#Local_News
Published 26 February 2025
■ ရန်ကုန်မြို့၏ ဖေဖော်ဝါရီလအတွင်း ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှအသိပေးထုတ်ပြန်ထားသည်။
■ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ၂၃-၂-၂၀၂၆ ရက်နေ့မှ ၂၄-၂-၂၀၂၆ ရက်နေ့အထိ ရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။
■ ရန်ကုန်တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ရန်ကုန်မြို့အတွင်း အောက်ဖော်ပြပါ တိုင်းတာမှတ် (၃) နေရာတွင် Ambient Air Quality Monitoring Station with Mobile Car- (AQMS Mobile Car) ၊ Compact Air Quality Monitoring Station- (AQM 65) စက်များကို အသုံးပြု၍ Particulate Matter 2.5 (PM2.5) ၊ Particulate Matter 10 (PM10) ၊ Sulphur Dioxide (SO2) ၊ Nitrogen Dioxide (NO2)၊ Ozone (O3) နှင့် Carbon Monoxide (CO) စသည့် အဓိက Parameter (၆) မျိုးကို (၂၄) နာရီ ပုံမှန်တိုင်းတာပြီး လေ့လာဆန်းစစ်လျက်ရှိကြောင်းသိရသည်။
■ လေထုအပူချိန်၊ လေတိုက်နှုန်း၊ လေတိုက်ခတ်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှုအခြေအနေ၊ မော်တော်ယာဉ်အသုံးပြုမှုအခြေအနေ၊ ပူပြင်းခြောက်သွေ့မှုကြောင့် ဖုန်မှုန့်ပျံ့လွင့်မှု၊ စက်ရုံများမှ ထုတ်လွှတ်အခိုးအငွေ့များ ထုတ်လွှတ်မှုအခြေအနေနှင့် ဝန်းကျင်လေထုအရည်အသွေး တိုင်းတာသည့်နေရာအနီးဝန်းကျင် အခြေအနေတို့အပေါ်မူတည်၍ တိုင်းတာရရှိသည့် ဝန်းကျင်လေထုအရည်အသွေးရလဒ်များသည် ပြောင်းလဲမှုရှိနိုင်ပါကြောင်း သုံးသပ် ရရှိကြောင်း အသိပေးထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
၂၅ ဖေဖော်ဝါရီ၊၂၀၂၆
အမေရိကန်၏ ပဲပုပ်ဖတ်များကို မြန်မာနိုင်ငံမှ ဝယ်ယူရေးအတွက် မြန်မာနိုင်ငံနှင့် အမေရိကန်တို့အကြား သဘောတူညီချက်အသစ်လက်မှတ်ရေးထိုးခဲ့တယ်လို့ ရန်ကုန်မြို့ အခြေစိုက် အမေရိကန်သံရုံးရဲ့ သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါသဘောတူညီချက်လက်မှတ်ရေးထိုးပွဲကို ဖေဖော်ဝါရီ ၂၄ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာန ဒေသဆိုင်ရာရုံးတွင် ကျင်းပပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်း အဆိုပါ အခမ်းအနားတက်ရောက်ခဲ့သူများကပြောပါတယ်။
မြန်မာနိုင်ငံဘက်မှ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌလည်း ဖြစ် ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးရဲမင်းအောင်တက်ရောက်ခဲ့တာကို အမေရိကန်သံရုံး ရဲ့သတင်းထုတ်ပြန်ချက်ထဲမှာ တွေ့ရပါတယ်။
“အရှေ့တောင်အာရှသို့ အမေရိကန် ပဲပုပ်ဖတ်တင်ပို့မှု တိုးမြှင့်နိုင်ရန်အတွက် အမေရိကန် တင်ပို့ ရောင်းချသူနှင့် မြန်မာဝယ်ယူသူများအကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးပွဲကို အမေရိကန်သံရုံးမှ မျက်မြင်တွေ့ကြုံခွင့်ရခဲ့သည့်အတွက် ဝမ်းမြောက်မိပါသည်” လို့ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။
ယခုကဲ့သို့ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများသည် အမေရိကန်လယ်သမားများအတွက် ဈေးကွက် သစ်များ ဖော်ဆောင်ပေးသည့်အပြင် ဒေသတွင်း၌ ခိုင်မာသော ထောက်ပံ့ရေးကွင်းဆက်များနှင့် ရေရှည် စီးပွားရေး အဆက်အသွယ်များကိုလည်း ပိုမိုအားကောင်းစေတယ်လို့လည်း သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။
အဲဒီအပြင် စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုပြီး ထုတ်လုပ်သူများနှင့် ဝယ်ယူသူများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးမည့် ကုန်သွယ်ရေးအစီအစဉ်များကို ကြိုဆိုတယ်လို့လည်း အမေရိကန် သံရုံးရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အမေရိကန်ရင်းနှီးမြှပ်နှံသူများက မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေး ထုတ်ကုန်ကဏ္ဍအချို့၌ ရင်းနှီးမြှပ်နှံလိုနေကြတယ် လို့လည်း အဆိုပါသဘောတူညီချက်နှင့် နီးစပ်တဲ့ အသိုက်အဝန်းကနေ သိရှိ ရပါတယ်။
#knl/ymg
#Local_News
Published 25 February 2026
▪️ သတ်မှတ်ချက်နှင့်ကိုက်ညီမှု မရှိသော ကျောင်းသားများအား စာမေးပွဲဖြေဆိုခွင့်ကတ်ထုတ်ပေးခဲ့သော စစ်ကိုင်းခရိုင်ပညာရေးမှူးအား နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း "ထက်" ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-5 နှင့် Grade-9 ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုခွင့်နှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
▪️ ထုတ်ပြန်ချက်၌ဖေဖော်ဝါရီ ၂၃ ရက်က စတင်ကျင်းပသော နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း Grade-5 နှင့် Grade-9 စာမေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နန်းတော်ရာရပ်ရှိ "ထက်" ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက်ရောက်လျက်ရှိသည့် Grade-5 ကျောင်းသား ကျောင်းသူ (၇၂) ဦးနှင့် Grade-9 ကျောင်းသားကျောင်းသူ (၈၉)ဦး စုစုပေါင်း (၁၆၁)ဦးတို့သည် ဖြေဆိုခွင့်ကတ်ပြားများ လက်ဝယ်ရှိသော်လည်း စာစစ်ဌာနသို့ သွားရောက်ဖြေဆိုရာတွင် ဖြေဆိုခွင့်မရရှိခဲ့သောဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း၊"ထက်" ကိုယ်ပိုင်အထက်တန်းကျောင်းသည် ပုဂ္ဂလိကပညာရေးဥပဒေပုဒ်မ ၃၁၊ ပုဒ်မခွဲ ဋ နှင့် ပုဒ်မခွဲ ဍ တွင် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်ခြင်း ကြောင့် ၆-၁-၂၀၂၆ ရက်တွင် ကျင်းပသော ပညာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ ပိတ်သိမ်းရန် ဆုံးဖြတ်ထားသည့် ကျောင်းဖြစ်ကြောင်းဖော်ပြထားသည်။
▪️ ထို့အတူဖြစ်စဉ်အမှန်မှာ "ထက်" ကိုယ်ပိုင်အထက်တန်းကျောင်းတွင် အမှန်တကယ်တက်ရောက် ပြီး စာရင်းသွင်းထားသော ကျောင်းသားကျောင်းသူများ မနစ်နာစေရန် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နှစ်ကုန်အထိ ခွင့်ပြုခဲ့ပြီး အခန်းဆုံးတတ်မြောက်မှု စစ်ဆေးခြင်း (၂) ကြိမ်၊ နှစ်ဝက်ဆုံး တတ်မြောက်မှု စစ်ဆေးခြင်း (၁) ကြိမ် ဖြေဆိုခဲ့သော Grade-5 ကျောင်းသားကျောင်းသူ (၄၀)ဦးနှင့် Grade-9 ကျောင်းသားကျောင်းသူ (၄၀)ဦး စုစုပေါင်း (၈၀)ဦးတို့ကိုသာ ယခု ကျင်းပလျက်ရှိသော နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းအား ဖြေဆိုခွင့်ပြုခဲ့ကြောင်း၊ယခုဖြစ်စဉ်တွင်ပါဝင်သော Grade-5 ကျောင်းသားကျောင်းသူ(၇၂)ဦးနှင့် Grade-9 ကျောင်းသားကျောင်းသူ (၈၉)ဦး စုစုပေါင်း (၁၆၁)ဦးတို့သည် ကျောင်းအပ်နှံစာရင်းတွင် ပါဝင်မှု မရှိခြင်း၊ ၎င်းကျောင်းမှ လစဉ် (ဇွန်လမှ ဖေဖော်ဝါရီလထိ) တင်ပြခဲ့သော ကျောင်းသားလချုပ် စာရင်းတွင် ပါဝင်မှုမရှိခြင်း၊ နှစ်ဆုံးစာမေးပွဲ ဖြေဆိုသူစာရင်း(သွင်းစာရင်း)တွင် ပါဝင်မှုမရှိခြင်း၊ ၎င်းကျောင်းသို့ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးချိန်တွင်လည်း ဖော်ပြပါ ကျောင်းသားများသည် အမှန်တကယ်ကျောင်းတက်ရောက်မှုမရှိခြင်း၊ အခန်းဆုံးနှင့်နှစ်ဝက်ဆုံး တတ်မြောက်မှုစစ်ဆေးခြင်း(၃)ကြိမ် ဖြေဆိုထားသည့် အထောက်အထားများ မရှိသည့်အတွက် မူဝါဒအရ စာမေးပွဲဖြေဆိုခွင့်မရရှိခြင်းကို သိရှိသော်လည်း ဖြေဆိုခွင့်ကတ်ပြားများ ရယူခဲ့ခြင်း ဖြစ်ကြောင်း၊ ဖြေဆိုခွင့်ကတ်ပြားများထုတ်ပေးခဲ့ခြင်းနှင့်ပတ်သက်၍ သတ်မှတ်ချက်နှင့်ကိုက်ညီမှု မရှိသော ကျောင်းသားများအား စစ်ကိုင်းခရိုင်ပညာရေးမှူးသည် ဖြေဆိုခွင့်ကတ်ပြားများကို ၂၂-၂-၂၀၂၆ ရက်နေ့တွင် ထုတ်ပေးခဲ့သည့်အတွက် ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းအပေါ် ၎င်းခရိုင်ပညာရေးမှူးအား နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
#YMG/SW #Yangon_Times
ရန်ကုန်- ဒလခရီးစဉ်ကို နေ့စဉ် YBSအစီးရေ ၃၀ခန့်ဖြင့်ပြေးဆွဲ ပေးနေတယ်လိုရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC မှ သိရပါတယ်။
#Local_News
Published 25 February 2025
#ရန်ကုန်_ဒလ #YBS
#YMG/SW #Yangon_Times
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြိုနယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ မြတ်မော်တင်စွန်းဘုရားပွဲတော်သို့ လူဦးရေ ၁၀၀၀ ကို သဘော်သုံးစီးနဲ့အခမဲ့ပို့ဆောင်ပေးသွားမှာဖြစ်ရာလိုက်ပါသူများပြားနိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 25 February 2025
#မြတ်မော်တင်စွန်းဘုရားပွဲတော်
#YMG/NN #Yangon_Times
ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချခွင့်ပြုထားသော Paraquat ပေါင်းသတ်ဆေး လက်ကျန်ပစ္စည်းများကို ဧပြီလ ၁ ရက်နေ့မတိုင်မီ အပြီးရုတ်သိမ်းရမယ်လို့ မြန်မာနိုင်ငံပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့မှ သိရပါတယ်။
#Local_News
Published 25 February 2025
#Paraquat #ပေါင်းသတ်ဆေး
#YMG/SW #Yangon_Times
ကိုရီးယားနိုင်ငံသို့ ပိန်းရိုးခြောက်တင်ပို့လိုတဲ့ ကုမ္ပဏီတွေကိုဖိတ်ခေါ်နေတယ်လို့ မြန်မာနိုင်ငံသစ်သီးဝလံ၊ပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကနေသိရပါတယ်။
#Local_News
Published 25 February 2025
#ပိန်းရိုးခြောက် #ကိုရီးယားနိုင်ငံ
#YMG/NN #Yangon_Times
Page 134 of 2398