်။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ပြောင်းလဲဖန်တီးလာသည့်ဂျပန်တို့၏ တိုင်ကိုဒရမ်တီးခတ်ခြင်းပညာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 20 May 2022
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ မေ၂၀ရက်သောကြာနေ့မှာ တောင်ကိုးရီးယားကို ရောက်ရှိလာပါတယ်။ သူ့ရဲ့တောင်ကိုးရီးယားခရီးစဉ်ဟာ သူ့အတွက် အမေရိကန်ခေါင်းဆောင်တစ်ဦးအနေနှင့် အာရှရဲ့ပထမဆုံးခရီးဖြစ်ပြီး မြောက်ကိုးရီးယား နျူကလီးယားစမ်းသပ်မှု ကြီးထွားလာနေတဲ့အပေါ် ဒေသဆိုင်ရာ လုံခြုံရေးမဟာမိတ်တွေရဲ့ စိုးရိမ်ပူပန်မှုတွေနှင့်အတူ နှစ်နိုင်ငံ ဆက်ဆံရေးချည်နှောင်ဖို့ဖြစ်ပါတယ်။
သူဟာ တောင်ကိုးရီးယားသမ္မတ ယွန်ဆောက်ယိုနှင့် ဆိုးလ်မြို့အပြင်ဘက် ဆမ်ဆောင်းအဆောက်အအုံမှာ တွေ့ဆုံပါတယ်။
ဘိုင်ဒင်ဟာသူ့ခရီးစဉ်မှာ တစ်နှစ်ရှည်ကြာပြီဖြစ်တဲ့ အမေရိကန်ရဲ့ အာရှမဏ္ဍိုင်ပြုမှုကို ထပ်မံအရှိန်မြှင့်လိုနေပါတယ်။အာရှဒေသမှာ တရုတ်ရဲ့စီးပွားရေးရဲ့စစ်ရေးပါဝါတွေမြင့်တက်မှုတွေက ဝါရှင်တန်ရဲ့ကြီးစိုးမှုတွေကို လျှော့ချနေတာဖြစ်ပါတယ်။
သူ့ကို ပြီးခဲ့တဲ့အပတ်ကမှ သမ္မတတာဝန်ယူလာတဲ့ အမေရိကန်လိုလားတဲ့ သမ္မတသစ်ယွန်ဆောက်ယိုက နွေးထွေးစွာကြိုဆိုခဲ့ပါတယ်။ မြောက်ကိုးရီးယားရဲ့ ခန့်မှန်းရခက်တဲ့ ခေါင်းဆောင်ဟာ ဘိုင်ဒင်ရဲ့အာရှခရီးစဉ်အတွင်း နျူကလီးယားစမ်းသပ်မှုတွေလုပ်မှာကိုလည်း စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။
ကျွန်တော်တို့ဒေသထဲမှာရှိတုန်း ရန်လိုတဲ့ပုံစံတစ်ခုခုလုပ်မယ့် အန္တရာယ်က တစ်ကယ်ရှိနေတာပါ လို့ အမေရိကန်လုံခြုံရေး အကြံပေး ဂျိတ်ဆူလီဗန်ကပြောထားပါတယ်။
ဘိုင်ဒင်က တောင်ကိုးရီးယားကနေ ဂျပန်ကိုဆက်သွားမှာဖြစ်ပြီး ဂျပန်နိုင်ငံမှာ ဩစတြေလျ၊အိန္ဒိယ၊ဂျပန်နှင့်အမေရိကန်တို့ပါဝင်တဲ့ Quad လေးပြည်ထောင်အဖွဲ့ထိပ်သီးအစည်းအဝေးတက်ရောက်မှာ ဖြစ်ပါတယ်။
Source AFP
#WorldCampaign
Published 20 May 2022
လူသားတွေ လစဉ်လတိုင်းစွန့်ပစ်လိုက်တဲ့ အမှိက်သရိုက်တွေဘယ်လောက်များလဲဆိုတာပြသဖိုအတွက် အမေရိကန်မှ’ရော့ဘ်ဂရင်းဖီးလ်’ဆိုသူဟာ အမှိုက်တွေကိုချိတ်ဆွဲပြီး တစ်လလုံးလျှောက်သွားနေခဲ့ပါတယ်။
#Yangon_Media_Group
Page 1047 of 1146