၃၁ ဇူလိုင် ၂၀၂၄
နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေအနေကို နောက်ထပ် ၆ လတိုးမြှင့်သတ်မှတ်ကြောင်း ယနေ့ ဇူလိုင် ၃၁ရက်တွင် နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံးတွင်းကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေး ၂/၂၀၂၄ က ဆုံးဖြတ်ခဲ့တယ်လို့ နစက,က သတင်းထုတ်ပြန်ပါတယ်။
ယာယီသမ္မတ(တာဝန်)တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တက်ရောက်လာတဲ့ အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံးက ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈)ခုနှစ် ပုဒ်မ၄၂၅ နှင့်အညီ *နိုင်ငံတစ်ဝန်းလုံးအရေးပေါ် အခြေအနေ ကြေညာ ထားသည့် ကာလကိုနောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြာင်း" တစ်ညီ တစ်ညွတ်တည်း ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အစည်းအဝေးသို့ ယာယီသမ္မတ(တာဝန်)တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချပ် ကာကွယ်ရေးဦးစီးချပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူး ဖိတ်ကြားထားသည့် နစက အတွင်းရေးမှူး ဒုတိယဗိုလ်ချပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။
အစည်းအဝေးတွင် နစကအနေဖြင့်အထွေထွေ ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးကို အန္တိမရည်မှန်းချက်အဖြစ် ချမှတ်ထားမှုအခြေအနေများ၊ ရွေးကောက်ပွဲအား အရေးပေါ် ကာလကြေညာပြီး(၂)နှစ်ပြည့်မြောက်သည့်အချိန်တွင်ကျင်းပရန် ရည်ရွယ်ဆောင်ရွက်ခဲ့သော်လည်း ဆူပူအကြမ်းဖက်မှုများကြောင့် ဆောင်ရွက်နိုင်ခဲ့မှုမရှိသည့် အခြေအနေများ၊ နိုင်ငံတော် အတွင်း တည်ငြိမ်အေးချမ်းမှုရှိအောင်ဆောင်ရွက်နေမှုအခြေအနေများစသည်တို့ကိုတင်ပြခဲ့၍အကြမ်းဖက်လုပ်ရပ်များကြောင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရန်လိုအပ်နေမှုအခြေအနေများ! ရွေးကောက်ပွဲကျင်းပရာတွင် ခိုင်လုံ မှန်ကန် သောမဲစာရင်းများရရှိရေးအတွက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက် ရန်မဖြစ်မနေလိုအပ်နေသည့် အခြေအနေများကြောင့်လုပ်ဆောင်ရမည့်လုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံ ၆ လသက်တမ်းတိုးမြှင်းပေးရန် ဖွဲ့စည်း ပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ တင်ပြခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
@ymg/knl
#Regional_News
၂၉ ဇူလိုင် ၂၀၂၄
မလေးရှားနိုင်ငံက BRICS အဖွဲ့ကြီးထံ ဝင်ရောက်ရန် တရားဝင်လျှောက်ထားလိုက်ပြီး အဖွဲ့ဝင်ဖြစ်ဖို့ ရုရှားက ထောက်ခံပေးလိမ့်မယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။
BRICS စီးပွားရေးအဖွဲ့ကြီးဟာ ယင်းရဲ့ အရှိန်အဝါကို တောင်ကမ္ဘာထဲ တိုးချဲ့ဖို့ ရုရှားက ကြည့်နေပါတယ်။
ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဟာ မလေးရှားကို နှစ်ရက်တာသွားရောက်ခဲ့ပြီးနောက် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်ကို BRICS အဖွဲ့ဝင်တာ ထောက်ခံပေးမယ်လို့ အာမခံပြောကြားခဲ့တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ရုရှားဟာ BRICS ရဲ့လက်ရှိ အလှည့်ကျဥက္ကဋ္ဌဖြစ်ပြီး အဖွဲ့မှာ ဘရာဇီးလ်၊ရုရှား၊အိန္ဒိယ၊တရုတ်နှင့် တောင်အာဖရိကတို့ပါဝင်ပါတယ်။
မလေးရှားဝန်ကြီးချုပ်အန်ဝါဟာ အစ္စရေးနှင့်ဟားမာ့စ်စစ်ပွဲမှာ အမေရိကန်ရဲ့ရပ်တည်ချက်အပေါ် ပြစ်တင်ဝေဖန်ခဲ့ပြီး အရှေ့ အလယ်ပိုင်းငြိမ်းချမ်းရေးအတွက် တောင်းဆိုရာမှာ မလေးရှားနှင့်ရုရှားတို့ ရပ်တည်ချက်အတူတူရှိကြတယ်လို့ ပြောထား ပါတယ်။
Source : Bloomberg
၂၆ ဇူလိုင် ၂၀၂၄
တိုင်းရင်းသားပြည်သူလူထုကို ကာကွယ်သည့် ကာကွယ်စစ်သည် မုချမအာင်ရမည်သာဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရုပ်သံဖြင့်ပြောကြားရာမှာ ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောကြားချက်အပြည့်အစုံကို ဖော်ပြပေးအပ်ပါတယ်။
@ymg/knl
၂၆ ဇူလိုင် ၂၀၂၄
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ မြောက်ပိုင်းရဲ့အခြေအနေကို အနီးကပ်အာရုံစိုက်ထားပြီး အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွက် ဆက်လက်တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။ ကြာသပတေးနေ့ ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ရှမ်းမြောက်အခြေအနေနှင့်ပတ်သက်လို့တုန့်ပြန်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
Source CCT
၂၅ ဇူလိုင် ၂၀၂၄
မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်ဖောက်ကားမှုနှင်သံသယရှိနေတဲ့ တရုတ်နိုင်ငံသား (၃)ဦးကို မြန်မာနိုင်ငံက တရုတ်နိုင်ငံဘက်သို့ ဇူလိုင် ၂၄ရက်က လွှဲပြောင်းပေးလိုက်တယ်တယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကပြောပါတယ်။
မြန်မာနိုင်ငံထဲ မြောက်ပိုင်းမှာ နှစ်ကာလရှည်ကြာ အခြေချနေထိုင်ခဲ့တဲ့ အဲဒီတရုတ်နိုင်ငံသား (၃)ဦးဟာ တရုတ်နိုင်ငံသို့ မူးယစ်ဆေးဝါး နှစ်ထောင် ကီလိုဂရမ်ကျော် မှောင်ခိုတင်ပို့ခဲ့တယ်လို့ ပြောပါတယ်။
Source CCTV+
၂၄ ဇူလိုင် ၂၀၂၄
မြန်မာနစကကိုယ်စားလှယ်အဖြစ် လာအိုနိုင်ငံ မြို့တော်ဗီယင်ကျန်းမှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများတက်ရောက်ဖို့ရောက်ရှိနေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးအောင်ကျော်မိုးကို အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာကာအိုကင်မ်ဟိုအန်က ယနေ့ ဇူလိုင် ၂၄ ရက်က တွေ့ဆုံပြီး မြန်မာနှင့်အာဆီယံအကြား နှစ်ဘက်ဆွေးနွေးပွဲတစ်ရပ်ကျင်းပခဲ့ပါတယ်။ နှစ်ဘက်ဟာ အာဆီယံက လက်ရှိ ဆောင်ရွက်နေတဲ့ လူ့အသိုက်အဝန်းတည်ဆောက်ရေးကြိုးပမ်းအားထုတ်မှုတွေနှင့်ဆက်စပ်တဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြ တယ်လို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
@ymg/knl
၂၃ ဇူလိုင် ၂၀၂၄
ယခုတစ်ပတ်ထဲ လာအိုနိုင်ငံမှာကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မြန်မာနစက အစိုးရက အကြီး တန်းအရာရှိတစ်ဦးကို စေလွှတ်မယ်လို့ သံတမန်သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး ကျုတိုသတင်းဌာနက သတင်းဖော် ပြလိုက်ပါတယ်။
ဒါဟာ မြန်မာနစကအစိုးရရဲ့ အကြီးတန်းအရာရှိတစ်ဦးအနေနှင့် လာအိုမှာကျင်းပတဲ့ အာဆီယံအစည်းအဝေးမှာ တတိယ အကြိမ်မြောက်ဆက်တိုက်တက်ရောက်ခြင်းဖြစ်ပါတယ်။
@ymg/knl
Page 35 of 221