ယမန်နေ့ကဖြစ်ပွားခဲ့တဲ့ရွှေပြည်သာမြို့နယ်ရှိအထည်ချုပ်စက်ရုံမီးလောင်မှု ကို ၁၃နာရီကြာငြိမ်းသတ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။
#Local_News
Published 19 February 2025
#ရွှေပြည်သာ #အထည်ချုပ်စက်ရုံ
#YMG/SW #Yangon_Times
#Daily_News
Published 18 February 2025
၁။ သုခဒဂုံ ပြည်သူ့အငှါးအိမ်ရာအခန်းရောင်းစားသူများကို ဥပဒေအရ အရေးယူ
၂။ အမြန်လမ်း ဆွာချောင်းတံတားတည်ဆောက်မှု မတ်လကုန်တွင် ပြီးစီးမည်
၃။ စက်သုံးဆီအရောင်းဆိုင်များအား ရှောင်တခင်စစ်ဆေးလျှက်ရှိ
၄။ မြင်းနောက်ခံပြုဖျော်ဖြေမှုများတင်ဆက်သည့်တရုတ်နှစ်သစ်ကူးပွဲတော်အစီအစဉ်အား လူသန်းရာနှင့်ချီစံချိန်တင်ကြည့်ရှု... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 19 February 2025
▪️ မန္တလေးမြို့၏မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်များ တင်လှူပူဇော်ရန်နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားများ ကျင်းပနိုင်ရန်ဆောင်ရွက်နေကြောင်း သိရသည်။
▪️ ထိုသို့ ဆောင်ရွက်နေမှုများကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်မှ ဖေဖော်ဝါရီလ ၁၇ ရက်က ကြည့်ရှုစစ်ဆေးပြီး မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ ဂန္ဓကုဋိတိုက်တော် ရွှေကျောင်းတော်ကြီးနှင့် သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ငှက်မြတ်နားတော်၌ချိတ်ဆွဲရန် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးအောင်အောင် နှင့် အဂ္ဂမဟာသီရိ သုဓမ္မသိင်္ဂီ ဒေါ်လှလှဝေ(ဂရိတ်စိန်-စိန်ရွှေရတနာဆိုင်)မိသားစုမှ လှူဒါန်းသည့် မိုးကုတ်ပတ္တမြား ၁၀၉ ပွင့်၊ စိန်ဖွေးသန့် ၈၅ ပွင့်၊ ရွှေတန်ချိန် ၁၆ ဒသမ ၀၁၆ ဂရမ်တို့ကို လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည် ။
#YMG/NN #Yangon_Times
#Local_News
Published 19 February 2026
▪️ မြန်မာ-ကိုရီးယားချစ်ကြည်ရေးဒလတံတားဖွင်လှစ်ပြီးနောက် အပျော်စီးသင်္ဘောခရီးစဉ်သစ်အဖြစ်ဆိပ်ကြီးခနောင်တို ကျွန်းပတ်ခရီးစဉ်ကို စမ်းသပ်ပြေးဆွဲနေကြောင်း The Best Traveling Myanmar မှ သိရသည်။
▪️ အဆိုပါခရီးစဉ်ကို ယခုလ၁၅ရက်တွင် ပထမအကြိမ်စမ်းသပ်ပြေးဆွဲခဲ့ပြီး လာမည့်၂၂ရက်တွင်လည်း ဒုတိယအကြိမ်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
▪️ " ဆိပ်ကြီးခနောင်တို ကျွန်းပတ်ခရီးစဉ်ကို အရင်ကမပြေးဆွဲပေးဖူးဘူး။ တံတားကြီးဖွင့်ပြီးတဲ့နောက်မှစမ်းသပ်ပြေးဆွဲတာပါ။ခရီးစဉ်ကို ပုံမှန်ပြေးဆွဲပေးတာတော့မရှိသေးဘူး။ စမ်းသပ်ပြေးဆွဲပြီးမှ ခရီးသည်စိတ်ဝင်စားမှုပေါ်မူတည်ပြီး ပြေးဆွဲပေးမှာပါ" ဟု The Best Traveling Myanmar မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
▪️ အဆိုပါခရီးစဉ်ကို ယခုလ၂၂ရက် မနက် ၉:၃၀ မှနေ့လည် ၁၂:၃၀အထိ ပြေးဆွဲမည်ဖြစ်ပြီး ခရီးစဉ်လမ်းကြောင်း မှာ ဗိုလ်တထောင်ဆိပ်ကမ်း မှ မနက် ၉:၃၀ စတင် ထွက်ခွါပြီး ကိုးရီးယား / မြန်မာချစ်ကြည်ရေး ဒလတံတားရှုခင်းလေ့လာကာ ရန်ကုန်မြစ်ကြောင်း - တွံတေးတူးမြောင်း အနီးတဝိုက် - ခနောင်တိုချောင်းအတွင်း ခုတ်မောင်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 19 February 2025
▪️ ပုဂံဒေသ သဗ္ဗညုဂူဘုရား ပြုပြင်ထိန်းသိမ်းခြင်းနှင့် မြေအောက်သုတေသနပြုခြင်း လုပ်ငန်းများကို တရုတ်နိုင်ငံ Shaanxi Academy of Archaeology မှပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းသိရသည်။
▪️ ထိုကဲ့သို့ သုတေသနလုပ်ငန်းများကို နိုင်ငံတကာပညာရှင်များနှင့်ပူးပေါင်းဆောင်ရွက်ခြင်းသည် အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံရှိ Shaanxi Academy of Archaeologyမှ ပညာရှင်(၇) ဦးနှင့်ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများပူးပေါင်း၍ နည်းပညာ အကူအညီများ၊ သုတေသနနည်းလမ်းများနှင့်အတွေ့အကြုံများကို နှီးနှောဖလှယ်ဆောင်ရွက်ခွင့်ရရှိခဲ့ကြသည်။
▪️ ထိုသို့သော ပူးပေါင်းဆောင်ရွက်မှုများသည် သုတေသနအရည်အသွေးမြှင့်တင်ရန်နှင့် နိုင်ငံတကာအဆင့်မီ သုတေသနစံနှုန်းများကို လိုက်နာနိုင်ရန် အထောက်အကူပြုပေးနေခြင်း ဖြစ်ကြောင်း ပုဂံဌာနခွဲညွှန်ကြားရေးမှူး ဦးညီမွန်းကပြောသည်။
▪️ ထို့အပြင် သုတေသနလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန်နှင့် အမွေအနှစ်ပစ္စည်းများ မပျက်စီးစေရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း ပုဂံဒေသရှိ သမိုင်းဝင်အမွေအနှစ်များအပေါ် ဆောင်ရွက်နေသည့် သုတေသနနှင့်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများသည် ဒေသ၏ယဉ်ကျေးမှုအမွေအနှစ်တန်ဖိုးကိုမြှင့်တင်ပေးပြီး အနာဂတ်မျိုးဆက်များအတွက် တန်ဖိုးရှိသော သမိုင်းအမွေအနှစ်များကို ထိန်းသိမ်းပေးနိုင်ရန် အရေးပါသောအခန်းကဏ္ဍတစ်ရပ်အဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။
▪️ အဆိုပါ သဗ္ဗညုဂူဘုရား၏ အဆောက်အအုံပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအခြေအနေပိုမိုကောင်းမွန်လာစေရန်နှင့် ဂူဘုရားကြီးရေရှည်တည်တံ့စေရန် တရုတ်-မြန်မာနှစ်နိုင်ငံပူးပေါင်း၍ ပြုပြင် ထိန်းသိမ်းခြင်းနှင့်သုတေသနပြုဖော်ထုတ်ခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း၊ယင်းသဗ္ဗညုဂူဘုရားသည် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ၏ အမွေအနှစ်လက္ခဏာရပ်တစ်ခု ဖြစ်သကဲ့သို့ ထူးခြားလက်ရာကျန်ရှိမှုအဆင့်-၁ရှိသော ဂူဘုရားတစ်ဆူလည်းဖြစ်ကာ နောက်ခံသမိုင်းရာဇဝင်နှင့် တည်ဆောက်ပုံဗိသုကာလက်ရာအရ အေဒီ(၁၂) ရာစုဂူဘုရားတစ်ဆူဖြစ်ပြီး ရှားပါးလေးထပ်ဂူဘုရားတစ်ဆူဖြစ်ကြောင်းသိရပြီး စနစ်တကျအသေးစိတ်ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများကို နည်းပညာအကူအညီများ ပေါင်းစပ်ထိန်းသိမ်းပြုပြင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
▪️ လတ်တလောတွင်သုတေသနလုပ်ငန်းများတွင် မြေပြင်စစ်တမ်းများကောက်ယူခြင်း Grid Layout စနစ်ဖြင့် တူးဖော်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ နေရာသတ်မှတ်ခြင်း (GPS Location)နှင့် အချက်အလက်မှတ်တမ်းတင်ခြင်းများကို စနစ်တကျမှတ်တမ်းတင်ခြင်းများဆောင်ရွက် လျက်ရှိကာ တူးဖော်မှုများအတွင်းတွေ့ရှိရသည့် အမွေအနှစ်ပစ္စည်းများကို သက်ဆိုင်ရာစံနှုန်းများနှင့်ကိုက်ညီစွာ မှတ်တမ်းတင်ထိန်းသိမ်းကာကွယ်ထားလျက်ရှိကြောင်းသိရသည်။
#YMG/NN #Yangon_Times
Published_18 Feb 2026
BNRA အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးက ၎င်း၏ မိသားစုဝင် များ၊လက်နက်မျိုးစုံ တို့နှင့် ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက် တွင် အလင်းဝင်ပြီ ဖြစ်ကြောင်း တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ယင်းထုတ်ပြန်ချက်အရ BNRA အမည်ခံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် နိုင်လင်း(ခေါ်) နဂါးနှင့် ၎င်း၏ မိသားစုဝင် များ က လက်နက်မျိုးစုံ ၆ လက် ဆက်စပ်ပစ္စည်းများနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်အတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် နေသည့် တပ်မတော်လုံခြုံရေးတပ်စခန်း တစ်ခုထံသို့ လာ ရောက် ဆက်သွယ် သတင်းပို့၍ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသည့် BNRA အမည်ခံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် နိုင်လင်း(ခေါ်) နဂါးနှင့် ၎င်း၏ မိသားစုဝင်များအား နယ်မြေခံ လုံခြုံရေးတပ်ဌာနချုပ်မှ တာဝန်ရှိသူများက နွေးထွေးစွာကြိုဆို ခဲ့ကြပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ၊ ဆေးဝါးအကူအညီများနှင့် အုပ်ချုပ်မှုကိစ္စရပ်များကို အဆင် ပြေမှုရှိစေရေးဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့်လိုအပ်သည့် စိစစ်မှုများကို လုပ်ထုံးလုပ် နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/PP

ပြည်တွင်းက ရေထွက်ကုန်ပစ္စည်းတွေကို ပြည်ပနိုင်ငံတွေကိုတင်ပို့နေရာ လက်ရှိဘဏ္ဍာနှစ် ၁၀ လတာအတွင်း ရေထွက်ကုန်ငါးမက်ထရစ်တန် နှစ်သိန်းခြောက်သောင်းကျော်တင်ပို့နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။
#Local_News
Published 18 February 2025
#ရေထွက်ကုန်ငါးတန်ချိန် #ငါး
#YMG/NN #Yangon_Times
Page 139 of 2398