အခု ဘဏ္ဍာနှစ်လေးလအတွင်း ပြည်တွင်းကို နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဒေါ်လာသန်း ၁၁၀ ကျော် ဝင်ရောက်ခဲ့တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန - DICA ကသိရပါတယ် ။
#Local_News
Published 07 August 2025
#နိုင်ငံခြားရင်းနှီးမြုပ်နှံ #ဒေါ်လာသန်း၁၁၀
#YMG/NN #Yangon_Times
စွမ်းအင်ဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာကုမ္ပဏီတွေရဲ့ကုန်းတွင်းလုပ်ကွက်များမှ တိုးတက်ထွက်ရှိလာတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားတဲ့ စာချုပ်များ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယမန်နေ့ကနေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာနမှ ကျင်းပခဲ့ပါတယ်။
#Local_News
Published 07 August 2025
#ရေနံနှင့်သဘာဝဓာတ်ငွေ့ #စာချုပ်လက်မှတ်ရေးထိုး
#YMG/SW #Yangon_Times
ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ယခုလ (၈)ရက်တွင် ကျရောက်မယ့် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ အခမ်းအနား၌ ပန်းပေါင်း ၈၄,၀၀၀ နဲ့ ပန်းစေတီကပ်လှူပူဇော်ပွဲကျင်းပသွားမှာဖြစ်တယ်လို ဂေါပကအဖွဲမှ သိရပါတယ်။
#Local_News
Published 07 August 2025
#ရွှေတိဂုံဘုရား #ဝါခေါင်လပြည့်ပန်းပေါင်း၈၄,၀၀၀ကပ်လှူပူဇော်ပွဲ
#YMG/SW #Yangon_Times
#Local_News
Published 07 August 2025
▪️ ဗိုလ်တထောင်မြို့နယ် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဆိပ်ကမ်းလုပ်သားပေါင်းစုံဓမ္မာရုံ၌ အဋ္ဌမအကြိမ်မြောက် မေတ္တာ
သွေးလှူဒါန်းပွဲ ကျင်းပမည်ဖြစ်ကြောင်းဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ မှ
သိရသည်။
▪️ အဆိုပါ သွေးလှူဒါန်းပွဲကို ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူး၍ လေးလတစ်ကြိမ် ကျင်းပလျက်ရှိရာ ဩဂုတ်လ ၁၀ ရက် မနက်ပိုင်းတွင်အဋ္ဌမအကြိမ်မြောက်
သွေးလှူဒါန်းပွဲ ကျင်းပသွားမည်ဖြစ်သည်။
▪️ ပြီးခဲ့သည့် သတ္တမအကြိမ်သွေးလှူဒါန်းပွဲကိုလည်း အောင်မြင်စွာကျင်းပခဲ့ပြီး သွေးအိတ် စုစုပေါင်း ၈၁၀ အိတ်အထိ ရရှိလှူဒါန်းနိုင်ခဲ့ကြောင်း ယခုကျင်းပမည့် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၌ အဋ္ဌမအကြိမ်မြောက် သွေးလှူဒါန်းပွဲတွင် စေတီတော်ဝန်ထမ်းများနှင့်အတူ ဘုရားဖူးပြည်သူများပါ တပေါင်းတည်းကုသိုလ်ပြု၍ လာရောက်လှူဒါန်းနိုင်ရန်အတွက် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ သို့စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 07 August 2025
▪️ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းများ မှ လွှင့်တင်မည့် Content များအား စိစစ်ရေးအဖွဲ့သို့ ခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ အသိပေးထားသည်။
▪️ ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့က အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(ဂ)ကို ကျင့်သုံး၍ အပ်နှင်းသောအမိန့်အရ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်အမှတ် (၃၂/၂၀၂၄) ကို ၁၃-၃-၂၀၂၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်းနှင့် စိစစ်ခွင့်ပြုခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ အဆိုပါ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့် ပြသခြင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်ရယူထားသူသည် အမိန့်အမှတ်(၃၂/၂၀၂၄)အရ မိမိတို့လွှင့်တင်မည့် Content များအား စိစစ်ရေးအဖွဲ့ထံသို့ ဦးစွာတင်ပြခွင့်ပြုချက်ရယူရမည်ဖြစ်သည်။
▪️ သို့ရာတွင် ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်ရယူထားသော AWS+ နှင့် cmapp.tv တို့သည် စိစစ်ရေးအဖွဲ့သို့ တင်ပြထားခြင်းမရှိသော ရုပ်ရှင်ဇာတ်ကားများကို ၎င်းတို့၏အက်ပလီကေးရှင်းများတွင် လွှင့်တင်ထားရှိကြောင်း စိစစ်တွေ့ရှိရ ကြောင်း သိရသည်။
▪️ ထို့ကြောင့် AWS+ နှင့် cmapp.tv တို့ကို စည်းမျဉ်းစည်းကမ်းများ မလိုက်နာသဖြင့် ၎င်းတို့၏ လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်ကို အမြဲတမ်းရုပ်သိမ်းထားပြီး တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
▪️ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်ရယူပြီး သူများအနေဖြင့် မိမိတို့လွှင့်တင်သည့် Content များကို စိစစ်ရေးအဖွဲ့ထံ တင်ပြနိုင်ရေးနှင့် လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ရယူထားခြင်းမရှိသောသူများအနေဖြင့်လည်း ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် လျှောက်ထားရယူရမည်ဖြစ်ကြောင်း အသိပေးကြေညာထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 07 August 2025
▪️ ဩဂုတ်လ(၅)ရက်က မြန်မာပလာဇာကားပါကင်တွင်ဖြစ်ပွားခဲ့သောကိစ္စနှင့်ပတ်သက်၍ မြန်မာပလာဇာစီမံခန့်ခွဲမှုအဖွဲ့က ဩဂုတ်လ၆ရက် ညနေပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
▪️ အဆိုပါ ထုတ်ပြန်ချက်ချက်၌ ၂၀၂၅ ခုနှစ် ဩဂုတ်လ (၅) ရက်နေ့၊ ညနေပိုင်းတွင် မြန်မာပလာဇာရှောပင်းမော်လ်၏ ယာဉ်ရပ်နားရန်နေရာတွင် အမျိုးသမီးတစ်ဦးအား ဓားဖြင့်ထိုးသည့် ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ရာ သက်ဆိုင်ရာလုံခြုံရေးဌာနမှ သိလျှင်သိချင်း လူနာအားအရေးပေါ်ကယ်ဆယ်နိုင်ရေးအတွက် ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း လူနာမှာ ရရှိခဲ့သောဒဏ်ရာကြောင့် ကွယ်လွန်သွားခဲ့သည်ဟု သိရှိရကြောင်းသက်ဆိုင်ရာတာဝန်ရှိသူများ၏ အဆိုအရ အဆိုပါအမျိုးသမီးကို အမည်မသိ အမျိုးသားနှစ်ဦးမှ လုပ်ကြံတိုက်ခိုက်ခဲ့ကြောင်း သိရှိရကြောင်း၊ အခင်းဖြစ်လျှင်ဖြစ်ချင်း သက်ဆိုင်ရာလုံခြုံရေးဌာနမှ လူနာအားအရေးပေါ်ကယ်ဆယ်ရေးအတွက် ဆေးရုံသို့ပို့ဆောင်ခြင်း၊ သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ သတင်းပို့ခြင်း စသည့် လုပ်ငန်းစဥ်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြောင်း၊ ဤဖြစ်စဥ်သည် မျှော်လင့်မထားသော ဖြစ်ရပ်တစ်ခုဖြစ်ပြီး မြန်မာပလာဇာအနေဖြင့်လည်း နစ်နာသူမိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း၊ သို့ဖြစ်ပါ၍ ကျူးလွန်သူများကို အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာနယ်မြေရဲစခန်းနှင့် ပူးပေါင်းပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုအပ်သည့်ပံ့ပိုးမှုများကို ဆောင်ရွက်လျက်ရှိနေကြောင်း ဖော်ပြထားသည်။
▪️ ထို့အပြင်မြန်မာပလာဇာစီမံခန့်ခွဲမှုအဖွဲ့၏ ထုတ်ပြန်ချက်၌ အဆိုပါ လုပ်ကြံမှု ဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာပလာဇာအနေဖြင့် စျေးဝယ်သူများနှင့် ဧည့်သည်တော်များ၏ ဘေးကင်းလုံခြုံရေးအတွက် စျေးဝယ်စင်တာအတွင်းရှိ ယာဉ်ရပ်နားရာနေရာများနှင့် အရေးကြီးနေရာများတွင် လုံခြုံရေးအပြည့်အဝချထားခြင်းနှင့် လုံခြုံရေးစနစ်များအား တိုးတက်ကောင်းမွန်အောင် ပြုလုပ်ခြင်းများကို ချက်ချင်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ မြန်မာပလာဇာအနေဖြင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာနယ်မြေရဲစခန်းမှ စုံစမ်းစစ်ဆေးမှုလုပ်ငန်းစဉ်အတွင်း အလေးအနက်ထား၍ ဆက်လက်ပူးပေါင်းကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း အသိပေးဖော်ပြထားသည်။
#YMG/SW #Yangon_Times
#Local_News
Published 07 August 2025
▪️ ယာယီသမ္မတ ဦးမြင့်ဆွေသည် ယနေ့ သြဂုတ်လ ၇ ရက် နံနက် ၈ နာရီ ၂၈ မိနစ်တွင် အမှတ်(၂) တပ်မတော် ဆေး ရုံကြီး ခုတင် (၁၀၀၀) ၌ ကွယ်လွန်သွားကြောင်း သိရသည်။
▪️ ယာယီသမ္မတ ဦးမြင့်ဆွေ ၏ ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ကသတင်း ထုတ်ပြန်ထားသည်။
▪️ ယာယီသမ္မတဦးမြင့်ဆွေသည် ၂၀၂၃ ခုနှစ်နှစ်ဆန်းပိုင်းမှစ၍ လှုပ်ရှားရာတွင် တုန့်နှေးခြင်းနှင့် အစာအာဟာရ စားသုံးနိုင်မှုအားနည်းလာခြင်းတို့ကို စတင်ခံစားခဲ့ရသည့်အတွက် အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးဆေးကုသမှုအဖွဲ့မှ ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ ကျန်းမာရေးစမ်းသပ်စစ်ဆေးချက် များအရ အာရုံကြောများ နှေးကွေးတုန့်ဆိုင်း သည့်ရောဂါ (Parkinson's Disease) ၊ ၎င်းနှင့်ဆက်စပ်ဖြစ်ပေါ်သော အာရုံကြောအားနည်းရောဂါတို့အား ခံစားနေရသည်ကို တွေ့ရှိသည့်အတွက် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်မှ ၁၉ ရက်အထိ စင်ကာပူနိုင်ငံ Mount Elizabeth Medical Center တွင်လည်းကောင်း၊ မေလ ၂၇ ရက်မှ ဇွန်လ ၁၈ ရက်အထိအမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) တွင် လည်းကောင်း ဆေးကုသမှုများခံယူခဲ့ကြောင်း သိရသည်။
▪️ ဆေးရုံဆင်းပြီးနောက် ယာယီသမ္မတ ဦးမြင့်ဆွေအား ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း ဦးဆောင်သော အထူးဆေး ကုသမှုအဖွဲ့ဖြင့်ကျန်းမာရေးစစ်ဆေးကုသမှုများ ဆက် လက်ပြုလုပ်ခဲ့သော်လည်း ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လာခြင်းမရှိသည့် အတွက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်မှ စတင်၍ နေအိမ်၌ပင်ဆေးခွင့်ဖြင့် အနားယူ၍ ဆေးကုသမှု ဆက်လက်ခံယူနေ ခဲ့ကြောင်း သိရသည်။
▪️ ယာယီသမ္မတ ဦးမြင့်ဆွေ သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း ကိုယ်အလေးချိန် လျော့ကျခြင်း၊ အစာကောင်းစွာ မစားနိုင်ခြင်း၊ အဖျားတက်ခြင်း၊ ဦးနှောက်နိုးကြားမှု လျော့နည်းလာခြင်းတို့ကြောင့် ဇူလိုင်လ ၂၄ ရက်တွင် အမှတ် (၂)တပ်မတော် ဆေးရုံကြီး ခုတင်(၁၀၀၀) ၌ ထပ်မံဆေးရုံတက်ရောက် ကုသမှုခံယူခဲ့သေးကြောင်း သိရသည်။
#Yangon_Times/PP
Page 241 of 2316