မော်လမြိုင်မြို့ရဲ့ ဓာတ်ဆီ 92 နဲ့ 95 တစ်လီတာကို ၂၅ ကျပ် ကနေ ၆၀ ကျပ်အထိ ကျဆင်းလာပြီး ဒီဇယ်ဈေးနှုန်းတွေကတော့ပြီးခဲ့တဲ့အပတ်က တစ်လီတာကို ၃၅ ကျပ်အထိကျဆင်းလာပါတယ်။
#Local_News
Published 21 February 2025
#စက်သုံးဆီ #မော်လမြိုင်
#YMG/NN #Yangon_Times
မန္တလေးတိုင်းဒေသကြီးပုသိမ်ကြီးမြို့နယ်ရှိ ရွှေစာရံဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့သိရပါတယ် ။
#Local_News
Published 21 February 2025
#ရွှေစာရံဘုရားပွဲတော် #မန္တလေးတိုင်းဒေသကြီး
#YMG/NN #Yangon_Times
ဆန်ဈေးနှုန်းများကြီးမြင့်မှုမရှိစေရေးအတွက် ဈေးကွက်အတွင်းရောင်းချနေတဲ့ ဆန်ဈေးကို ဈေးနှုန်းအဆမတန်မြင့်တင်ရောင်းချတာတွေမရှိစေဖို့ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးနေတယ်လို့ စားသုံးသူဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 21 February 2025
#ဆန် #ဆန်ဆိုင်
#YMG/NN #Yangon_Times
#Local_News
Published 21 February 2026
■ မြန်မာနိုင်ငံတွင် အီးစီးကရက် (Vape) များ သုံးစွဲခွင့်ကို ယခု ဖေဖော်ဝါရီ ၁၈ ရက်မှစတင်ကာတားမြစ်လိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
■ အီးစီးကရက်နှင့် ဆက်စပ်ပစ္စည်းများသည် ပြည်သူ့ကျန်းမာရေးအတွက် ထိခိုက်နိုင်ခြေ မြင့်မားကြောင်း၊ အထူးသဖြင့် လူငယ်လူရွယ်များအကြား သုံးစွဲမှုတိုးပွားလာခြင်းကို ထိန်းချုပ်ရန် လိုအပ်ခြင်းကြောင့် မြန်မာနိုင်ငံတွင် အီးစီးကရက် (Vape) များကို တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ရောင်းချခြင်း၊ သိုလှောင်ထားရှိခြင်း၊ ဖြန့်ဖြူးခြင်းနှင့် သုံးစွဲခြင်းအားလုံးကို တားမြစ်ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
■ ထို့အပြင်တားမြစ်ချက်ကို ချိုးဖောက်သူများအား သက်ဆိုင်ရာ ဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
လုပ်ငန်းလိုင်စင်မရှိဘဲ ရုပ်ရှင်ရုံဖွင့်လှစ်ပြသခြင်း၊ ဆင်ဆာမဲ့ဇာတ်ကားများပြသခြင်းများ ကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေး ဗဟိုကော်မတီကထုတ်ပြန်တဲ့ ပုဂ္ဂလိကရုပ်ရှင်ရုံငယ်များ(Private Cinema) ဖွင့်လှစ်ပြသနေမှုနဲ့ပတ်သက်ပြီး အသိပေးကြေညာချက်မှာ ဖော်ပြထားပါတယ်။
#Local_News
Published 21 February 2025
#လိုင်စင် #Private_Cinema
#YMG/SW #Yangon_Times
#Daily_News
Published 21 February 2025
၁။ ရွှေစာရံဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်
၂။ ဆန်ဈေးနှုန်းများ ကြီးမြင့်မှုမရှိစေရေး ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးနေ
၃။ လိုင်စင်မရှိဘဲ ရုပ်ရှင်ရုံဖွင့်လှစ်ပြသခြင်း၊ ဆင်ဆာမဲ့ဇာတ်ကားများပြသခြင်းများကို အရေးယူမည်
၄။ စစ်အုပ်ချုပ်ရေးဥပဒေထုတ်ပြန်ခဲ့သော သမ္မတဟောင်းယွန်ဆော့ယောကိုပုန်ကန်မှုဖြင့် ဆိုးလ်တရားရုံးမှတသက်တစ်ကျွန်းထောင်ဒဏ်ချမှတ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၀ ဖေဖော်ဝါရီ၊၂၀၂၆
ဖေဖော်ဝါရီ ၂၀ရက် ညက ကချင်ပြည်နယ်မြစ်ကြီးနားမြို့လေဆိပ်မှ မန္တလေးမြို့သို့ထွက်ခွာမည့် မြန်မာ အမျိုးသား လေကြောင်း လိုင်း (MNA) ပိုင် ခရီးသည်တင်လေယာဉ် တစ်စီးကို KIA အဖွဲ့နှင့် PDF အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက အသေခံဒရုန်း FPV Suicide Drone ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ATR-72-600အမျိုးအစားခရီးသည်တင်လေယာဉ်၏ ခေါင်းပိုင်း၊ ကိုယ်ထည်အလယ်ပိုင်းနှင့် နောက်မီးပိုင်းတို့တွင် ဗုံးစထိမှန်၍အနည်းငယ်ပျက်စီးခဲ့ပါတယ်။ ခရီးသည် များ နှင့်လေယာဉ်အမှုထမ်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဘေးအန္တရာယ်ကင်းလွတ်ရာသို့ အမြန် ဆုံးရွှေ့ပြောင်းပေးခြင်းနှင့် ကူညီကယ်ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်စဉ်တွင် ခရီးသွား ပြည်သူများနှင့် လေယာဉ်အမှုထမ်းများ ထိခိုက်၊ သေဆုံး၊ ဒဏ်ရာရရှိမှုမရှိကြောင်း သိရပါတယ်။
ဖေဖော်ဝါရီ ၂၀ရက် ည ၈ နာရီ ၁၂ မိနစ်ခန့်တွင် အဆိုပါလေယာဉ်သည် မန္တလေးမြို့သို့ ထွက်ခွာရန်အတွက် ခရီးသည်များ တင်ဆောင်ပြီး ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေစဉ် KIA အဖွဲ့နှင့် PDF အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက FPV Suicide Drone များ အသုံးပြုတိုက်ခိုက် ခဲ့ခြင်းဖြစ်ပါတယ်။
ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော အများပြည်သူသွားလာရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန် စေရေးအတွက် များစွာအထောက်အကူပြုသော . အရပ်ဘက်လေကြောင်းလိုင်းအား ရည်ရွယ်ချက်ရှိစွာ ဖြင့် တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကိုကျူးလွန်ခြင်းဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက် ရှိပြီး ထိရောက်ပြင်းထန်သည့် တုန့်ပြန်မှုများကိုဆောင်ရွက်သွားမှာဖြစ်တယ်လို့ သက်ဆိုင်ရာ က သတိပေးထားပါတယ်။
#knl/ymg
Page 137 of 2398