#Local_News
Published 04 August 2025
▪️ ဇူလိုင်လ (၃၀ )ရက်က စတင်ကာထုတ်ပေးနေသည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအမှတ်စာရင်းထုတ်ပေးမှုကို ယနေ့မှ စတင်ကာ ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။
▪️ အဆိုပါ အမှတ်စာရင်းများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပေးနေခြင်းဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်းက အမှတ်စာရင်းထုတ်ပေးသည့် စနစ်ချို့ယွင်းမှုကြောင့် ဇူလိုင်လ (၃၀)ရက် မွန်းလွဲ ၂နာရီမတိုင်မီ ထုတ်ယူခဲ့သည့်အမှတ်စာရင်းများကို ပြန်လည်ထုတ်ယူရန် အသိပေး ထုတ်ပြန်ခဲ့ပြီးနောက် ယခုအခါ အမှတ်စာရင်းထုတ်ပေးမှုကို ယာယီရပ်ဆိုင်းခဲ့ ခြင်းဖြစ်သည်။
▪️ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနအနေဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို ဇူလိုင်လ (၂၇)ရက်က ထုတ်ပြန်ပေးခဲ့ပြီး အောင်စာရင်း/ကျစာရင်းအမှတ်စာရင်းများကို ဇူလိုင်လ (၃၀)ရက်မှစတင်ကာ ထုတ်ပေးလျှက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
တရုတ် နိုင်ငံ သို ဆန်/ ဆန်ကွဲတင်ပိုရာ မှာလိုက်နာရမယ့် Sanitary and Phytosanitary-SPS Protocol ဆိုင်ရာလုပ်ငန်းစဉ်တွေကို အခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ် UMFCCIဆွေးနွေးခဲ့ပါတယ်။
#Local_News
Published 04 August 2025
#တရုတ်သို့ဆန်/ဆန်ကွဲ #UMFCCIဆွေးနွေး
#YMG/NN #Yangon_Times
ယခုတစ်ပတ်အတွက် ထုတ်ပြန်လိုက်တဲ့ စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းထပ်တက်လာတာကြောင့် ရည်ညွှန်းဈေးတွေ နှစ်ပတ်ဆက်တိုက်ပြန်တက်လာဖြစ်ပါတယ်။
#Local_News
Published 04 August 2025
#စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေး #နှစ်ပတ်ဆက်တိုက်ပြန်တက်
#YMG/NN #Yangon_Times
နိုင်ငံအဝှမ်းရှိ တောင်သူ လယ်သမား ၂သိန်းကျော်ကို စိုက်စရိတ်၂၀၈ ဘီလီယံကျော်နှစ်လတာအတွင်း ထုတ်ချေးထားတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကသိရပါတယ်။
#Local_News
Published 04 August 2025
#တောင်သူ၂သိန်းကျော် # စိုက်စရိတ်၂၀၈ ဘီလီယံ
#YMG/NN #Yangon_Times
ရိုးမရိပ်သာအိမ်ရာတွင် အခန်းဝယ်ယူခွင့်မဲပေါက်ထားသူများအနေနဲ့ အခန်းဝယ်ယူခွင့် အကြောင်းကြားစာကို ဩဂုတ်လ ၂၅ ရက်နောက်ဆုံးထားထုတ်ယူရမယ်လို့ မြိုပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနက အသိပေးထားပါတယ်။
#Local_News
Published 04 August 2025
#ရိုးမရိပ်သာအိမ်ရာ #အခန်းဝယ်ယူခွင့်
#YMG/SW #Yangon_Times
#Local_News
Published 04 August 2025
▪️ ရန်ကုန်တိုင်းဒေသကြီး ၊သန်လျင်မြို့နယ်ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၌ Business Management နှင့် Digital Marketing သတင်းများကို အွန်လိုင်းမှ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ရာ တက်ရောက်လိုသူများအနေဖြင့် အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်ကြောင်း
သိရသည် ။
▪️ အဆိုပါ သင်တန်းကာလမှာ ၃လကြာမြင့်မည်ဖြစ်ကာသက်ဆိုင်ရာ အွန်လိုင်းလျှောက်လွှာများကို အချက်အလက်များ ပြည့်စုံစွာဖြည့်စွက်ပြီး ဩဂုတ်လ ၁၂ ရက်နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည် ။
▪️ ယင်းသင်တန်း၌ စွန့်ဦးတီထွင်မှုနှင့် စီးပွားရေးစီမံခန့်ခွဲမှုပညာ အသိအမှတ်ပြုလက်မှတ် (Certificate in Entrepreneurship and Business Management - CEBM)နှင့် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် စျေးကွက်ဖော်ဆောင်မှု နှင့် ဆန်းသစ်တီထွင်မှုပညာ အသိအမှတ်ပြုလက်မှတ် (Certificate in Digital Marketing and Innovation - CDMI) ပေးအပ်သွားမည် ဖြစ်သည် ။
▪️ အဆိုပါသင်တန်းကို တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ လျှောက်ထားနိုင်ပြီး သင်တန်းကြေးမှာ (၁ သိန်း)ကျပ် သတ်မှတ်ထားကာ အပတ်စဉ် စနေနှင့်တနင်္ဂနွေနေ့တို့မှာ နံနက် ၉ နာရီမှ ၁၂ နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည် ။
#YMG/NN #Yangon_Times
#Local_News
Published 04 August 2025
▪️ ဆင်သေဆည်ရေသောက်စနစ်အတွင်း ယခုနှစ် မိုးစပါးနှင့်သီးနှံဧက တစ်သောင်းကျော်စိုက်ပျိုးရန်လျာထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
▪️ ထိုသို့ လျာထားရာတွင် ယခုနှစ် လျာထားမိုးစပါး ၈၄၈၆ ဧကနှင့် မိုးသီးနှံ ၃၁၂၃ ဧက အပြည့်အဝစိုက်ပျိုးနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမာန်နေ့ကဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်အတူ နေပြည်တော် တပ်ကုန်းမြို့နယ် ဆင်သေဆည်ရေသောက်စနစ်အတွင်း လျာထားချက်အတိုင်း အပြည့်အဝစိုက်ပျိုးနိုင်ရန် ရေသောက်စနစ်အတွင်း စိုက်ပျိုးရေအဆင်ပြေချောမွေ့စွာပေးဝေနိုင်ရေး စီမံဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ ပြည်ထောင်စုဝန်ကြီးသည် ယာယီရေသွယ်မြောင်းများအတွင်း ဝင်ရောက်လျက်ရှိသည့် သဲနုန်းများရှင်းလင်းဖယ်ရှားနေမှုနှင့်နုန်းဖမ်းတာတည်ဆောက်ရန် ဆောင်ရွက်နေမှု၊ မိုးစပါး၊နွေစပါးစိုက်ပျိုးခြင်းအတွက် ဆက်လက်ရေပေးဝေနိုင်ရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး သဲနုန်းတူးဖော်ခြင်း၊ ယာယီနုန်းထိန်းကန်တည်ဆောက်ခြင်း၊ လိုအပ်သော တူးမြောင်းအဆောက်အအုံလုပ်ငန်းများကို သတ်မှတ်ကာလအချိန်မီပြီးစီးရေး၊ ရေလွှဲဆည်အသစ်တည်ဆောက်ရာတွင် ရေရှည်တည်တံ့စွာအသုံးပြုနိုင်သည့် ဒီဇိုင်းပုံစံနှင့် တည်ဆောက်မှုလုပ်ငန်းဖြစ်စေရေး ဆွေးနွေးမှာကြားပြီး ဆင်သေရေလွှဲဆည် အသစ်တည်ဆောက်ရန် လျာထားရွေးချယ်ထားသောနေရာကို ကြည့်ရှုစစ်ဆေးကာ လေ့လာဆန်းစစ်ချက်များ ပြီးစီးပြီဖြစ်၍ အသစ်ရေးဆွဲသောဒီဇိုင်းအား ဩဂုတ်လအတွင်း ပြီးမြောက်အောင်ရေးဆွဲ၍ အတည်ပြုချက်ရယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
▪️ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ဆင်သေရေလွှဲဆည်၏ ပင်မတမံ(Head Work) တစ်ခုလုံး ထိခိုက်ပျက်စီးခဲ့သဖြင့် ရေသောက်စနစ်အတွင်းရှိ မိုးစပါးနွေစပါးစိုက်ပျိုးခြင်းအတွက် ရေပေးဝေရာ၌ စနစ်တကျရေစီမံခန့်ခွဲမှုပြုလုပ်နိုင်ရန် ဆင်သေရေလွှဲဆည်အသစ်တည်ဆောက်ရန် စီမံဆောင်ရွက်လျက်ရှိရာ ဆင်သေရေလွှဲဆည်အသစ်မတည်ဆောက်မီနှင့် လုပ်ငန်းများဆောင်ရွက်နေစဉ်ကာလအတွင်း ရေသောက်စနစ်အတွင်း ယာယီအစီအစဉ်ဖြင့် စိုက်ပျိုးရေပေးဝေရမည်ဖြစ်၍ ရေလွှဲဆည်၏ Under Sluice အပိုင်း၊ ရေခေါ်မြောင်းများအပိုင်းနှင့် ရေသောက်စနစ်အပိုင်းများကို လိုအပ်သည့်နေရာများ၌ ပြုပြင်ခြင်း၊ Structure များ တည်ဆောက်ခြင်း၊ သဲနုန်းတူးဖော်ခြင်းနှင့် ရေသွားလမ်းရှင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 245 of 2316