#Local_News
Published 17 December 2025
▪️ စစ်ကိုင်းမြို့တွင် ငွေကျပ် ၁၅ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၇ ကီလိုကျော်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။
▪️ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဒီဇင်ဘာလ ၆ ရက်ညနေ ၄ နာရီတွင် စစ်ကိုင်းမြို့၊ ရွာထောင်(မီးရထား)ရပ်ကွက်၊ ဈေးလမ်းရှိ စိုးလွင်၏ နေအိမ်ကို သတင်းအရ ဝင်ရောက် ရှာဖွေရာ နေအိမ်မှ စိုးလွင်နှင့် ခင်ဆွေမြင့်တို့ ၂ ဦးအား ဘိန်းဖြူ ၁၈ ဒသမ ၃၁၅ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါနေအိမ်ခြံဝင်းအတွင်း ရပ်တန့်ထားသည့် HYUNDAI PORTER II ယာဉ်နှင့် အတူ မိုးမင်းစံနှင့် မျိုးသူရတို့ ၂ ဦးကို ဘိန်းဖြူ ၂၅ ဒသမ ၇၄ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၆၅ သိန်းအားလည်းကောင်း၊ အလားတူ TOWNACE LIGHT TRUCK ယာဉ်နှင့်အတူ ချစ်ကိုကိုနိုင်နှင့် ခင်မောင်ဇော်တို့ ၂ ဦးအား ဘိန်းဖြူ ၁၃ ဒသမ ၈၆ ကီလိုနှင့် စိတ်ကြွရူးသွပ် ဆေးပြား ၃၇ ဒသမ ၀၅ သိန်းအားလည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
▪️ ယင်းဖြစ်စဉ်မှ စုစုပေါင်းဘိန်းဖြူ ၅၇ ဒသမ ၉၁၅ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၂ ဒသမ ၈၉၅၇၅ ဘီလျံ)နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၇ သန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၁၂ ဒသမ ၆၇၅၁ ဘီလျံ) တို့အား သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ၁၅ ဒသမ ၅၇ ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်များအရ ဥတ္တရသီရိမြို့နယ်၊ ကျွဲရှင်းကျေးရွာနေ ဘုန်းမြတ်စံ (ခ)သားငယ်(ဖမ်းဆီးရန်ကျန်)နှင့် ချမ်းမြသာစည်မြို့နယ်နေ အောင်နိုင်(ခ)ဖက်တီး (ဖမ်းဆီးရန်ကျန်) တို့၏ အစီအမံဖြင့် ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်နေ တာဝန်ခံသယ်ဆောင်သူ ထွန်းထွန်းနိုင် (ဖမ်းဆီးရန်ကျန်)သည် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ တစ်ဆင့်သယ်ဆောင်ပြီး မန္တလေးမြို့သို့ ဆက်လက်သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိကြောင်း သိရသည်။
▪️ လက်ရှိတွင် ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ် ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/PP #Yangon_Times
၁၆ ဒီဇင်ဘာ၊၂၀၂၅ (နေပြည်တော်)-
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမြန်မာနိုင်ငံ ဆိုင်ရာ ဘရူနိုင်းဒါရူဆလမ် နိုင်ငံ သံအမတ်ကြီး H.E, Haji Mohamad Sarif Pudin bin Matserudin နှင့် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန် နိုင်ငံသံအမတ်ကြီး H.E. Mr. Tariq Karim တို့သည် သီးခြားစီခွဲ၍ ဒီဇင်ဘာ ၁၆ ရက် နံနက် က နေပြည် တော်ရှိအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ယင်းတို့၏ သံအမတ်ခန့်အပ်လွှာများကို ပေးအပ်ခဲ့သည်။
ဘရူနိုင်းသံအမတ်ကြီး၏သံအမတ်ခန့်အပ်လွှာကိုလက်ခံခဲ့စဉ် ဗိုလ်ချုပ်မှူးကြီးနှင့် ဘရူးနိုင်းသံအမတ် အသစ်တို့သည် မြန်မာနှင့်ဘရူနိုင်းအကြားပညာရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍနှင့် လေကြောင်းပျံသန်းမှုကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီပေးရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်းအာဆီယံပဋိဉာဉ်အတိုင်းလိုက်ပါဆောင်ရွက်လျက်ရှိမှုနှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးများတွင် ဝင်ရောက်စွက်ဖက်မှုမရှိသည့်အခြေအနေများကိုဆွေးနွေး ခဲ့ကြကြောင်းသိရှိရသည်။

ပါကစ္စတန်သံအမတ်အသစ်နှင့်တွေ့ဆုံရာတွင်လည်း ဗိုလ်ချုပ်မှူးကြီးနှင့် သံအမတ်အသစ်တို့သည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ နိုင်ငံရေးဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဘာသာရေး
ဆိုင်ရာနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံခြားရေးဝန်ကြီး ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့် အခြေ အနေများကိုဆွေးနွေးခဲ့ကြသည်။
ဗိုလ်ချုပ်မှူးကြီးက သံအမတ်နှစ်ဦးစလုံးကို မြန်မာနိုင်ငံတွင်လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည့် အခြေအနေများနှင့် နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ ဖိတ်ခေါ်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
အဆိုပါသံအမတ်ခန့်အပ်လွှာပေးအပ်ပွဲများသို့ ကော်မရှင်အတွင်းရေးမှူးဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့်သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွေးတို့တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။
#yng/knl
မကွေးတိုင်းဒေသကြီး ၊မကွေးမြို့နယ်မှာ ဥစားကြက်မွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 16 December 2025
#ဥစားကြက် #မကွေးမြို့နယ်
#YMG/NN #Yangon_Times
လူငယ်ငြိမ်းချမ်းရေးဖိုရမ် (၂၀၂၆)ကို ဇန်နဝါရီလ(၁၃)ရက်မှ(၁၅)ရက်အထိ နေပြည်တော်မှာ ကျင်းပသွားမယ်လို့သိရပါတယ်။
#Local_News
Published 16 December 2025
#လူငယ်ငြိမ်းချမ်းရေးဖိုရမ် #နေပြည်တော်
#YMG/SW #Yangon_Times
လူငယ်ငြိမ်းချမ်းရေးဖိုရမ် (၂၀၂၆)ကို ဇန်နဝါရီလ(၁၃)ရက်မှ(၁၅)ရက်အထိ နေပြည်တော်မှာ ကျင်းပသွားမယ်လို့သိရပါတယ်။
#Local_News
Published 16 December 2025
#လူငယ်ငြိမ်းချမ်းရေးဖိုရမ် #နေပြည်တော်
#YMG/SW #Yangon_Times
အဆိပ်ရှိပစ္စည်းနှစ်မျိုးဖြစ်တဲ့ Thiamethoxam နဲ့ Clothianidin ပိုးသတ်ဆေးတွေကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် (၇) ခုမှာ သုံစွဲခြင်းမပြုကြဖို့ တားမြစ်ထားပြီးမလိုက်နာပါက ပိုးသတ်ဆေးဥပဒေအရအရေးယူသွားမယ်လို့ မြန်မာနိုင်ငံပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
#Local_News
Published 16 December 2025
#ပိုးသတ်ဆေး
#YMG/NN #Yangon_Times
မြန်မာ့ရွှေပြင်ပပေါက်ဈေး ဆက်တိုက်မြင့်တက်လျှက်ရှိရာ ယနေ့ဒီဇင်ဘာလ ၁၆ရက်နေ့မှာတော့ တစ်ကျပ်သားကို ကျပ်သိန်းကိုးဆယ်နှစ်သောင်းနဲ့ စတင်ဈေးဖွင့်လာခဲ့ပါတယ်။
#Local_News
Published 16 December 2025
#အခေါက်ရွှေ #ရွှေ
#YMG/SW #Yangon_Times
Page 198 of 2398