လာမယ့်ဒီဇင်ဘာရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူနဲ့ ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်စေရေးအတွက် ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်ကို ပုံမှန်ရထားများအပြင်အထူးရထားခရီးစဉ် တွေပြေးဆွဲပေးသွားမယ်လို့ မြန်မာ့မီးရထားမှသိရပါတယ်။
#Local_News
Published 17 December 2025
#ရထား #ရန်ကုန်-နေပြည်တော်-ရန်ကုန်
#YMG/SW #Yangon_Times
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရှမ်းပြည်နယ်ထွက်ထောပတ်သီးများတင်ပိုရောင်းချသွားဖို့ စီစဉ်ဆောင်ရွက်လျှက်ရှိတယ်လို့စီးပွားရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှသိရပါတယ်။
#Local_News
Published 17 December 2025
#တရုတ်ပြည်သူ့သမ္မတနိုင်ငံ #ထောပတ်သီး
#YMG/SW #Yangon_Times
အာကာသပြတိုက် (ရန်ကုန်) ဖွင့်လှစ်ချိန်ကို ရုံးပိတ်ရက်တွေမှာအချိန်တိုးမြှင့်ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
#Local_News
Published 17 December 2025
#အာကာသပြတိုက် #ရန်ကုန်
#YMG/NN #Yangon_Times
ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ ကို အခုလအတွင်း ရန်ကုန်မြို့မှာကျင်းပသွားမှာဖြစ်ပြီး ယင်းပြပွဲမှာအိမ်ရှင်မတွေကို Rice Ambassador တွေခန့်အပ်သွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ် ။
#Local_News
Published 17 December 2025
#ဆန် #Rice_Ambassador
#YMG/NN #Yangon_Times
Daily_News
Published 17 December 2025
၁။ ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ ၌အိမ်ရှင်မများကို Rice Ambassador များခန့်အပ်မည်
၂။ အာကာသပြတိုက်(ရန်ကုန်)ဖွင့်လှစ်ချိန် ရုံးပိတ်ရက်များ၌ အချိန်တိုးမြှင့်ဖွင့်လှစ်ထား
၃။ တရုတ်နိုင်ငံသို့ ရှမ်းပြည်နယ်ထွက်ထောပတ်သီးများတင်ပို့မည်
၄။ လက်တွေ့တွင်အသုံးချနိုင်စွမ်းမြင့်မားသည့်ဉာဏ်ရည်တုစက်ရုပ်ပြိုင်ပွဲ
ရှန်ဟိုင်း၌ကျင်းပ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 17 December 2025
▪️ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ ရှမ်းပြည်နယ် ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊နှင့်ဧရာဝတီတိုင်းဒေသကြီး၊ကျုံပျော်မြို့နယ်များ၌ ယမာန်နေ့ည ၈နာရီကျော် ဝန်းကျင် က မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ ဒီဇင်ဘာ ၁၆ ရက်နေ့၊ ၈နာရီ ၅ မိနစ်အချိန်ခန့်က ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ နယ်မြေ(၈)၊ ဆွမ်ပရာဘွမ်လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မြစ်ကြီးနားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၈နာရီ၂၀မိနစ် အချိန် တွင် မီးငြိမ်းပါသည်။
▪️ ထို့အတူ ဒီဇင်ဘာ ၁၆ရက်နေ့၊ ည ၈နာရီ ၃၄ မိနစ်အချိန်ခန့်က ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ သီရိရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဆီဆိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည၈နာရီ ၅၅မိနစ် အချိန် မီးငြိမ်းခဲ့ကြောင်းသိရသည်။
▪️ ထို့အပြင် ဒီဇင်ဘာ၁၆ ရက်နေ့၊ ည၈နာရီ ၄၅မိနစ် အချိန်ခန့်ကလည်း ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပင်လုံရပ်ကွက်၊ မန်းကျောင်းလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ကျုံပျော်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၉နာရီအချိန်၌ မီးငြိမ်းခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 17 December 2025
▪️ မြဝတီမြို့အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူများ ထပ်မံဖမ်းမိခဲ့ကြောင်း သိရသည်။
▪️ ယနေ့တွင် အဆောက်အအုံ ၄၃ လုံး ထပ်မံစစ်ဆေးနိုင်ခဲ့ပြီး အဆိုပါအဆောက်အအုံများ အနက်မှ မြဝတီမြို့၊ အမှတ်(၃) ရပ်ကွက်၊ အင်ကြင်းလမ်းရှိ အဆောက်အအုံ ၁ လုံးအတွင်း၌ တရားမဝင်တရုတ်နိုင်ငံသား အမျိုးသား ၃ ဦးတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး စုံစမ်းစစ်ဆေးမှုများပြီးဆုံးပါက ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ မြဝတီ-မဲထော်သလေး (KK Park) နယ်မြေအတွင်းရှိ အွန်လိုင်း လိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အပိုင်း(၃) နယ်မြေ အတွင်းရှိ တရားမဝင် ၃ ထပ်အဆောက်အအုံ ၁ လုံး၊ ၂ ထပ်အဆောက်အအုံ ၁၁ လုံး၊ စုစုပေါင်း တရားမဝင်အဆောက်အအုံ ၁၂ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံး အနက် ၄၅၆ လုံးကို စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။
▪️ ထို့ပြင် ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ပတ်ဝန်းကျင်ဒေသတစ်ဝိုက်ရှိ အဆောက် အအုံများ၌ တရားမဝင်ပြည်ပနိုင်ငံသားများ ဝင်ရောက်နေထိုင်ခြင်းနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဒီဇင်ဘာ ၈ ရက်မှ စတင်၍ ရှာဖွေရှင်းလင်းဆောင်ရွက်နေကြောင်း သိရသည်။
▪️ မြဝတီမြို့နယ်အတွင်းရှိ KK Park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့်ပစ္စည်းများအား ထပ်မံ၍အသုံးပြုနိုင်ခြင်းမရှိစေရန်အတွက်ယနေ့တွင်လည်း စနစ်တကျ မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
#YMG/PP #Yangon_Times
Page 197 of 2398