Published 24 April 2023
မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ The Elders အဖွဲ့ရဲ့ဒုတိယဥက္ကဋ္ဌ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းမစ္စတာဘန်ကီမွန်းဟာ ဒီကနေ့ ဧပြီ ၂၄ ရက်မနက်မှာ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံတော်သမ္မတဟောင်းဦးသိန်းစိန်တို့နှင့်လည်းတွေ့ဆုံခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက YMG ကိုပြောပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ဖြေကြားမှုအပြည့်အစုံကိုဖော်ပြပေးအပ်ပါတယ်။
#YangonMediaGroup
#The Elders ဒုတိယဥက္ကဋ္ဌဘန်ကီမွန်းမြန်မာနိုင်ငံရောက်ရှိ
#နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဘန်ကီမွန်းတွေ့ဆုံ
Published 23 April 2023
The Elders အဖွဲ့ရဲ့ဒုတိယဥက္ကဋ္ဌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ယနေ့ ဧပြီ ၂၃ရက်က နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုရောက်ရှိလာတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက် အရသိရပါတယ်။
မစ္စတာဘန်ကီမွန်းနှင့်အဖွဲ့ကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့်တာဝန်ရှိသူတွေက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကြိုဆိုခဲ့ကြပါတယ်။
The Elders အဖွဲ့ကို ၂၀၀၇ခုနှစ်မှာ နယ်ဆင်မင်ဒဲလားက တည်ထောင်ခဲ့တာဖြစ်ပြီး ငြိမ်းချမ်းရေး၊တရားမျှတရေး၊လူ့အခွင့်အရေးနှင့် စဉ်ဆက်မပြတ်တည်တံ့သော ဂြိုဟ်တစ်ခုအတွက် လွတ်လပ်သော ကမ္ဘာ့ခေါင်းဆောင်တွေ အတူတကွလက်တွဲလုပ်ကြတဲ့ အဖွဲ့ဖြစ်တယ်လို့ အဖွဲ့ရည်ရွယ်ချက်မှာဖော်ပြထားပါတယ်။
ဥက္ကဋ္ဌမှာ အိုင်ယာလန်ရဲ့ပထမဆုံးအမျိုးသမီးသမ္မတတာဝန်ထမ်းဆောင်ခဲ့သူ Mary Robinson၊ဒုတိယဥက္ကဋ္ဌ(၁) ကုလထွေချုပ်ဟောင်းဘန်ကီမွန်း၊ဒုတိယဥက္ကဋ္ဌ(၂) မိုဇမ်ဘစ် ပညာရေးဝန်ကြီးဟောင်း Graca Machel၊ နိုင်ငံအကြီးအကဲဟောင်းများနှင့် အစိုးရအဖွဲ့ဝင်ဟောင်းများ (၈)ဦးတို့ဖြင့်ဖွဲ့စည်းထားတယ်လို့ ယင်းရဲ့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
မစ္စတာဘန်ကီမွန်းရဲ့ ယခုခရီးစဉ်နှင့်ပတ်သက်လို့ လာရောက်တဲ့အကြောင်းရင်းနှင့်အသေးစိတ်အချက်အလက်တွေကို နစကရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်းမရှိသေးပါဘူး။
-ymg/knl
#YangonMediaGroup
#မစ္စတာဘန်ကီမွန်း
#The Eldersအဖွဲ့ဒုတိယဥက္ကဋ္ဌမစ္စတာဘန်ကီမွန်း
#မြန်မာ့နိုင်ငံရေး
Published 23 April 2023
တနင်္ဂနွေနေ့မှာကျရောက်တဲ့ တရုတ်ရေတပ်ရဲ့ ၇၄နှစ်မြောက်နေအကြိုအဖြစ် တရုတ်ရေတပ်ဟာ ယင်းရဲ့ရေပိုင်နက်ထဲ စစ်ရေးလေ့ကျင့်မှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့ကြပါတယ်။
ပင်လယ်ဝါထဲမှာ ရေတပ်လေ့ကျင့်ရေးစင်တာက ကြီးမှူးပြီး အင်အားပြည့် လေ့ကျင့်ခန်းတွေနှင့်အတူ ကြီးမားတဲ့ ဖျက်သင်္ဘော ဝူဇီနှင့် ဖျက်သင်္ဘောအသစ် ကွေးယန်းတို့ကပါ ပါဝင်စွမ်းရည်ပြသခဲ့ကြပါတယ်။ စစ်သင်္ဘောအသစ်တွေရဲ့ အလုံးစုံသော တိုက်ခိုက်ရေးစွမ်းရည်ကိုစစ်ဆေးဖို့နှင့် တိုးတက်စေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
Source: CCTVPlus
#တရုတ်ရေတပ်စစ်ရေးလေ့ကျင့်ခန်း
#တရုတ်စစ်ရေးစွမ်းအား
#YangonMediaGroup
Published 23 April 2023
မဟာမိတ်စစ်အကျဉ်းသား ၁၀၀၀ကျော် တင်ဆောင်လာပြီး ဒုတိယကမ္ဘာစစ်အတွင်းက နစ်မြုပ်သွားခဲ့တဲ့ ဂျပန်ကုန်သွယ် ရေကြောင်းသင်္ဘောတစ်စီးကို ပြန်ရှာတွေ့ပြီလို့ အရာရှိတွေက ဧပြီ၂၂ရက် စနေနေ့က ကြေညာခဲ့ပါတယ်။
၁၉၄၂ခုနှစ် ဇူလိုင်၁ ရက်နေ့မှာ မွန်နီဗီဒီယိုမာရူးကုန်သွယ်သင်္ဘောဟာ အမေရိကန်ရေငုပ်သင်္ဘောက ပစ်လွှတ်လိုက်တဲ့ တော်ပီဒိုထိမှန်ပြီး ဖိလစ်ပိုင်ကမ်းခြေအနီးမှာ နစ်မြုပ်ခဲ့ပါတယ်။ အမေရိကန်ရေငုပ်သင်္ဘောတပ်သားတွေက အဆိုပါ သင်္ဘောမှာ စစ်အကျဉ်းသားတွေပါလာတယ်ဆိုတာ သတိမထားမိခဲ့ကြတာလို့ဆိုပါတယ်။
ဒါဟာဩစတြေလျအတွက် ရေကြောင်းစစ်ပွဲကားလအတွင်းအကြီးမားဆုံး ဆုံးရှုံးမှုဖြ်ပြီး အသက်ပေါင်း ၁၀၈၀ကျော် သေဆုံးခဲ့ရပါတယ်။
တောင်တရုတ်ပင်လယ်ထဲ လူဇွန်ကျွန်းအနီးမှာ စူးစမ်းရှာဖွေသူတွေဟာ ဆိုနာတပ်ဆင်ထားတဲ့ အလိုအလျောက် ရေအောက်ယာဉ်တစ်စီးနှင့် ပင်လယ်အောက် ၁၃၁၂၀ ရေအနက်မှာ ၁၂ရက်ကြာရှာဖွေခဲ့ကြပါတယ်။အဲဒီအနက်ဟာ တိုက်တန်းနစ် ရှာတုန်းကထက်ပိုနက်ပါတယ်။
“ ရှာဖွေမှုရဲ့ နောက်ကွယ်မှာ အထူးကြိုးပမ်းအားထုတ်မှုတွေဟာ နိုင်ငံအတွက် အလုပ်အကျွေးပြုသွားခဲ့ကြသူတွေကို အမြဲတမ်း ဂုဏ်ပြုသတိရဖို့ ဩစတြေလျရဲ့ တည်ကြည်တဲ့ ကတိရဲ့ သစ္စာတရားဆိုတာပြသနေပါတယ်” လို့ ဩစတြေလျ ဝန်ကြီးချုပ် အန်သိုနီ အယ်ဘန်နီးစ်က ပြောပါတယ်။
သေဆုံးသွားသူတွေရဲ့မိသားစုဝင်တွေကို လေးစားသောအားဖြင့် ရုပ်အကြွင်းတွေနှင့် အသုံးအဆောင်တွေကို ထုတ်ပစ်ဖို့ ကြိုးစားမှာမဟုတ်ဘူးလို့ ဆစ်ဒနီအခြေစိုက် ဆိုင်းလင့်ဝေါ့ဖောင်ဒေးရှင်းရဲ့ စနေနေ့က ကြေညာချက်မှာ ဖော်ပြထားပါတယ်။အဲဒီအဖွဲ့ဟာ ရေကြောင်းရှေးဟောင်းသုတေသနနှင့်သမိုင်းတွေကို အထူးဆောင်ရွက်တဲ့ အင်န်ဂျီအို တစ်ခုဖြစ်ပါတယ်။
သူတို့ဟာ ဒတ်ချ်နိုင်ငံက ပင်လယ်ရေနေက်အောင်တိုင်းတာရေးအထူးကျွမ်းကျင်တဲ့ Fugro နှင့် ဩစတြေလျ ကာကွယ်ရေး ဌာနတို့နှင့်အတူ ယခုရှာဖွေမှုကိုပြုလုပ်ခဲ့တာပါ။
မွန်တီဗီဒီယို မာရူးဟာ ပါပူအားနယူးဂီနီရဲ့ ရာဘာရူကျရှုံးပြီးနောက်ဖမ်းဆီးရမိတဲ့ အကျဉ်းသားတွေနှင့် အရပ်သားတွေကို တင်ဆောင်လာခဲ့တာဖြစ်ပါတယ်။
သေဆုံးသွားသူ ၁၀၈၀ဟာ နိုင်ငံပေါင်း ၁၄နိုင်ငံကဖြစ်ပြီး ဩစတြေလျက ၉၇၉ဦးပါဝင်ခဲ့ပါတယ်။
Source :NY Post
#မွန်နီဗီဒီယိုမာရူး
#ဒုကမ္ဘာစစ်အတွင်းနစ်မြုပ်ခဲ့သည့်ဂျပန်ကုန်သွယ်ရေကြောင်းသင်္ဘောပြန်တွေ့
Published 23 April 2023
စင်မြင့်ပေါ်တွင် အက်ဖရိုမန်းဟု လူသိများတဲ့ အမေရိကန်ရက်ပါအဆိုတော် ဂျိုးဆက်အက်ဒ်ဂါဖိုမင်က ၂၀၂၄ခုနှစ်တွင် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် သမ္မတလောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ တရားဝင်ကြေညာလိုက်ပါတယ်။
“ သူသာ သမ္မတရွေးကောက်ပွဲနိုင်ခဲ့ရင် အမေရိကန်တစ်နိုင်ငံလုံးမည်သည့်နေရာမဆို ဆေးခြောက်သုံးစွဲမှုကို တရားဝင်ဖြစ် အောင်လုပ်ပေးမယ်” လို့ "Because I Got High" သီချင်းရဲ့အဆိုရှင် အက်ဖရိုမန်းက ကတိပေးလိုက်ပါတယ်။
သူဟာ အမေရိကန်သမ္မတအဖြစ်ဝင်ပြိုင်ဖို့လိုအပ်တဲ့ လျှောက်လွှာတွေကို ဖြည့်ပြီး ဖက်ဒရယ်ရွေးကောက်ပွဲကော်မရှင်ထံ တင်သွင်းပြီးဖြစ်ပါတယ်။ TMZ သတင်းဌာနကရရှိတဲ့အချက်အလက်များအရ သူ့ရဲ့ သမ္မတကော်မတီက ဂျိုးစက်အက်ဖရိုမန်းဖိုမန်းကို သမ္မတအတွက်အမည်စာရင်းတင်သွင်းလိုက်ပြီး သူဟာ တစ်သီးပုဂ္ဂလ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
“ ကျွန်တော့်ဘဝမှာ အကြီးမားဆုံးသော ကြေညာချက်တစ်ခု ကျွန်တော်လုပ်လို့ရမလား။ ကျွန်တော်ဟာ 20-20-Fro အတွက် သမ္မတအဖြစ်ဝင်ပြိုင်ပါမယ်” လို့ သူက ဖျော်ဖြေရေးစင်မြင့်ပေါ်ကနေ ကြေညာခဲ့တာပါ။
ပြီးခဲ့တဲ့လကတည်းက အင်တာဗျူးတစ်ခုမှာ သူဟာ သမ္မတအဖြစ်ဝင်ပြိုင်မယ်လို့ ထုတ်ဖော်ပြောခဲ့ပြီးသားဖြစ်ပါတယ်?
“ အမေရိကန်အိပ်မက်သမားတစ်ဦးရဲ့ အခွင့်အရေးတစ်ခုကို ကျင့်သုံးပြီး ကျွန်တော်ဟာ ပြည်နယ်၅၀အားလုံးကို ဆေး ခြောက်တရားဝင်ဖြစ်စေဖို့ ဆောင်ကြဉ်းနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ရဲတပ်ဖွဲ့တကယ့်ပြုပြင်ပြောင်းလဲရေး လုပ် နိုင်မယ်၊ပြီးတော့ နိုင်ငံရဲ့ စိတ်ကျန်းမာရေးကို ကူညီနိုင်မယ်လို့ထင်ပါတယ်” လို့သူကပြောခဲ့ပါတယ်။
Source WION
#YangonMediaGroup
#အမေရိကန်ရက်ပါအဆိုတော်အက်ဖရိုမန်
#အမေရိကန်သမ္မတရွေးကောက်ပွဲ၂၀၂၄
Published 22 April 2023
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ဧပြီ ၂၁ ရက် ညက လေဆင်နှာမောင်းတိုက်ခတ်ခံခဲ့ရတဲ့ အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတွေကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ယနေ့ ဧပြီလ(၂၂)ရက် နံနက်ပိုင်းတွင်သွားရောက်ခဲ့ပြီး ကျေးရွာရှိပြည်သူတွေကို အားပေးကာ လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးခဲ့တယ် လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဧပြီ၂၁ရက် ည၆နာရီ မိနစ်၂၀ခန့်မှာ တိုက်ခတ်တဲ့ လေဆင်နှာမောင်းကြောင့် လယ်ဝေးမြို့နယ်အတွင်း ရှိ အောင်မြင်ကုန်းကျေးရွာရှိ လူနေအိမ် ၁၅၅ လုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ ကျေးလက်ဆေးပေးခန်း ၁ လုံး၊ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းနှင့် တံတားဦးကျေးရွာရှိ လူနေအိမ် ၇၇ လုံး၊ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းတို့ ပျက်စီးဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူ ၁၁၃ ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် သေဆုံးသူ ၆ ဦးရှိပြီဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့်ပျက်စီးခဲ့ရသည့် စာသင်ကျောင်းများကို လာမည့်ကျောင်းဖွင့်ချိန်အမီ ပြီးစီးအောင်ပြန်လည်တည်ဆောက်ပေးရန်၊ ဘုန်းတော်ကြီးကျောင်းကိုလည်း ကောင်းမွန်အောင်ပြန်လည်ဆောင်ရွက်ပေးရန်နှင့် လူနေအိမ်များကိုလည်း အိမ်ရာကွက်စနစ်တကျပြန်လည်ဖော်ဆောင်၍ နေအိမ်များ ပြန်လည်တည်ဆောက်နေထိုင် နိုင်စေရေးအတွက်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်တို့မှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရန်၊ ကျေးရွာရှိ လေဘေးသင့်ပြည်သူများ လတ်တလောစားရေးအဆင်ပြေစေရေးအတွက်လည်း လိုအပ်သည်များကို ကူညီထောက်ပံ့ဆောင်ရွက်ပေးရန်ဗိုလ်ချုပ်မှူးကြီးက တာဝန်ရှိသူတွေကို မှာကြားခဲ့ပါတယ်။
အဲဒီအပြင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့်အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာမှ ပြည်သူများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ပါတယ်။
နစက ဥက္ကဋ္ဌသည် နေပြည်တော် အထွေထွေရောဂါကုဆေးရုံကြီး ခုတင်(၁၀၀၀) သို့သွားရောက်ပြီး ဆေးရုံတက်ရောက် ဆေးဝါးကုသမှုခံယူလျက်ရှိသည့် လေဘေးသင့်ပြည်သူများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်လို့လည်း သတင်းထုတ်ပြန် ထားပါတယ်။
-ymg/knl
#YangonMediaGroup
#ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
#လယ်ဝေးမြို့နယ်၊အောင်မြင်ကုန်းနှင့်တံတာဦးကျေးရွာများလေဆင်နှာမောင်းတိုက်ခတ်ခံရ
Published 21 April 2023
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံသို့ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr.Don Pramudwinai နှင့် နေပြည်တော်မှာတွေ့ဆုံကာ နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးနှင့် လက်နက်ကုန်သွယ်မှုများပပျောက်ရေးအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr.Don Pramudwinai ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ဧပြီ၂၁ရက် မွန်းလွဲပိုင်းတွင်နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၊ သံတမန်ဆောင် ဧည့်ခန်းမ၌လက်ခံတွေ့ဆုံခဲ့တာဖြစ်ပါတယ်။
နစက ဥက္ကဋ္ဌဟာ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးနှင့်ဆွေးနွေးရာမှာ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ လျှော့ချရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားမဝင်လူကုန်ကူးမှုများ၊ မူးယစ်ကုန်သွယ်မှုများနှင့် လက်နက်ကုန်သွယ်မှုများ ပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်းပြီးရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
-အဆိုပါတွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး နှင့်အတူမြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
-ymg/knl
#YangonMediaGroup
#ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
#ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး H.E. Mr.Don Pramudwinai
Page 110 of 222