၁၉ ဇွန် ၂၀၂၅
ရွေးကောက်ပွဲများကျင်းပရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သည့်အနေဖြင့် ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် ဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေ၄၀/၂၀၂၅ ဖြင့် ယနေ့ ဇွန်၁၉ ရက်နေ့မှာ ထုတ်ပြန်ပြဋ္ဌာန်းလိုက်ပါတယ်။
အဆိုပါဥပဒေအရ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့် ဖွဲ့စည်းရေးဆိုင်ရာ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၁၄ကို ပြင်ဆင်ခဲ့ခြင်းဖြစ်ပါတယ်။
ပြင်ဆင်လိုက်သည့် ပုဒ်မ ၁၄သည်
“၁၄။ ကော်မရှင်သည် ပုဒ်မ ၁၀ ပုဒ်မခွဲ(ဂ)အရ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်း ရာတွင် အများယုံကြည်လေးစားခြင်းခံရသူပုဂ္ဂိုလ်များဖြင့်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းများဖြင့် ဖြစ်စေ အနည်းဆုံး ၃ ဦး ဖြင့် ဖွဲ့စည်းရမည်။ ယင်းပုဂ္ဂိုလ်များအနက် သင့်လျော်သူတစ်ဦးကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရမည်။ သက်ဆိုင်ရာ ရွေးကောက်ပွဲအရာရှိကို အတွင်းရေးမှူး အဖြစ် တာဝန်ပေးအပ်ရမည်။"ဟူ၍ဖြစ်ပါတယ်။
ယခင်ပုဒ်မ ၁၄မှာ-
“ ၁၄။ ကော်မရှင်သည် ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဂ)အရ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်းရာတွင် အများယုံကြည်လေးစားခြင်းခံရသူ ပုဂ္ဂိုလ်အနည်းဆုံး ၃ ဦးဖြင့် ဖွဲ့စည်းရမည်။ ယင်းအဖွဲ့ဝင် များထဲမှတစ်ဦးကို ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ် ရမည်။ သက်ဆိုင်ရာ ရွေးကောက်ပွဲအရာရှိကို အတွင်းရေးမှူးအဖြစ် တာဝန် ပေးအပ်ရမည်။ လိုအပ်လျှင် နိုင်ငံ့ဝန်ထမ်းများကို အဖွဲ့ဝင်များအဖြစ် ထည့်သွင်း ဖွဲ့စည်းနိုင်သည်။” ဟူ၍ဖြစ်ပါတယ်။
ယခင် ပုဒ်မ၁၄ အရ လိုအပ်မှသာ နိုင်ငံ့ဝန်ထမ်းများကို ကော်မရှင်အဖွဲ့ဝင်များအဖြစ် ထည့်သွင်း ဖွဲ့စည်း နိုင်သော်လည်း ပြင်ဆင်လိုက်သည့် ပုဒ်မ ၁၄ အရ ကော်မရှင်အဆင့်ဆင့်ကို အများယုံကြည် လေးစား ရသူများနှင့်ဖြစ်စေ နိုင်ငံ့ဝန်ထမ်းများနှင့်ဖြစ်စေ ဖွဲ့စည်းခွင့်ပြုလိုက်တာဖြစ်ပါတယ်။ ယင်းအတွက် ကော်မရှင်များကို နိုင်ငံ့ဝန်ထမ်းများနှင့်သာဖွဲ့စည်းသင့်ပါက ဖွဲ့စည်းနိုင်ခွင့်ရှိမယ်လို့ အဓိပ္ပါယ် သက် ရောက်မှာဖြစ်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ၂၀၁၅ခုနှစ် ဇူလိုင် ၁၄ ရက်နေ့တွင် ပထမဆုံးအကြိမ် ပြင်ဆင်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ယခင် ဒီမိုကရေစီ အစိုးရ ခေတ်များ၌ ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ယခုတတိယအကြိမ်ပြင်ဆင်ခြင်းကို နစက အစိုးရခေတ်တွင် ပြင်ဆင်လိုက်ခြင်းဖြစ်ပါတယ်။
#ymg/knl
ဘန်ကောက် ဇွန် ၁၉၊၂၀၂၅-
သတင်းအကျဉ်း
ထိုင်းဝန်ကြီးချုပ် ပေထုံတန် ရှီနာဝတ်ထရာသည် အဓိက ညွန့်ပေါင်းမဟာမိတ် Bhumjaithai ဘမ်ဂျေထိုင်းပါတီ နှုတ်ထွက်သွားသဖြင့် ဝန်ကြီးချုပ်ရာထူးမှ ဆင်းပေးရန် ဖိအားနှင့်ရင်ဆိုင်နေရသည်။ ယင်းအခြေအနေက ၁၀လသက်တမ်းသာရှိသေးသည့် သူမ၏ ညွန့်ပေါင်းအစိုးရကို ပြိုလဲလုနီးနီး အနေအထား ဆိုက်ရောက်စေသည်။
ဘာကြောင့်ဒီလိုဖြစ်ရသလဲ
ပေထုံတန်နှင့် ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်းနှင့် လက်ရှိဆီးနိတ်ဥက္ကဋ္ဌ ဟွန်ဆန်တို့အကြား အရေးကြီးသော ဖုန်းဆက်သွယ်ပြောဆိုမှု ပေါက်ကြားသွားပြီးနောက် ညွန့်ပေါင်းပြိုကွဲမှု စတင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါဖုန်းဆက်သွယ်ပြောဆိုသည့် အကြောင်းအရာများက အချုပ်အခြာအာဏာအပေါ် တုန့်ပြန်ဝေဖန်မှုများနှင့် ထိုင်းနိုင်ငံ၏ အရှိန်အဝါကြီးလှသည့် စစ်တပ်နှင့် အစိုးရအကြား တင်းမာမှုများ လူသိရှင်ကြားဖြစ်စေသည်။
နောက်ဆုံးအခြေအနေ
▪️အသက် ၃၈ နှစ်အရွယ် ပေထုံတန်သည် အဆိုပါဖုန်းစကားပြောပေါက်ကြားမှုအပေါ် ကြာသပတေး( ဇွန် ၁၉ရက်)က လူသိရှင်ကြားတောင်းပန်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံနှင့် နယ်စပ်ပွတ်တိုက်မှုများကြောင့် စိုးရိမ်မှုများဖြစ်နေသည့် အချိန်တွင် စစ်တပ်ကို ထောက်ခံပါမည့်အကြောင်း သူမက ကတိပြုခဲ့ရသည်။
▪️ဘမ်ဂျေထိုင်းပါတီက ယင်းသည် ထိုင်းနိုင်ငံ ဂုဏ်သိက္ခာနှင့် စစ်တပ်ကို ထိခိုက်နစ်နာခဲ့ရသည့် အတွက် ညွန့်ပေါင်းမှ နှုတ်ထွက်ခဲ့ကြောင်း အကြောင်းပြခဲ့သည်။
▪️ဒီမိုကရက်နှင့် ယူနိုက်တက် ထိုင်းနေရှင်းပါတီများကလည်း အရေးပေါ် အစည်းအဝေးများပြုလုပ်ပြီး သူတို့တွေ ညွန့်ပေါင်းမှ ထပ်ပြီးနှုတ်ထွက်သွားကြပါက ပေထုံတန်အား လူနည်းစုအနေအထားတစ်ရပ် ဆီသို့ တွန်းပို့လိမ့်မည်ဖြစ်သည်။
▪️ဆန္ဒပြမှုများရှိလာနိုင်သဖြင့် အစိုးရရုံးတစ်ဝိုက် လုံခြုံရေးများ မြှင့်ထားသည်။
ဖုန်းစကားပြောဆိုမှုများ
ဇွန်၁၅ ရက်နေ့က ပေထုံတန်နှင့် ဟွန်ဆန်တို့ ဖုန်းဆက်သွယ်ပြောဆိုကြရာတွင် “ ပေထုံတန်က “ ထိုင်းနိုင်ငံထဲက အခြား တစ်ဖက်ကို အလေးမထားရန်နှင့် အထူးသဖြင့် ထိုင်းစစ်တပ်ဗိုလ်ချုပ်ကြီးကို ဟု ဟွန်ဆန်ကိုပြောခဲ့သည်။ နောက်ပိုင်းတွင် ပေထုံတန်က အခြေအနေကို ထိန်းနိုင်ရန်သာ ပြောဆို ခြင်းဖြစ်ပြီး ယင်းသည် စေ့စပ်ညှိနှိုင်းမှု နည်းဗျူဟာတစ်ခုသာဖြစ်ကြောင်း ပြောခဲ့သည်။
သူတို့ဘာပြောခဲ့ကြသလဲ
“ တိုက်ခိုက်နေဖို့ ကျွန်မတို့ အချိန်မရှိဘူး။ ကျွန်မတို့ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့လိုတယ်” ဟု ပေထုံတန်ကပြောခဲ့ပြီး ပြည်သူ့ပါတီခေါင်းဆေင် နာသာပေါင်းရူရင်ပန်ယွပ်က “ ဖုန်းပြောဆိုမှု ပေါက်ကြားခြင်းသည် နောက်ဆုံးအခြေအနေဖြစ်တယ်” ဟုပြောခဲ့သည်။
နောက်ဘာဖြစ်မလဲ
ပေထုံတန် နှုတ်ထွက်ခဲ့ရလျှင် ထိုင်းပါလီမန်သည် ၂၀၂၃ခုနှစ်က အတည်ပြုခဲ့သည် ကိုယ်စားလှယ် ငါးဦးထဲမှ တစ်ဦးကို ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ရမည်ဖြစ်သည်။
နောက်လမ်းကြောင်းတစ်ခုမှာ ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ်ပြုလုပ်ခြင်းဖြစ်သည်။ ယင်းသို့ဆိုလျှင် အတိုက်အခံပြည်သူ့ပါတီ (ယခင် ရှေ့သိ့ချီပါတီ) အတွက် အကျိုးရှိသွားစေလိမ့်မည်။
မြင်ကွင်းကျယ်
ယခုအကျပ်အတည်းသည် ရှင်နာဝါထရာ၏ နိုင်ငံရေးမျိုးဆက်များနှင့် ထိုင်းစစ်တပ်အကြား ကာလရှည်ကြာဖြစ်ခဲ့သည့် တင်းမာမှုများကို ထပ်မံမီးမွှေးသလိုဖြစ်ခဲ့သည်။ ထိုင်းစစ်တပ်သည် ၂၀၀၆ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် ရှင်နာဝါထရာ အစိုးရများကို ဖြုတ်ချခဲ့သည်။
စစ်တပ်၏ တုန့်ပြန်ချက်
ထိုင်းတော်ဝင်စစ်တပ်က ထိုင်းဘုရင်အပေါ် ဆက်လက်သစ္စာစောင့်သိပြီး အခြေခံဥပဒေ ယန္တယားမှတစ်ဆင့် အချုပ်အခြာအာဏာကို ကာကွယ်မည်ဟု ကတိပြုခဲ့သည်။ ယင်းက သူတို့၏ ချုပ်တီးထားမှုကို ပြသခဲ့သည်။
Source: News Outlets
၁၄ ဇွန် ၂၀၂၅
🧨 Rising Lion စစ်ဆင်ရေး၏ အတွင်းပိုင်း
လများစွာ လျှို့ဝှက်တည်ဆောက်မှု
မော့ဆက်သူလျှိုများသည် လပေါင်းများစွာကတည်းက အီရန် အတွင်းထဲသို့ တိတ်တဆိတ် ထိုးဖောက် ဝင်ရောက်ခဲ့ကြပါတယ်။ အရေးကြီးတဲ့ နေရာတွေမှာ ဝှက်ထားတဲ့ လက်နက်များနှင့် ဒရုန်းများ၏ အခြေ စိုက်စခန်းများ တည်ဆောက်ထားခဲ့ကြပါတယ်။ အချို့ကိုဆိုလျှင် အရပ်သားများ၏ ကားအတွင်း ထဲ တွင်ပင် ဝှက်ထားနိုင်ခဲ့ကြပါတယ်။
သူတို့သည် လေကြောင်းတိုက်ခိုက်မှုမပြုလုပ်ခင်အချိန်ကလေးတွင် တိကျသော ဒရုန်းများနှင့် ပဲ့ထိန်း လက်နက်များဖြင့်ပစ်လွှတ်စေပြီး လေကြောင်းတိုက်ခိုက်လာသည့်အခါ အီရန်၏ လေကြောင်းကာကွယ် ရေးစနစ်ကို အလုပ်မလုပ်နိုင်ရန် ဒီဇိုင်းပြုလုပ်ထားခြင်းဖြစ်ပါတယ်။
အဆင့်သုံးဆင့် စစ်ဆင်ရေး
သတင်းအတုများဖန်တီး
ရည်ရွယ်ချက်ကို ဖုံးကွယ်ထားနိုင်ရန်အတွက် အစ္စရေးတို့က နျူကလီးယား စေ့စပ်ဆွေးနွေးပွဲများ လုပ်ပြပြီး နိုင်ငံတကာ သံတမန်များကို အာရုံပြောင်းထားခဲ့ကြ။ အရာရှိများကလည်း အစ္စရေးနှင့် အမေရိကန်နှင့် စိတ်သဘောထားကွဲလွဲနေပြီဟူသော သတင်းမှားများကို အကြံအစည်နှင့် သတင်းပေါက်ကြားသွားသလိုလို ထင်အောင် တမင် ဖြန့်ခဲ့ကြ။ သတင်းစာရှင်းလင်းပွဲများတွင် လည်း ဂါဇာ၊ ယီမင်နှင့် လက်ဘနွန်နိုင်ငံတို့အကြောင်းကိုသာ ပြောပြီး အီရန်ကို တမင်မှေးမှိန်ထားခဲ့။
ထိုသို့ လမ်းကြောင်းလွှဲလိုက်သဖြင့် အီရန်သည် ဒုံးကျည်ဖြင့် အတိုက်အခိုက်မခံရမီအထိ အစ္စရေးကို အာရုံတွင် မရှိခဲ့ကြ။
ထိပ်ပိုင်းခေါင်းဆောင်များ ချေမှုန်းခံရ
အီရန်၏ ကာကွယ်ရေးစနစ် အလုပ်မလုပ်သဖြင့် အစ္စရေးလေယာဉ်များသည် ပစ်မှတ်ပေါင်း ၁၀၀ ကျော်ကို ထိမှန်အောင်တိုက်ခိုက်နိုင်ခဲ့ကြ။ ယင်းထဲတွင် နန်တန့်ဇန်၊ဖော်ဒေါင်းနှင့် အစ္စဖဟန် စသည့် နျူကလီးယား စခန်းများနှင့် စစ်ရေးအဆောက်အအုံများပါဝင်ခဲ့။ အီရန်၏ တော်လှန်ရေးအစောင့်တပ် IRGC အကြီးအကဲ ဗိုလ်ချုပ် ဟူစိန်ဆာလာမီ၊ တပ်ဦးစီးချုပ် ဗိုလ်ချုပ် မိုဟာမက်ဘက်ဟာရီ၊ လေတပ် တပ်မှူး အမ်မီယာ, အလီဟာဂျီဇာဒက်၊ နျူကလီးယားသိပ္ပံပညာရှင် ဗိုလ်ချုပ် မိုဟာမက် မီဒီ တာရန်ချီနှင့် အခြားခေါင်းဆောင်များ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည်ဟုသိရ။
သွက်လက်သည့် ပြည်တွင်း တိုက်ခိုက်မှုစွမ်းရည်
မောဆက်အဖွဲ့က အစ္စရေးတိုက်လေယာဉ်များ ခုခံမှုအနည်းဆုံးဖြင့် တိုက်ခိုက်နိုင်ရန်အတွက် ယင်း၏သူလျှိုများ အီရန်နိုင်ငံအတွင်းတွင် လက်နက်များ ဖြန့်ကျက် နေရာချထားနေသည့် အရည်အသွေးခပ်ကြမ်းကြမ်း ရုပ်သံများကို ထုတ်ပြန်ခဲ့။ ထောက်လှမ်းရေးအရာရှိများက သူတို့၏ တိကျသောလက်နက်များသည် အီရန်၏ အမိန့်ပေးထိန်းချုပ်ဘန်ကာများကို တိုက်ရိုက်ထိမှန်ခဲ့ဟု ထုတ်ဖော်ပြော။ တီဟီရန်၏ ကနဦးတုန့်ပြန်မှုကို ချိနဲ့သွားစေခဲ့။
🔍 ဘာအဓိပ္ပါယ်ဆောင်သလဲ
မော့ဆက်၏ လျှို့ဝှက်စစ်ရေး- ယင်းက ဖျက်ဆီးမှုလုပ်ရုံမျှတင်မဘဲ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများ ကိုပါ အကွက်စေ့စေ့ ဆောင်ရွက်သွားနိုင်ခဲ့
အီရန်၏ ပြည်တွင်း ကာကွယ်ရေးစနစ်ကို ပျက်ပြယ်သွားခဲ့ရသဖြင့် အစ္စရေးအနေဖြင့် လေယာဉ် အနည်းငယ်သားသုံးကာ ဆက်စပ်ဖြစ်ပွားနိုင်သည့် အန္တရာယ် ခပ်နည်းနည်းဖြင့် တန်ဖိုးမြင့် ပစ်မှတ်များအား တိုက်ခိုက်နိုင်စေခဲ့။
ယခုစစ်ဆင်ရေးက ပါရာဒိုင်းအရွေ့တစ်ခုကို ညွှန်းဆိုပြသွားခဲ့- တာဝေးဒရုန်း+ လူသား ထောက်လှမ်းရေး= သစ်လွင်သော လျှို့ဝှက်တိုက်ခိုက်မှု ဟူသည့် အယူအဆတစ်ခု ပေါ်ထွန်းသွားခဲ့။
Ref: Major News outlets
14 June 2025
🧨 Inside “Operation Rising Lion”
▪️Months of clandestine buildup
Mossad agents infiltrated deep into Iran over several months, establishing hidden weapons caches and drone bases near key sites—some even camouflaged inside civilian vehicles. These were designed to disable air-defense systems with precision drones and guided munitions just before the aerial strikes
▪️Three-phase operation
Codenamed “Rising Lion,” the plan unfolded in stages:
Surreptitiously smuggle explosive drones and precision missiles.
Position commandos to sabotage Iranian missile and radar systems at the strike’s onset.
Launch pre-positioned UAVs from a covert drone base outside Tehran to neutralize key missile launchers.
▪️Deceptive cover stories and misinformation
To mask true intent, Israel feigned diplomatic focus on nuclear negotiations. Officials leaked false stories about rifts with the U.S., and press briefings emphasized Gaza, Yemen, and Lebanon over Iran. This misdirection kept Tehran off guard until dawn strikes unfolded.
▪️Tycoons decapitated
With Iranian defenses neutralized, Israeli aircraft hit over 100 targets, including nuclear sites (Natanz, Fordow, Isfahan) and military facilities. The assault claimed the lives of IRGC commander Maj. Gen. Hossein Salami, Armed Forces chief Maj. Gen. Mohammad Bagheri, Air Force commander Amir Ali Hajizadeh, nuclear scientist Mohammad Mehdi Tehranchi, and others.
▪️Swift, internal strike capability
Mossad released grainy video showing agents deploying weapons on Iranian soil—empowering Israeli jets to launch with minimal opposition. Intelligence officials note their precision hit the Iranian command-and-control bunker, crippling Tehran’s initial response.
🔍 What It Means
▪️A leap in Mossad’s covert warfare: moving from sabotage to orchestrated cross-border strikes.
▪️Neutralizing defenses internally allowed Israel to strike high-value targets with fewer aircraft and less collateral risk.
▪️The operation’s sophistication indicates a paradigm shift: long-range drones + human intel = a new covert strike doctrine.
Ref: Major News Outlets
၁၃ ဇွန် ၂၀၂၅
▪️အစ္စရေးက ဇွန် ၁၃ ရက် စောစောပိုင်းတွင် အီရန်ရှိ နေရာတော်တော်များများကို “Rising Lion” စစ်ဆင်ရေးအမည်ဖြင့် စတင် တိုက်ခိုက်လိုက်ပါတယ်။
▪️ထိုသို့တိုက်ခိုက်သည့်အထဲတွင် နက်တန့် Natanz လိုသိကြတဲ့ နျူကလီယား အဆောက်အအုံ တွေ၊ တိုက်ချင်းပစ် ဒုံးကျည်စက်ရုံတွေ၊ IRGC လို့ခေါ်တဲ့ အစ္စလမ်မစ်တော်လှန်ရေး အစောင့်တပ်တွေနှင့် နျူကလီးယားသိပ္ပံပညာရှင်တွေရဲ့ နေအိမ်တွေ လည်း ပါဝင်ပါတယ်။
▪️ယင်းတိုက်ခိုက်မှုကြောင့် မြို့တော် တီဟီရန်တွင် ပေါက်ကွဲမှုကြီးများဖြင့် တုန်ခါသွားခဲ့ပြီး ယူရေနီယမ် သန့်စင်စက်ရုံများ အတိုက်အခိုက်ခံရတယ်လို့ နက်တန့်ခ် ကအတည်ပြုပါတယ်။
▪️အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကက်ဇ်က နိုင်ငံအရေးပေါ်အခြေအနေကြေညာလိုက်ပြီး အီရန် ဘက်ကနေ ဒုံးကျည်တွေ ဒရုန်းတွေနှင့်ပြန်လည်တိုက်ခိုက်လာနိုင်ကြောင်း သတိပေးလိုက်ပါတယ်။
▪️တိုက်ခိုက်မှုကြောင့် အီရန် တော်လှန်ရေးအစောင့်တပ်မှူး ဟူစိန်ဆာလာမီသေဆုံးခဲ့ပြီး အခြားသော စစ်တပ်အကြီးတန်းခေါင်းဆောင်တွေနှင့် နျူကလီးယားသိပ္ပံပညာရှင်တွေလည်း အတိုက်ခိုက်ခံရတယ်လို့ သတင်းများကရေးသားပါတယ်။
#Source- News Agencies
Nay Pyi Taw, June 12, 2025- Chairman of the State Administration Council and Prime Minister of Myanmar, Senior General Min Aung Hlaing, sent messages of condolence to Indian President Droupadi Murmu and Prime Minister Narendra Modi following the tragic crash of Air India flight AI-171.
According to Myanmar’s Ministry of Foreign Affairs, the condolence messages were sent on June 12, expressing profound sorrow over the loss of many lives in the air disaster near Ahmedabad, India.
The Air India commercial aircraft, flight AI171, was en route from Ahmedabad to London Gatwick Airport when it crashed shortly after takeoff at 1:38 PM local time on June 12. Reports indicate that out of 242 passengers on board, 204 lost their lives.
Senior General Min Aung Hlaing conveyed his deepest sympathies to the Indian leaders and to the families of the victims, noting the shared grief between the people of Myanmar and India in the face of this tragic incident.
#ymg/knl
၁၂ ဇွန် ၂၀၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဇွန် ၁၂ရက်နေ့တွင် အိန္ဒိယလေကြောင်း Al-171 ပျက်ကျခဲ့မှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံး ခဲ့ရမှုများအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာများကို အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီမတီဒရောပါဒီ မာမူ နှင့် ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ တို့ထံသို့ ပေးပို့ခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အိန္ဒိယသမ္မတနိုင်ငံ အမီဒါဘတ်မြို့ အနီး၌ အိန္ဒိယ လေကြောင်း Al-171 ပျက်ကျခဲ့မှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
အိန္ဒိယလေကြောင်းလိုင်း ခရီးစဉ်အမှတ် AI171 လေယာဉ်ဟာ အိန္ဒိယနိုင်ငံ အာမက်ဒါဘတ် မြို့မှ လန်ဒန် ဂက်ဝစ်လေဆိပ်သို့ ပျံသန်းရန် ဇွန် ၁၂ရက် မွန်းလွဲ ၁နာရီ ၃၈ မိနစ်မှာ လေဆိပ်မှ အတက်ပျက်ကျခဲ့တာဖြစ်ပြီး ခရီးသည် ၂၄၂ဦး အနက် ၂၀၄ ဦးသေဆုံးခဲ့တယ်လို့ နောက်ဆုံးရသတင်းများအရသိရပါတယ်။
#ymg/knl
Page 24 of 255