#LocalNews
Published_19 May 2022
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းမှာတွေ့ခဲ့တဲ့ ထိုင်တော်မူဆင်းတုတော်ဟာ အေဒီ ၅ ရာစုလောက်က ဆင်းတုတော်ဖြစ်တယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 19 May 2022
မိုးရာသီကာလမှာ မိုးကြိုးပစ်ခြင်းကြောင့် နှစ်စဉ်လူဦးရေ(၁၀၀)ကျော် သေဆုံးလေ့ရှိတဲ့အတွက်လာမယ့်မိုးရာသီမှာ မိုးကြိုးအန္တရာယ်သတိပြုဖို့လိုအပ်တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါ်ဖြူလဲ့လဲ့ထွန်းက YMG ကို ပြောပါတယ်၊၊
#Yangon_Media_Group
Published 19 May 2022
စည်းကမ်းနှင့်မကိုက်ညီ လိုင်စင်လည်းမရှိ ရွှေလုပ်ငန်းလုပ်ကိုင်နေသူ (၇)ဦးကိုခေါ်ယူစစ်ဆေးနေတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ကျင်းပနေတဲ့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပြောကြားလိုက်ပါတယ်။
ရွှေလုပ်ငန်းရှင်အချို့ဖမ်းဆီးခံရမှုတွေရှိနေတယ်လို့ သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ယခု ဗိုလ်ချုပ်ဇော်မင်းထွန်းက အဲဒီသတင်းများအပေါ် အတည်ပြုခဲ့ခြင်းဖြစ်ပါတယ်။
#DailyNews
Published - 19 May 2022
၁။ မိုးကြိုးပစ်ခြင်းကြောင့် နှစ်စဉ်လူဦးရေ(၁၀၀)ကျော် သေဆုံး၊ လာမည့်မိုးရာသီတွင် မိုးကြိုးအန္တရာယ်သတိပြုရန်လို
(ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါ်ဖြူလဲ့လဲ့ထွန်း)
၂။ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းတွေ့ရှိသည့် ဆင်းတုတော်မှာ အေဒီ ၅ ရာစုခန့်ကဟုဆို
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(စစ်တွေဌာနခွဲ)ညွန်ကြားရေးမှူး ဦးကြည်ခင်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ယူကရိန်းပဋိပက္ခအတွင်း အစွန်းရောက်များနှင့် အကြမ်းဖက်သမားများကို ကြေးစားများအဖြစ် အမေရိကန်တပ်စုဆောင်းနေသည်ဟု ရုရှားနိုင်ငံခြားထောက်လှမ်းရေးအဖွဲ့စွပ်စွဲ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldHistory
Published 18 May 2022
၂၀၁၃ ခုနှစ်မှာကွယ်လွန်ခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း'မာဂရက်သက်ချာ'ရဲ့ရုပ်ထုအသစ်ကို မွေးရပ်မြေမှာ စိုက်ထူဆောက်လုပ်ခဲ့ပြီး မကြာခင်မှာပဲ ကြက်ဥဖြင့်ပစ်ပေါက်ခံခဲ့ရတာကြောင့် တနင်္လာနေ့က ခြံစည်းရိုးတပ်ဆင်ထားခဲ့ရပါတယ်။
#Yangon_Media_Group
Published 18 May 2022
မတ်လအတွင်း တရုတ်အရှေ့ပိုင်းလေကြောင်းပိုင်လေယာဉ်ပျက်ကျတာဟာ လေယာဉ်ပေါ်ပါတစ်ဦးဦးရဲ့ တမင်ရည်ရွယ်မှုတစ်ခုဖြစ်တယ်လို့ အမေရိကန်စုံစမ်းစစ်ဆေးသူတွေက ယုံကြည်ထားကြတဲ့အကြောင်း အင်္ဂါနေ့က ဝေါစထရိဂျာနယ်က သတင်းဖော်ပြလိုက်ပါတယ်။ ဒီပျက်ကျမှုဟာ ဆယ်စုနှစ်များစွာထဲမှာ တရုတ်နိုင်ငံရဲ့ အဆိုးရွးဆုံးလေယာဉ်ပျက်ကျမှုဖြစ်ပါတယ်။
တရုတ်အရှေ့ပိုင်းလေကြောင်း လေယာဉ်ခရီးစဉ်အမှတ် MU5375ဟာ ကူမင်းကနေကွမ်ကျိုးကို မတ်၂၁ရက်နေ့က ပျံသန်းနေစဉ် အမြင့်ပေးနှစ်သောင်းကိုးထောင်ကနေ ထူးခြားစွာ ဇောက်ထိုးဆင်းပြီးပျက်ကျခဲ့တဲ့အတွက် လေယာဉ်ပါသူ ၁၃၂ဦးလုံး သေဆုံးခဲ့ကြရပါတယ်။
ပျက်ကျတဲ့နေရာက ရရှိတဲ့ ခရီးစဉ်အသံသွင်းမှတ်တမ်းသေတ္တာနက်ကို သုံးသပ်မှုပြုနိုင်ဖို့ အမေရိကန်ကိုပေးပို့ခဲ့ပါတယ်။ အဲဒီသေတ္တာနက်ကရရှိတဲ့ အချက်အလက်တွေအရ လေယာဉ်မှူး သို့မဟုတ် လေယာဉ်ခေါင်းပိုင်းထဲ အတင်းခေါ်ဆောင်ခံရသူတစ်ဦးဦးက ဘိုအင်း၇၃၇-၈၀၀ လေယာဉ်ကို ခေါင်းစိုက်ဆင်းဖို့ အမိန့်ပေးခဲ့ပုံရတယ်လို့ ဖော်ပြနေပါတယ်လို့ အဲဒီစုံစမ်းမှုနှင့်ကျွမ်းဝင်သူတစ်ဦးကို ကိုးကားပြီး ဝေါစထရိက ရေးသားပါတယ်။
“ လေယာဉ်မောင်းခန်းထဲက တစ်ဦးဦးက လုပ်ခိုင်းတဲ့အတိုင်း လေယာဉ်ပျံသန်းခဲ့ရတာဖြစ်တယ်” လို့ ပဏာမစုံစမ်းမှုတွေနှင့် ရင်းနှီးကျွမ်းဝင်သူတစ်ဦးက ဝေါစထရိဂျာနယ်ကိုပြောပါတယ်။
တရုတ်စုံစမ်းစစ်ဆေးသူတွေကလည်း ပျက်ကျရလောက်အောင် လေယာဉ်နှင့် ပျံသန်းထိန်းကျောင်းမှုတွေမှာ ဘာပြဿနာမှမတွေ့ခဲ့ဘူးလို့ပြောထားပါတယ်။အဲဒီအချက်ကို အမေရိကန်အရာရှိတွေကလည်း ထောက်ခံထားပါတယ်။
အမေရိကန်အမျိုးသားသယ်ယူပို့ဆောင်မှုအန္တရာယ်ကင်းရှင်းရေးဘုတ်အဖွဲ့နှင့် ဘိုအင်းကုမ္ပဏီတို့က ဒီစစ်ဆေးတွေ့ရှိမှုတွေနှင့်ပတ်သက်လို့ မှတ်ချက်ပေးဖို့ငြင်းဆန်ပါတယ်။
စုံစမ်းစစ်ဆေးသူတွေဟာ ပုံမှန်မဟုတ်တာတစ်ခုခုကို အထောက်အထားမတွေ့ခဲ့ရဘူးလို့ ဘိုအင်းရဲ့ အစီရင်ခံစာတစ်ခုက ပြောတယ်လို့ တရုတ်လေကြောင်းအာဏာပိုင်အဖွဲ့က ဧပြီလတုန်းကပြောပါတယ်။
ဝန်ထမ်းတွေဟာ မပျံသန်းခင် လိုအပ်တဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံတွေ အားလုံးလုပ်ခဲ့တယ်။ လေယာဉ်ပေါ်မှာလည်း အန္တရာယ်ရှိတဲ့ ပစ္စည်းတွေသယ်ယူသွားတာမရှိဘူး၊ပြီးတော့ ရာသီဥတု ဆိုးရွားတာမျိုလည်း မရှိဘူးလို့ အဲဒီအဖွဲ့ကပြောပြီး အသေးစိတ်သိရဖို့ နှစ်များစွာကြာနိုင်တယ်လို့ဆိုထားပါတယ်။
Source AFP
#LocalNews
Published - 18 May 2022
Tourist Visa ဖွင့်ပြီးနောက် အနောက်နိုင်ငံခရီးသွားတွေထက် ပြည်ပရောက်မြန်မာနိုင်ငံသားတွေ၊ အာရှနဲ့အာဆီယံခရီးသွားတွေသာ ဦးစွာပြန်ဝင်လာနိုင်ခြေရှိတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးနောင်းနောင်းဟန် ကပြောပါတယ်၊၊
#Yangon_Media_Group
Page 1049 of 1146