#Local_News
Published 06 August 2025
▪️ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့်ဆေးဝါးဓာတုဓာတ်ခွဲခန်းများနှင့် အစားအသောက်ဓာတုဓာတ်ခွဲခန်းများအား နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် (ISO Certificate) များရရှိအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။
▪️ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ယမန်နေ့က နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ တိုင်းဒေသကြီး၊ ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှူးများ၊ တာဝန်ခံများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ ပြည်ထောင်စုဝန်ကြီးက ပြည်သူလူထုနှင့် ထိတွေ့ဆောင်ရွက်လျက်ရှိသည့် ဌာနဖြစ်သည့်အားလျော်စွာ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းမူဘောင်ထဲမှ လုပ်ငန်းများကို မြန်ဆန်လွယ်ကူအောင် ဝန်ဆောင်မှုပေးရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများ မျှော်မှန်းသက်တမ်းတိုးမြှင့်ရေးတွင် ပြည်သူလူထုစားသုံးသည့် အစားအသောက်နှင့် ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းရေးသည် အရေးကြီးပါကြောင်း၊
သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ရုံးခွဲများတွင် အစားအသောက်များကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးနိုင်ရန် စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဦးစီးဌာနအနေဖြင့် ဆေးဝါးဓာတုဓာတ်ခွဲခန်းများနှင့် အစားအသောက်ဓာတုဓာတ်ခွဲခန်းများအား နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် (ISO Certificate) များရရှိအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ အစားအသောက်နှင့် ဆေးဝါးမှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းလုပ်ငန်းများကို လုပ်ငန်းရှင်များ ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
▪️ ထို့ပြင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ဆေးဝါးအတုများ၊ စံမညီဆေးဝါးများ တင်သွင်းမှုကို ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်လျက်ရှိရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ဆေးဝါးများကို နယ်စပ်စခန်းများတွင် စနစ်တကျစစ်ဆေးရန် လိုအပ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
#YMG/SW #Yangon_Times
#Local_News
Published 06 August 2025
▪️ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Website ကို လွှင့်တင်လိုက်ပြီဖြစ်ရာပြည်သူ့စာကြည့်တိုက်များရှိ စာအုပ်စာစောင်များအား Online မှ တဆင့်ဝင်ရောက်ရှာဖွေနိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူ့စာကြည့်တိုက်များကို အခြေခံ၍ ပြည်သူများအသိပညာမြင့်မားစေရေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတစ်ဝန်း ပြည်သူ့စာကြည့်တိုက်ပေါင်း ၄၀၀ ကျော်ကိုဖွင့်လှစ်ကာ ပြည်သူများအား ဝန်ဆောင်မှုပေးလျက်ရှိကြောင်း ၊ ယခုအခါပြည်သူ့စာကြည့်တိုက်လုပ်ငန်းများအား ပိုမိုစနစ်ကျစွာဆောင်ရွက်နိုင်ရန်နှင့် စာကြည့်တိုက်အသုံးပြုသူများအား ပိုမိုလျင်မြန်စွာ ဝန်ဆောင်မှုပေးနိုင်ရန်အတွက် Digital Library Management System (DLMS) ရေးဆွဲ၍ ပြည်သူ့စာကြည့်တိုက် Website ကို www.publiclibrary.gov.mm လိပ်စာဖြင့် လွှင့်တင်လိုက်ပြီဖြစ်ကြောင်းသိရသည်။
▪️ လက်ရှိတွင် DLMS စနစ်ကို အသုံးပြု၍ Barcode စနစ်ဖြင့် စာကြည့်တိုက်လုပ်ငန်းများဖြစ်သည့် စာစုလုပ်ငန်း၊ စာပြုလုပ်ငန်းနှင့် စာငှားလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း၊ စာကြည့်တိုက် အသုံးပြုသူများအနေဖြင့် အဆိုပါ Website မှတစ်ဆင့် Online Public Access Catalogue (OPAC)ဖြင့် ပြည်သူ့စာကြည့်တိုက်များရှိ စာအုပ်စာစောင်များအား Online မှ ဝင်ရောက်ရှာဖွေနိုင်ခြင်း၊ နေ့စဉ်ထုတ်သတင်းစာများအား ဝင်ရောက်ဖတ်ရှုနိုင်ခြင်း၊ e-Resources များ ဝင်ရောက်ဖတ်ရှုနိုင်ခြင်းတို့ ဆောင်ရွက်နိုင်မည်ဖြစ်ေကြာင်း သိရသည်။
▪️ အဆိုပါDLMS စနစ်ကိုပြည်သူ့စာကြည့်တိုက် ၄၀၀ ကျော်အနက် စာကြည့်တိုက်ပေါင်း ၁၅၈ တိုက်တွင် အသုံးပြု၍ ပြည်သူများအား စာကြည့်တိုက်ဝန်ဆောင်မှုပေးလျက်ရှိပြီး ပြည်သူ့စာကြည့် တိုက်များအားလုံးတွင် DLMS စနစ်ဖြင့် ဝန်ဆောင်မှုပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ေကြာင်း ၊ပြည်သူ့စာကြည့်တိုက်များတွင် လစဉ်သုတ/ရသ စာအုပ်များ၊ အပျော်ဖတ်ဝတ္ထု၊ မဂ္ဂဇင်း၊ ဂျာနယ်နှင့် နေ့စဉ်ထုတ်သတင်းစာများ ဝယ်ယူဖြည့်ဆည်းထားရှိပြီး ပြည်သူများ အခမဲ့ဖတ်ရှုနိုင်မည်ဖြစ်ကြောင်းသိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 06 August 2025
▪️ ယမန်နေ့သြဂုတ်လ ၅ ရက် ညနေ ၅ နာရီ မိနစ် ၂၀ခန့်က မြန်မာပလာဇာ ကားပါကင်တွင် အသက် ၅၉ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး ဓားထိုးခံရပြီး သေဆုံးသွားခဲ့ကြောင်း မိသားစုဝင်တစ်ဦးက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
▪️ “မပိုပိုအိန္ဒြာချစ်နှင့် မောင်ဝေယံမိုးအောင်တို့၏ မိခင်ဖြစ်သူ ဒေါ်စမ်းစမ်းအေး အသက် ၅၉ နှစ် သည် ၅. ၈. ၂၀၂၅ (အင်္ဂါနေ့) ညနေ ၅ နာရီ ၂၀ ဝန်းကျင်ခန့် Myanmar Plaza ကားပါကင်တွင်အမျိုးသားနှစ်ဦးမှ ဓားဖြင့်လုပ်ကြံသတ်ခံရသောကြောင့် သွေးထွက်လွန်ကာ ဆေးရုံမရောက်ခင် လမ်းတွင်ကွယ်လွန်သွားပါကြောင်း ညိုးငယ်စွာ အသိပေးအပ်ပါသည်။
▪️ နာရေးကိစ္စနှင့် ပတ်သက်သော အသေးစိတ်အကြောင်းအရာများ မိသားစုနှင့် တိုင်ပင်ပြီးပါက ပြန်လည်အသိပေးသွားပါမည်။
▪️ လက်ရှိတွင်မေးမြန်းစုံစမ်းခြင်းများ သည်းခံပေးခြင်းဖြင့် ကူညီပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။ ကျန်ရစ်သူမိသားစု” ဟု Tee Tee အမည်ရှိ
အကောင့်ပိုင်ရှင်က ရေးသားထားခြင်းဖြစ်သည်။
▪️ ထိုဖြစ်စဉ်မှာ မြန်မာပလာဇာကားပါကင် B2တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓားထိုးခံရသူ၏ပစ္စည်းများ ပါရှိသွားခြင်းမရှိကြောင်းလည်း သိရသည်။
▪️ ယခင်ကလည်း မြန်မာပလာဇာကားပါကင်တွင် တိုက်ခိုက်၊လုယက်မှုဆန်သောဖြစ်စဉ်များဖြစ်ပွားခဲ့ဖူးကြောင်း၎င်းတို့ကြုံတွေ့ခဲ့ရသည့်ဖြစ်စဉ်များကို အသိပေးကာလူမှုကွန်ရက်တွင်ပျံ့နှံ့နေသည့်ယခုအကြောင်းအရာကို ဝေမျှသူတချို့လည်း တွေ့ရသည်။
▪️ လက်ရှိကိစ္စရပ်နှင့်ပတ်သက်၍ မြန်မာပလာဇာဘက်မှ မည်သည့် သတင်းထုတ်ပြန်ချက်ကိုမှ ထုတ်ပြန်ခြင်းမရှိသေးဘဲ ဆက်သွယ်မေးမြန်းမှုများကိုလည်း လက်ခံဖြေကြားခြင်းမရှိပေ။
#YMG/SW #Yangon_Times
#Daily_News
Published 05 August 2025
၁။အငှားယာဉ် ထက်ဝက်ခန့် သက်တမ်းတိုးထား
၂။ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့်စက်ရုံကို လာမည့်နှစ်ဆန်းတွင် ဖွင့်လှစ်ရန်လျာထား
၃။ ထီဆုမဲပေါင်း တစ်သောင်းကျော်ကိုအခွန်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်
၄။ တင်ပို့ကုန်များအပေါ်အမေရိကန်အခွန်(၅၀)ရာခိုင်နှုန်းသတ်မှတ်ခြင်းအပေါ်ဘရာဇီးလ်တွင် ဆန့်ကျင်ဆန္ဒပြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၅ ဩဂုတ် ၂၀၂၅
ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေစိုးရိမ်နေရပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသခံယူနေရတယ်လို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေူကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ယာယီသမ္မတဦးမြင့်ဆွေသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း ကိုယ်အလေးချိန်လျော့ကျခြင်း၊ အစာ ကောင်းစွာ မစားနိုင်ခြင်း၊ အဖျားတက်ခြင်း၊ ဦးနှောက်နိုးကြားမှုလျော့နည်းလာခြင်းတို့ကြောင့် ဇူလိုင်လ ၂၄ ရက်နေ့တွင် အမှတ် (၂)တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀) ၌ ထပ်မံဆေးရုံတက်ရောက် ကုသမှု ခံယူခဲ့ရတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယာယီသမ္မတသည် အာရုံကြောများ နှေးကွေးတုန့်ဆိုင်း သည့်ရောဂါ (Parkinson's Disease) ၊၎င်းနှင့် ဆက်စပ်ဖြစ်ပေါ်သော အာရုံကြောအားနည်းရောဂါများကြောင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်မှ ၁၉ ရက်အထိ စင်ကာပူနိုင်ငံMount Elizabeth Medical Center တွင် လည်းကောင်း၊ မေလ ၂၇ ရက်နေ့မှ ဇွန်လ၁၈ ရက်နေ့အထိအမှတ်(၂) တပ်မတော်ဆေးရုံကြီးခုတင် (၁၀၀၀) တွင် လည်းကောင်း
ဆေးကုသမှုများခံယူခဲ့ရပါတယ်။
ဆေးရုံဆင်းပြီးနောက် ယာယီသမ္မတ ဦးမြင့်ဆွေအား ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း ဦးဆောင်သော အထူးဆေးကုသမှုအဖွဲ့ဖြင့်ကျန်းမာရေးစစ်ဆေးကုသ မှုများ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။
သို့သော်သူ၏ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လာခြင်းမရှိသည့်အတွက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်၍ နေအိမ်၌ပင်ဆေးခွင့်ဖြင့်အနားယူ၍ ဆေးကုသမှု ဆက်လက်ခံယူ နေခဲ့ စဉ် ကျန်းမာရေးအခြေအနေဆိုးရွားလာသဖြင့် ဆေးရုံပြန်လည်တက်ခဲ့ရခြင်းဖြစ်ကြောင်းသိရပါတယ်။
ယာယီသမ္မတဦးမြင့်ဆွေသည်ကျန်းမာရေးအခြေအနေကြောင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီတွင် ခွင့်တင်ထားသဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီသမ္မတ(တာဝန်)ဖြင့် အဆိုပါကောင်စီတွင် တာဝန်ထမ်းဆောင်နေရတာဖြစ်ပါတယ်။
#ymg/knl
ဂျပန်နိုင်ငံမှ မြန်မာအမျိုးသမီးလုပ်သား တစ်ထောင်ကျော်ခေါ်ယူသွားမှာဖြစ်တယ်လိုတိုကျိုရှိ မြန်မာသံရုံးက ထုတ်ပြန်တဲ့ အလုပ်ကမ်းလှမ်းစာ စာရင်းတွေ အရသိရပါတယ်။
#Local_News
Published 05 August 2025
#ဂျပန်နိုင်ငံ #မြန်မာအမျိုးသမီးလုပ်သား
#YMG/SW #Yangon_Times
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလက ထွက်ရှိခဲ့တဲ့ (၆၆) ကြိမ်မြောက် ကျပ် ၁,၀၀၀ တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲမှာ ဆုလာရောက်ထုတ်ယူခြင်းမရှိသေးတဲ့ ထီဆုမဲပေါင်း တစ်သောင်းကျော်ရှိရာ အခုလအတွင်း လာရောက်မထုတ်ယူပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမယ်လို့
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ကသိရပါတယ်။
#Local_News
Published 05 August 2025
#ကျပ်၁,၀၀၀တန်အောင်ဘာလေ #အခွန်ဘဏ္ဍာအဖြစ်သိမ်းဆည်း
#YMG/SW #Yangon_Times
Page 243 of 2316