#Local_News
Published 13 September 2025
▪️ နေပြည်တော်နှင့်မိုင် ၄,၀၀၀ ကျော်အကွာ၌အင်အားရစ်(ခ်)တာ စကေး (၇.၄) အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခုလှုပ်ခဲ့ကြောင်း သိရသည်။
▪️ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၉) နာရီ၊ (၀၈) မိနစ်၊ (၀၀) စက္ကန့် အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၄၀၆၇) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Near East coast of Kamchatka, Russia)တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
▪️ ထိုသို့လှုပ်ခတ်ရာတွင် ပြည်ပ (Near East coast of Kamchatka, Russia) မြောက်လတ္တီတွဒ် (၅၃.၂၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၁၆၀.၁၃) ဒီဂရီ၊ အနက် (၆၄)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၇.၄) အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 12 September 2025
၁။ ပြည်တွင်းအပြင် ပြည်ပရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ (၂၀)ဝန်းကျင်ကို ဖိတ်ကြားမည်
၂။ ငါးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(၁၂၉)သန်းကျော်ဝင်ရောက်ထား
၃။ မြိတ်တွင် (၂၀) မဂ္ဂါဝပ်ထုတ်လုပ်မည့် ဆိုလာစီမံကိန်းတည်ဆောက်မည်
၄။ ကမ္ဘာ့တောင်ပိုင်းနိုင်ငံများစည်းလုံးညီညွတ်ရန် မလေးရှားဝန်ကြီးချုပ်တိုက်တွန်း... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
လက်ရှိ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ဧပြီလ မှ ဩဂုတ်လကုန်အထိ ၅ လတာကာလအတွင်း ပြည်ပသို့ ငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၂၇ ဒသမ ၈၅၉ သန်းရရှိထားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနမှသိရပါတယ်။
#Local_News
Published 12 September 2025
#ငါး
#YMG/SW #Yangon_Times
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စုတွင်ဓာတ်အား (၂၀) မဂ္ဂါဝပ် ထုတ်လုပ်နိုင်မယ့် ဆိုလာစီမံကိန်းတစ်ခုကို အကောင်အထည်ဖော်တည်ဆောက်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။
#Local_News
Published 12 September 2025
#မြိတ် #ဆိုလာစီမံကိန်း
#YMG/PP #Yangon_Times
#Local_News
Published 12 September 2025
▪️ ဗုဒ္ဓံသရဏံဂစ္ဆာမိ သီချင်းကို DJ တီးခတ်ခဲ့ သူ DJ Violet ဖမ်းဆီးခံရကြောင်း သတင်းများထွက်ပေါ်လျက်ရှိပြီး ၎င်း DJ တီးခတ်ခဲ့သည့် မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်ရှိ COVER Entertainment ကလပ်ကို လည်း စက်တင်ဘာ ၁၁ ရက်တွင် ပိတ်သိမ်းအရေးယူမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
▪️ ပြီးခဲ့သည့် ရက်ပိုင်းက DJ Violet ၏ ဗုဒ္ဓံသရဏံဂစ္ဆာမိ သီချင်းကို DJဖြင့် Remix ပြုလုပ် တီးခတ်ခဲ့သည့် ရုပ်သံဖိုင်များ လူမူကွန်ရက်တွင် ပြန့်နှံလာခဲ့ပြီးနောက် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပြီး အဆိုပါ ဗုဒ္ဓံသရဏံဂစ္ဆာမိ သီချင်းကို ကလပ်၌ DJ တီးခတ်မိသည့်အတွက် DJ Violet က စက်တင်ဘာ ၁ဝ ရက်တွင် လူမှုကွန်ရက်မှတဆင့် တောင်းပန်ခဲ့ကာ စက်တင်ဘာ ၁၁ ရက်တွင်လည်း သင်္ဃန်းကျွန်းမြို့နယ် သံဃနာယကအဖွဲ့ထံတွင် ဝန်ချတောင်းပန်ခဲ့ကြောင်း သိရသည်။
▪️ ဗုဒ္ဓံသရဏံဂစ္ဆာမိ သီချင်းသည် စတူဒီယိုခေတ်ဦးတွင် အဆိုတော် မဂျစ်က သီဆိုခဲ့သည့် သီချင်းဖြစ် ပြီး စိုးပိုင်နှင့် ပိုးအိစံတို့ ပြန်လည်သီဆိုအောင်မြင်ခဲ့သည့် သီချင်းဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
အခုဘဏ္ဍာနှစ် ငါးလတာအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(၁၂၉)သန်းကျော်ဝင်ရောက်ထားတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ စာရင်းတွေအရသိရပါတယ်။
#Local_News
Published 12 September 2025
#နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
#YMG/NN #Yangon_Times
လာမယ့် ၂၀၂၅ခုနှစ် အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့အတွက် ပြည်တွင်းကရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေအပြင် ပြည်ပကရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ (၂၀ )ဝန်းကျင်ကိုပါ ဖိတ်ကြားဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးကပြောပါတယ်။
#Local_News
Published 12 September 2025
#ပြည်ပရွေးကောက်ပွဲ #ပြည်ထောင်စုရွေးကောက်ပွဲ
#YMG/NN #Yangon_Times
Page 201 of 2316