#Local_News
Published 22 October 2025
▪️ စစ်ကိုင်းတိုင်းအတွင်း ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် သံချောင်းလုံးနှင့် အမိုးသွပ်ပြားများအား အထူးကုန်ရထားဖြင့် ယမာန်နေ့က ပို့ဆောင်ခဲ့ကြောင်းသိရသည်။
▪️ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစီအစဉ်ဖြင့် ငလျင်ဘေးဒဏ်ပြန်လည်ထူထောင်ရေးနှင့်တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော သံချောင်းလုံးများကို ရန်ကုန်မြို့မှ အထူးကုန်ရထားများဖြင့် ပို့ဆောင်ပေးလျက်ရှိခြင်းဖြစ်သည်။
▪️ ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် HRB 500 အမျိုးအစား သံချောင်းလုံး တန်ချိန် ၅၅၃ ဒသမ ၀၀၆ တန် ၊ 4 Angle 0.33 mm အမိုးသွပ်ပြား ချပ်ရေ ၇၀၀၀ ( တန်ချိန် ၃၂ ဒသမ ၅၆ တန်) နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက် ရေးလုပ်ငန်းများအတွက် လိုအပ်သော 4 Angle 0.33 mm အမိုးသွပ်ပြား ချပ်ရေ ၇၀၀၀ (တန်ချိန် ၃၂ ဒသမ ၅၆ တန်) တင်ဆောင်လာသော အထူးကုန်ရထားသည် ယမာန် နေ့မနက်ပိုင်းက မန္တလေးရွှေကြက်ယက်ဘူတာသို့ရောက်ရှိခဲ့ရာ တာဝန်ရှိသူများကလာရောက်ကြည့်ရှုစစ်ဆေးလက်ခံပြီး တိုင်းဒေသကြီးအတွင်း ပြန်လည်ထူထောင်ရေးနှင့်တည်ဆောက်ရေးလုပ်ငန်းများအတွက် ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times