#Health_Matters
Published - 28.5.2022
Monkey pox မျောက်ကျောက်ရောဂါဆိုတာ ဘယ်လိုရောဂါမျိုးလဲ??
#Yangon_Media_Group
#LocalNews
Published - 28 May 2022
ပူတာအို ဒေသတွင် တိုက်ပွဲများမရှိတော့သည့်အတွက် တောတောင်များထဲတွင် ခိုလှုံ့နေကြရသည့် ဒေသခံ
စစ်ဘေးရှောင်ပြည်သူများနေရပ်သို့ ပြန်လည်သွားလာနိုင်ကြပြီဖြစ်တယ်လို့ စစ်ဘေးရှောင်အရေးကိစ္စရပ်များအား ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published -28 May 2022
လာမယ့်ပွင့်လင်းရာသီမှာ တောင်တက်ခရီးစဥ်တွေနဲ့ တောတွင်းခရီးစဥ်(Hiking)တွေ ပြန်လည်စတင်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ တက္ကသိုလ်ခြေလျင်နှင့်တောင်တက်အသင်း၊ သဘာဝခေါ်သံဖေါင်ဒေးရှင်းဥက္ကဌ ဦးမျိုးသန့်က ပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published - 28 May 2022
၁။ လာမည့်ပွင့်လင်းရာသီတွင် တောင်တက်ခရီးစဉ်များနှင့် တောတွင်းခရီးစဉ်(Hiking)များ ပြန်လည်စတင်နိုင်ရန်မျှော်မှန်း
(တက္ကသိုလ်ခြေလျင်နှင့်တောင်တက်အသင်း၊သဘာဝခေါ်သံဖေါင်ဒေးရှင်းဥက္ကဌ ဦးမျိုးသန့်)
၂။ ပူတာအိုဒေသတွင် တိုက်ပွဲများမရှိတော့သည့်အတွက် စစ်ဘေးရှောင်ပြည်သူများနေရပ်ပြန်ကြပြီဟုဆို
ပူတာအို ဒေသခံတစ်ဦး ကချင်ပြည်နယ်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ စစ်ပွဲပဋိပက္ခကြောင့်စားနပ်ရိက္ခာဖူလုံရေးကြပ်တည်းလာသည့်အင်ဒိုနီးရှားနိုင်ငံ ...အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#CyberSecurity
Published 27 May 2022
'ငိုမင်ဟျူ'လိုအမည်ရတဲ့ ဗီယက်နမ်ဟက်ကာတစ်ဦးဟာ သူအောင်မြင်မှုရခဲ့တဲ့အချိန်တွေတုန်းက အမေရိကန်က လူသန်းပေါင်းများစွာရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ခိုးယူခဲ့ဖူးပါတယ်။
#Yangon_Media_Group
Published 27 May 2022
သေနတ်ထိန်းချပ်ရေးလှုပ်ရှားတက်ကြွသူတွေနှင့် ဥပဒေပြုအမတ်တွေဟာ မေ ၂၆ရက်က အမေရိကန် ကပ္ပီတိုလ် လွှတ်တော် အဆောက်အအုံရှေ့မှာ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ ဆန္ဒပြတောင်းဆိုကြပါတယ်။
တက္ကဆပ်မှာ သေနတ်သမားက အစုလိုက် အပြုံလိုက်ပစ်သတ်ခဲ့လို့ ကျောင်းသူကျောင်းသား ကလေးငယ် ၁၉ဦးသေဆုံးခဲ့ရပြီးနောက် ဒီဆန္ဒပြပွဲဖြစ်လာတာပါ။ “ကျွန်မ ဒီကိုလာတာဟာ နောက်တစ်ခါဆို ကျွန်မအလှည့်ဖြစ်မလား ကြောက်လို့ပဲ” လို့ အတန်းမတက်ဘဲ ဆန္ဒလာ ပြတဲ့ အထက်တန်းကျောင်းသူတစ်ဦးကပြောပါတယ်။
Source AFP
Published 27 May 2022
တရုတ်နိုင်ငံရဲ့ အဓိက ကားထုတ်လုပ်သူ SAIC Motor က မေလထဲမှာ နိုင်ငံရပ်ခြား ကားရောင်းအား ကောင်းလာလိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့ ကုမ္ပဏီက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
ရှန်ဟိုင်းအခြေစိုက် SAIC ကားကုမ္ပဏီက ဒီလအတွင်း ကားပေါင်း ခုနှစ်သောင်းကျော်ကို နိုင်ငံရပ်ခြား ရောင်းချရဖို့ မျှော်လင့်ထားတာဖြစ်ပြီး တစ်နှစ် တစ်နှစ်ကို ရောင်းအားက ၆၀ ရာခိုင်နှုန်းတက်လာတယ်လို့ ပြောပါတယ်။
ဗုဒ္ဓဟူးနေ့ ညနေခင်းမှာ ရှန်ဟိုင်းမြို့ ဟိုင်းတောင်းဆိပ်ခံတံတားကနေ ဩစတြေလျကိုပို့မယ့် ကားအစီးပေါင်းဟာ ၃၀၀၀ ကျော်ရှိပြီး အဲဒီအထဲမှာ SAIC ကားတွေက အစီးတစ်ထောင်ကျော်ပါနေပါတယ်။ အဲဒီကားတွေက ပင်လယ်ခရီးမှာ ၁၂ရက်က နေ ၁၄ရက်အထိကြာပြီး ဩစတြေလျ ရောက်သွားမှာဖြစ်ပါတယ်။
“ တရုတ်နိုင်ငဲရဲ့ကားတင်ပို့မှုဟာ နှစ်အလိုက်တိုးတက်လာပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကဆိုရင် နှစ်ပတ်လည်တိုးတက်မှု နှုန်းဟာ ၃၀ရာခိုင်နှုန်းကျော်ရှိပါတယ်။ ဒီနှစ် ဇန်နဝါရီကနေ ဧပြီအထိ SAIC ကားတွေကို ဟိုင်းတောင်ဆိပ်ခံတံတားကနေ တင်ပို့တာ အစီးရေ ကိုးသောင်းခန့်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်နှင့်ယှဉ်ရင် ၁၃၇ ရာခိုင်နှုန်းတိုးတက်လာတာပါ” လို့ ရှန်ဟိုင်း ဟိုင်းတောင် နိုင်ငံတကာ ကားဆိပ်ကမ်းကုမ္ပဏီရဲ့ အမှုဆောင်ဒါရိုက်တာ ရှီကျားလင်း က ပြောပါတယ်။
၂၀၂၂ ခုနှစ်မှာ SAIC ကားအစီးရေ ရှစ်သိန်းခန့် နိုင်ငံခြားတင်ပို့ဖို့နှင့် နှစ်စဉ် ၁၅ ရာခိုင်နှုန်းတိုးတက်တင်ပို့ဖို့ ရည်မှန်းထားကြောင်းသိရပါတယ်။
Source CCTV
Page 991 of 1097