၁၁ မေ ၂၀၂၄
နယ်မြေခံတပ် များအနေဖြင့်လည်း မိမိတို့တပ်များအလိုက် နယ်မြေဒေသလုံခြုံရေး၊ နယ်မြေစိုးမိုးရေး လုပ်ငန်း များကို ကြိုတင်မျှော်တွေး၍ ဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ အရာရှိ၊စစ်သည်များကို မှာကြားခဲ့တယ်လို့ နစကသတင်းထုတ် ပြန်ချက်အရသိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေလ ၁၁ရက်နေ့က တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြား ရာမှာ ယင်းကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရာတွင် ခေတ်နှင့်အညီပြောင်းလဲ တိုးတက် လာသည့် စစ်လက်နက်နည်းပညာများကိုလည်း မျက်ခြည် မပြတ်လေ့လာ သိရှိနေရကြရန်၊ ဖြစ်ပေါ် လာနိုင် သည့်အခြေအနေများကို ကြိုတင်မျှော်တွေးပြင်ဆင်၍ လိုအပ်သည်မှန်သမျှကိုပြင်ဆင်ဆောင်ရွက် ကြရန်နှင့် စစ်သည်တစ်ဦးချင်းစီအလိုက် အမြဲတမ်းတိုက်ပွဲဝင်အသင့် (Fit for Fight) ဖြစ်စေရေးအတွက် လေ့ကျင့်မှုများကို မှန်မှန်ကန်ကန်ဆောင်ရွက်နေရကြရန်လည်း ဗိုလ်ချုပ်မှူးကြီးကမှာကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိ အချိန်တွင် နိုင်ငံတော်တွင်ဖြစ်ပေါ်နေသော အခြေအနေများအရ လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်ထမ်း ဆောင်နေရသည့် တပ်များမှ စစ်သည်များနှင့် မိသားစုဝင် များအတွက်လည်း ထိုက်သင့်သည့်ချီးမြှင့်မှုများနှင့် လိုအပ်သည့်သက်သာချောင်ချိရေး ကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။
အဲဒီနောက် ဗိုလ်ချုပ်မှူးကြီးကကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက် ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာတိုင်းမှူးက လည်းကောင်း၊ ဗိုလ်ချုပ်မှူးကြီး၏ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းမှူး၏ ဇနီးက လည်းကောင်း အသီးသီး လက်ခံရယူခဲ့ကြပါတယ်။
အဆိုပါ တွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်နှင့်ဇနီး၊ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တြိဂံ ဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင် များ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်။
@ymg/knl


Published_10 May 2024
မြန်မာ-အိန္ဒိယ တိုက်ရိုက်လေ ကြောင်းပျံသန်းရေးကိစ္စကို ယနေ့ မေလ ၁၀ ရက်တွင် မြန်မာနိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအ မတ်ကြီး Abhay Thakur တို့ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအ မတ်ကြီး Abhay Thakur က ၎င်း၏သံအမတ်ခန့်အပ်လွှာကို နေပြည်တော်ရှိ နိုင်ငံတော်စီမံ ကောင်စီဥက္ကဋ္ဌရုံး၊ သံတမန် ဆောင်ဧည့်ခန်းမ မြန်မာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်း အောင်လှိုင်ထံ ပေးအပ်ခဲ့စဉ် အထက်ပါအတိုင်း ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ရိုက်လေ ကြောင်းပျံသန်းရေးဆိုင်ရာ ကိစ္စရပ် များအပြင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ် အေး ချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက် ရေးဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ပညာတော်သင်များ စေလွှတ်လျက်ရှိမှု အခြေ အနေများ၊ ကာကွယ် ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်လျက် ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံ ၏နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေများနှင့် လွတ် လပ်ပြီး တရားမျှတ သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက် ပွဲကျင်းပနိုင်ရေးကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် စပ်လျဉ်းပြီး ရင်းရင်းနှီးနှီး ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ယင်း သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်တို့ တက်ရောက် ခဲ့ကြကြောင်းလည်း သိရသည်။
Yangon_Times/PP


၉ မေ ၂၀၂၄
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ နယ်ရှိ ဆုံရွာကျေးရွာအား ယနေ့မေလ ၉ ရက် နံနက်ပိုင်းတွင် အကြမ်းဖက်သမားများက ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာနေ ဒေသခံ ပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၃၂ ဦး သေဆုံးခဲ့ရတယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မြင်းခြံမြို့နယ် ဆီမီးခုံကျေးရွာ၏ အရှေ့ဘက်မှာရှိတဲ့ အဆိုပါ ဆုံရွာကျေးရွာကို အကြမ်းဖက်သမားများက လက်နက်ကြီး လက်နက်ငယ်များဖြင့် တိုက်ခိုက်တဲ့အတွက် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၉ ဦး ၊ စုစုပေါင်း ၁၄ ဦး ဗုံးစထိမှန် ဒဏ်ရာများ လည်းရရှိခဲ့တယ်လို့သိရပါတယ်။
ဆီမီးခုံကျေးရွာ၏ အရှေ့ဘက် မီတာ ၄၀၀၀ ခန့်အကွာရှိ ဆုံရွာကျေးရွာ ပြည်သူ့စစ်စခန်းအား ယနေ့ နံနက်ပိုင်းတွင် ကျေးရွာ၏ တောင်ဘက်နှင့် အရှေ့တောင်ဘက်မှနေ၍ PDF အကြမ်းဖက်သမားများက လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ကျေးရွာ ပြည်သူ့ စစ်စခန်းအား သိမ်းပိုက်နိုင်ခြင်းမရှိဘဲ အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဆုတ်ခွာစဉ် နီးစပ်ရာ နေအိမ်များအား မီးရှို့ ဖျက်ဆီးခဲ့တာဖြစ်တယ် လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယင်းကဲ့သို့ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် နေအိမ်များပေါ်သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲ ခဲ့ပြီး ကျေးရွာအတွင်း အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ဒေသခံ ပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၃၂ ဦး သေဆုံးခဲ့ကာ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၉ ဦး ၊ စုစုပေါင်း ၁၄ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး ကျေးရွာအတွင်း နေအိမ် ၅၀ခန့်မီးလောင်ပျက်စီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။
အဆိုပါကျေးရွာနှင့်အနီးဆုံး လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာသို့ သွားရောက်၍ လိုအပ်သည့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးကာ ထိခိုက်ဒဏ်ရာ ရရှိသူများအား မန္တလေးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ဆုတ်ခွာထွက်ပြေးသွားခဲ့ သည့် အကြမ်းဖက်သမားများအား လိုက်လံချေမှုန်းကာ လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိတယ်လို့လည်းသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
@ymg/knl



၈ မေ ၂၀၂၄
နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူထားတဲ့ သံအမတ်ကြီး Mr. Imran Haider သည် ယနေ့ မေလ ၈ ရက် မနက်က နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး သံတမန်ဆောင်၌ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးသည် ပါကစ္စတန်သံအမတ်ကြီးနှင့် မြန်မာနှင့်ပါကစ္စတန်နှစ် နိုင်ငံအကြားသံတမန်ဆက်ဆံရေး ယဉ်ကျေးမှု ကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ ခရီးသွားကဏ္ဍ များအပါအဝင် အစိုးရအချင်းချင်းပူးပေါင်းဆောင်ရွက်ရေး၊အထည်အလိပ်လုပ်ငန်းများ၊ ဆေးဝါးထုတ် လုပ်မှုလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေးနှင့် အပြန်အလှန်ကုန်သွယ်မှုများ တိုးမြှင့်ဆောင်ရွက် နိုင်ရေး၊ နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု များ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွား ရေးတို့ကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်တို့ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်။
@ymg/knl
၈ မေ ၂၀၂၄
နစကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ၊ အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်တို့ Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးခဲ့မှု၊ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်တို့နှင့် ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ မေလ ၈ ရက်နေ့တွင် ရှင်းလင်းပြောဆိုခဲ့ပါတယ်။
အဆိုပါပြောကြားချက်အပြည့်အစုံကို ပြန်လည်ဖော်ပြပေးပါတယ်။
@ymg/knl
၇ မေ ၂၀၂၄
နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်(ဆီးနိတ်) ဥက္ကဋ္ဌ ဆမ်ဒက်အက်ခါမိုဟာ ဆီနာပါဒိုင်းတက်ချို ဟွန်ဆန်နှင့် မေလ ၇ ရက် ယနေ့မနက်ပိုင်းက ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ နစက, က သတင်းထုတ်ပြန်ပါတယ်။
ထိုသို့ဆွေးနွေးကြရာမှာ နှစ်နိုင်ငံအကြားဆက်ဆံရေးကောင်းမွန်လျက်ရှိမှု၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်နှင့် မိုခါမုန်တိုင်းကျရောက် ချိန်တွင် ကမ္ဘောဒီးယားနိုင်ငံမှ အကူအညီများပေးပို့ခဲ့မှု၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ အဖွဲ့အတွင်း အပြုသဘောဆောင်စွာဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိမှု၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးတွေကိုဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ထို့အပြင် မြန်မာနိုင်ငံတွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူမှုအပါအဝင် အခြား လိုအပ်သည် များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု၊ ရွေးကောက်ပွဲကိုဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ အောင်မြင် စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု၊ ကမ္ဘောဒီးယားနိုင်ငံမှ အာဆီယံတွင် မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ ဆောင်ရွက် နေမှု၊ ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲအတွေ့အကြုံမျှဝေလိုမှု အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဟွန်ဆန်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုထပ်တွေ့ရတဲ့အတွက် ဝမ်းမြောက်မိကြောင်းနှင့် ဆီးနိတ်ဥက္ကဋ္ဌအဖြစ် သူအရွေးချယ်ခံရခြင်းအတွက် ဂုဏ်ပြုသဝဏ်လွှာပေးပို့တဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောတယ်လို့ ကမ္ဘောဒီးယားမီဒီယာများကရေးသားကြပါတယ်။
ဟွန်ဆန်က တွေ့ဆုံဆွေးနွေးရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုနောက်ဆုံးအခြေအနေတွေကို ဖလှယ်ဖို့နှင့် အပြန်အလှန်လည်ပတ်ရေးဖြစ်နိုင်ချေတွေကို ရှာဖွေဖို့ဖြစ်တယ်လို့ပြောတယ်လို့လည်း ကမ္ဘောဒီးယား မီဒီယာများက သတင်းထုတ်ပြန်ပါတယ်။
ယခုတွေ့ဆုံရတဲ့အခွင့်အရေးကိုရယူပြီး ဟွန်ဆန်က သူ့အနေနှင့် အာဆီယံအရေးကိစ္စတွေမှာ နှစ်ပေါင်းများစွာ ပူးပေါင်း ဆောင်ရွက်ခဲ့တဲ့ မိတ်ဆွေတစ်ဦးဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗွီဒီယိုဖြင့် တွေ့ဆုံခွင့်ပေးဖို့ ဗိုလ်ချုပ်မှူးကြီးကို မေတ္တာရပ်ခံခဲ့တယ်လို့လည်း ကမ္ဘောဒီးယားမှပေးပို့တဲ့ သတင်းများမှာဖော်ပြထားပါတယ်။
ယင်းအပြင် အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅)ချက် အကောင်အထည်ဖော်ရေး အရေးကြီးကြောင်း နှင့် မြန်မာက ဦးဆောင်မှုအခန်းကဏ္ဍကနေ ဒါကိုတိုးတက်အောင်လုပ်ရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုမယ် လို့သူယုံကြည်တယ်လို့လည်း ဟွန်ဆန်ကပြောဆိုကြောင်းလည်း ခမာတိုင်းမ်သတင်းစာကရေးသားပါတယ်။
မြန်မာနစကအနေနှင့် ဇန်နဝါရီတုန်းကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ နိုင်ငံရေးမဟုတ်သူ ကိုယ်စားလှယ်တစ်ဦးစေလွှတ်ပေးခဲ့တဲ့ ဆုံးဖြတ်ချက်ကို ဟွန်ဆန်ကကြိုဆိုလိုက်ပြီး မြန်မာအနေ နှင့် အဓိက အာဆီယံအစည်းအဝေးတွေကို ကိုယ်စားလှယ်တွေဆက်လက်ခန့်ထားပေးဖို့လည်း တိုက်တွန်းအားပေးခဲ့တယ်လို့လည်း အဆိုပါသတင်းကဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ဟွန်ဆန်ကို ဆီးနိတ်ဥက္ကဋ္ဌအဖြစ်ရွေးချယ်ခံရမှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံကိုလာရောက်လည်ပတ်စဉ်အတွင်း မြန်မာနိုင်ငံအပေါ် တန်ဖိုးရှိလှတဲ့ ကူညီပံ့ပိုးမှုတွေကို ကျေးဇူးတင်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးကပြောတယ်လို့ ခမာတိုင်းမ်က ရေးသားပါတယ်။
အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူစဉ်မြန်မာ့ အရေးဖြေရှင်းရန်ကြိုးပမ်းအားထုတ်ခဲ့တာတွေကိုလည်း ဗိုလ်ချုပ်မှူးကြီးက အသိအမှတ်ပြုတယ်လို့ပြောဆိုပြီးအာဆီယံထိပ်သီးအစည်းအဝေးတွေနှင့်ဆက်စပ်အစည်းအဝေးတွေကို နိုင်ငံရေးမဟုတ်တဲ့ကိုယ်စားလှယ်တွေ ဆက်လက်စေလွှတ်ဦးမယ်လို့ ဗိုလ်ချုပ်မှူးကြီးက အတည်ပြုပြောဆိုကြောင်းလည်း အဆိုပါသတင်းကရေးသားပါတယ်။
အဲဒီအပြင် အခြားသော အဆိုပြုချက်တွေကိုလည်း သူစဉ်းစားပေးမှာဖြစ်ပြီး အဲဒီကိစ္စတွေဆက်လက်ဆွေးနွေးဖို့ မကြာသောကာလမှာ ကမ္ဘောဒီးယားနိုင်ငံသို့ အထူးကိုယ်စားလှယ်တစ်ဦးစေလွှတ်ပေးမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး ကပြောတယ်လို့ ခမာတိုင်းမ်ကဆိုပါတယ်။
အဲဒီအပြင် လွတ်လပ်၍တရားမျှတပြီး သိသာမြင်သာသော ရွေးကောက်ပွဲများ ဆောင်ရွက်တဲ့ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားရွေးကောက်ပွဲကော်မတီရဲ့ အတွေ့အကြုံတွေကို လေ့လာသင်ယူလိုပါကြောင်းလည်း ပြောကြားခဲ့တယ်လို့ သတင်းများမှာဖော်ပြထားပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
Source: SAC, Khmer Times

၇ မေ ၂၀၂၄
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာနှင့် မြန်မာအတိုက်အခံအုပ်စုကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့တယ် ဆိုတဲ့ သတင်းတွေအပေါ် သူစိတ်မပူဘူးလို့ အသစ်ခန့်အပ်ခံရတဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဉာဏ်ပွန်က ယနေ့(မေ၇)မှာ ပြောဆိုလိုက်ပါတယ်။
သက်ဆင်ဟာ မြန်မာနိုင်ငံ စစ်တပ်ကို တိုက်ခိုက်နေတဲ့ သူပုန်အုပ်စုတွေနှင့်တွေ့ဆုံဆွေးနွေးတာဟာ သူ့ကိုယ်ပိုင်လုပ်နိုင်စွမ်း နှင့် လုပ်တာဖြစ်တယ်လို့လည်း သူကပြောပါတယ်။
“ မြန်မာအတိုက်အခံအုပ်စုတွေက သက်ဆင်ဆီက အကူအညီရယူဖို့ဆုံးဖြတ်တယ်ဆိုရင်လည်း သူတို့လုပ်ကြပေါ့၊ ဒါသူတို့ ဆုံးဖြတ်ချက်နှင့်သူတို့ပဲ” လို့ မာရစ်က ဆက်ပြောပါတယ်။
“ သက်ဆင်နှင့်မြန်မာတွေပြောကြဆိုကြတာတွေဟာ ထိုင်းအစိုးရနှင့်ဘာမှမဆိုင်ဘူး။ ကျွန်တော် ဒီကိစ္စကို မီဒီယာတွေကနေ အခုမှသိရတာ။ အဲဒါကြောင့် ကျွန်တော့်မှာ အသေးစိတ်မရှိသေးဘူး” လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။
ဗွီအိုအေမြန်မာက သက်ဆင်ဟာ မြန်မာသူပုန်အုပ်စုတွေနှင့် လွန်ခဲ့တဲ့ နှစ်လက ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်နှင့် ဘန်ကောက်တို့မှာတွေ့ဆုံခဲ့တယ်လို့သတင်းဖော်ပြခဲ့တာဖြစ်ပါတယ်။
သံအမတ်ဟောင်းတစ်ဦးဖြစ်တဲ့ မာရစ်ဟာ အကြောင်းပြချက်ရှင်းရှင်းလင်းလင်းမရှိဘဲ သူ့ခံယူချက်နှင့်သူရပ်တည် ထားတယ်လို့သာပြောပြီး ရာထူးမှနှုတ်ထွက်သွားတဲ့ နိုင်ငံခြားရေးဝန်ကြီး ပန်ပရီနေရာ အစားထိုးဝင်ရောက်လာသူဖြစ်ပါတယ်။
အချို့သော နိုင်ငံရေးသုံးသပ်သူတွေကတော့ ပန်ပရီနှုတ်ထွက်သွားတာဟာ သက်ဆင်က နိုင်ငံခြားရေးရာကိစ္စတွေ ဝင်ရောက်စွက်ဖွယ်နေပုံရလို့ဖြစ်တယ်လို့ ထင်ကြေးပေးထားကြပါတယ်။
ဘန်ကောက်အနေနှင့် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနှင့် စေ့စပ်ညှိနှိုင်းခြင်းတွေပြန်လည်ဖြစ်လာဖို့ ထိုင်းရဲ့ရပ်တည်ချက်ကို ဆက်လက်ရပ်တည်နေတယ်လို့လည်း မာရစ်ကပြောပါတယ်။
“ ကျွန်တော်တို့ တိုက်ပွဲတွေဆက်လက်ဖြစ်တာကို ခွင့်ပြုနေရင် နယ်စပ်အတူတကွရှိနေတဲ့ ထိုင်းအနေနှင့် ပြဿာတွေနှင့် ရင်ဆိုင်ရလိမ့်မယ်” လို့ သူကပြောပါတယ်။ ထိုင်းနိုင်ငံဟာ အာဆီယံအဖွဲ့ရဲ့မူဘောင်အတွင်းကနေ မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှုအကူအညီတွေဆက်ပေးမယ်လို့လည်း သူကဖြည့်စွက်ပြောပါတယ်။
Source PBS
Page 78 of 255