#Local_News
Published 9 December 2025
▪️ နိုဝင်ဘာလအတွက် မိသားစုလွှဲပို့ငွေ လချုပ်စာရင်းပေးပို့ရန် ကျန်ရှိသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီပေါင်း ၆၄ ခုရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၏ Safe Migration က အသိပေးထုတ်ပြန်ထားသည်။
▪️ Safe Migration က ပြည်ပရောက် မြန်မာလုပ်သားများ၏ မိသားစုလွှဲပို့ငွေ လချုပ်စာရင်းပေးပို့ရန် ကျန်ရှိသည့် အေဂျင်စီ ၆၄ ခု၏ အမည်စာရင်းများကို ထုတ်ပြန်ကြေညာထားပြီး အဆိုပါ အေဂျင်စီများအနေဖြင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွက် မိသားစုလွှဲပို့ငွေ လချုပ်စာရင်းများကို ဒီဇင်ဘာ ၁၀ ရက်နေ့အရောက်
▪️ ထို့အပြင်လချုပ်စာရင်းအား အချိန်မီပေးပို့ခြင်းမရှိသော အေဂျင်စီများကို ဒဏ်ကြေးကောက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။
#YMG/SW #Yangon_Times
တရုတ်ပြည် ဟန်ကျိုးမြို့မှာ သိပ္ပံခေတ်လွန် ယာဉ်ထိန်းရဲအရာရှိစက်ရုပ်တစ်ခု တာဝန်ထမ်းဆောင်နေပြီး ဉာဏ်ရည်တုလုပ်ဆောင်ချက်များဖြင့် လမ်းသွားလမ်းလာတွေနဲ့ မော်တော်ယာဉ်များကို လမ်းညွှန်ထိန်းကျောင်းပေးနေပါတယ်။
#Local_News
Published 08 December 2025
#တရုတ်ပြည်_ဟန်ကျိုးမြို့ #ယာဉ်ထိန်းစက်ရုပ်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 08 December 2025
၁။ ပြင်ဦးလွင်ပန်းပွဲတော်၌ ပန်းမျိုးစိတ်(၄၀)ခန့်နှင့်အပင်ပေါင်းနှစ်သိန်းကျော်ပြသ
၂။ ဒူဘိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြည်တွင်း၌ ရင်းနှီးမြုပ်နှံရန်စိတ်ဝင်စား
၃။ ရွှေရည်ညွန်းဈေးအနည်းငယ်မြင့်တက်
၄။ ယာဉ်ထိန်းရဲအရာရှိစက်ရုပ် ဟန်ကျိုးမြို၌စတင်တာဝန်ထမ်းဆောင်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)က ထုတ်ပြန်တဲ့ ရွှေရည်ညွန်းဈေးမှာ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် အနည်းငယ်မြင့်တက်လာခဲ့ပါတယ်။
#Local_News
Published 08 December 2025
#ရွှေ #ရန်ကုန်တိုင်းဒေသကြီး
#YMG/SW #Yangon_Times
ဒူဘိုင်းက ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံဖို့စိတ်ဝင်စားလျှက်ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 08 December 2025
#ဒူဘိုင်း #ဆောက်လုပ်ရေးလုပ်ငန်းရှင်
#YMG/SW #Yangon_Times
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြိုရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်မှာ ပြုလုပ်နေတဲ့ ပြင်ဦးလွင်ပန်းပွဲတော်မှာ ပန်းမျိုးစိတ်၄၀ခန့်နဲ့ အပင်ပေါင်းနှစ်သိန်းကျော် ပြသထားတယ်လို့ သိရပါတယ်။
#Local_News
Published 08 December 2025
#ပြင်ဦးလွင်ပန်းပွဲတော် #အမျိုးသားကန်တော်ကြီးဥယျာဉ်
#YMG/NN #Yangon_Times
#Local_News
Published 8 December 2025
▪️ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းမြို့နယ်အတွင်း ရပ်ကွက်များနှင့် ကျေးရွာများအတွက် သံ၊ သွပ်၊ ဘိလပ်မြေများနှင့် ထောက်ပံ့ငွေများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ထောက်ပံ့ပစ္စည်းများကို စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဘဏ်၌ ခွဲဝေဖြန့်ဖြူးပေးနေမှုကို ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ သွားရောက်အားပေးကြည့်ရှုပြီး ငလျင်ဘေးသင့်ပြည်သူများအား တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး အဝင်မုခ်ဦး ပြန်လည်တည်ဆောက်နေမှုကိုလည်းကောင်း၊ စစ်ကိုင်းမြို့ဝင် ဧရာဝတီတံတား(ရတနာပုံ)ရှိ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့များ လုပ်ငန်းဆောင်ရွက်နေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တရားမဝင် ငွေကြေးကောက်ခံမှုများမရှိစေရေးနှင့် တရားမဝင်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 205 of 2398