၁၇ စက်တင်ဘာ ၂၀၂၄
နစက အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟဲဝေတုန် (General He Weidong) နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်းမြို့တော်တွင် တွေ့ဆုံ၍ နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုး ရေးအပါအဝင် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်ကြီး တုန်ကျွင်း (Admiral Dong Jun)၏ ဖိတ်ကြားချက်အရ ပေကျင်းမြို့၌ ကျင်းပပြုလုပ်သည့် (၁၁) ကြိမ်မြောက် ပေကျင်း ရှန်ကျန်း ဖိုရမ် (11th Beijing Xiangshan Forum) သို့ ပါဝင်တက်ရောက်ခဲ့စဉ်မှာ တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌနှင့် ပေကျင်းမြို့ ပိုင်ယိခန်းမ (Bayi Hall) ၌ စက်တင်ဘာ ၁၃ရက်က တွေ့ဆုံဆွေးနွေးစဉ် အဆိုပါကိစ္စရပ်များကို ဆွေးနွေး ခဲ့တာဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးတင် အောင်စန်းသည် တရုတ် ဗိုလ်ချုပ်ကြီး ဟဲဝေတုန်နှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ကာကွယ်ရေးဆိုင်ရာ နယ်ပယ်ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ နှစ်နိုင်ငံဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေး၊ စစ်ဘက်နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်ရေး၊ လေ့ကျင့်ရေးနှင့် သင်တန်းသားများစေလွှတ်ရေး၊ ဒေသတွင်းနှင့် မြန်မာနိုင်ငံ၏ လတ်တလောအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။
ခရီးစဉ်အတွင်းဗိုလ်ချုပ်ကြီးတင်အောင်စန်းအဖွဲ့သည် တရုတ်နိုင်ငံပေကျင်းမြို့ အခြေစိုက်အဆင့်မြင့် စက်မှုနည်းပညာ ဆိုင်ရာ ကုမ္ပဏီများသို့ သွားရောက်လေ့လာခဲ့ပြီး လေကြောင်းနည်းပညာဆိုင်ရာ ခေတ်မီထုတ်ကုန်များ၊ မောင်းသူမဲ့ လေယာဉ် ထုတ်လုပ်မှုများ၊ အီလက်ထရောနစ် စစ်ဆင်ရေးနှင့် လေကြောင်းရန်ကာကွယ်ရေးနည်းပညာဆိုင်ရာ စစ်လက်နက် ပစ္စည်းများကို လေ့လာကြည့်ရှုခဲ့ပြီး နည်းပညာပူးပေါင်းဆောင်ရွက် နိုင်မှုအခြေအနေများကို ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်ခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထား ပါတယ်။
(၁၁) ကြိမ်မြောက် ပေကျင်း ရှန်ကျန်းဖိုရမ် (11th Beijing Xiangshan Forum) သို့ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ဒုတိယ ဝန်ကြီးချုပ်များနှင့် ကာကွယ်ရေးဝန်ကြီး ၂၂ ဦး၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင် များအပါအဝင် ကိုယ်စားလှယ်စုစုပေါင်း ၁၈၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်းလည်းသိရှိရပါတယ်။
#ymg/knl
၁၆ စက်တင်ဘာ ၂၀၂၄
“စူပါတိုင်ဖွန်းယာဂီဟာ မြန်မာနိုင်ငံနေရာအများစုကို ထိခိုက်စေခဲ့ပြီး မြန်မာနိုင်ငံရဲ့မကြာသေးခင်သမိုင်းကြောင်းအရ အဆိုး ရွားဆုံး ရေကြီးမှုတစ်ခုဖြစ်ခဲ့ရတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် ဌာနေကိုယ်စားလှယ် ရှီလာ မက်သယူးက သတင်းထုတ်ပြန်ချက်မှာ ပြောဆိုထားတယ်လို့ အေအက်ဖ်ပီက သတင်းရေးသားပါတယ်။
ဒါပေမယ့် စိုက်ပျိုးရေးလုပ်ငန်းတွေပေါ် ထိခိုက်မှုအသေးစိတ် အတိအကျကို မသိရသေးဘူးလို့ သူမက ဆက်ပြောပါတယ်။
“ ဒါပေမယ့် သေချာတာတစ်ခုကတော့ စားနပ်ရိက္ခာလုံခြုံရေးအပေါ် ထိခိုက်မှုကတော့ အကြီးအကျယ်ပျက်စီးတာပဲ”လို့ သူမကဖြည့်စွက်ပြောပါတယ်။
မြန်မာနိုင်ငံမှာရေကြီးရေလျှံမှုကြောင့် ၁၁၃ ဦးသေဆုံးခဲ့ပြီး လူပေါင်း သုံးသိန်းနှစ်သောင်းကျော်ကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၁ခုနှစ်နှင့် ၂၀၁၅ တို့မှာ ရေကြီးရေလျှံမှုဆိုးဆိုးရွားရွားဖြစ်ခဲ့ပြီး လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ပါတယ်။ ၂၀၀၈ခုနှစ် နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြောင့် လူပေါင်း ၁၃၈,၀၀၀ ကျော် သေဆုံးပျောက်ဆုံးဖြစ်ခဲ့ရပါတယ်။
နောက်ဆုံးအကျပ်အတည်းကြောင့် အစိုးရအနေနှင့် နိုင်ငံခြားအကူအညီကို မတောင်းခံစဖူး တောင်းခံခဲ့ပါတယ်။ အိမ်နီးချင်း အိန္ဒိယက ရိက္ခာခြောက်၊အဝတ်အစားနှင့်ဆေးဝါး ၁၀ တန်ကူညီဖို့ရှိနေပါတယ်။
Source AFP
၁၆ စက်တင်ဘာ ၂၀၂၄
အိန္ဒိယအစိုးရက တိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့် ရေကြီးရေလျှံမှုများဖြစ်ခဲ့ရသည့် မြန်မာနိုင်ငံအတွက် အရေးပေါ်အကူအညီ (၁၀)တန်ကို ပေးပို့လှူဒါန်းသွားမယ်လို့ ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အိန္ဒိယနိုင်ငံက ရိက္ခာခြောက်၊ အဝတ်အထည်တွေ နှင့် ဆေးဝါးများအပါအဝင် တန်ချိန်၁၀ တန်ရှိတဲ့ ပစ္စည်းတွေကို မြန်မာနိုင်ငံသို့ ပေးအပ်သွားမှာဖြစ်ပါတယ်။
အဲဒီအကူအညီတွေသယ်ဆောင်လာတဲ့ အိန္ဒိယစစ်ရေယာဉ် INS Satpura ဟာ အိန္ဒိယနိုင်ငံမှ ယနေ့ထွက်ခွာသွားပြီးဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ စေတနာ စစ်ဆင်ရေး လို့အမည်ရတဲ့ Operation Sadbhav နှင့် အိန္ဒိယက မြန်မာနိုင်ငံအပါအဝင် ဗီယက်နမ်နှင့် လာအိုတို့ကိုပါ ကူညီဖို့ဆောင်ရွက်နေပါတယ်။
အိန္ဒိယလေတပ်ဟာ ဗီယက်နမ်သို့ အကူအညီတန်ချိန် ၃၅တန်နှင့် လာအိုသို့ အကူအညီ၁၀တန် ကို မြန်မာနိုင်ငံနှင့်တစ်ပြိုင်နက် ပေးပို့ကူညီသွားမှာဖြစ်ကြောင်းသိရပါတယ်။
#knl/ymg
၁၆ စက်တင်ဘာ ၂၀၂၄
ရီပတ်ဗလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ဟာ တနင်္ဂနွေနေ့က ဖလော်ရီဒါမှာရှိတဲ့ သူရဲ့ဝက်စ်ပမ်ကမ်းခြေ West Palm Beach ဂေါက်ကွင်းမှာ ဂေါက်ကစားနေစဉ် သူ့ကို လုပ်ကြံသတ်ဖြတ်ပုံရတဲ့ အကြံအစည်တစ်ခု ကနေ လွတ်မြောက်သွားခဲ့တယ်လို့ အက်ဖ်ဘီအိုင်ကပြောပါတယ်။
ထရမ့် ဂေါက်ကစားနေစဉ် သေနတ်သံကြားခဲ့ရတာဖြစ်ပြီး ထောက်လှမ်းရေးတွေက ဂေါက်ကစားနေရာမှ ကိုက်အနည်းငယ် အကွာမှာသာရှိနေတဲ့ သေနတ်သမားတစ်ဦးရဲ့နောက်လိုက်ပြီး ပစ်ခတ်ခဲ့တယ်လို့ ရဲအရာရှိတွေကပြောပါတယ်။
သေနတ်သမားဟာ AK-47 စတိုင် တိုက်ခိုက်ရေးရိုင်ဖယ်တစ်လက်နှင့်အခြားပစ္စည်းတွေကို ထားရစ်ခဲ့ပြီး ကားတစ်စီးနှင့် ထွက်ပြေးသွားပေမယ့် နောက်ပိုင်းမှာတော့ သူ့ကိုဖမ်းမိခဲ့ပါတယ်။
ဒါဟာ ပန်ဆယ်ဗေးနီးယားပြည်နယ်မှာကျင်းပတဲ့ မဲဆွယ်ပွဲတစ်ခုမှာ သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံခံရလို့ ညာဖက်နားမှာ ထိခိုက်မှုအနည်းအကျဉ်းဖြစ်ခဲ့ပြီး နှစ်လအကြာမှာ ထရမ့်ကို ဒုတိယမြောက်လုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားခြင်းဖြစ်ပုံရပါတယ်။
ဒီဖြစ်ရပ်ဟာ လာမယ့် နိုဝင်ဘာ ၅ ရွေးကောက်ပွဲမှာ သမ္မတလောင်းတွေရဲ့ အသက်အန္တရာယ်လုံခြုံရေးအပေါ် စိန်ခေါ်မှုတွေကို ပြသနေတာလို့ ရိုက်တာ သတင်းဌာနကရေးသားပါတယ်။
ထရမ့် အဲဒီအချိန်မှာ ဂေါက်ကစားနေမှာကို သေနတ်သမားက ဘယ်လိုသိနေသလဲဆိုတာတော့ သိပ်မရှင်းလင်းလှပါဘူး။ ဒါပေမယ့် ဒီလိုလုပ်ကြံဖို့ထပ်မံကြိုးစားတာကတော့ ထရမ့်ကိုပေးထားတဲ့လုံခြုံရေးအဆင့်အတန်းအပေါ် မေးခွန်းထုတ်စရာတွေဖြစ်လာနေပါတယ်။
စီအင်န်အင်န်၊ ဖောက်စ်နယူးနှင့် နယူးယောက်တိုင်းမ်သတင်းစာများက သေနတ်သမားဟာ ဟာဝိုင်ယီက အသက် ၅၈နှစ် အရွယ် ရိုင်ဝက်စ်လေရုသ် ဆိုသူဖြစ်တယ်လို့ ရေးသားကြပါတယ်။
ရိုက်တာက သူ့ရဲ့ပရိုဖိုင်းကို အိတ်စ်၊ဖေ့စ်ဘုတ်ခ်နှင့် LinkedIn တို့မှာရှာတွေ့ပါတယ်။ အဲဒီအကောင့်တွေမှာတော့ သူဟာ ယူကရိန်းစစ်ပွဲကို ထောက်ခံသူဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။သူဟာ ယူကရိန်းစစ်မှာ စစ်သားတွေခေါ်ယူရာမှာ ကူညီဖို့ ကြိုးစားခဲ့တာတွေ့ရပါတယ်။
ထောက်လှမ်းရေးတွေက သူ့ကို သေနတ်လေးချက်ပစ်ခတ်တဲ့အခါ သူဟာ ရိုင်ဖက်သေနတ်ကိုထားခဲ့ပြီး ကားမောင်း ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။
သူ့ကို ဂေါက်ကွင်းကနေ မိုင် ၄၀လောက် အကွာမှာ ဖမ်းဆီးမိခဲ့ပါတယ်။
ထရမ့်နှင့်သူ့မိတ်ဆွေတွေ ဂေါက်စားနေစဉ် နံပါတ်ငါးကျင်းအရောက်မှာ သေနတ်သံတွေကြားခဲ့ရတာလို့ဆိုပါတယ်။
ယခုအဖြစ်အပျက်ကို သမ္မတ ဘိုင်ဒင်နှင့် ဒုတိယသမ္မတ ဟာရစ်တို့သိရှိခဲ့ကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။
ထရမ့်လုံခြုံရေးအတွက် အသေအချာလုပ်ဖို့ ထောက်လှမ်းရေးအဖွဲံတွေကိုမှာထားကြောင်း ဘိုင်ဒင်ကပြောပြီး “အကြမ်းဖက်မှုအတွက် အမေရိကန်တွင်နေရာမရှိဘူး” လို့လည်းဟာရစ်က အိတ်မှာ ပို့စ်ရေးတင်ခဲ့ပါတယ်။
Source : Wire News outlets
၁၅ စက်တင်ဘာ ၂၀၂၄
ဆိုင်ကလုန်းမုန်တိုင်း ရာဂီနှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပွားခဲ့သော မုန်တိုင်းငယ်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများနှင့်ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုတို့နှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း က စက်တင်ဘာ ၁၅ ရက်ညတွင် ရှင်းလင်းပြောကြားခဲ့သည်များကို အပြည့်အစုံပြန်လည်ဖော်ပြပေးအပ်ပါတယ်။
#ymg/knl
၁၅ စက်တင်ဘာ ၂၀၂၄
နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၁၅ ရက် မနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့မှုအခြေအနေများနှင့် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများကိုစစ်ဆေးကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးခဲ့ကြောင်းသိရှိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးသည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ပြည်ထောင်စုဝန်ကြီးများ တာဝန်ရှိသူများနှင့်အတူ ဆင်သေချောင်းအတိုင်း ရေတိုက်စားမှုကြောင့် ကားလမ်းဘေး ရေတိုက်စား ပျက်စီးနေမှုများ၊ ကုန်တင်ကားကြီးများနှင့် ခရီးသည်တင်ယာဉ်များစောင့်ဆိုင်းနေရမှု အခြေအနေများကို ရှေးဦးစွာကြည့်ရှုစစ်ဆေးခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီနောက် ဗိုလ်ချုပ်မှူးကြီးသည် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် နဝင်းချောင်းတံတား(အဆုံ)အား ယာယီ ဘေလီတံတားထိုး၍ တည်ဆောက် ပြုပြင်နေမှု၊ကင်းသာရေထိန်းတမံအခြေအနေ၊ ကင်းသာလမ်းခွဲ နေရာ၌ ရေတိုက်စားမှု ကြောင့် လမ်းကြောင်းပျက်စီးနေမှုအခြေအနေများနှင့် သိုက်ချောင်းတံတား (ဆင်သေချောင်းကူး)အားယာယီဘေလီတံတားထိုးခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုသွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။
ရေကြီးရေလျှံမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည့် လမ်းတံတား နေရာများအား အများပြည်သူ သွားလာရေးအဆင်ပြေစေရန်နှင့် လမ်းပန်းဆက်သွယ်မှုမပြတ်တောက်စေရေး ပြန်လည်ပြုပြင်ခြင်းများ ကို အမြန်ဆုံး ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ယခုကဲ့သို့ မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီး ရေလျှံမှုဖြစ်ပေါ်ခဲ့ချိန်တွင် တံတားများ ထိခိုက်ပျက်စီးခဲ့မှုအပေါ် သင်ခန်းစာယူ၍ တံတားများ
တည်ဆောက်ရာတွင် အရှိန်အဟုန်ဖြင့် ရေစီးဆင်းမှုဒဏ်ကို ခံနိုင်ရေးအတွက် စနစ်တကျ ထည့်သွင်း တွက်ချက်၍ ပြန်လည်ပြင်ဆင်ဆောင်ရွက်သွားရန်မှာကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကင်းသာတမံကိုကြည့်ရှုစစ်ဆေးစဉ် ဗိုလ်ချုပ်မှူးကြီးက ကနဦးအနေဖြင့် အပျက်အစီးများ ရှင်းလင်း ခြင်းလုပ်ငန်းများနှင့် တမံဧရိယာပြန်လည်ဖော်ဆောင်ခြင်းလုပ်ငန်းများကို ဦးစွာဆောင်ရွက် သွားရန်နှင့် ထိုသို့ဆောင်ရွက်ပြီးမှသာလျင် ကျိုးပေါက်နေသည့်တမံနေရာများစနစ်တကျဖြင့်ပြန်လည်ပြုပြင်သွားရန် မှာကြားခဲ့တယ်လို့လည်းသိရှိရပါတယ်။
#ymg/knl
၁၅ စက်တင်ဘာ ၂၀၂၄
ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ်မာဒူရိုကို လုပ်ကြံသတ်ဖြတ်ဖို့ ရောက်ရှိလာကြတဲ့ အမေရိကန်(၃)ဦး၊ စပိန်(၂)ဦးနှင့် ချက်နိုင်ငံ သား (၁)ဦးတို့ကို စနေနေ့က ဖမ်းဆီးရမိလိုက်တယ်လို့ ဗင်နီဇွဲလားအရာရှိတွေကပြောပါတယ်။
ဖမ်းဆီးမိတဲ့သတင်းကို နိုင်ငံပိုင်ရုပ်သံကနေ နိုင်ငံရဲ့ ဩဇာရှိလှတဲ့ ပြည်ထဲရေးဝန်ကြီး ကာဘီလိုက ကြေညာခဲ့တာဖြစ်ပါတယ်။
အဆိုပါ နိုင်ငံခြားသားတွေဟာ ဗင်နီဇွဲလားအစိုးရကိုဖြုတ်ချပြီး အစိုးရခေါင်းဆောင်အများအပြားကို သတ်ပစ်ဖို့ကြံစည်တဲ့ စီအိုင်အေ ဦးဆောင်တဲ့ လျှို့ဝှက်အစီအစဉ်ရဲ့ အပိုင်းတစ်ပိုင်းဖြစ်တယ်လို့လည်း ပြည်ထဲရေးဝန်ကြီးကပြောပါတယ်။ ဖမ်းဆီးရမိတဲ့သူတွေနှင့်အတူ တွေ့ရှိရတဲ့ ရိုင်ဖယ်သေနတ်ပုံတွေကိုလည်း ကာဘီလိုက ထုတ်ပြခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့ အမေရိကန်နိုင်ငံသားတွေထဲမှာ ရေတပ်အဖွဲ့ဝင်တစ်ဦးလည်းပါဝင်တယ်လို့ ကာဘီလိုက ဆက်ပြောပါတယ်။
အမေရိကန် တပ်ဖွဲ့ဝင်တစ်ဦးအဖမ်းခံရတာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့နှောင်းပိုင်းမှာ အတည်ပြု ပေးခဲ့ပါတယ်။ အမေရိကန်နိုင်ငံသား (၂)ဦးထပ်ပြီးအဖမ်းခံရတယ်ဆိုတဲ့ အတည်ပြုလို့မရသေးတဲ့ သတင်းတွေကိုလည်း သူတို့ ရထားပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
“ မာဒူရိုကို ဖြုတ်ချဖို့ အကြံအစည်မှာ အမေရိကန်ပါတယ်ဆိုတဲ့ စွပ်စွဲချက်အားလုံး မဟုတ်ပါ။ ဗင်နီဇွဲလားရဲ့ နိုင်ငံရေး အကျပ်အတည်းကို ဒီမိုကရေစီနည်းလမ်းနှင့်ဖြေရှင်းတာကို အမေရိကန်က ဆက်လက်ထောက်ခံနေတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အငြင်းပွားနေတဲ့ ဇူလိုင်၂၈ရက် ဗင်နီဇွဲလားသမ္မတရွေးကောက်ပွဲအတွင်း မဲပေးတာကို ဟန့်တားနှောက်ယှက်ခဲ့တယ်လို့ သမ္မတ မာဒူရိုကို အမေရိကန်အစိုးရကစွပ်စွဲပြီး မာဒူရိုရဲ့မဟမိတ် ၁၆ ဦးကို အရေးယူကန့်သတ်မှုတွေပြုလုပ်ခဲ့ပြီး နှစ်ရက် အကြာ ယခုသတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒီတစ်ပတ်စောစောပိုင်းမှာလည်း စပိန်အစိုးရက အတိုက်အခံသမ္မတလောင်း အက်ဒန်ဒို ဂွန်ဇာလက်ဇ်ကို ရွေးကောက်ပွဲ နိုင်သူ အဖြစ် စပိန်အစိုးရက အသိအမှတ်ပြုခဲ့လို့ သမ္မတ မာဒူရို ဒေါသဖြစ်ခဲ့ပြီး စပိန်နှင့် စီးပွားရေး သံတမန်ရေး အဆက်ဖြတ်ဖို့ အစိုးရကို သူက တိုက်တွန်းခဲ့ပါတယ်။
@ymg/knl
Page 29 of 221