#Local_News
Published 12 December 2025
▪️ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ် Mr. Tesuro Uki သည် ၂၀၂၅ ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းအုပ်စုအဆင့်မှ ကျော်လွန်နိုင်ခြင်းမရှိသည့်အတွက် ယမန်နေ့ညက နည်းပြချုပ်ရာထူးမှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFFမှ အသိပေးထားသည်။
▪️ ထိုင်းနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲ အမျိုးသမီးဘောလုံး ပွဲစဉ်များတွင် မြန်မာအသင်းသည် နှစ်ပွဲ နိုင်၊ တစ်ပွဲရှုံး ရမှတ် ၆ မှတ်ဖြင့် ဖိလစ်ပိုင်အသင်းနှင့် အမှတ်တူသော်လည်း ဂိုးကွာခြားချက်ကြောင့် အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရကြောင်းသိရသည်။
▪️ အဆိုပါ အသက် ၅၄ နှစ်အရွယ် ဂျပန်နိုင်ငံသား နည်းပြ ယုကီ သည်၂၀၂၃ ခုနှစ်မှစ၍ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်ဖြစ်လာခဲ့သူဖြစ်သည်။
▪️ မြန်မာအမျိုးသမီးအသင်းအား ၂၀၂၃ ဆီးဂိမ်းစ်တွင် ဒုတိယ၊ ၂၀၂၅ နီပေါ ဖိတ်ခေါ်ဖလား ချန်ပီယံဆု နှင့် ၂၀၂၅ အာဆီယံချန်ပီယံရှစ်တွင် ဒုတိယဆုတို့ရရှိခဲ့ပြီး အိုလံပစ်ခြေစစ်ပွဲ၊ အာရှဖလားခြေစစ်ပွဲတို့တွင် ခြေစစ်ပွဲမအောင်ခဲ့သလို ယခုနှစ်ဆီးဂိမ်းစ်တွင်လည်း အုပ်စုမှကျော်လွန်နိုင်ခြင်း မရှိခဲ့ကြောင်းသိရသည်။
▪️ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် Mr. Tesuro Uki ၏ အနာဂတ်တွင်အောင်မြင်မှုများ ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးထားကြောင်း သိရသည်။
#YMG/NN #Yangon_Times