#Local_News
Published 22 October 2025

▪️ ရန်ကုန်မြို့ရှိ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)၌ အဆင့်မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်‌နေပြီး ဝင်ငွေများလည်းလျာထားချက်များလည်း တိုးတက်ရရှိနေကြောင်းသိရသည်။

▪️ အဆိုပါ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မူလခန့်မှန်း လျာထားငွေအပေါ် အောက်တိုဘာ ၁၉ ရက်အထိ ကောက်ခံငွေရရှိမှုသည် ၈၉ ဒသမ ၂၅ ရာခိုင်နှုန်းရှိသည့်အတွက် ဝင်ငွေတိုးတက်လျက်ရှိကြောင်း သိရသည်။

▪️ တိုင်းရင်းသားကျေးရွာသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် အောက်တိုဘာ၂၀ရက် က ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့စဉ် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများ၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

▪️ ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)အတွင်းရှိ ရိုးရာအိမ်များနှင့် ဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးကာ ဒုတိယဝန်ကြီးကဝန်ထမ်းများ စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ဝင်ငွေပိုမိုတိုးတက်ရရှိရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်းသိရသည်။

#YMG/NN #Yangon_Times